فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ مَا نَرَاكَ إِلَّا بَشَرًا مِّثْلَنَا وَمَا نَرَاكَ اتَّبَعَكَ إِلَّا الَّذِينَ هُمْ أَرَاذِلُنَا بَادِيَ الرَّأْيِ وَمَا نَرَىٰ لَكُمْ عَلَيْنَا مِن فَضْلٍ بَلْ نَظُنُّكُمْ كَاذِبِينَ ٢٧
🔤 Transliteration
Faqaalal mala ul lazeena kafaroo min qawmihee ma naraaka illaa basharam mislanaa wa maa naraakat taba`aka illal lazeena hum araazilunaa baadiyar raayi wa maa naraa lakum `alainaa min fadlim bal nazunnukum kaazibeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ခဲ့ကြသော အကြီးအကဲတို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် အသင့်အားမိမိတို့ကဲ့သို့ပင် လူသားတဦးအဖြစ်နှင့်သာလျှင် မြင်ကြပေသည်။ ထိုမှတပါး ကျွန်ုပ်တို့သည် မိမိတို့အနက်မှ အပေါ်ယံကြည့်ရှု လေ့လာခြင်းအားဖြင့် ဂုဏ်အသရေအယုတ်ညံ့ဆုံး ဖြစ်သောသူတို့မှတစ်ပါး အခြားသူတို့သည် အသင်၏နောက်သို့လိုက်ကြသည်ကို မမြင်ကြချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၌ မိမိတို့ထက် တစ်စုံတစ်ရာ ထူးကဲသာလွန်မြင့်မြတ်ခြင်းကိုလည်း မတွေ့မြင်ကြပေ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် အသင်တို့အား မုသားပြောဆိုသူများ ဟူ၍သာထင်မြင်ယူဆကြပေသတည်း။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: الْمَلَأُ (အလ်-မလာအ်): မျိုးနွယ်စုတစ်ခုတွင် ဂုဏ်သတင်းကြီးမားပြီး ခေါင်းဆောင်များဖြစ်သော လူတန်းစားမြင့်သူများ၊ အကြီးအကဲများ။ بَشَرًا (ဗရှရန်): လူသား၊ လူသားတစ်ဦး။ مِّثْلَنَا (မိသ်လနာ): ငါတို့နှင့် တူညီသူ။ أَرَاذِلُنَا (အရာဇိလ်နာ): ငါတို့ထဲမှ အယုတ်အဖျင်းဆုံးသူများ၊ အဆင့်အတန်းနိမ့်ကျသူများ။ بَادِيَ الرَّأْيِ (ဗာဒိယရ်-ရအ်ယိ): မျက်နှာပြင်အမြင်အားဖြင့်၊ စူးစမ်းဆင်ခြင်ခြင်းမရှိဘဲ အပေါ်ယံအတွေးဖြင့်။ فَضْلٍ (ဖဒ်လ်): သာလွန်မှု၊ ဂုဏ်ကျေးဇူး၊ ထူးကဲမှု။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: တမန်တော် နူးဟ် (အလိုင်ဟိစ်စလာမ်) သည် မိမိလူမျိုးကို အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကို ကိုးကွယ်ရန် ဖိတ်ခေါ်တော်မူသောအခါ သူ၏လူမျိုးထဲမှ မယုံကြည်သော ခေါင်းဆောင်ကြီးများနှင့် ဂုဏ်သတင်းကြီးသူများက ဤသို့ပြောဆိုကြသည်။
သူတို့က “အို နူးဟ်၊ သင်သည် ငါတို့နှင့် တူညီသော လူသားတစ်ဦးသာဖြစ်သည်။ သင်သည် ငါတို့ထက် မည်သည့်ထူးကဲမှုမျှ မရှိပါ။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင်ကို တမန်တော်အဖြစ် ရွေးချယ်တော်မူခဲ့ပါက ငါတို့ထဲမှ တစ်ဦးဦးကို ရွေးချယ်တော်မူမည်ဖြစ်သည်။ ထို့အပြင် သင့်နောက်သို့ လိုက်ပါသူများမှာ ငါတို့ထဲမှ အဆင့်အတန်းနိမ့်ကျသော၊ အယုတ်အဖျင်းဆုံးသူများသာ ဖြစ်ကြသည်။ သူတို့သည် စူးစမ်းဆင်ခြင်ခြင်းမရှိဘဲ အပေါ်ယံအတွေးဖြင့်သာ သင့်နောက်သို့ လိုက်ပါကြသည်။ သင်နှင့် သင့်နောက်လိုက်များသည် ငါတို့ထက် ဂုဏ်သတင်း၊ စည်းစိမ်ဥစ္စာ၊ အာဏာစက်တို့တွင် မည်သည့်သာလွန်မှုမျှ မရှိပါ။ ထို့ကြောင့် သင်တို့သည် မိမိတို့ပြောဆိုနေသည့် တမန်တော်ဖြစ်ခြင်းနှင့် ဝဟီအမိန့်တော်ရရှိခြင်းတို့တွင် လိမ်လည်သူများဖြစ်သည်ဟု ငါတို့ထင်မြင်ကြသည်” ဟု ဆိုကြလေသည်။
ဤစကားများသည် မယုံကြည်သူများ၏ မာန်မာနနှင့် လောကီအဆင့်အတန်းကို အခြေခံသော အတွေးအခေါ်ကို ဖော်ပြသည်။ သူတို့သည် တမန်တော်တစ်ပါးဖြစ်ခြင်း၏ အရည်အချင်းသည် လောကီစည်းစိမ်နှင့် ဂုဏ်သတင်းဖြင့် တိုင်းတာရမည်ဟု မှားယွင်းစွာ ယူ
فَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا نَرَىٰكَ إِلَّا بَشَرًا مِّثۡلَنَا وَمَا نَرَىٰكَ ٱتَّبَعَكَ إِلَّا ٱلَّذِينَ هُمۡ أَرَاذِلُنَا بَادِيَ ٱلرَّأۡيِ وَمَا نَرَىٰ لَكُمۡ عَلَيۡنَا مِن فَضۡلِۭ بَلۡ نَظُنُّكُمۡ كَٰذِبِينَ ٢٧
ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ခဲ့ကြသော အကြီးအကဲတို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် အသင့်အားမိမိတို့ကဲ့သို့ပင် လူသားတဦးအဖြစ်နှင့်သာလျှင် မြင်ကြပေသည်။ ထိုမှတပါး ကျွန်ုပ်တို့သည် မိမိတို့အနက်မှ အပေါ်ယံကြည့်ရှု လေ့လာခြင်းအားဖြင့် ဂုဏ်အသရေအယုတ်ညံ့ဆုံး ဖြစ်သောသူတို့မှတစ်ပါး အခြားသူတို့သည် အသင်၏နောက်သို့လိုက်ကြသည်ကို မမြင်ကြချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၌ မိမိတို့ထက် တစ်စုံတစ်ရာ ထူးကဲသာလွန်မြင့်မြတ်ခြင်းကိုလည်း မတွေ့မြင်ကြပေ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် အသင်တို့အား မုသားပြောဆိုသူများ ဟူ၍သာထင်မြင်ယူဆကြပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 25-29 — စူရာ ဟူဒ်
25 وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ إِنِّي لَكُمْ نَذِيرٌ مُّبِينٌ
ထို့ပြင် ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်)နူဟ်အား ၎င်း၏အမျိုးသားတို့ထံ စေလွှတ်တော်မူခဲ့လေသည်။ (သို့ဖြစ်ပေရာ ထိုနဗီတမန်တော်နူဟ်က) ဧကန်အမှန် ငါသည် အသင်တို့အဖို့ ပွင့်ပွင့်လင်းလင်း ထင်ရှားစွာသော သတိပေးသူဖြစ်သည်(ဟု ပြောဆိုခဲ့လေသည်)။
26 أَن لَّا تَعْبُدُوا إِلَّا اللَّهَ ۖ إِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ أَلِيمٍ
အသင်တို့သည် အလ္လာဟ် အရှင်မြတ်မှ တစ်ပါးအခြားတစ်စုံတစ်ရာကိုမျှ ကိုးကွယ်ဆည်းကပ်ခြင်း မပြုကြကုန်လင့်။ အကြောင်းသော်ကား ငါသည် အသင်တို့နှင့်ပတ်သက်၍နာကျင်ဖွယ်ဖြစ်သောနေ့၏ပြစ်ဒဏ်ကို စိုးရိမ်သောကြောင့်ပင်။
27 فَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ مَا نَرَاكَ إِلَّا بَشَرًا مِّثْلَنَا وَمَا نَرَاكَ اتَّبَعَكَ إِلَّا الَّذِينَ هُمْ أَرَاذِلُنَا بَادِيَ الرَّأْيِ وَمَا نَرَىٰ لَكُمْ عَلَيْنَا مِن فَضْلٍ بَلْ نَظُنُّكُمْ كَاذِبِينَ
ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ခဲ့ကြသော အကြီးအကဲတို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် အသင့်အားမိမိတို့ကဲ့သို့ပင် လူသားတဦးအဖြစ်နှင့်သာလျှင် မြင်ကြပေသည်။ ထိုမှတပါး ကျွန်ုပ်တို့သည် မိမိတို့အနက်မှ အပေါ်ယံကြည့်ရှု လေ့လာခြင်းအားဖြင့် ဂုဏ်အသရေအယုတ်ညံ့ဆုံး ဖြစ်သောသူတို့မှတစ်ပါး အခြားသူတို့သည် အသင်၏နောက်သို့လိုက်ကြသည်ကို မမြင်ကြချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်တို့၌ မိမိတို့ထက် တစ်စုံတစ်ရာ ထူးကဲသာလွန်မြင့်မြတ်ခြင်းကိုလည်း မတွေ့မြင်ကြပေ။ အမှန်စင်စစ်သော်ကား ကျွန်ုပ်တို့သည် အသင်တို့အား မုသားပြောဆိုသူများ ဟူ၍သာထင်မြင်ယူဆကြပေသတည်း။
28 قَالَ يَا قَوْمِ أَرَأَيْتُمْ إِن كُنتُ عَلَىٰ بَيِّنَةٍ مِّن رَّبِّي وَآتَانِي رَحْمَةً مِّنْ عِندِهِ فَعُمِّيَتْ عَلَيْكُمْ أَنُلْزِمُكُمُوهَا وَأَنتُمْ لَهَا كَارِهُونَ
(ထိုအခါ နဗီတမန်တော်နူဟ်သည် ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါသည် မိမိအရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေခံအပေါ်၌တည်ရှိနေသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည်ငါ့အား မိမိအထံတော်မှ တမန်တော်အဖြစ်ကို ချီးမြှင့်ပေးသနားတော်မူခဲ့သော်၊ ပြီးနောက် ထိုတမန်တော်အဖြစ်သည် အသင်တို့အပေါ်၌ ဖုံးအုပ်လျက်ရှိနေသော် အသင်တို့သည် မည်သို့ယူဆကြမည်ကို ငါ့အားပြောပြကြလေကုန်။ အမှန်စင်စစ်အသင်တို့သည်လည်း ယင်းနဗီတမန်တော်ဖြစ်ခြင်းကိုပင် ရွံ့ရှာစက်ဆုပ်နေကြပါလျက် ငါသည် အသင်တို့အား ယင်းနဗီဖြစ်ခြင်းကို (ယုံကြည်လက်ခံကြရန်) အကျပ်ကိုင်ရပါမည်လော။
29 وَيَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ مَالًا ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۚ وَمَا أَنَا بِطَارِدِ الَّذِينَ آمَنُوا ۚ إِنَّهُم مُّلَاقُو رَبِّهِمْ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
စင်စစ်သော်ကား အို-ငါ၏အမျိုးသားတို့၊ ငါသည်အသင်တို့ထံ ယင်း (တရားဓမ္မဟောကြားခြင်း) နှင့်စပ်လျဉ်း၍ ပစ္စည်းဥစ္စာ တစ်စုံတစ်ရာကိုမျှ တောင်းသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာရှိချေသည်။ ထို့ပြင် ငါသည် မုအ်မင်န်သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့အား မောင်းထုတ်မည့်သူလည်း မဟုတ်ချေ။ဧကန်မလွဲ ယင်းသက်ဝင်ယုံကြည်သူတို့ကား မိမိတို့၏ အရှင်မြတ်နှင့်တွေ့ဆုံမည့်သူများတည်း။ သို့ရာတွင် ငါသည် အသင်တို့အား မိုက်မဲနေကြသောသူများ ဖြစ်ကြသည်ဟူ၍သာ တွေ့မြင်လေသည်။
ဘာသာပြန် — ဟူဒ် 27 စူရာ ဟူဒ် အာယာသ် 27 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ ယင်း(နဗီတမန်တော်) နူဟ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ခဲ့ကြသော အကြီးအကဲတို့က(ဤသို့) ပြောဆိုခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် အသင့်အားမိမိတို့ကဲ့သို့ပင် လူသားတဦးအဖြစ်နှင့်သာလျှင်…
စူရာ အာယာသ် 27/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 25–29. မြန်မာဘာသာ: ภาษาไทย.