အလ်-အန်အာမ် · 96/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
فَالِقُ الْإِصْبَاحِ وَجَعَلَ اللَّيْلَ سَكَنًا وَالشَّمْسَ وَالْقَمَرَ حُسْبَانًا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ ۝٩٦
Faaliqul isbaahi wa ja`alal laila sakananw washh shamsa walqamara husbaanaa; zaalika taqdeerul `Azeezil `Aleem
📖 မြန်မာဘာသာ
(ထိုအရှင်မြတ်သည် ညဉ့်၏အမိုက်မှောင်အတွင်းမှ) နံနက်မိုးသောက်ချိန်ကိုခွဲ၍ ထုတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်ညဉ့်အချိန်ကို(လူသတ္တဝါအပေါင်းတို့) အနားယူရန် ပြုလုပ်ထားတော်မူ၏။ နေနှင့်လတို့ကိုလည်း(နေ့ရက်လများ)တွက်ချက်ရန်အတိုင်းအတာနှင့် ပြုလုပ်ထားတော်မူသည်။ ဤသည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင်မြတ်၏ စီမံခံ့ခန့်ခွဲမှုပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ခက်ခဲသောစကားလုံးများ၏ အဓိပ္ပာယ်များ

  • فَالِقُ الْإِصْبَاحِ — အရုဏ်တက်ချိန်ကို ခွဲထုတ်ပေးသူ။ ည၏အမှောင်ထုထဲမှ အရုဏ်အလင်းရောင်ကို ကွဲထွက်စေသူဟု ဆိုလိုသည်။
  • سَكَنًا — အနားယူရာ၊ ငြိမ်းချမ်းရာ။ လူတို့သည် ညအချိန်တွင် အနားယူငြိမ်သက်နိုင်သော အချိန်အဖြစ် ဖန်ဆင်းထားခြင်းကို ဆိုလိုသည်။
  • حُسْبَانًا — တိကျသော အတွက်အချက်အတိုင်း လှည့်ပတ်သွားလာခြင်း။ နေနှင့်လသည် တိကျသည့် စည်းမျဉ်းအတိုင်း လှည့်ပတ်နေခြင်းဖြင့် အချိန်ကာလများကို တွက်ချက်သိနိုင်ခြင်းကို ဆိုလိုသည်။
  • تَقْدِيرُ — စီမံသတ်မှတ်ခြင်း၊ တိကျစွာ သတ်မှတ်စီစဉ်ခြင်း။
  • الْعَزِيزِ — အနိုင်ရသူ၊ မည်သူမျှ မယှဉ်နိုင်သော တန်ခိုးတော်ရှင်။
  • الْعَلِيمِ — အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူသော။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် ည၏အမှောင်ထုကို ခွဲထုတ်၍ အရုဏ်အလင်းရောင်ကို ပေါ်ထွက်စေတော်မူသောအရှင် ဖြစ်တော်မူသည်။ အရှင်မြတ်သည် ညအချိန်ကို လူသားတို့အတွက် အနားယူငြိမ်းချမ်းရာ အချိန်အဖြစ် ဖန်ဆင်းပေးတော်မူသည်။ နေ့အချိန်တွင် ရှာဖွေစုဆောင်းရင်း ပင်ပန်းနွမ်းနယ်ခဲ့ကြသော လူသားတို့သည် ညအချိန်တွင် အနားယူနိုင်ကြရန်အတွက်ဖြစ်သည်။ ထို့အပြင် အရှင်မြတ်သည် နေနှင့်လကို တိကျသော အတွက်အချက်အတိုင်း လှည့်ပတ်သွားလာစေတော်မူသည်။ ထိုနေနှင့်လ၏ လှည့်ပတ်မှုကို အခြေခံ၍ လူသားတို့သည် ရက်၊ လ၊ နှစ် စသည့် အချိန်ကာလများကို တွက်ချက်သိနိုင်ကြသည်။ ဤအရာများအားလုံးသည် မည်သူမျှ မယှဉ်နိုင်သော တန်ခိုးတော်ရှင်၊ အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူသော အလ္လာဟ်အရှင်မြတ်၏ တိကျသော စီမံသတ်မှတ်ချက်တော်ပင် ဖြစ်သည်။ အရှင်မြတ်သည် မိမိဖန်ဆင်းထားသော လူသားတို့၏ အကျိုးစီးပွားများကို အကြွင်းမဲ့ သိတော်မူပြီး သူတို့အတွက် အကောင်းဆုံးဖြစ်မည့်အရာများကို စီစဉ်ပေးတော်မူသည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်သည် တစ်ခုတည်းသော ဖန်ဆင်းရှင်ဖြစ်ကြောင်း သိရှိနိုင်သည်။ အရုဏ်တက်ခြင်း၊ ညအနားယူခြင်း၊ နေနှင့်လ လှည့်ပတ်ခြင်း စသည့် သဘာဝဖြစ်စဉ်အားလုံးသည် အရှင်မြတ်၏ စီမံခန့်ခွဲမှုအောက်တွင် ဖြစ်ပေါ်နေခြင်းဖြစ်သည်။
  • အလ


📜 အာယာသ် 94-98 — စူရာ အလ်-အန်အာမ်

94وَلَقَدْ جِئْتُمُونَا فُرَادَىٰ كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ وَتَرَكْتُم مَّا خَوَّلْنَاكُمْ وَرَاءَ ظُهُورِكُمْ ۖ وَمَا نَرَىٰ مَعَكُمْ شُفَعَاءَكُمُ الَّذِينَ زَعَمْتُمْ أَنَّهُمْ فِيكُمْ شُرَكَاءُ ۚ لَقَد تَّقَطَّعَ بَيْنَكُمْ وَضَلَّ عَنكُم مَّا كُنتُمْ تَزْعُمُونَ
၎င်းပြင် (အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ)(ယခုမူကား) အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပထမမူလက ငါအရှင်မြတ် �သင်တို့အား ဖန်ဆင်းတော်မူသည့် အတိုင်းပင် တစ်ယောက်စီ၊ တစ်ယောက်စီ လာကြလေပြီ။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် (ဥစ္စာပစ္စည်း)များကိုလည်း မိမိတို့နောက်တွင် စွန့်ထားခဲ့ကြလေပြီ။ ထို့ပြင်ငါအရှင်မြတ်သည် အသင်တို့နှင့် အတူတကွ အသင်တို့အားကြားဝင်အသနားခံပေးမည့် အကြင်သူများကိုလည်း တွေ့မြင်တော်မမူ။ အသင်တို့သည် မိမိတို့၏အရေးကိစ္စများတွင် ထိုသူများသည် (ငါအရှင်မြတ်၏) အပေါင်းအဖက်များ ဖြစ်သည်ဟူ၍ ထင်မြင်ယူဆခဲ့ကြလေသည်။ (ယခုမူကား) အသင်တို့(အချင်းချင်း)၏ စပ်ကြားဝယ် အဆက်ပြတ်သွားချေပြီ၊ ၎င်းပြင်အသင်တို့၏ ထင်မြင်ယူဆချက်သည်လည်း အသင်တို့ထံမှပျောက်ကွယ်သွားချေပြီ။ (သို့ဖြစ်ပေရာ ယခုမူကား အပြစ်ဒဏ်ကို အပြည့်ခံကြရတော့ပေမည်)။ (ရကူ)
95۞ إِنَّ اللَّهَ فَالِقُ الْحَبِّ وَالنَّوَىٰ ۖ يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَمُخْرِجُ الْمَيِّتِ مِنَ الْحَيِّ ۚ ذَٰلِكُمُ اللَّهُ ۖ فَأَنَّىٰ تُؤْفَكُونَ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မျိုးစေ့များနှင့်သစ်စေ့များကို (အညှောက်အတက်ထွက်စေရန်) အက်ကွဲစေတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သက်မဲ့အရာ များမှသက်ရှိသတ္တဝါများကိုထုတ်တော်မူလေသည်။ ထို့ပြင်တဝ ထိုအရှင်မြတ်သည်သက်ရှိသတ္တဝါများမှ သက်မဲ့အရာများကို ထုတ်တော်မူသောအရှင်မြတ် လည်း ဖြစ်တော်မူ၏။ သို့ပြုစွမ်းနိုင်တော်မူသောအရှင်သည်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် (ထိုအရှင်မြတ်အားခဝပ်ကိုးကွယ်ခြင်း ကိုစွန့်၍) အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။
96فَالِقُ الْإِصْبَاحِ وَجَعَلَ اللَّيْلَ سَكَنًا وَالشَّمْسَ وَالْقَمَرَ حُسْبَانًا ۚ ذَٰلِكَ تَقْدِيرُ الْعَزِيزِ الْعَلِيمِ
(ထိုအရှင်မြတ်သည် ညဉ့်၏အမိုက်မှောင်အတွင်းမှ) နံနက်မိုးသောက်ချိန်ကိုခွဲ၍ ထုတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်ညဉ့်အချိန်ကို(လူသတ္တဝါအပေါင်းတို့) အနားယူရန် ပြုလုပ်ထားတော်မူ၏။ နေနှင့်လတို့ကိုလည်း(နေ့ရက်လများ)တွက်ချက်ရန်အတိုင်းအတာနှင့် ပြုလုပ်ထားတော်မူသည်။ ဤသည် တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောအရှင်၊ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော် မူသောအရှင်မြတ်၏ စီမံခံ့ခန့်ခွဲမှုပင်တည်း။
97وَهُوَ الَّذِي جَعَلَ لَكُمُ النُّجُومَ لِتَهْتَدُوا بِهَا فِي ظُلُمَاتِ الْبَرِّ وَالْبَحْرِ ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَعْلَمُونَ
ရ။ ၎င်းပြင် ထိုအသျှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့နက္ခတ်တာရာများကို ကုန်းမြေနှင့်သမုဒ္ဒရာပင်လယ်၏အမှောင်များတွင် လမ်းမှန်ရစေခြင်းငှာ ပြုလုပ်တော်မူခဲ့လေသည်။ စင်စစ်ဧကန် ငါအရှင်မြတ်သည်(မိမိ) သက်သေသာဓကတို့ကို သိနားလည်သောသူတို့အဖို့ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့လေသတည်း။
98وَهُوَ الَّذِي أَنشَأَكُم مِّن نَّفْسٍ وَاحِدَةٍ فَمُسْتَقَرٌّ وَمُسْتَوْدَعٌ ۗ قَدْ فَصَّلْنَا الْآيَاتِ لِقَوْمٍ يَفْقَهُونَ
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အကြင်အရှင်မြတ်တည်း။ ထိုအရှင်မြတ်သည် အသင်(လူသား)တို့အားလူတစ်ဦးတယောက်တည်းမှ ဖြစ်ပွားစေတော်မူခဲ့လေသည်။တဖန်(အသင်တို့အဖို့) ကြာရှည်နေကြရန် နေရာတစ်ခု (မိခင်တို့၏သားအိမ်)လည်းရှိ၏။ ၎င်းပြင် ခေတ္တနေကြရန် နေရာတစ်ခု (သင်တို့၏ကျောက်ကုန်း)လည်းရှိ၏။ အမှန်စင်စစ်ငါအရှင်မြတ်သည် အသိဉာဏ် ရှိသောသူတို့အဖို့ (မိမိ)သက်သေသာဓကများကို အသေးစိတ် ရှင်းလင်းဖော်ပြတော်မူခဲ့ပြီးဖြစ်လေသည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
96အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 96

စူရာ အလ်-အန်အာမ် အာယာသ် 96 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအရှင်မြတ်သည် ညဉ့်၏အမိုက်မှောင်အတွင်းမှ) နံနက်မိုးသောက်ချိန်ကိုခွဲ၍ ထုတ်တော်မူသောအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်ညဉ့်အချိန်ကို(လူသတ္တဝါအပေါင်းတို့) အနားယူရန် ပြုလုပ်ထားတော်မူ၏။ နေနှင့်လတို့ကိုလည်း(နေ့ရက်လများ)တွက်ချက်ရန်အတိုင်းအတာနှင့် ပြုလုပ်ထားတော်မူသည်။…

စူရာ အာယာသ် 96/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 94–98. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers