عَفَا اللَّهُ عَنكَ لِمَ أَذِنتَ لَهُمْ حَتَّىٰ يَتَبَيَّنَ لَكَ الَّذِينَ صَدَقُوا وَتَعْلَمَ الْكَاذِبِينَ ٤٣
🔤 Transliteration
Afal laahu `anka lima azinta lahum hattaa yatabai yana lakal lazeena sadaqoo wa ta`lamal kaazibeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ် သည်အသင့်အား ခွင့်လွှတ်တော်မူခဲ့ချေပြီ။ (သို့ရာ တွင်) အသင့်အဖို့(ထိုသူတို့အနက်) မှန်ကန်စွာ ပြောဆိုသောသူတို့သည် ထင်ရှားခြင်း မရှိသေးမီလည်းကောင်း၊ (ထိုသူတို့အနက်မှ) မုသာဝါဒီများကို အသင်မသိသေးမီလည်းကောင်း၊ အသင်သည် မည်သည့်အတွက် ထိုသူတို့အား (စစ်ချီတက်ရာသို့ မလိုက်ပဲ နေရစ်ခဲ့ကြရန်) ခွင့်ပြုခဲ့ပါသနည်း။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက် عَفَا اللَّهُ عَنكَ: အလ္လာဟ်အရှင်မြတ်သည် အသင့်အား ခွင့်လွှတ်တော်မူပါစေ။ لِمَ أَذِنتَ لَهُمْ: အဘယ်ကြောင့် သူတို့အား ခွင့်ပြုခဲ့သနည်း။ يَتَبَيَّنَ: ထင်ရှားလာစေရန်။ الصَّادِقُوا: မှန်ကန်စွာပြောဆိုသူများ။ الْكَاذِبِينَ: မုသာပြောဆိုသူများ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ်(ဆွ)အား အလ္လာဟ်အရှင်မြတ်က နူးညံ့သိမ်မွေ့စွာ ဆုံးမတော်မူသော အာယသ်တော်ဖြစ်သည်။ တမန်တော်(ဆွ)သည် မုနာဖိကူန်များထဲမှ အချို့အား ဂျိဟာဒ်စစ်ပွဲမှ နောက်ဆုတ်ခွာခွင့်ပြုခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က “အလ္လာဟ်အရှင်မြတ်သည် အသင့်အား ခွင့်လွှတ်တော်မူပါစေ။ အဘယ်ကြောင့် သူတို့အား ခွင့်ပြုခဲ့သနည်း” ဟု မိန့်တော်မူခဲ့သည်။ ဤနေရာတွင် အရှင်မြတ်သည် ခွင့်လွှတ်ခြင်းကို ဆုံးမခြင်း၏ရှေ့တွင် ထားတော်မူခဲ့သည်။ ၎င်းသည် တမန်တော်(ဆွ)၏ နှလုံးသားကို နှစ်သိမ့်စေရန်နှင့် စိတ်ချမ်းသာစေရန်အတွက်ဖြစ်သည်။
ထို့နောက် အရှင်မြတ်က ဆက်လက်မိန့်တော်မူသည်မှာ သူတို့အား ခွင့်ပြုခြင်းမပြုမီ သူတို့၏ အကြောင်းပြချက်များကို စမ်းသပ်စစ်ဆေးသင့်သည်။ ထိုသို့စစ်ဆေးခြင်းဖြင့် မှန်ကန်စွာပြောဆိုသူများနှင့် မုသာပြောဆိုသူများကို ကွဲပြားစွာ သိရှိနိုင်မည်ဖြစ်သည်။ ထိုအခါမှသာ မှန်ကန်သူများကို ခွင့်ပြုနိုင်မည်ဖြစ်ပြီး မုသာပြောသူများကို ခွင့်မပြုသင့်ပေ။
ဤအာယသ်တော်သည် တမန်တော်(ဆွ)၏ ဣဂျ်တိဟာဒ်(ကိုယ်ပိုင်ဆုံးဖြတ်ချက်)နှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်၏ ညွှန်ကြားချက်ဖြစ်သည်။ အရှင်မြတ်သည် တမန်တော်(ဆွ)အား ခွင့်လွှတ်တော်မူခဲ့သော်လည်း အနာဂတ်တွင် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် သင်ခန်းစာပေးတော်မူခဲ့သည်။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ နှစ်သက်တော်မူသော ကျေးကျွန်များအား ချစ်ခင်စွာ ဆုံးမတော်မူကြောင်း သိရှိနိုင်သည်။ အရှင်မြတ်သည် အမှားပြုမိသောအခါ ခွင့်လွှတ်တော်မူပြီး နောင်တရစေရန် အခွင့်အလမ်းပေးတော်မူကြောင်း နားလည်နိုင်သည်။ အရေးကြီးသော ဆုံးဖြတ်ချက်များချမှတ်ရာတွင် စ
عَفَا ٱللَّهُ عَنكَ لِمَ أَذِنتَ لَهُمۡ حَتَّىٰ يَتَبَيَّنَ لَكَ ٱلَّذِينَ صَدَقُواْ وَتَعۡلَمَ ٱلۡكَٰذِبِينَ ٤٣
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ် သည်အသင့်အား ခွင့်လွှတ်တော်မူခဲ့ချေပြီ။ (သို့ရာ တွင်) အသင့်အဖို့(ထိုသူတို့အနက်) မှန်ကန်စွာ ပြောဆိုသောသူတို့သည် ထင်ရှားခြင်း မရှိသေးမီလည်းကောင်း၊ (ထိုသူတို့အနက်မှ) မုသာဝါဒီများကို အသင်မသိသေးမီလည်းကောင်း၊ အသင်သည် မည်သည့်အတွက် ထိုသူတို့အား (စစ်ချီတက်ရာသို့ မလိုက်ပဲ နေရစ်ခဲ့ကြရန်) ခွင့်ပြုခဲ့ပါသနည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 41-45 — စူရာ အတ်-တောင်ဘ
41 انفِرُوا خِفَافًا وَثِقَالًا وَجَاهِدُوا بِأَمْوَالِكُمْ وَأَنفُسِكُمْ فِي سَبِيلِ اللَّهِ ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ
အသင်တို့သည် ပေါ့ပါးစွာ လည်းကောင်း၊ လေးလံစွာလည်းကောင်း၊ (သန်စွမ်းသည်ဖြစ်စေ၊ မသန်စွမ်းသည်ဖြစ်စေ၊ ဝဖြိုးသည်ဖြစ်စေ၊ ပိန်ချုံးသည်ဖြစ်စေ၊ နုပျိုသည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ရွှင်လန်းသည်ဖြစ်စေ၊ ပျင်းရိသည်ဖြစ်စေ၊ ဥစ္စာပစ္စည်းကြွယ်ဝ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲ နွမ်းပါးသည်ဖြစ်စေ၊ ခရီးသွားရန် အစီးအနင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အားလပ်ခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) မိမိတို့အိမ်များမှ(စစ်ချီ)ထွက်ကြ၍အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ဥစ္စာပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏အသက်ဇီဝိန်များဖြင့်လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ကြလေကုန်။ ဤသည် အကယ်၍ အသင်တို့သိတတ် ကြပါလျှင် အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသတည်း။
42 لَوْ كَانَ عَرَضًا قَرِيبًا وَسَفَرًا قَاصِدًا لَّاتَّبَعُوكَ وَلَٰكِن بَعُدَتْ عَلَيْهِمُ الشُّقَّةُ ۚ وَسَيَحْلِفُونَ بِاللَّهِ لَوِ اسْتَطَعْنَا لَخَرَجْنَا مَعَكُمْ يُهْلِكُونَ أَنفُسَهُمْ وَاللَّهُ يَعْلَمُ إِنَّهُمْ لَكَاذِبُونَ
အကယ်၍သာ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုရုတ်တရက် လွယ်ကူစွာရရှိမည်ဖြစ်သည့်ပြင် (ခရီး သည်လည်း)မနီးမဝေး အလယ်အလတ်ခရီးပင်ဖြစ်ခဲ့မူ၊ ၎င်းတို့သည် အသင်၏နောက်သို့ အမှန်ပင် လိုက်ခဲ့ကြမည်သာတည်း။ သို့ရာတွင်(ယခုသော်ကား) ၎င်းတို့(အမြင်)၌ ခရီးသည် ကမ်းလှမ်းဝေးကွာ၍ ရှိနေခဲ့ပေရာ ၎င်းတို့သည် အသင်၏ နောက်သို့ မလိုက်ပဲနေရစ်ခဲ့ကြလေသည်။ ထိုမှတစ်ပါး မကြာမြင့်မီ ၎င်းတို့သည်(အသင်တို့ရှေ့ဝယ်) အကယ်၍သာ ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ခဲ့ကြလျှင် အသင်တို့နှင့်အတူ ထွက်ခဲ့ကြမည် အမှန်ပင်ဟုအလ္လာဟ်အရှင်မြတ်�ားတိုင်တည်၍ ပြောဆို ကြဦးမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ဖျက်ဆီးလျက် ရှိကြပေသည်။ အမှန်စင်စစ်မှာမူကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့မုသာဝါဒီများ ဖြစ်ကြောင်းကို ကောင်းစွာ သိရှိတော်မူပေသတည်း။ (တနည်း)(ရကူ-12)တနည်း။ အကယ်၍သာ အလွယ်တကူ ဥစ္စာပစ္စည်းတစ်စုံတစ်ရာရရှိမည်ဖြစ်သော် သွားလာရမည့် ခရီးသည်လည်းသာမန်သာဖြစ်သော် ယင်း(မုနာဖစ်က်)တို့သည် ဧကန်မုချအသင်နှင့်အတူတကွ လိုက်ခဲ့ကြမည်ဖြစ်သည်။ သို့ရာတွင်(ယခုမူ)ခရီးသည် ၎င်းတို့(အမြင်)၌ ဝေးကွာကမ်းလှမ်း၍ နေချေ၏။ (ထို့အတွက်ကြောင့်ပင် ၎င်းတို့သည် စစ်ပွဲသို့ မလိုက်ပါပဲ နောက်တွင်ထိုင်နေခဲ့ကြ၏။) မကြာမြင့်မီ(အသင်မုစ်လင်မ်တို့ စစ်ပွဲမှပြန်လာကြသောအခါ) ယင်း(မုနာဖစ်က်)တို့သည် (အသင်တို့ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍) အကယ်၍ ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ခဲ့ကြပါလျှင်အသင်တို့နှင့်အတူ မုချ ထွက်ခဲ့ကြမည်သာဖြစ်ပါသည် ဟုပြောဆိုကြဦးမည်ဖြစ်သည်။ ယင်း(မုနာဖစ်က်)များသည် မိမိတို့ကိုယ်ကိုသာ ဖျက် ဆီးလျက်ရှိကြကုန်၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ယင်း(မုနာဖစ်က်)များ မုချဧကန် မုသားပြောဆိုသူများဖြစ်ကြသည်ကို ကောင်းစွာသိရှိတော်မူသည်။
43 عَفَا اللَّهُ عَنكَ لِمَ أَذِنتَ لَهُمْ حَتَّىٰ يَتَبَيَّنَ لَكَ الَّذِينَ صَدَقُوا وَتَعْلَمَ الْكَاذِبِينَ
(အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ် သည်အသင့်အား ခွင့်လွှတ်တော်မူခဲ့ချေပြီ။ (သို့ရာ တွင်) အသင့်အဖို့(ထိုသူတို့အနက်) မှန်ကန်စွာ ပြောဆိုသောသူတို့သည် ထင်ရှားခြင်း မရှိသေးမီလည်းကောင်း၊ (ထိုသူတို့အနက်မှ) မုသာဝါဒီများကို အသင်မသိသေးမီလည်းကောင်း၊ အသင်သည် မည်သည့်အတွက် ထိုသူတို့အား (စစ်ချီတက်ရာသို့ မလိုက်ပဲ နေရစ်ခဲ့ကြရန်) ခွင့်ပြုခဲ့ပါသနည်း။
44 لَا يَسْتَأْذِنُكَ الَّذِينَ يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ أَن يُجَاهِدُوا بِأَمْوَالِهِمْ وَأَنفُسِهِمْ ۗ وَاللَّهُ عَلِيمٌ بِالْمُتَّقِينَ
အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကို သက်ဝင်ယုံကြည်သောသူတို့ကား၊ မိမိတို့၏ဥစ္စာ ပစ္စည်းများဖြင့်လည်းကောင်း၊ မိမိတို့၏ အသက်ဇီဝိန်များဖြင့်လည်းကောင်း၊စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းမှထိုင်နေကြရန် (မည်သည့်အခါ၌မျှ) အသင့်ထံ ခွင့်ပန်ကြမည်မဟုတ်ပေ။ စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် ပြစ်မှုဒုစရိုက်များမှ ကြဉ်ရှောင်ကြကုန်သောသူတော်စင်တို့အား ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
45 إِنَّمَا يَسْتَأْذِنُكَ الَّذِينَ لَا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَارْتَابَتْ قُلُوبُهُمْ فَهُمْ فِي رَيْبِهِمْ يَتَرَدَّدُونَ
အကြင်သူတို့သည်သာလျှင် အသင့်ထံခွင့်ပန်ကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊နောက်ဆုံးနေ့ကိုလည်းကောင်း၊ မယုံကြည်ကြသည့်ပြင် ၎င်းတို့၏စိတ်နှလုံးများသည်လည်း (အစ္စလာမ်နှင့်စပ်လျဉ်း၍) ဒွိဟသံသယ၌ပင် တစ်ဝဲလည်လည် ရှိကြကုန်သတည်း။
ဘာသာပြန် — အတ်-တောင်ဘ 43 စူရာ အတ်-တောင်ဘ အာယာသ် 43 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အလ္လာဟ်အရှင်မြတ် သည်အသင့်အား ခွင့်လွှတ်တော်မူခဲ့ချေပြီ။ (သို့ရာ တွင်) အသင့်အဖို့(ထိုသူတို့အနက်) မှန်ကန်စွာ ပြောဆိုသောသူတို့သည် ထင်ရှားခြင်း…
စူရာ အာယာသ် 43/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 41–45. မြန်မာဘာသာ: ภาษาไทย.