အလ်-မမ်တဟီနာ · 11/13
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မမ်တဟီနာ
وَإِن فَاتَكُمْ شَيْءٌ مِّنْ أَزْوَاجِكُمْ إِلَى الْكُفَّارِ فَعَاقَبْتُمْ فَآتُوا الَّذِينَ ذَهَبَتْ أَزْوَاجُهُم مِّثْلَ مَا أَنفَقُوا ۚ وَاتَّقُوا اللَّهَ الَّذِي أَنتُم بِهِ مُؤْمِنُونَ ۝١١
Wa in faatakum shai`um min azwaajikum ilal kuffaari fa`aaqabtum fa aatul lazeena zahabat azwaajuhum misla maaa anfaqoo; wattaqul laahal lazeee antum bihee mu`minoon
📖 မြန်မာဘာသာ
သို့ရာတွင် အကယ်၍ အသင်တို့၏ ဇနီးမိန်းမတို့အနက် တစ်စုံတစ်ယောက်သည် ‘ကာဖိရ်’ များထံသို့ ထွက်သွားခဲ့ပြီးနောက် အသင်တို့အလှည့် ရောက်ခဲ့ပါလျှင် (အသင်တို့သည် လက်ရပစ္စည်းရရှိခဲ့ကြလျှင်) ဇနီးမိန်းမများ ထွက်သွားခဲ့ကြသောသူတို့အား ၎င်းတို့ အကုန်အကျခံခဲ့ကြသည့် (‘မဟ်ရ်’ထိမ်းမြားကြေး)နှင့် အညီအမျှ အသင်တို့ ပေးဆပ်ကြလေကုန်။ထိုမှတစ်ပါး အသင်တို့ သက်ဝင် ယုံကြည်ကြကုန်သော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ

  • ဖါတကူမ် (فَاتَكُمْ) — သင်တို့ထံမှ လွတ်သွားသည်၊ လက်လွတ်သွားသည်။
  • ရှိုင်အုန် (شَيْءٌ) — တစ်စုံတစ်ခု၊ တစ်ဦးတစ်ယောက်။
  • အက်ဇ်ဝါဂျ်ကုမ် (أَزْوَاجِكُمْ) — သင်တို့၏ ဇနီးများ။
  • ဖအသ်ကုမ် (فَاتَكُمْ) နှင့် ဆက်စပ်၍ — သင်တို့၏ ဇနီးတစ်ဦးဦးသည် အစ္စလာမ်မှ ထွက်ခွာ၍ ကာဖိရ်များထံ ရောက်သွားခြင်း။
  • ဖအသ်ကုမ် (فَعَاقَبْتُمْ) — သင်တို့သည် ရန်သူကို အောင်မြင်၍ စစ်ရေးအရ ဆုချီးမြှင့်ခြင်း သို့မဟုတ် ဂနီမသ် (စစ်ရေးဆုငွေ) ရရှိခြင်း။
  • မိသလ မာ အန်ဖကု (مِثْلَ مَا أَنفَقُوا) — သူတို့ ပေးခဲ့သော မဟ်ရ် (ထိမ်းမြားခ) နှင့် ညီမျှသော ပမာဏ။
  • အတ္တကူလ္လာဟ (وَاتَّقُوا اللَّهَ) — အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ခြင်း၊ အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်း။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အကယ်၍ သင်တို့၏ ဇနီးများထဲမှ တစ်ဦးဦးသည် အစ္စလာမ်ကို စွန့်လွှတ်၍ ကာဖိရ်များထံ ရောက်သွားပြီး ထိုကာဖိရ်များသည် သင်တို့ ပေးခဲ့သော မဟ်ရ်ကို ပြန်မပေးဘဲ ရှိခဲ့လျှင်၊ ထို့နောက် သင်တို့သည် ကာဖိရ်များကို အောင်မြင်၍ ဂနီမသ် ရရှိခဲ့သောအခါ၊ ဇနီးများ ကာဖိရ်များထံ ရောက်သွားခဲ့သော အစ္စလာမ်ဘာသာဝင်များအား သူတို့ ပေးခဲ့သော မဟ်ရ်နှင့် ညီမျှသော ပမာဏကို ဂနီမသ်မှ ပေးအပ်ကြပါ။ ထို့ပြင် သင်တို့သည် မိမိတို့ သက်ဝင်ယုံကြည်သော အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြပါ။

ဤသည်မှာ ဟဒီးယာ (ငြိမ်းချမ်းရေး သဘောတူစာချုပ်) ကာလတွင် မွတ်စ်လင်မ်အမျိုးသမီးတစ်ဦးသည် အစ္စလာမ်မှ ထွက်ခွာ၍ ကာဖိရ်များထံ ရောက်သွားပြီး ကာဖိရ်များက သူမ၏ မဟ်ရ်ကို မွတ်စ်လင်မ်ခင်ပွန်းအား ပြန်မပေးသောအခါ၊ မွတ်စ်လင်မ်များသည် ကာဖိရ်များထံမှ ဂနီမသ် ရရှိပါက ထိုခင်ပွန်းအား သူပေးခဲ့သော မဟ်ရ်နှင့် ညီမျှသော ပမာဏကို ပေးရမည်ဟု သွန်သင်ထားခြင်း ဖြစ်သည်။ ဤအမိန့်တော်သည် အစ္စလာမ်၏ တရားမျှတမှုကို ဖော်ပြသည် — မွတ်စ်လင်မ်တစ်ဦး ဆုံးရှုံးမှု ရှိခဲ့လျှင် သူ့အား ပြန်လည် ဖြည့်ဆည်းပေးရမည်။ နောက်ဆုံးတွင် အလ



📜 အာယာသ် 9-13 — စူရာ အလ်-မမ်တဟီနာ

9إِنَّمَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ قَاتَلُوكُمْ فِي الدِّينِ وَأَخْرَجُوكُم مِّن دِيَارِكُمْ وَظَاهَرُوا عَلَىٰ إِخْرَاجِكُمْ أَن تَوَلَّوْهُمْ ۚ وَمَن يَتَوَلَّهُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
(စင်စစ်သော်ကား) အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို အဆွေခင်ပွန်းပြုလုပ်ခြင်းမှသာ တားမြစ်တော်မူ၏။ ထိုသူတို့သည် "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ အသင်တို့ကို တိုက်ခိုက်ခဲ့ကြသည့်ပြင် အသင်တို့အား အသင်တို့၏နေအိမ်များမှလည်း နှင်ထုတ်ခဲ့ကြ၏။ အသင်တို့ကို နှင်ထုတ်ရေးနှင့်စပ်လျဉ်း၍ (သူတစ်ပါးတို့အား) ယိုင်းပင်းကူညီခဲ့ကြ၏။ စင်စစ်သော်ကား မည်သူမဆို ၎င်းတို့အား အဆွေခင်ပွန်း ပြုလုပ်သည်ရှိသော် ထိုကဲ့သို့သော သူတို့သည်သာလျှင် မတရားသောသူများ ဖြစ်ကြကုန်သတည်း။
10يَا أَيُّهَا الَّذِينَ آمَنُوا إِذَا جَاءَكُمُ الْمُؤْمِنَاتُ مُهَاجِرَاتٍ فَامْتَحِنُوهُنَّ ۖ اللَّهُ أَعْلَمُ بِإِيمَانِهِنَّ ۖ فَإِنْ عَلِمْتُمُوهُنَّ مُؤْمِنَاتٍ فَلَا تَرْجِعُوهُنَّ إِلَى الْكُفَّارِ ۖ لَا هُنَّ حِلٌّ لَّهُمْ وَلَا هُمْ يَحِلُّونَ لَهُنَّ ۖ وَآتُوهُم مَّا أَنفَقُوا ۚ وَلَا جُنَاحَ عَلَيْكُمْ أَن تَنكِحُوهُنَّ إِذَا آتَيْتُمُوهُنَّ أُجُورَهُنَّ ۚ وَلَا تُمْسِكُوا بِعِصَمِ الْكَوَافِرِ وَاسْأَلُوا مَا أَنفَقْتُمْ وَلْيَسْأَلُوا مَا أَنفَقُوا ۚ ذَٰلِكُمْ حُكْمُ اللَّهِ ۖ يَحْكُمُ بَيْنَكُمْ ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ထံ ‘မုအ်မင်န်’သက်ဝင်ယုံကြည်သော မိန်းမများသည် ရွှေ့ပြောင်း၍ လာခဲ့ကြသောအခါ အသင်တို့သည် ၎င်းတို့အား စမ်းသပ်စစ်ဆေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ "အီမာန်" သက်ဝင်ယုံကြည်မှုကို ကောင်းမွန်စွာ သိရှိတော်မူ၏။ သို့ဖြစ်ရကား အကယ်၍ အသင်တို့သည် ၎င်းတို့ "မုအ်မင်န်" သက်ဝင်ယုံကြည်သော မိန်းမများဖြစ်ကြောင်းကို ကောင်းမွန်စွာ သိရှိခဲ့ကြရသောအခါ အသင်တို့သည် ၎င်းတို့အား "ကာဖိရ်" များထံသို့ ပြန်၍ မပို့ကြကုန်လင့်။၎င်းတို့မှာလည်း ထို"ကာဖိရ်" တို့အဖို့ (ဟလာလ်) တရားဝင်ကြသည် မဟုတ်ပေ။ ထို ကာဖိရ်များမှာလည်း ၎င်းတို့အဖို့(ဟလာလ်)တရားဝင်ကြသည် မဟုတ်ပြီ။ သို့ရာတွင် အသင်တို့သည် ထို’ကာဖိရ်’များအား ၎င်းတို့ အကုန်အကျခံခဲ့ကြသည်များကို ပေးဆပ်ကြလေကုန်။ ထို့ပြင် အကယ်၍ အသင်တို့သည် ၎င်းတို့အား ၎င်းတို့၏ "မဟ်ရ်" ထိမ်းမြားကြေးများကို ပေးဆပ်ကြလျှင် ၎င်းတို့နှင့် နိကာဟ်ထိမ်းမြားခြင်းမှာ အသင်တို့၌ အပြစ်မဟုတ်ပေ။ ထို့ပြင် အသင်တို့သည် ‘ကာဖိရ်’မိန်းမများ၏ ဂုဏ်အသရေကို သိမ်းပိုက်၍ မထားကြကုန်လင့်။ ၎င်းပြင် အသင်တို့သည်လည်း မိမိတို့ အကုန်အကျခံခဲ့ကြသည်များကို (‘ကာဖိရ်’များထံမှ) တောင်း၍ ယူကြလေကုန်။ ၎င်းတို့သည်လည်း မိမိတို့ ကုန်ကျခဲ့သည်များကို (အသင်တို့ထံမှ)တောင်း၍ ယူကြရပေမည်။ ထိုသည်ကား အလ္လာဟ်အရှင်မြတ်၏ စီရင် ပြဋ္ဌာန်းချက်ပင်။ ထိုအရှင်မြတ်သည် အသင်တို့၏အကြားဝယ် စီရင်ပြဋ္ဌာန်းတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ နူးညံ့သိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
11وَإِن فَاتَكُمْ شَيْءٌ مِّنْ أَزْوَاجِكُمْ إِلَى الْكُفَّارِ فَعَاقَبْتُمْ فَآتُوا الَّذِينَ ذَهَبَتْ أَزْوَاجُهُم مِّثْلَ مَا أَنفَقُوا ۚ وَاتَّقُوا اللَّهَ الَّذِي أَنتُم بِهِ مُؤْمِنُونَ
သို့ရာတွင် အကယ်၍ အသင်တို့၏ ဇနီးမိန်းမတို့အနက် တစ်စုံတစ်ယောက်သည် ‘ကာဖိရ်’ များထံသို့ ထွက်သွားခဲ့ပြီးနောက် အသင်တို့အလှည့် ရောက်ခဲ့ပါလျှင် (အသင်တို့သည် လက်ရပစ္စည်းရရှိခဲ့ကြလျှင်) ဇနီးမိန်းမများ ထွက်သွားခဲ့ကြသောသူတို့အား ၎င်းတို့ အကုန်အကျခံခဲ့ကြသည့် (‘မဟ်ရ်’ထိမ်းမြားကြေး)နှင့် အညီအမျှ အသင်တို့ ပေးဆပ်ကြလေကုန်။ထိုမှတစ်ပါး အသင်တို့ သက်ဝင် ယုံကြည်ကြကုန်သော အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။
12يَا أَيُّهَا النَّبِيُّ إِذَا جَاءَكَ الْمُؤْمِنَاتُ يُبَايِعْنَكَ عَلَىٰ أَن لَّا يُشْرِكْنَ بِاللَّهِ شَيْئًا وَلَا يَسْرِقْنَ وَلَا يَزْنِينَ وَلَا يَقْتُلْنَ أَوْلَادَهُنَّ وَلَا يَأْتِينَ بِبُهْتَانٍ يَفْتَرِينَهُ بَيْنَ أَيْدِيهِنَّ وَأَرْجُلِهِنَّ وَلَا يَعْصِينَكَ فِي مَعْرُوفٍ ۙ فَبَايِعْهُنَّ وَاسْتَغْفِرْ لَهُنَّ اللَّهَ ۖ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
အို-နဗီတမန်တော်၊ "မုအ်မင်န်" သက်ဝင်ယုံကြည်ကြသော မိန်းမများသည် အသင့်ထံလာ၍ မိမိတို့မှာ မည်သည့် တစ်စုံတစ်ရာကိုမျှပင် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ဆည်းကပ်ကိုးကွယ်) ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ ခိုးဝှက်မှုကိုလည်း ကျူးလွန်ကြမည် မဟုတ်ပါ ဟူ၍လည်းကောင်း၊ သူတစ်ပါး၏ ဇနီးမယားအား ပြစ်မှားသော အမှုကိုလည်းကျူးလွန်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း။ မိမိတို့၏ သားသမီးများကိုလည်း သတ်ဖြတ်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ မိမိတို့၏လက်များနှင့် ခြေများ၏အကြား၌ မုသား တစ်စုံတစ်ရာကိုလည်း လီဆယ်ဖန်တီးကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ ကောင်းမြတ်သော အမှုကိစ္စတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ အသင်၏အမိန့်ကိုလည်း ဖီဆန်ကြမည်မဟုတ်ပါ ဟူ၍လည်းကောင်း၊ "ဗိုင်အတ်" ပြုကြသောအခါ အသင်သည် ၎င်းတို့အား ဗိုင်အတ် ပြုပါလေ။ ထိုမှတစ်ပါး အသင်သည် အလ္လာဟ်အရှင်မြတ်အထံတော်၌ ၎င်းတို့အဖို့ လွတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ပန်ကြားပါလေ။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာ ကရုဏာပြုတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
13يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِمْ قَدْ يَئِسُوا مِنَ الْآخِرَةِ كَمَا يَئِسَ الْكُفَّارُ مِنْ أَصْحَابِ الْقُبُورِ
အို-"မုအ်မင်န်" သက်ဝင်ယုံကြည်သူ အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော် ကျရောက်ခဲ့သောလူမျိုးကို အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ ဧကန်စင်စစ် ၎င်းတို့မှာ သင်္ချိုင်းများအတွင်း၌ ရှိကြကုန်သော သူတို့နည်းတူ "အာခိရတ်" တမလွန်ဘဝ၏ (အကျိုးကျေးဇူး)များကို မျှော်လင့်ချက်ကင်းလျက် ရှိကြကုန်သတည်း။ တစ်နည်း ဧကန်စင်စစ် ၎င်းတို့မှာမူကား သင်္ချိုင်းများအတွင်းဝယ် ရှိသူတို့ထံမှ (အကျိုးကျေးဇူး)များကို မျှော်လင့်ချက် ကင်းကြသကဲ့သို့ပင် "အာခိရတ်" တမလွန်ဘဝ(၏ အကျိုးကျေးဇူး)များကိုလည်း မျှော်လင့်ချက် ကင်းလျက် ရှိကြကုန်သတည်း။
အလ်-မမ်တဟီနာကုရ်အာန် ညွှန်းကိန်း
13အာယာသ်
MedinanRevelation
11အာယာသ်

ဘာသာပြန် — အလ်-မမ်တဟီနာ 11

စူရာ အလ်-မမ်တဟီနာ အာယာသ် 11 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကယ်၍ အသင်တို့၏ ဇနီးမိန်းမတို့အနက် တစ်စုံတစ်ယောက်သည် ‘ကာဖိရ်’ များထံသို့ ထွက်သွားခဲ့ပြီးနောက် အသင်တို့အလှည့် ရောက်ခဲ့ပါလျှင်…

စူရာ အာယာသ် 11/13 — စူရာ အလ်-မမ်တဟီနာ الممتحنة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မမ်တဟီနာ နားထောင်, စူရာ အလ်-မမ်တဟီနာ ဘာသာပြန်, စူရာ အလ်-မမ်တဟီနာ mp3, စူရာ အလ်-မမ်တဟီနာ pdf. အာယာသ် 9–13. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers