ဖုစ်စီလာ့ · 52/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
قُلْ أَرَأَيْتُمْ إِن كَانَ مِنْ عِندِ اللَّهِ ثُمَّ كَفَرْتُم بِهِ مَنْ أَضَلُّ مِمَّنْ هُوَ فِي شِقَاقٍ بَعِيدٍ ۝٥٢
Qul araiaitum in kaana min `indil laahi summa kafar tum bihee man adallu mimman huwa fee shiqaqim ba`eed
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည်ပင် ပြောပြကြလေကုန်။အကယ်၍ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ (ကျရောက်ခဲ့သည်) ဖြစ်ခဲ့အံ့။ ထို့နောက်တစ်ဖန် အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကိုငြင်းပယ်ခဲ့ကြသည်ရှိအံ့၊ သို့ဖြစ်လျှင် ဝေးကွာလှသော ကွဲပြားမှု၌ရှိနေသောသူထက် ပိုမို၍လမ်းမှားသောသူ မည်သူရှိအံ့နည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 50-54 — စူရာ ဖုစ်စီလာ့

50وَلَئِنْ أَذَقْنَاهُ رَحْمَةً مِّنَّا مِن بَعْدِ ضَرَّاءَ مَسَّتْهُ لَيَقُولَنَّ هَٰذَا لِي وَمَا أَظُنُّ السَّاعَةَ قَائِمَةً وَلَئِن رُّجِعْتُ إِلَىٰ رَبِّي إِنَّ لِي عِندَهُ لَلْحُسْنَىٰ ۚ فَلَنُنَبِّئَنَّ الَّذِينَ كَفَرُوا بِمَا عَمِلُوا وَلَنُذِيقَنَّهُم مِّنْ عَذَابٍ غَلِيظٍ
သို့တစေလည်း ၎င်း၌သက်ရောက်ခဲ့သော ဘေးဒုက္ခတစ်စုံတစ်ရာ၏နောက်တွင် ငါအရှင်မြတ် သည် ၎င်းအားမိမိကရုဏာတော်(၏အရသာ)ကို မြည်းစမ်းစေတော်မူခဲ့ပါလျှင်ဧကန်အမှန် ၎င်းသည် (ဤသို့)ပြောဆိုလေတော့၏။ ဤသည်ကျွန်ုပ်နှင့် ထိုက်သောကိစ္စပင်ဖြစ်သည်။ ၎င်းပြင် ကိယာမတ်ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်မည်ဟု ကျွန်ုပ် မယူဆပေ။ သို့တစေလည်း ကျွန်ုပ်သည် အကယ်၍ ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်သွားခဲ့ရသည့်တိုင်အောင် ဧကန်မလွဲ ကျွန်ုပ်အဖို့ ထိုအရှင်မြတ်အထံတော်တွင် သာ၍ ကောင်း သော အကျိုးကျေးဇူးသည် အမှန်ပင်ရှိချေမည်၊ သို့ဖြစ်ပေရာ ဧကန်မလွဲ ငါအရှင်မြတ်သည် ကာဖိရ်သွေဖည်ငြင်းပယ်သောသူတို့အား ၎င်းတို့ကျင့်မူခဲ့သမျှတို့ကိုသိစေတော်မူပေသည်။ ထိုမှတစ်ပါး ဧကန်မုချ ငါအရှင်မြတ်သည် ၎င်းတို့အား ပြင်းထန် သောပြစ်ဒဏ်၏ရသာကို မြည်းစမ်းစေတော်မူပေမည်။
51وَإِذَا أَنْعَمْنَا عَلَى الْإِنسَانِ أَعْرَضَ وَنَأَىٰ بِجَانِبِهِ وَإِذَا مَسَّهُ الشَّرُّ فَذُو دُعَاءٍ عَرِيضٍ
စင်စစ်မှာကား ငါအရှင်မြတ်သည် လူသား တို့၏အပေါ်၌ ကျေးဇူးပြုတော်မူသောအခါ ၎င်းမှာ မျက်နှာလွှဲကာအဝေးသို့ရှောင်ဖယ်၍ သွားလေ့ရှိ၏။ သို့တစေလည်း 4င်း၌ဘေးဒုက္ခသက်ရောက်သောအခါ (၎င်းမှာ)ကျယ်ဝန်းစွာ (တစ်နည်း)ရှည်လျားစွာဆုတော�်းပတ္ထနာ ပြုလေ့ရှိပေသတည်း။
52قُلْ أَرَأَيْتُمْ إِن كَانَ مِنْ عِندِ اللَّهِ ثُمَّ كَفَرْتُم بِهِ مَنْ أَضَلُّ مِمَّنْ هُوَ فِي شِقَاقٍ بَعِيدٍ
(အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည်ပင် ပြောပြကြလေကုန်။အကယ်၍ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ (ကျရောက်ခဲ့သည်) ဖြစ်ခဲ့အံ့။ ထို့နောက်တစ်ဖန် အသင်တို့သည် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)ကိုငြင်းပယ်ခဲ့ကြသည်ရှိအံ့၊ သို့ဖြစ်လျှင် ဝေးကွာလှသော ကွဲပြားမှု၌ရှိနေသောသူထက် ပိုမို၍လမ်းမှားသောသူ မည်သူရှိအံ့နည်း။
53سَنُرِيهِمْ آيَاتِنَا فِي الْآفَاقِ وَفِي أَنفُسِهِمْ حَتَّىٰ يَتَبَيَّنَ لَهُمْ أَنَّهُ الْحَقُّ ۗ أَوَلَمْ يَكْفِ بِرَبِّكَ أَنَّهُ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့ အားမိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌လည်းကောင်း၊ မိမိသက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင် ၎င်းတို့၌ ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)မှန်ကန်ကြောင်း သိသာထင်ရှား၍လာပေမည်။ (အို-နဗီတမန်တော်၊)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် (အသင့်အဖို့) လုံလောက်တော်မူသည် မဟုတ်လော။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို မြင်တော်မူ သော အသိသက်သေပင် ဖြစ်တော်မူ၏။
54أَلَا إِنَّهُمْ فِي مِرْيَةٍ مِّن لِّقَاءِ رَبِّهِمْ ۗ أَلَا إِنَّهُ بِكُلِّ شَيْءٍ مُّحِيطٌ
သတိပြုကြလေကုန်။ ဧကန်အမှန် ၎င်းတို့ သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံကြရမည်နှင့်စပ်လျဉ်း၍ အရာခပ်သိမ်း ရှိနေကြကုန်၏။ သတိပြုကြလေကုန်။ မလွဲဧကန် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဝန်းခြုံလျက် ရှိတော်မူပေသတည်း။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
52အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 52

စူရာ ဖုစ်စီလာ့ အာယာသ် 52 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည်ပင် ပြောပြကြလေကုန်။အကယ်၍ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် အလ္လာဟ်အရှင်မြတ်အထံတော်မှ (ကျရောက်ခဲ့သည်) ဖြစ်ခဲ့အံ့။ ထို့နောက်တစ်ဖန်…

စူရာ အာယာသ် 52/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 50–54. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers