အလ်-အန်အာမ် · 97/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَهُوَ الَّذِي جَعَلَ لَكُمُ النُّجُومَ لِتَهْتَدُوا بِهَا فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَعْلَمُونَ ۝٩٧
Wa Huwal lazee ja`ala lakumun nujooma litahtadoo bihaa fee zulumaatil barri walbahr; qad fassalnal Aayaati liqawminy ya`lamoon
📖 မြန်မာဘာသာ
ရ။ ၎င်းပြင် ထိုအသျှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့နက္ခတ်တာရာများကို ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏အမှောင်များတွင် လမ်းမှန်ရစေခြင်းငှာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ဧကန် ငါအရှင်မြတ်သည်(မိမိ) သက်သေသာဓကတို့ကို သိနားလည်သောသူတို့အဖို့ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • النُّجُومَ (အန်-နုဂျူမ်): ကြယ်များ။
  • لِتَهْتَدُوا (လိ-တဟ်တဒူ): သင်တို့လမ်းညွှန်ရရှိရန်၊ လမ်းမှန်ကိုရှာတွေ့ရန်။
  • ظُلُمَاتِ (ဇုလုမာတ်): အမှောင်များ၊ မှောင်မိုက်မှုများ။
  • الْبَرِّ (အလ်-ဗရ်): ကုန်းမြေ၊ ကုန်းတွင်းပိုင်း။
  • الْبَحْرِ (အလ်-ဗဟ်ရ်): ပင်လယ်၊ ရေပြင်။
  • فَصَّلْنَا (ဖဆ်ဆလ်နာ): ကျွန်ုပ်တို့သည် အသေးစိတ်ရှင်းလင်းစွာ ခွဲခြားရှင်းပြခဲ့ပြီ။
  • الْآيَاتِ (အလ်-အာယာသ်): သက်သေလက္ခဏာများ၊ ရှင်းလင်းချက်များ။
  • لِقَوْمٍ يَعْلَمُونَ (လိ-ကောမ်မ်ယအ်လမూఔန်): သိရှိနားလည်သောလူမျိုးအတွက်။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ကြယ်များကို ဖန်ဆင်းတော်မူခဲ့သည်။ ထိုကြယ်များသည် ကုန်းမြေနှင့် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အမှောင်ထုများအတွင်း သင်တို့လမ်းပျောက်သောအခါ လမ်းမှန်ကိုရှာတွေ့နိုင်ရန် လမ်းညွှန်အမှတ်အသားများအဖြစ် ဖန်ဆင်းပေးထားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏တန်ခိုးတော်နှင့် ဉာဏ်ပညာတော်ကို ဖော်ပြသည့် သက်သေလက္ခဏာများကို အသေးစိတ်ရှင်းလင်းစွာ ခွဲခြားရှင်းပြထားတော်မူပြီဖြစ်သည်။ ထိုရှင်းလင်းချက်များမှ အကျိုးရယူနိုင်သူများမှာ သိရှိနားလည်ပြီး စဉ်းစားဆင်ခြင်တတ်သောလူမျိုးများပင်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ လိုအပ်ချက်များကို ကြိုတင်သိရှိတော်မူပြီး ကြယ်များကို လမ်းညွှန်အဖြစ် ဖန်ဆင်းပေးထားခြင်းသည် အရှင်မြတ်၏ ကြီးမားသောကရုဏာတော်ကို ဖော်ပြသည်။
  • ဤအာယသ်တော်သည် သိပ္ပံပညာ၊ နက္ခတ္တဗေဒနှင့် လမ်းညွှန်ပညာရပ်များကို လေ့လာရန် အားပေးနှိုးဆော်ထားသည်။ အစ္စလာမ်သည် အသိပညာနှင့် သုတေသနကို အားပေးသောဘာသာဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို စဉ်းစားဆင်ခြင်ခြင်းဖြင့် အီမာန်ယုံကြည်မှု တိုးပွားလာနိုင်သည်။
  • ဤအာယသ်တော်သည် လူသားတို့အား မိမိတို့ပတ်ဝန်းကျင်ရှိ ဖန်ဆင်းခံရာများကို လေ့လာဆင်ခြင်ရန် ဖိတ်ခေါ်ထားပြီး၊ ထိုသို့လေ့လာခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ ကြီးမြတ်မှုကို ပိုမိုနားလည်လာနိုင်သည်။
  • ကုရ်အာန်သည် လူသားတို့၏ လက်တွေ့ဘဝလိုအပ်ချ


📜 အာယာသ် 95-99 — စူရာ အလ်-အန်အာမ်

95۞ إِنَّ اللَّهَ فَالِقُ الْحَبِّ وَالنَّوَىٰ ۖ يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَمُخْرِجُ الْمَيِّتِ مِنَ الْحَيِّ ۚ ذَٰلِكُمُ اللَّهُ ۖ فَأَنَّىٰ تُؤْفَكُونَ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မျိုးစေ့များနှင့်သစ်စေ့များကို (အညှောက်အတက်ထွက်စေရန်) အက်ကွဲစေတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သက်မဲ့အရာ များမှသက်ရှိသတ္တဝါများကိုထုတ်တော်မူလေသည်။ ထို့ပြင်တဝ ထိုအရှင်မြတ်သည်သက်ရှိသတ္တဝါများမှ သက်မဲ့အရာများကို ထုတ်တော်မူသောအရှင်မြတ် လည်း ဖြစ်တော်မူ၏။ သို့ပြုစွမ်းနိုင်တော်မူသောအရှင်သည်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် (ထိုအရှင်မြတ်အားခဝပ်ကိုးကွယ်ခြင်း ကိုစွန့်၍) အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။
96فَالِقُ الْإِصْبَاحِ وَجَعَلَ اللَّيْلَ سَكَنًا وَالشَّمْسَ وَالْقَمَرَ حُسْبَانًا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ
(ထိုအရှင်မြတ်သည် ညဉ့်၏အမိုက်မှောင်အတွင်းမှ) နံနက်မိုးသောက်ချိန်ကိုခွဲ၍ ထုတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်ညဉ့်အချိန်ကို(လူသတ္တဝါအပေါင်းတို့) အနားယူရန် ပြုလုပ်ထားတော်မူ၏။ နေနှင့်လတို့ကိုလည်း(နေ့ရက်လများ)တွက်ချက်ရန်အတိုင်းအတာနှင့် ပြုလုပ်ထားတော်မူသည်။ ဤသည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင်မြတ်၏ စီမံခံ့ခန့်ခွဲမှုပင်တည်း။
97وَهُوَ الَّذِي جَعَلَ لَكُمُ النُّجُومَ لِتَهْتَدُوا بِهَا فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَعْلَمُونَ
ရ။ ၎င်းပြင် ထိုအသျှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့နက္ခတ်တာရာများကို ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏အမှောင်များတွင် လမ်းမှန်ရစေခြင်းငှာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ဧကန် ငါအရှင်မြတ်သည်(မိမိ) သက်သေသာဓကတို့ကို သိနားလည်သောသူတို့အဖို့ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့လေသတည်း။
98وَهُوَ الَّذِي أَنشَأَكُم مِّن نَّفْسٍ وَاحِدَةٍ فَمُسْتَقَرٌّ وَمُسْتَوْدَعٌ ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَفْقَهُونَ
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်တည်း။ ထိုအရှင်မြတ်သည် အသင်(လူသား)တို့အားလူတစ်ဦးတယောက်တည်းမှ ဖြစ်ပွားစေတော်မူခဲ့လေသည်။တဖန်(အသင်တို့အဖို့) ကြာရှည်နေကြရန် နေရာတစ်ခု (မိခင်တို့၏သားအိမ်)လည်းရှိ၏။ ၎င်းပြင် ခေတ္တနေကြရန် နေရာတစ်ခု (သင်တို့၏ကျောက်ကုန်း)လည်းရှိ၏။ အမှန်စင်စစ်ငါအရှင်မြတ်သည် အသိဉာဏ် ရှိသောသူတို့အဖို့ (မိမိ)သက်သေသာဓကများကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့ပြီးဖြစ်လေသည်။
99وَهُوَ الَّذِي أَنزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ نَبَاتَ كُلِّ شَيْءٍ فَأَخْرَجْنَا مِنْهُ خَضِرًا نُّخْرِجُ مِنْهُ حَبًّا مُّتَرَاكِبًا وَمِنَ النَّخْلِ مِن طَلْعِهَا قِنْوَانٌ دَانِيَةٌ وَجَنَّاتٍ مِّنْ أَعْنَابٍ وَالزَّيْتُونَ وَالرُّمَّانَ مُشْتَبِهًا وَغَيْرَ مُتَشَابِهٍ ۗ انظُرُوا إِلَىٰ ثَمَرِهِ إِذَا أَثْمَرَ وَيَنْعِهِ ۚ إِنَّ فِي ذَٰلِكُمْ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ
၎င်းပြင် ထိုအရှင်မြတ်သည် အကြင်အရှင် မြတ်ပင်တည်း။ ထိုအရှင်မြတ်သည် မိုးကောင်ကင်မှ (မိုး)ရေကိုရွာသွန်းချတော်မူခဲ့လေသည်။ ထို့နောက် ငါအရှင်မြတ်သည်ထိုရေဖြင့် ကောက်ပဲသီးနှံအ�ှောင့်အတက် မျိုးစုံတို့ကို ထွက်စေတော်မူခဲ့လေသည်။ ၎င်းနောက် ငါအရှင်မြတ်သည် ထိုအညှောင့်အတက်မှ စိမ်းစိုသော အကိုင်းအလက်ကို ထွက်စေတော်မူ၏။ ငါအရှင်မြတ်သည် ထိုအကိုင်းအလက်မှ အထပ်ထပ်ပြွတ်လျက်ရှိသော အစေ့၊ အဆန်တို့ကို ထွက်စေတော်မူ၏။ထို့ပြင် စွန်ပလွံပင်များမှ(ဝါ)၎င်း၏အဖူး ဝတ်ဆံများမှ တွဲလဲကျနေသောအခိုင်များ (ထွက်လေ၏။) ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) စပျစ်ခြံများကိုလည်းကောင်း၊ သံလွင်သီး၊ သလဲသီးများကိုလည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့လေသည်။) အချို့မှာအချင်းချင်းတူ၏။ အချို့မှာမတူချေ။ အသင်တို့သည်ထိုအသီးများသီးချိန်၌လည်းကောင်း၊ မှည့်ခြင်းများကို ကြည့်ရှုကြလေကုန်။ ဧကန်စင်စစ် ဤသည်တို့၌ သက်ဝင်ယုံကြည်(လို)သောသူတို့အဖို့ သက်သေသာဓကများ ရှိကြကုန်သတည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
97အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 97

စူရာ အလ်-အန်အာမ် အာယာသ် 97 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ရ။ ၎င်းပြင် ထိုအသျှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့နက္ခတ်တာရာများကို ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏အမှောင်များတွင် လမ်းမှန်ရစေခြင်းငှာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ဧကန်…

စူရာ အာယာသ် 97/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 95–99. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers