يَا أَيُّهَا النَّبِيُّ جَاهِدِ الْكُفَّارَ وَالْمُنَافِقِينَ وَاغْلُظْ عَلَيْهِمْ ۚ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمَصِيرُ ٧٣
🔤 Transliteration
yaaa aiyuhan Nabiyyu jaahidil kuffaara walmunaafiqeena waghluz `alaihim; wa maawaahum jahannnamu wa bi`sal maseer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-နဗီတမန်တော်၊ အသင်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့အားလည်းကောင်း၊ ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင်သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ထို့ပြင် ၎င်းတို့အပေါ်၌ အသင် သည် ပြင်းထန်ကျပ်တည်းမှုကိုပြုပါလေ။ ထိုမှတစ်ပါး ၎င်းတို့၏ခိုကိုးရာဌာနသည် ‘ဂျဟန္နမ်’ငရဲဘုံသည်ပင်ဖြစ်သည်။ အမှန်သော်ကား၊ ထိုစခန်းသည်အလွန် ဆိုးရွားလှပေသည်တကား။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
ဂါဟိဒ် (جَاهِدِ ): ကြိုးပမ်းအားထုတ်ပါ၊ တိုက်ခိုက်ပါ။ ဤနေရာတွင် ကာဖိရ်များကို ဓားဖြင့်တိုက်ခိုက်ခြင်း၊ မုနာဖိက္ကုန်များကို သက်သေအထောက်အထားနှင့် ဟောပြောခြင်းဖြင့် ကြိုးပမ်းခြင်းကို ဆိုလိုသည်။ အလ်ကုဖ်ဖာရ် (الْكُفَّارَ ): အစ္စလာမ်ကို ငြင်းပယ်သူများ။ အလ်မုနာဖိက္ကုန် (الْمُنَافِقِينَ ): အပြင်ပန်းတွင် အစ္စလာမ်ကို လက်ခံဟန်ဆောင်သော်လည်း အတွင်းစိတ်တွင် မယုံကြည်သူများ။ ဝဂ်ွ်လုဇ် (وَاغْلُظْ ): ပြင်းထန်စွာ ဆက်ဆံပါ၊ တင်းကျပ်ပါ။ မъဝါဟုမ် (مَأْوَاهُمْ ): သူတို့၏ ခိုလှုံရာနေရာ၊ ပြန်လည်ရောက်ရှိရာနေရာ။ ဂျဟန်နမ် (جَهَنَّمُ ): ငရဲမီး။ ဗိအ်စလ်မာဆီရ် (بِئْسَ الْمَصِيرُ ): အလွန်ဆိုးရွားသော အဆုံးသတ်နေရာ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို တမန်တော်မုဟမ္မဒ် (ဆွ)၊ အသင်သည် ကာဖိရ်များကို ဓားဖြင့်တိုက်ခိုက်ခြင်းဖြင့် ကြိုးပမ်းပါ။ မုနာဖိက္ကုန်များကိုမူ သက်သေအထောက်အထားနှင့် ဟောပြောဆုံးမခြင်းဖြင့် ကြိုးပမ်းပါ။ ထိုနှစ်မျိုးသောသူများအပေါ် ပြင်းထန်စွာ ဆက်ဆံပါ၊ တင်းကျပ်ပါ။ အကြောင်းမှာ သူတို့သည် ထိုသို့သော ဆက်ဆံမှုကို ခံထိုက်သူများ ဖြစ်ကြသည်။ သူတို့၏ နောက်ဆုံးခိုလှုံရာနေရာသည် ငရဲမီးဖြစ်သည်။ ထိုငရဲမီးသည် အလွန်ဆိုးရွားသော အဆုံးသတ်နေရာ ဖြစ်ပေသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အစ္စလာမ်သည် အမှန်တရားကို ကာကွယ်ရန် လိုအပ်သောအခါ ကြိုးပမ်းအားထုတ်ရမည်ဖြစ်သော်လည်း ပညာဉာဏ်နှင့် နည်းလမ်းမှန်ကန်စွာ ဆောင်ရွက်ရမည်ကို သွန်သင်ပေးသည်။ ကာဖိရ်များနှင့် မုနာဖိက္ကုန်များသည် မတူညီသော နည်းလမ်းများဖြင့် ဆက်ဆံခံထိုက်ကြောင်း ဤအာယသ်တော်က ရှင်းလင်းစွာ ဖော်ပြသည်။ အလ္လာဟ်အရှင်မြတ်သည် တရားမှုကို ဆန့်ကျင်သူများအတွက် ငရဲမီးကို အဆင်သင့်ပြင်ဆင်ထားကြောင်း သတိပေးချက်ဖြစ်သည်။ ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား ခွန်အားပေးခြင်းဖြင့် အစ္စလာမ်သာသနာကို ကာကွယ်ရာတွင် ရဲရင့်စွာ ရပ်တည်ရန် လမ်းညွှန်ပေးသည်။ အစ္စလာမ်သည် ငြိမ်းချမ်းရေးကို ဦးစားပေးသော်လည်း အမှန်တရားကို ထိခိုက်စေသောအခါ ခုခံကာက
يَٰٓأَيُّهَا ٱلنَّبِيُّ جَٰهِدِ ٱلۡكُفَّارَ وَٱلۡمُنَٰفِقِينَ وَٱغۡلُظۡ عَلَيۡهِمۡۚ وَمَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمَصِيرُ ٧٣
အို-နဗီတမန်တော်၊ အသင်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့အားလည်းကောင်း၊ ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင်သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ထို့ပြင် ၎င်းတို့အပေါ်၌ အသင် သည် ပြင်းထန်ကျပ်တည်းမှုကိုပြုပါလေ။ ထိုမှတစ်ပါး ၎င်းတို့၏ခိုကိုးရာဌာနသည် ‘ဂျဟန္နမ်’ငရဲဘုံသည်ပင်ဖြစ်သည်။ အမှန်သော်ကား၊ ထိုစခန်းသည်အလွန် ဆိုးရွားလှပေသည်တကား။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 71-75 — စူရာ အတ်-တောင်ဘ
71 وَالْمُؤْمِنُونَ وَالْمُؤْمِنَاتُ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ يَأْمُرُونَ بِالْمَعْرُوفِ وَيَنْهَوْنَ عَنِ الْمُنكَرِ وَيُقِيمُونَ الصَّلَاةَ وَيُؤْتُونَ الزَّكَاةَ وَيُطِيعُونَ اللَّهَ وَرَسُولَهُ ۚ أُولَٰئِكَ سَيَرْحَمُهُمُ اللَّهُ ۗ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
ထိုနည်းတူစွာမုအ်မင်န်သက်ဝင်ယုံကြည်သောသူ ယောက်ျား၊ မိန်းမတို့သည်လည်း(သာသနာရေးတွင်)အချင်းချင်း တစ်ဦးနှင့်တစ်ဦး အဆွေခင်ပွန်းများပင် ဖြစ်ကြကုန်၏။၎င်းတို့သည် ကောင်းမြတ်သော ကိစ္စများကို အမိန့်ပေးကြလေသည်။ ၎င်းပြင် စက်ဆုပ်ရွံရှာဖွယ်ရာများမှလည်း တားမြစ်ကြလေသည်။ ထိုမှတစ်ပါး ယင်းသူတို့သည် အမြဲတစေ ဆွလာတ် ဝတ်ပြုကြလေသည်။ ထို့ပြင် ၎င်းတို့သည် ဇကာတ်တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြလေသည်။ ထိုနည်းတူစွာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ် တမန်တော်၏အမိန့်တော်များကိုလည်းကောင်း လိုက်နာကြလေသည်။ ဤသူများသည် အကြင်သူများပင်၊ အလ္လာဟ် အရှင်မြတ်သည်ထိုသူတို့အား မုချ ကရုဏာပြုတော်မူပေမည်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
72 وَعَدَ اللَّهُ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَمَسَاكِنَ طَيِّبَةً فِي جَنَّاتِ عَدْنٍ ۚ وَرِضْوَانٌ مِّنَ اللَّهِ أَكْبَرُ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
အလ္လာဟ်အရှင်မြတ်သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူ ယောက်ျား၊ မိန်းမတို့အား၊ အကြင် ဥယျာဉ်များကို(ချီးမြှင့်တော်မူရန်) ကတိပြုထားတော် မူခဲ့လေသည်။ ထိုဥယျာဉ်များ၏အောက်မှ စမ်းရေချောင်းများ စီးတွေလျက်ရှိကြပေမည်။ (ထိုသူတို့ သည်) ၎င်းဥယျာဉ်များတွင် ထာဝစဉ်နေထိုင်လျက် ရှိကြပေမည်။ ထို့ပြင် (ထိုအရှင်မြတ်သည်) ထာဝစဉ် တည်သောဥယျာဉ်များ၌ ကောင်းမွန်စင်ကြယ်သောဗိမာန်များကို (ချီးမြှင့်တော်မူရန်)လည်း (ကတိပြု ထားတော်မူခဲ့လေသည်။) ၎င်းပြင် အလ္လာဟ်အရှင်မြတ် ၏ကျေနပ်မှုမှာကား အကြီးကျယ်ဆုံးပင် ဖြစ်ပေသည်။ ဤသည် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပင်တည်း။(ရကူ)
73 يَا أَيُّهَا النَّبِيُّ جَاهِدِ الْكُفَّارَ وَالْمُنَافِقِينَ وَاغْلُظْ عَلَيْهِمْ ۚ وَمَأْوَاهُمْ جَهَنَّمُ ۖ وَبِئْسَ الْمَصِيرُ
အို-နဗီတမန်တော်၊ အသင်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့အားလည်းကောင်း၊ ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင်သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ထို့ပြင် ၎င်းတို့အပေါ်၌ အသင် သည် ပြင်းထန်ကျပ်တည်းမှုကိုပြုပါလေ။ ထိုမှတစ်ပါး ၎င်းတို့၏ခိုကိုးရာဌာနသည် ‘ဂျဟန္နမ်’ငရဲဘုံသည်ပင်ဖြစ်သည်။ အမှန်သော်ကား၊ ထိုစခန်းသည်အလွန် ဆိုးရွားလှပေသည်တကား။
74 يَحْلِفُونَ بِاللَّهِ مَا قَالُوا وَلَقَدْ قَالُوا كَلِمَةَ الْكُفْرِ وَكَفَرُوا بَعْدَ إِسْلَامِهِمْ وَهَمُّوا بِمَا لَمْ يَنَالُوا ۚ وَمَا نَقَمُوا إِلَّا أَنْ أَغْنَاهُمُ اللَّهُ وَرَسُولُهُ مِن فَضْلِهِ ۚ فَإِن يَتُوبُوا يَكُ خَيْرًا لَّهُمْ ۖ وَإِن يَتَوَلَّوْا يُعَذِّبْهُمُ اللَّهُ عَذَابًا أَلِيمًا فِي الدُّنْيَا وَالْآخِرَةِ ۚ وَمَا لَهُمْ فِي الْأَرْضِ مِن وَلِيٍّ وَلَا نَصِيرٍ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား၊ တိုင်တည်၍ မိမိတို့သည် (ထိုစကားကို) မပြောဆိုခဲ့ကြပါဟု ဆိုခဲ့ကြလေသည်၊ အမှန်စင်စစ်သော်ကား၊ ၎င်းတို့သည် ကုဖ်ရ်မိစ္ဆာဝါဒစကားကို မုချပြောဆိုခဲ့ကြလေသည်။ ထို့ပြင် ၎င်းတို့သည် မိမိတို့ (အယောင်ဆောင်) မုစ်လင်မ်ဖြစ်ခဲ့ကြပြီးနောက်(မျက်မြင်အားဖြင့်လည်း) သွေဖည်ငြင်းပယ်ခဲ့ကြလေသည်။ ထိုမျှမကသေး၊ ၎င်းတို့သည် အကြင်ကိစ္စတရပ်ကိုလည်း ပြုလုပ်ရန် ကြံရွယ်ခဲ့ကြလေသည်။ သို့ရာတွင် ၎င်းတို့သည် မအောင်မြင်ခဲ့ကြပေ။ စင်စစ်သော်ကား၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်က မိမိကျေးဇူးတော်နှင့် ၎င်းတို့အား ချမ်းသာကြွယ်ဝ စေတော်မူခဲ့သည်မှအပ၊ အခ�ားတစ်စုံတစ်ရာကိုမျှ တုံ့ပြန် လက်စားချေခဲ့ကြသည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အကယ်၍ ၎င်းတို့သည် ဝန်ချတောင်းပန်ကြပါလျှင် ၎င်းတို့အဖို့သာလျှင် အကောင်း ဖြစ်ပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် မျက်နှာလွှဲဖယ်ကျောခိုင်း၍ သွားကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် ၎င်းတို့အားဤပစ္စုပ္ပန်လောကီဘဝ၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ပြင်းပြနာကျင်စေသော ပြစ်ဒဏ်ကို ပေးတော်မူအံ့၊ ထိုမှတစ်ပါး ၎င်းတို့အဖို့ ပထဝီမြေပြင်၌ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကူညီစောင်မမည့် သူဟူ၍လည်းကောင်း၊မည်သူတစ်ဦးတစ်ယောက်မျှ ရှိချေမည် မဟုတ်ပေတကား။
75 ۞ وَمِنْهُم مَّنْ عَاهَدَ اللَّهَ لَئِنْ آتَانَا مِن فَضْلِهِ لَنَصَّدَّقَنَّ وَلَنَكُونَنَّ مِنَ الصَّالِحِينَ
၎င်းပြင်၊ ထိုသူတို့အနက် အကြင်သူတို့သည်လည်း ရှိကြကုန်၏။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား(ဤသို့)ပဋိညာဉ် ပေးခဲ့ကြလေသည်။ အကယ်၍ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့အား (မိမိ၏ကျေးဇူးတော်ဖြင့်)(ဥစ္စာပစ္စည်းကို) ချီးမြှင့်ပေးသနားတော်မူခဲ့ပါလျှင် ကျွန်တော်မျိုးတို့သည် ကောင်းစွာ လှူဒါန်းကြပါမည်။ ၎င်းပြင် ကျွန်တော်မျိုးတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသော သူတော်စင်သူတော်ကောင်းတို့တွင် မုချ ပါဝင်ကြပါမည်။
ဘာသာပြန် — အတ်-တောင်ဘ 73 စူရာ အတ်-တောင်ဘ အာယာသ် 73 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-နဗီတမန်တော်၊ အသင်သည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သူတို့အားလည်းကောင်း၊ ‘မုနာဖစ်က်’ မုစ်လင်မ်အယောင်ဆောင်သူတို့အားလည်းကောင်း၊ ဂျိဟာဒ်ပြုပါလေ။ထို့ပြင် ၎င်းတို့အပေါ်၌ အသင် သည်…
စူရာ အာယာသ် 73/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 71–75. မြန်မာဘာသာ: ภาษาไทย.