ဟူဒ် · 29/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
وَيَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ مَالًا ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۚ وَمَا أَنَا بِطَارِدِ الَّذِينَ آمَنُوا ۚ إِنَّهُم مُّلَاقُو رَبِّهِمْ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ ۝٢٩
Wa yaa qawmi laaa as`alukum `alaihi maalan in ajriya illaa `alal laah; wa maaa ana bitaaridil lazeena aamanoo; innahum mulaaqoo Rabbihim wa laakinneee araakum qawman tajhaloon
📖 မြန်မာဘာသာ
စင်စစ်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါသည်အသင်တို့ထံ ယင်း (တရားဓမ္မဟောကြားခြင်း) နှင့်စပ်လျဉ်း၍ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာရှိချေသည်။ ထို့ပြင် ငါသည် မုအ်မင်န်သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား မောင်းထုတ်မည့်သူလည်း မဟုတ်ချေ။ဧကန်မလွဲ ယင်းသက်ဝင်ယုံကြည်သူတို့ကား မိမိတို့၏ အရှင်မြတ်နှင့်တွေ့ဆုံမည့်သူများတည်း။ သို့ရာတွင် ငါသည် အသင်တို့အား မိုက်မဲနေကြသောသူများ ဖြစ်ကြသည်ဟူ၍သာ တွေ့မြင်လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္ဘာလုံးဆိုင်ရာ ဝေါဟာရ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

  • ဝယာကောမိ (وَيَا قَوْمِ) — အို ငါ၏လူမျိုးတို့
  • လာအစ်အလုကုမ် (لَا أَسْأَلُكُمْ) — ငါသည် သင်တို့ထံမှ မတောင်းဆိုပါ
  • အလိုင်ဟိ (عَلَيْهِ) — ထိုအပေါ်၌ (ဒါဝါဟ် ခေါ်ဖိတ်ခြင်းအပေါ်)
  • မာလန် (مَالًا) — ဥစ္စာပစ္စည်း၊ ငွေကြေး
  • အင်န် အဂျ်ရိယ (إِنْ أَجْرِيَ) — ငါ၏အကျိုးအမြတ်သည် မဟုတ်ပါ
  • အီလ္လာ အလလဟိ (إِلَّا عَلَى اللَّهِ) — အလ္လာဟ်အရှင်မြတ်အပေါ်၌သာ
  • ဗိသွာရိဒိ (بِطَارِدِ) — နှင်ထုတ်သူ
  • မုလာကု ရဗ္ဗိဟိမ် (مُلَاقُو رَبِّهِمْ) — သူတို့၏အရှင်နှင့် တွေ့ဆုံရမည့်သူများ
  • တဂျ်ဟလူန (تَجْهَلُونَ) — သင်တို့သည် မသိနားမလည်ကြပါ

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

တမန်တော် နူဟ် (အလိုင်ဟိစ်စလာမ်) သည် သူ၏လူမျိုးတို့အား ဤသို့ မိန့်ကြားခဲ့သည် — အို ငါ၏လူမျိုးတို့၊ ငါသည် အလ္လာဟ်အရှင်မြတ်ကို တစ်ဆူတည်းကိုးကွယ်ရန် နှင့် ကိုးကွယ်မှုကို အရှင်မြတ်အတွက်သာ သီးသန့်ထားရှိရန် သင်တို့အား ဖိတ်ခေါ်ရာ၌ သင်တို့ထံမှ မည်သည့် ဥစ္စာပစ္စည်းကိုမျှ မတောင်းဆိုပါ။ ငါ၏ အကျိုးအမြတ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာ ရှိသည်။ ငါသည် အီမာန်ယုံကြည်သူများကို ငါ့ထံမှ နှင်ထုတ်မည့်သူ မဟုတ်ပါ။ အကြောင်းမှာ သူတို့သည် ကိယာမသ်နေ့တွင် သူတို့၏အရှင်နှင့် တွေ့ဆုံရမည့်သူများ ဖြစ်ကြသည်။ အရှင်မြတ်သည် သူတို့၏ အီမာန်အတွက် အကျိုးဆုလာဘ်ကို ပေးသနားတော်မူမည် ဖြစ်သည်။ သို့သော် ငါသည် သင်တို့အား ဤဒါဝါဟ်၏ အမှန်တရားကို နားမလည်သော လူမျိုးအဖြစ် တွေ့မြင်ရသည်။ အကြောင်းမှာ သင်တို့သည် အားနည်းသော အီမာန်ရှင်များကို ငါ့ထံမှ နှင်ထုတ်ရန် တောင်းဆိုကြသောကြောင့် ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အစ္စလာမ်သာသနာ၏ ဒါဝါဟ်လုပ်ငန်းသည် ငွေကြေး သို့မဟုတ် လောကီအကျိုးအမြတ်အတွက် မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုအတွက်သာ ဖြစ်သည်။ ဤအချက်သည် အစ္စလာမ်သာသနာ၏ သန့်ရှင်းစင်ကြယ်မှုကို ဖော်ပြသည်။
  • အီမာန်ယုံကြည်သူများကို လူတန်းစားခွဲခြားခြင်း၊ ဆင်းရဲသားများကို နှင်ထုတ်ခြင်းသည် အစ္စလာမ်


📜 အာယာသ် 27-31 — စူရာ ဟူဒ်

27فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ مَا نَرَاكَ إِلَّا بَشَرًا مِّثْلَنَا وَمَا نَرَاكَ اتَّبَعَكَ إِلَّا الَّذِينَ هُمْ أَرَاذِلُنَا بَادِيَ الرَّأْيِ وَمَا نَرَىٰ لَكُمْ عَلَيْنَا مِن فَضْلٍ بَلْ نَظُنُّكُمْ كَاذِبِينَ
ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ခဲ့ကြသော အကြီးအကဲတို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် အသင့်အားမိမိတို့ကဲ့သို့ပင် လူသားတဦးအဖြစ်နှင့်သာလျှင် မြင်ကြပေသည်။ ထိုမှတပါး ကျွန်ုပ်တို့သည် မိမိတို့အနက်မှ အပေါ်ယံကြည့်ရှု လေ့လာခြင်းအားဖြင့် ဂုဏ်အသရေအယုတ်ညံ့ဆုံး ဖြစ်သောသူတို့မှတစ်ပါး အခြားသူတို့သည် အသင်၏နောက်သို့လိုက်ကြသည်ကို မမြင်ကြချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၌ မိမိတို့ထက် တစ်စုံတစ်ရာ ထူးကဲသာလွန်မြင့်မြတ်ခြင်းကိုလည်း မတွေ့မြင်ကြပေ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် အသင်တို့အား မုသားပြောဆိုသူများ ဟူ၍သာထင်မြင်ယူဆကြပေသတည်း။
28قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَآتَانِي رَحْمَةً مِّنْ عِندِهِ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنتُمْ لَهَا كَارِهُونَ
(ထိုအခါ နဗီတမန်တော်နူဟ်သည် ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌တည်ရှိနေသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည်ငါ့အား မိမိအထံတော်မှ တမန်တော်အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သော်၊ ပြီးနောက် ထိုတမန်တော်အဖြစ်သည် အသင်တို့အပေါ်၌ ဖုံးအုပ်လျက်ရှိနေသော် အသင်တို့သည် မည်သို့ယူဆကြမည်ကို ငါ့အားပြောပြကြလေကုန်။ အမှန်စင်စစ်အသင်တို့သည်လည်း ယင်းနဗီတမန်တော်ဖြစ်ခြင်းကိုပင် ရွံ့ရှာစက်ဆုပ်နေကြပါလျက် ငါသည် အသင်တို့အား ယင်းနဗီဖြစ်ခြင်းကို (ယုံကြည်လက်ခံကြရန်) အကျပ်ကိုင်ရပါမည်လော။
29وَيَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ مَالًا ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۚ وَمَا أَنَا بِطَارِدِ الَّذِينَ آمَنُوا ۚ إِنَّهُم مُّلَاقُو رَبِّهِمْ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
စင်စစ်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါသည်အသင်တို့ထံ ယင်း (တရားဓမ္မဟောကြားခြင်း) နှင့်စပ်လျဉ်း၍ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာရှိချေသည်။ ထို့ပြင် ငါသည် မုအ်မင်န်သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား မောင်းထုတ်မည့်သူလည်း မဟုတ်ချေ။ဧကန်မလွဲ ယင်းသက်ဝင်ယုံကြည်သူတို့ကား မိမိတို့၏ အရှင်မြတ်နှင့်တွေ့ဆုံမည့်သူများတည်း။ သို့ရာတွင် ငါသည် အသင်တို့အား မိုက်မဲနေကြသောသူများ ဖြစ်ကြသည်ဟူ၍သာ တွေ့မြင်လေသည်။
30وَيَا قَوْمِ مَن يَنصُرُنِي مِنَ اللَّهِ إِن طَرَدتُّهُمْ ۚ أَفَلَا تَذَكَّرُونَ
ထိုမှတစ်ပါး အို-ငါ၏အမျိုးသားတို့၊ အကယ် ၍ငါသည် ၎င်းတို့အား နှင်ထုတ်ခဲ့ပါမူ ငါ့အား အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ မည်သူကာကွယ်ပါမည်နည်း။ အသင်တို့သည် (ဤမျှပင်) မစဉ်းစား မိကြလေသလော။
31وَلَا أَقُولُ لَكُمْ عِندِي خَزَائِنُ اللَّهِ وَلَا أَعْلَمُ الْغَيْبَ وَلَا أَقُولُ إِنِّي مَلَكٌ وَلَا أَقُولُ لِلَّذِينَ تَزْدَرِي أَعْيُنُكُمْ لَن يُؤْتِيَهُمُ اللَّهُ خَيْرًا ۖ اللَّهُ أَعْلَمُ بِمَا فِي أَنفُسِهِمْ ۖ إِنِّي إِذًا لَّمِنَ الظَّالِمِينَ
၎င်းပြင် ငါသည် မိမိထံတွင် အလ္လာဟ်အရှင်မြတ်၏ ဘဏ္ဍာတော်များရှိသည်ဟူ၍လည်းကောင်း၊ ငါသည်အကွယ်၌ရှိသောအရာအားလုံးကို သိသည် ဟူ၍လည်းကောင်း၊အသင်တို့အား ပြောဆိုသည် မဟုတ်ပေ။ ထိုမှတစ်ပါး ဧကန်စင်စစ် ငါသည် ကောင်းကင်တမန်ဖြစ်သည်ဟူ၍လည်း ပြောဆိုသည် မဟုတ်ပေ။ ထို့ပြင် ငါသည် အသင်တို့၏အမြင်တွင်သေးသိမ်လျက်ရှိကြကုန်သောသူတို့နှင့် ပတ်သက်၍ ၎င်းတို့အား အလ္လာဟ်အရှင်မြတ်သည် ကောင်းမြတ်ခြင်းကို အလျင်းချီးမြှင့်ပေးသနားတော်မူလိမ့်မည်မဟုတ် ဟူ၍လည်းပြောဆိုသည်မဟုတ်ချေ။ ၎င်းတို့၏စိတ်နှလုံးတွင် ရှိသည်တို့ကိုအလ္လာဟ်အရှင်မြတ်ပင် အသိဆုံးသောအရှင်မြတ်ဖြစ်တော်မူပေသည်။ ဧကန်မလွဲ ငါသည် ထိုကဲ့သို့(ပြောမိခဲ့ပါ)လျှင်မတရား သောသူတို့တွင် အမှန်ပင် အပါအဝင်ဖြစ်ပေမည်။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
29အာယာသ်

ဘာသာပြန် — ဟူဒ် 29

စူရာ ဟူဒ် အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါသည်အသင်တို့ထံ ယင်း (တရားဓမ္မဟောကြားခြင်း) နှင့်စပ်လျဉ်း၍ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်သည်…

စူရာ အာယာသ် 29/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers