PDF —
50 အာယာသ် Meccan PDF
Built right in your browser — download starts automatically

စူရာ အလ်-မုရ်စလာ့ pdf — ဒေါင်းလုဒ် (မြန်မာ)

စူရာ အလ်-မုရ်စလာ့ pdf မြန်မာ — ဒေါင်းလုဒ် စူရာ အလ်-မုရ်စလာ့ ဘာသာပြန်. စူရာ အလ်-မုရ်စလာ့ (Meccan) 50 အာယာသ်.

← အလ်-အင်ဆာန်စူရာ အလ်-မုရ်စလာ့ အန်-နဘ →


50 အာယာသ် · Meccan · မြန်မာ
bismillah
ﮑﮒﮓ
77:1 (ငါအရှင်မြတ်သည်) အကျိုးဖြစ်စေအံ့သောငှာ စေလွှတ်ခြင်းခံရသောလေများကို၊ စေလွှတ်ခြင်းခံရသော၊ ဆက်တိုက်၊ တိုက်ခတ်သောလေများကို သက်သေထူတော်မူ၏။
ﮔﮕﮖ
77:2 တစ်ဖန် (ငါအရှင်မြတ်သည်) ပြင်းထန်စွာ တိုက်ခတ်သောလေများကို သက်သေထူတော်မူ၏။
ﮗﮘﮙ
77:3 ထို့ပြင် (ငါအရှင်မြတ်သည်) တိမ်များကို ပြန့်နှံ့စေသောလေများကို သက်သေထူတော်မူ၏။
ﮚﮛﮜ
77:4 တစ်ဖန် (ငါအရှင်မြတ်သည် ယင်းတိမ်များကို)ကစဉ့်ကလျားဖြစ်စေသော လေများကို သက်သေထူတော်မူ၏။
ﮝﮞﮟ
77:5 တစ်ဖန် (ငါအရှင်မြတ်သည် စိတ်နှလုံးများတွင် အလ္လာဟ်အရှင်မြတ်အား) အောက်မေ့တသ သတိရမှု ထည့်သွင်းပေးသောလေများကို သက်သေထူတော်မူ၏။
ﮠﮡﮢﮣ
77:6 ဝန်ချ တောင်းပန်ရန်သော်လည်းကောင်း၊ သတိပေးနှိုးဆော်ရန်သော်လည်းကောင်း၊ (တစ်နည်း) အကြောင်းပြချက် မပြုနိုင်ရန်သော်လည်းကောင်း၊ သတိပေး နှိုးဆော်ရန်သော်လည်းကောင်း။
ﮤﮥﮦﮧ
77:7 ဧကန်မလွဲ အသင်တို့ ချိန်းဆိုခြင်းခံကြရသော ချိန်းဆိုချက်မှာ အမှန်ပင် ဆိုက်လာမည်ဖြစ်၏။
ﮨﮩﮪﮫ
77:8 စင်စစ်သော်ကား အကြင်ခါဝယ် ကြယ်နက္ခတ်တို့သည် ကွယ်ပျောက်၍ သွားကြရပေမည်။ (တစ်နည်း) ကြယ်နက္ခတ်တို့၏အလင်းရောင်မှာ မှေးမှိန်၍ သွားရပေမည်။
ﮬﮭﮮﮯ
77:9 ၎င်း ပြင် အကြင်အခါဝယ် မိုးကောင်းကင်သည် အက်ကွဲ၍ သွားရပေမည်။
ﮰﮱﯓﯔ
77:10 ထို့ပြင် အကြင်အခါဝယ် တောင်များသည် အမြစ်မှလှန်ပစ်ခြင်းကို ခံခဲ့ကြရ(ပြီးလျှင် အစိတ်စိတ် အပိုင်းပိုင်းဖြစ်ကာ လေထဲ၌ လွင့်ပါးလျက်ရှိကြရ)ပေမည်။
ﯕﯖﯗﯘ
77:11 ထိုမှတစ်ပါး အကြင်အခါဝယ် (ရစူလ်)တမန်တော်များသည် (သတ်မှတ်ထားသော)အချိန်၌ လာရောက်စုရုံးကြရပေမည်။
ﯙﯚﯛﯜ
77:12 ယင်း (အရေးကိစ္စတို့သည်) မည်သည့်နေ့ရက်သို့ ရွှေ့ဆိုင်းခြင်း ခံခဲ့ရသနည်း။
ﯝﯞﯟ
77:13 စီရင်ဆုံးဖြတ်မည့် နေ့သို့ (ရွှေ့ဆိုင်းခြင်းခံခဲ့ရလေ၏။)
ﯠﯡﯢﯣﯤﯥ
77:14 စင်စစ်သော်ကား (အို-နဗီတမန်တော်)၊ စီရင်ဆုံးဖြတ်မည့်နေ့သည် အဘယ်နည်းဟူ၍ အသင်သိပါသလော။
ﯦﯧﯨﯩ
77:15 ထိုနေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်) ပျက်စီးမှုသည် ရှိချေအံ့သတည်း။
ﯪﯫﯬﯭ
77:16 ငါအရှင်မြတ်သည် ရှေးသူဟောင်းတို့အား ပျက်စီးစေတော်မူခဲ့သည် မဟုတ်လော။
ﯮﯯﯰﯱ
77:17 ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် နောင်လာနောက်သားတို့အားလည်း ထိုရှေးသူဟောင်းတို့၏ နောက်သို့ပင် လိုက်စေတော်မူမည်ဖြစ်၏။
ﯲﯳﯴﯵ
77:18 ငါအရှင်မြတ်သည် ပြစ်မှုကျူးလွန်သူတို့အား ဤအတိုင်း ပြုလုပ်တော်မူလေ့ရှိ၏။
ﯶﯷﯸﯹ
77:19 ထို့နေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်)ပျက်စီးမှုသည် ရှိပေမည်။
ﭑﭒﭓﭔﭕﭖ
77:20 ငါအရှင်မြတ်သည် အသင်တို့အား ယုတ်ညံ့သောရေဖြင့် ဖန်ဆင်းတော်မူခဲ့သည် မဟုတ်လော။
ﭗﭘﭙﭚﭛ
77:21 တစ်ဖန် ငါအရှင်မြတ်သည် ထိုရေကို လုံခြုံသောနေရာ၌ ထားရှိတော်မူခဲ့၏။
ﭜﭝﭞﭟ
77:22 သတ်မှတ်ပြီးဖြစ်သော အချိန်ကာလတိုင်အောင်။
ﭠﭡﭢﭣ
77:23 တစ်ဖန် ငါအရှင်မြတ်သည် စနစ်တကျ စီမံပြုပြင် ချိန်ဆခန့်မှန်းတော်မူခဲ့ရာ စင်စစ် (ငါအရှင်မြတ်သည်)အဘယ်မျှ ကောင်းမြတ်သော စီမံပြုပြင် ချိန်ဆ ခန့်မှန်းတော်မူသောအရှင်၊ ဖြစ်တော်မူပါ သနည်း။
ﭤﭥﭦﭧ
77:24 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (အကြီးအကျယ်) ပျက်စီးမှုသည် ရှိပေမည်။
ﭨﭩﭪﭫﭬ
77:25 ငါအရှင်မြတ်သည် ပထဝီမြေကို စုရုံးပေါင်းစပ်ရာနေရာဌာန၊ စုရုံးပေါင်းစပ်သောအရာ၊ ပြုလုပ်တော်မူခဲ့သည်မဟုတ်လော။
ﭭﭮﭯ
77:26 အသက်ရှင်သူတို့အားလည်းကောင်း၊ သူသေတို့အားလည်းကောင်း။
ﭰﭱﭲﭳﭴﭵﭶﭷ
77:27 ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းပထဝီမြေဝယ် မြင့်စွင့်လှစွာသော တောင်များကို (နေရာတကျ) စိုက်ထူတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့အား ချိုမြသောရေကို တိုက်ကျွေးတော်မူသည်။
ﭸﭹﭺﭻ
77:28 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာ)သော ပျက်စီးမှုသည် ရှိချေမည်သာတည်း။
ﭼﭽﭾﭿﮀﮁﮂ
77:29 အသင်တို့သည် မဟုတ်မမှန်ဟူ၍ မိမိတို့ စွပ်စွဲငြင်းပယ်လျက် ရှိခဲ့ကြသော (ပြစ်ဒဏ်)ရှိရာသို့ လျှောက်၍ သွားကြလေကုန်။
ﮃﮄﮅﮆﮇﮈﮉ
77:30 အသင်တို့သည် အကိုင်းသုံးကိုင်း ခွဲထွက်သော အရိပ်ဆာယာ(အောက်)သို့ လျှောက်သွားကြလေကုန်၏။
ﮊﮋﮌﮍﮎﮏﮐ
77:31 (ယင်းအရိပ်တွင်) သက်သာမှုလည်း ရှိမည်မဟုတ်ပေ။ မီးတောက်မီးလျှံ(၏အရှိန်မှ) ကာကွယ်မည်လည်း မဟုတ်ပေ။
ﮑﮒﮓﮔﮕ
77:32 ဧကန်အမှန် ယင်းမီးသည် အဆောက်အအုံကြီးများ ပမာရှိသော မီးပွင့်မီးပွားများကို ပေါက်ထွက်စေမည်။
ﮖﮗﮘﮙ
77:33 ယင်းမီးပွင့်မီးပွားများမှာ အဝါရောင်ရှိသော ကုလားအုပ်များကဲ့သို့ ရှိကြပေမည်။
ﮚﮛﮜﮝ
77:34 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။
ﮞﮟﮠﮡﮢ
77:35 ဤနေ့သည် ၎င်းတို့ စကားပြောဆိုခြင်း မပြုနိုင်သောနေ့ပင်။
ﮣﮤﮥﮦﮧ
77:36 ၎င်းတို့သည် အကြောင်းပြ ဆင်ခြေလဲနိုင်ကြရန် ခွင့်ပြုခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
ﮨﮩﮪﮫ
77:37 ထိုနေ့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေမည်။
ﮬﮭﮮﮯﮰﮱﯓ
77:38 ဤသည် စီရင်ဆုံးဖြတ်မည့်နေ့ပင်။ ငါအရှင်မြတ်သည် အသင်တို့အားလည်းကောင်း၊ ရှေးသူဟောင်းတို့အားလည်းကောင်း၊ စုရုံးတော်မူလိုက်ပြီ။
ﯔﯕﯖﯗﯘﯙ
77:39 သို့ဖြစ်ပေရာ အကယ်၍ အသင်တို့၌ အကြံအစည် တစ်စုံတစ်ရာရှိခဲ့မူ ငါအရှင်မြတ်နှင့် ယှဉ်ပြိုင်၍ ကြံစည်ကြလေကုန်။
ﯚﯛﯜﯝ
77:40 ထို့နေ့တွင်မူကား မဟုတ်မမှန်ဟူ၍ စွပ်စွဲ ငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေအံ့သတည်း။
ﯞﯟﯠﯡﯢﯣ
77:41 ဧကန်မလွဲ "မွတ္တကီ" သူတော်စင်တို့သည် အရိပ်အာဝါသများ၌လည်းကောင်း၊ စမ်းများ၌လည်းကောင်း။
ﯤﯥﯦﯧ
77:42 ထိုသူတို့ အာသာဆန္ဒရှိကြလေသော သစ်သီးဝလံများ၌လည်းကောင်း၊ ရှိနေကြပေမည်။
ﯨﯩﯪﯫﯬﯭﯮ
77:43 (၎င်း တို့သည် ဤသို့ပြောဆိုခြင်းကို ခံကြရပေမည်။) အသင်တို့သည် မိမိတို့ ကျင့်မူခဲ့ကြလေသော (ကောင်းမှု သုစရိုက်များကြောင့်) မြိန်ယှက်စွာ စားသုံးခြင်းကိုလည်းကောင်း၊ သောက်သုံးခြင်းကိုလည်းကောင်း၊ ပြုကြလေကုန်။
ﯯﯰﯱﯲﯳ
77:44 ဧကန်မလွဲ ငါအရှင်မြတ်သည် ကောင်းမှုပြုသူတို့အား ဤအတိုင်းပင် အစားပေးလေ့ရှိတော်မူ၏။
ﯴﯵﯶﯷ
77:45 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။
ﯸﯹﯺﯻﯼﯽ
77:46 အသင်တို့သည် (ဤပစ္စက္ခဘဝ၌) အနည်းငယ်မျှ (ကာလတိုင်အောင်) စားသုံးခြင်းကိုလည်းကောင်း၊ အကျိုးခံစားခြင်းကိုလည်းကောင်း၊ ပြုကြ လေကုန်။ ဧကန်မလွဲ အသင်တို့သည် အပြစ်ရှိသူများပင် ဖြစ်ကြကုန်၏။
ﯾﯿﰀﰁ
77:47 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိပေမည်။
ﰂﰃﰄﰅﰆﰇﰈ
77:48 စင်စစ်သော်ကား ၎င်းတို့အား အသင်တို့သည် `ရူကူအ်` ဦးညွှတ်ကြလေကုန်၊ ဟု အမိန့်ပေးတော်မူသောအခါ ၎င်းတို့သည် "ရူကူအ်" ဦးညွှတ် ခြင်းကို ပြုကြသည် မဟုတ်ပေ။
ﰉﰊﰋﰌ
77:49 ထိုနေ့တွင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ကြကုန်သောသူတို့၌ (ကြီးကျယ်လှစွာသော) ပျက်စီးမှုသည် ရှိချေမည်။
ﰍﰎﰏﰐﰑ
77:50 စင်စစ် ၎င်းတို့သည် (ကုရ်အာန်ကျမ်းတော်မြတ်)အပြင် (တစ်နည်း) (ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်ခဲ့ပြီး)နောက် မည်သည့်စကားကို သက်ဝင် ယုံကြည်ကြကုန်အံ့နည်း။

ကုရ်အာန်ကျမ်း


Wednesday, September 9, 2026

Don't forget us in your sincere prayers