📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 576
إِنَّهُۥ فَكَّرَ وَقَدَّرَ  ۝١٨ فَقُتِلَ كَيۡفَ قَدَّرَ  ۝١٩ ثُمَّ قُتِلَ كَيۡفَ قَدَّرَ  ۝٢٠ ثُمَّ نَظَرَ  ۝٢١ ثُمَّ عَبَسَ وَبَسَرَ  ۝٢٢ ثُمَّ أَدۡبَرَ وَٱسۡتَكۡبَرَ  ۝٢٣ فَقَالَ إِنۡ هَٰذَآ إِلَّا سِحۡرٌ يُؤۡثَرُ  ۝٢٤ إِنۡ هَٰذَآ إِلَّا قَوۡلُ ٱلۡبَشَرِ  ۝٢٥ سَأُصۡلِيهِ سَقَرَ  ۝٢٦ وَمَآ أَدۡرَىٰكَ مَا سَقَرُ  ۝٢٧ لَا تُبۡقِي وَلَا تَذَرُ  ۝٢٨ لَوَّاحَةٌ لِّلۡبَشَرِ  ۝٢٩ عَلَيۡهَا تِسۡعَةَ عَشَرَ  ۝٣٠ وَمَا جَعَلۡنَآ أَصۡحَٰبَ ٱلنَّارِ إِلَّا مَلَٰٓئِكَةًۖ وَمَا جَعَلۡنَا عِدَّتَهُمۡ إِلَّا فِتۡنَةً لِّلَّذِينَ كَفَرُواْ لِيَسۡتَيۡقِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَيَزۡدَادَ ٱلَّذِينَ ءَامَنُوٓاْ إِيمَٰنًا وَلَا يَرۡتَابَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَٱلۡمُؤۡمِنُونَ وَلِيَقُولَ ٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ وَٱلۡكَٰفِرُونَ مَاذَآ أَرَادَ ٱللَّهُ بِهَٰذَا مَثَلًاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَمَا يَعۡلَمُ جُنُودَ رَبِّكَ إِلَّا هُوَۚ وَمَا هِيَ إِلَّا ذِكۡرَىٰ لِلۡبَشَرِ  ۝٣١ كـَلَّا وَٱلۡقَمَرِ  ۝٣٢ وَٱلَّيۡلِ إِذۡ أَدۡبَرَ  ۝٣٣ وَٱلصُّبۡحِ إِذَآ أَسۡفَرَ  ۝٣٤ إِنَّهَا لَإِحۡدَى ٱلۡكُبَرِ  ۝٣٥ نَذِيرًا لِّلۡبَشَرِ  ۝٣٦ لِمَن شَآءَ مِنكُمۡ أَن يَتَقَدَّمَ أَوۡ يَتَأَخَّرَ  ۝٣٧ كُلُّ نَفۡسِۭ بِمَا كَسَبَتۡ رَهِينَةٌ  ۝٣٨ إِلَّآ أَصۡحَٰبَ ٱلۡيَمِينِ  ۝٣٩ فِي جَنَّٰتٍ يَتَسَآءَلُونَ  ۝٤٠ عَنِ ٱلۡمُجۡرِمِينَ  ۝٤١ مَا سَلَكَكُمۡ فِي سَقَرَ  ۝٤٢ قَالُواْ لَمۡ نَكُ مِنَ ٱلۡمُصَلِّينَ  ۝٤٣ وَلَمۡ نَكُ نُطۡعِمُ ٱلۡمِسۡكِينَ  ۝٤٤ وَكُنَّا نَخُوضُ مَعَ ٱلۡخَآئِضِينَ  ۝٤٥ وَكُنَّا نُكَذِّبُ بِيَوۡمِ ٱلدِّينِ  ۝٤٦ حَتَّىٰٓ أَتَىٰنَا ٱلۡيَقِينُ  ۝٤٧
74:18
إِنَّهُۥ فَكَّرَ وَقَدَّرَ  ۝١٨
ဧကန်စင်စစ် ၎င်းသည် ကြံစည်၍ (ယင်းအကြံအစည်ကို) ဆုံးဖြတ်ခဲ့၏။
74:19
فَقُتِلَ كَيۡفَ قَدَّرَ  ۝١٩
သို့ဖြစ်ပေရာ ၎င်း သည် ပျက်စီးစေသား၊ ၎င်းသည် (အဘယ်ကဲ့သို့)သော အကြံအစည်ကို ဆုံးဖြတ်ခဲ့ဘိသနည်း။
74:20
ثُمَّ قُتِلَ كَيۡفَ قَدَّرَ  ۝٢٠
ထိုသူသည် ထို့နောက်တစ်ဖန် ထပ်မံ၍ ပျက်စီးစေသား၊ ၎င်းသည် မည်ကဲ့သို့(သောအကြံအစည်ကို) ဆုံးဖြတ်ခဲ့ဘိသနည်း။
74:21
ثُمَّ نَظَرَ  ۝٢١
ထို့နောက် ၎င်း သည် (မိမိအမျိုးသားတို့၏ မျက်နှာများကို)ကြည့်ရှုခဲ့လေ၏။ (ကုရ်အာန်ကျမ်းလာ အာယတ်တော်များနှင့်စပ်လျဉ်း၍) စဉ်းစားခဲ့လေ၏။
74:22
ثُمَّ عَبَسَ وَبَسَرَ  ۝٢٢
ထို့နောက် ၎င်းသည် မျက်နှာရှုံ့ခဲ့၏။ တစ်ဖန်ထပ်မံ၍ပင် ရှုံ့မဲ့ခဲ့၏။
74:23
ثُمَّ أَدۡبَرَ وَٱسۡتَكۡبَرَ  ۝٢٣
ထို့နောက် ၎င်းသည် ကျောခိုင်းခဲ့၏။ မာန်မာန ထောင်လွှားခဲ့၏။
74:24
فَقَالَ إِنۡ هَٰذَآ إِلَّا سِحۡرٌ يُؤۡثَرُ  ۝٢٤
ထို့နောက် ၎င်းက ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် ရှေးအဆက်ဆက်က အဆင့်ဆင့် ရောက်ရှိသောစုန်းအတတ်၊ ဂါထာမန္တရားမှတစ်ပါး အခြား မဟုတ်ဟူ၍လည်းကောင်း၊
74:25
إِنۡ هَٰذَآ إِلَّا قَوۡلُ ٱلۡبَشَرِ  ۝٢٥
ဤသည် လူသား၏ ပြောဆိုချက်မှတစ်ပါး အခြားမဟုတ်ဟူ၍လည်းကောင်း၊ ပြောဆိုခဲ့လေ၏၊
74:26
سَأُصۡلِيهِ سَقَرَ  ۝٢٦
မကြာမြင့်မီပင် ငါအရှင်မြတ်သည် ၎င်းအား "စကရ်"(မည်သော)ငရဲသို့ ဝင်ရောက်စေတော်မူပေမည်။
74:27
وَمَآ أَدۡرَىٰكَ مَا سَقَرُ  ۝٢٧
စင်စစ် (အို-နဗီတမန်တော်) "စကရ်" ငရဲသည် အဘယ်နည်း။ အသင် သိပါသလော။
74:28
لَا تُبۡقِي وَلَا تَذَرُ  ۝٢٨
ယင်း"စကရ်" ငရဲသည် (မည်သည့် ကာဖိရ် တစ်ဦးတစ်ယောက်ကိုမျှ လောင်ကျွမ်း စေခြင်းမပြုဘဲ)ကျွင်းကျန်စေမည်လည်း မဟုတ်ပေ၊ (မည် သည့် ကာဖိရ် တစ်ဦးတစ်ယောက်ကိုမျှပင် မိမိအတွင်းသို့ သိမ်းသွင်းခြင်း မပြုဘဲ) စွန့်လွှတ်၍ထားရှိမည်လည်း မဟုတ်ပေ။
74:29
لَوَّاحَةٌ لِّلۡبَشَرِ  ۝٢٩
(ယင်း "စကရ်"ငရဲသည်) လူသား၏အရေကို အခြေအနေ ပြောင်းလဲအံ့သော၊ ကျွမ်းလောင် ပျက်စီးစေအံ့သော၊ ခွာပစ်အံ့သော၊ အရာဖြစ်၏။
74:30
عَلَيۡهَا تِسۡعَةَ عَشَرَ  ۝٣٠
ယင်း"စကရ်"ငရဲ၌ (မလာအိကဟ်ကောင်း ကင်တမန်) ဆယ့်ကိုးပါးတို့သည် (စောင့်ကြပ်လျက်) ရှိကြကုန်အံ့သတည်း။
74:31
وَمَا جَعَلۡنَآ أَصۡحَٰبَ ٱلنَّارِ إِلَّا مَلَٰٓئِكَةًۖ وَمَا جَعَلۡنَا عِدَّتَهُمۡ إِلَّا فِتۡنَةً لِّلَّذِينَ كَفَرُواْ لِيَسۡتَيۡقِنَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَيَزۡدَادَ ٱلَّذِينَ ءَامَنُوٓاْ إِيمَٰنًا وَلَا يَرۡتَابَ ٱلَّذِينَ أُوتُواْ ٱلۡكِتَٰبَ وَٱلۡمُؤۡمِنُونَ وَلِيَقُولَ ٱلَّذِينَ فِي قُلُوبِهِم مَّرَضٌ وَٱلۡكَٰفِرُونَ مَاذَآ أَرَادَ ٱللَّهُ بِهَٰذَا مَثَلًاۚ كَذَٰلِكَ يُضِلُّ ٱللَّهُ مَن يَشَآءُ وَيَهۡدِي مَن يَشَآءُۚ وَمَا يَعۡلَمُ جُنُودَ رَبِّكَ إِلَّا هُوَۚ وَمَا هِيَ إِلَّا ذِكۡرَىٰ لِلۡبَشَرِ  ۝٣١
စင်စစ်သော်ကား ငါအရှင်မြတ်သည် "မလာအိကဟ်" ကောင်းကင်တမန်များကိုသာလျှင် ငရဲစောင့်များအဖြစ် ခန့်အပ်ထားတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုအစောင့်အကြပ်တို့၏ အရေအတွက်ကို ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့အဖို့ စမ်းသပ်မှုသာလျှင် ပြုလုပ်ထားတော်မူ၏။ နောက်ဆုံးတွင် ကျမ်းဂန်ကို ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့သည် ယုံကြည်လာကြသည့်ပြင် "မုအ်မင်န်" သက်ဝင်ယုံကြည်သောသူတို့မှာ "အီမာန်" သက်ဝင်ယုံကြည်မှု တိုးပွားလာကြပေမည်။ ထို့ပြင် ကျမ်းဂန်ကို ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့သည်လည်းကောင်း၊ "မုအ်မင်န်" သက်ဝင်ယုံကြည်သော သူတို့သည်လည်းကောင်း၊ ယုံမှားသံသယဖြစ်ကြမည် မဟုတ်ပေ။ ထိုမှတစ်ပါး နောက်ဆုံး စိတ်နှလုံးများတွင် ရောဂါဝေဒနာ ရှိနေသောသူတို့သည်လည်းကောင်း၊ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည်လည်းကောင်း၊ ဤသည့်(အရေအတွက်)ကို မိန့်ကြားတော်မူခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် မည်သည့်အရာကို ရည်စူးတော်မူပါသနည်းဟု ပြောဆိုလာကြပေမည်။ ထိုသို့အားဖြင့် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှား၌ပင် ရှိမြဲရှိနေစေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား လမ်းမှန်ကို ညွှန်ပြတော်မူ၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ စစ်တပ်များကို ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှပင် သိရှိမည်မဟုတ်ပေ။ အမှန်သော်ကား ယင်း"စကရ်"ငရဲနှင့်သက်ဆိုင်သောအကြောင်း အာယတ်တော်များကား လူသားတို့အဖို့ ဆုံးမဩဝါဒသည်သာလျှင် ဖြစ်ပေသည်။
74:32
كـَلَّا وَٱلۡقَمَرِ  ۝٣٢
မှတ်ယူကြလေကုန်။ (ငါအရှင်မြတ်သည်) "လ"ကို သက်သေထူတော်မူ၏။
74:33
وَٱلَّيۡلِ إِذۡ أَدۡبَرَ  ۝٣٣
၎င်းပြင် (ငါအရှင်မြတ်သည်) "ညဉ့်" ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ယင်းညဉ့်သည် ဆုတ်ခွာ၍သွားလေ၏။
74:34
وَٱلصُّبۡحِ إِذَآ أَسۡفَرَ  ۝٣٤
ထို့ပြင် (ငါအရှင်မြတ်သည်) နံနက်အချိန်ကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ယင်းနံနက် အချိန်သည် လင်း၍လာခဲ့၏။
74:35
إِنَّهَا لَإِحۡدَى ٱلۡكُبَرِ  ۝٣٥
ဧကန်မလွဲ ယင်း "စကရ်"မှာ (ဂျဟန္နမ်ငရဲ၏)အကြီးအကျယ် ကြောက်မက်ဖွယ်ကောင်းသော (အထပ်များ)အနက် တစ်ခုဖြစ်၏။
74:36
نَذِيرًا لِّلۡبَشَرِ  ۝٣٦
(ယင်း"စကရ်"သည်) လူသားအား လွန်စွာသတိပေး နှိုးဆော်လျက်ရှိ၏။
74:37
لِمَن شَآءَ مِنكُمۡ أَن يَتَقَدَّمَ أَوۡ يَتَأَخَّرَ  ۝٣٧
(ဝါ) အသင်တို့အနက် ရှေ့သို့တိုးလိုသောသူ၊ သို့တည်း နောက်ဆုတ်လိုသောသူအား (သတိပေး နှိုးဆော်လျက်ပင် ရှိပေသတည်း)။
74:38
كُلُّ نَفۡسِۭ بِمَا كَسَبَتۡ رَهِينَةٌ  ۝٣٨
လူတိုင်းလူတိုင်းမှာ မိမိတို့ ရှာဖွေဆည်းပူးခဲ့ကြသော အပြုအမူများနှင့်စပ်လျဉ်း၍ ချုပ်နှောင်ထားပြီး ဖြစ်ကြပေမည်။
74:39
إِلَّآ أَصۡحَٰبَ ٱلۡيَمِينِ  ۝٣٩
သို့ရာတွင် လက်ယာဘက်သားတို့မှာမူကား၊
74:40
فِي جَنَّٰتٍ يَتَسَآءَلُونَ  ۝٤٠
(ဂျန္နတ်သုခ၏) ဥယျာဉ်များဝယ် ရှိကြပေမည်။၎င်းတို့သည် မေးမြန်းလျက်ရှိကြပေမည်။
74:41
عَنِ ٱلۡمُجۡرِمِينَ  ۝٤١
အပြစ်ရှိသူတို့နှင့်ပတ်သက်၍၊
74:42
مَا سَلَكَكُمۡ فِي سَقَرَ  ۝٤٢
မည်သည့်အရာသည် အသင်တို့အား ‘စကရ်’ ငရဲထဲသို့ ဆောင်ကျဉ်းခဲ့သနည်းဟူ၍။
74:43
قَالُواْ لَمۡ نَكُ مِنَ ٱلۡمُصَلِّينَ  ۝٤٣
၎င်းတို့က (ဤသို့) ပြောဆိုကြပေမည်။ ကျွန်ုပ်တို့သည် "ဆွလာတ်" ဝတ်ပြုသူတို့တွင် ပါဝင်ခဲ့ကြသည်လည်း မဟုတ်ပေ။
74:44
وَلَمۡ نَكُ نُطۡعِمُ ٱلۡمِسۡكِينَ  ۝٤٤
၎င်းပြင် ကျွန်ုပ်တို့သည် သူဆင်းရဲတို့အားလည်း ကျွေးမွေးလေ့ရှိခဲ့ကြသည် မဟုတ်ပေ။
74:45
وَكُنَّا نَخُوضُ مَعَ ٱلۡخَآئِضِينَ  ۝٤٥
ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အချည်းနှီးသော ကိစ္စများကို ပြုလုပ်သောသူတို့နှင့်အတူ အချည်းနှီးသော ကိစ္စများကိုသာ လုပ်နေခဲ့ကြ၏။
74:46
وَكُنَّا نُكَذِّبُ بِيَوۡمِ ٱلدِّينِ  ۝٤٦
ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အစားပေးမည့်နေ့ကိုလည်း မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်နေခဲ့ကြ၏။
74:47
حَتَّىٰٓ أَتَىٰنَا ٱلۡيَقِينُ  ۝٤٧
နောက်ဆုံးတွင် "မရဏ" သေခြင်းတရားသည် ကျွန်ုပ်တို့ထံ ရောက်ရှိ၍လာခဲ့လေ၏။


📚Juz 29 📄576 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, September 1, 2026

Don't forget us in your sincere prayers