ဟူဒ် · 28/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَآتَانِي رَحْمَةً مِّنْ عِندِهِ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنتُمْ لَهَا كَارِهُونَ ۝٢٨
Qaala yaa qawmi ara`aitum in kuntu `alaa baiyinatim mir Rabbee wa aataanee rahmatam min `indihee fa`um miyat `alaikum anulzimuku moohaa wa antum lahaa kaarihoon
📖 မြန်မာဘာသာ
(ထိုအခါ နဗီတမန်တော်နူဟ်သည် ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌တည်ရှိနေသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည်ငါ့အား မိမိအထံတော်မှ တမန်တော်အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သော်၊ ပြီးနောက် ထိုတမန်တော်အဖြစ်သည် အသင်တို့အပေါ်၌ ဖုံးအုပ်လျက်ရှိနေသော် အသင်တို့သည် မည်သို့ယူဆကြမည်ကို ငါ့အားပြောပြကြလေကုန်။ အမှန်စင်စစ်အသင်တို့သည်လည်း ယင်းနဗီတမန်တော်ဖြစ်ခြင်းကိုပင် ရွံ့ရှာစက်ဆုပ်နေကြပါလျက် ငါသည် အသင်တို့အား ယင်းနဗီဖြစ်ခြင်းကို (ယုံကြည်လက်ခံကြရန်) အကျပ်ကိုင်ရပါမည်လော။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • ဗိုင်နာ (بينة): ထင်ရှားသော သက်သေအထောက်အထား၊ ရှင်းလင်းသော အထောက်အထား။
  • ရဟ်မာ (رحمة): ကရုဏာတော်၊ ဤနေရာတွင် တမန်တော်ဖြစ်ခြင်း (နုဗူဝသ်) နှင့် သတင်းစကားဆောင်ခြင်း (ရိစာလသ်) ကို ဆိုလိုသည်။
  • ဖအုမ္မိယသ် (عميت): ဖုံးကွယ်ခံရခြင်း၊ မမြင်နိုင်ဖြစ်ခြင်း။
  • အနုလ်ဇိမုကုမုဟာ (أنلزمكموها): ငါတို့သည် သင်တို့အား ထိုအရာကို အတင်းအကြပ် ခိုင်းစေရမည်လော။
  • ကာရိဟူန (كارهون): မနှစ်သက်သူများ၊ မုန်းတီးသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် နူဟ် (အလိုင်ဟိစ်စလာမ်) က သူ၏လူမျိုးများအား ဤသို့ဆိုသည်။ “အို ငါ၏လူမျိုးတို့၊ ငါသည် ငါ၏အရှင်မြတ်ထံတော်မှ ထင်ရှားသော သက်သေအထောက်အထားပေါ်တွင် ရှိနေပြီး၊ အရှင်မြတ်ထံတော်မှ ကရုဏာတော်ကို ငါ့အား ပေးသနားတော်မူခဲ့သည်ဆိုလျှင် သင်တို့ မည်သို့ယူဆသနည်း။” ဤနေရာတွင် ကရုဏာတော်ဆိုသည်မှာ တမန်တော်ဖြစ်ခြင်းနှင့် သတင်းစကားဆောင်ခြင်းကို ဆိုလိုသည်။ ထိုအရာသည် သင်တို့၏ မသိမှုနှင့် မာနကြောင့် သင်တို့အပေါ် ဖုံးကွယ်သွားခဲ့သည်။ သင်တို့သည် ထိုအရာကို မနှစ်သက်ဘဲ မုန်းတီးနေချိန်တွင် ငါတို့သည် သင်တို့အား ထိုယုံကြည်မှုကို အတင်းအကြပ် ခိုင်းစေနိုင်မည်လော။ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ စိတ်နှလုံးထဲသို့ အတင်းအကြပ် ထည့်သွင်း၍ မရနိုင်ပါ။ လမ်းညွှန်မှုပေးသနားတော်မူသောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်သာလျှင် ဖြစ်တော်မူသည်။ ငါသည် သင်တို့အား ယုံကြည်မှုကို အတင်းအကြပ် မခိုင်းစေနိုင်ပါ။ သင်တို့၏ အရေးကိစ္စကို အရှင်မြတ်ထံတော်သို့ အပ်နှံထားမည်။ အရှင်မြတ်သည် မိမိအလိုတော်ရှိသည့်အတိုင်း ဆုံးဖြတ်တော်မူမည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အစ္စလာမ်သာသနာသည် အတင်းအကြပ် မဟုတ်ဘဲ စိတ်အားထက်သန်မှုနှင့် ယုံကြည်ချက်အပေါ် အခြေခံကြောင်း သိရှိရသည်။
  • လမ်းညွှန်မှုသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ဖြစ်ပြီး၊ လူသားတို့၏ အတင်းအကြပ်မှုဖြင့် မရရှိနိုင်ကြောင်း နားလည်ရသည်။
  • တမန်တော်များသည် မိမိတို့လူမျိုးများအပေါ် ကရုဏာထားပြီး၊ သူတို့၏ မကောင်းမှုကို သည်းခံကြကြောင်း သင်ခန်းစာရသည်။
  • မာနနှင


📜 အာယာသ် 26-30 — စူရာ ဟူဒ်

26أَن لَّا تَعْبُدُوا إِلَّا اللَّهَ ۖ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ أَلِيمٍ
အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှ တစ်ပါးအခြားတစ်စုံတစ်ရာကိုမျှ ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြကုန်လင့်။ အကြောင်းသော်ကား ငါသည် အသင်တို့နှင့်ပတ်သက်၍နာကျင်ဖွယ်ဖြစ်သောနေ့၏ပြစ်ဒဏ်ကို စိုးရိမ်သောကြောင့်ပင်။
27فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ مَا نَرَاكَ إِلَّا بَشَرًا مِّثْلَنَا وَمَا نَرَاكَ اتَّبَعَكَ إِلَّا الَّذِينَ هُمْ أَرَاذِلُنَا بَادِيَ الرَّأْيِ وَمَا نَرَىٰ لَكُمْ عَلَيْنَا مِن فَضْلٍ بَلْ نَظُنُّكُمْ كَاذِبِينَ
ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ခဲ့ကြသော အကြီးအကဲတို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် အသင့်အားမိမိတို့ကဲ့သို့ပင် လူသားတဦးအဖြစ်နှင့်သာလျှင် မြင်ကြပေသည်။ ထိုမှတပါး ကျွန်ုပ်တို့သည် မိမိတို့အနက်မှ အပေါ်ယံကြည့်ရှု လေ့လာခြင်းအားဖြင့် ဂုဏ်အသရေအယုတ်ညံ့ဆုံး ဖြစ်သောသူတို့မှတစ်ပါး အခြားသူတို့သည် အသင်၏နောက်သို့လိုက်ကြသည်ကို မမြင်ကြချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၌ မိမိတို့ထက် တစ်စုံတစ်ရာ ထူးကဲသာလွန်မြင့်မြတ်ခြင်းကိုလည်း မတွေ့မြင်ကြပေ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် အသင်တို့အား မုသားပြောဆိုသူများ ဟူ၍သာထင်မြင်ယူဆကြပေသတည်း။
28قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَآتَانِي رَحْمَةً مِّنْ عِندِهِ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنتُمْ لَهَا كَارِهُونَ
(ထိုအခါ နဗီတမန်တော်နူဟ်သည် ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌တည်ရှိနေသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည်ငါ့အား မိမိအထံတော်မှ တမန်တော်အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သော်၊ ပြီးနောက် ထိုတမန်တော်အဖြစ်သည် အသင်တို့အပေါ်၌ ဖုံးအုပ်လျက်ရှိနေသော် အသင်တို့သည် မည်သို့ယူဆကြမည်ကို ငါ့အားပြောပြကြလေကုန်။ အမှန်စင်စစ်အသင်တို့သည်လည်း ယင်းနဗီတမန်တော်ဖြစ်ခြင်းကိုပင် ရွံ့ရှာစက်ဆုပ်နေကြပါလျက် ငါသည် အသင်တို့အား ယင်းနဗီဖြစ်ခြင်းကို (ယုံကြည်လက်ခံကြရန်) အကျပ်ကိုင်ရပါမည်လော။
29وَيَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ مَالًا ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۚ وَمَا أَنَا بِطَارِدِ الَّذِينَ آمَنُوا ۚ إِنَّهُم مُّلَاقُو رَبِّهِمْ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
စင်စစ်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါသည်အသင်တို့ထံ ယင်း (တရားဓမ္မဟောကြားခြင်း) နှင့်စပ်လျဉ်း၍ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာရှိချေသည်။ ထို့ပြင် ငါသည် မုအ်မင်န်သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား မောင်းထုတ်မည့်သူလည်း မဟုတ်ချေ။ဧကန်မလွဲ ယင်းသက်ဝင်ယုံကြည်သူတို့ကား မိမိတို့၏ အရှင်မြတ်နှင့်တွေ့ဆုံမည့်သူများတည်း။ သို့ရာတွင် ငါသည် အသင်တို့အား မိုက်မဲနေကြသောသူများ ဖြစ်ကြသည်ဟူ၍သာ တွေ့မြင်လေသည်။
30وَيَا قَوْمِ مَن يَنصُرُنِي مِنَ اللَّهِ إِن طَرَدتُّهُمْ ۚ أَفَلَا تَذَكَّرُونَ
ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အကယ် ၍ငါသည် ၎င်းတို့အား နှင်ထုတ်ခဲ့ပါမူ ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူကာကွယ်ပါမည်နည်း။ အသင်တို့သည် (ဤမျှပင်) မစဉ်းစား မိကြလေသလော။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
28အာယာသ်

ဘာသာပြန် — ဟူဒ် 28

စူရာ ဟူဒ် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ နဗီတမန်တော်နူဟ်သည် ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌တည်ရှိနေသော်၊ ၎င်းပြင်…

စူရာ အာယာသ် 28/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers