အီဗ်ရာဟီမ် · 37/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
رَّبَّنَا إِنِّي أَسْكَنتُ مِن ذُرِّيَّتِي بِوَادٍ غَيْرِ ذِي زَرْعٍ عِندَ بَيْتِكَ الْمُحَرَّمِ رَبَّنَا لِيُقِيمُوا الصَّلَاةَ فَاجْعَلْ أَفْئِدَةً مِّنَ النَّاسِ تَهْوِي إِلَيْهِمْ وَارْزُقْهُم مِّنَ الثَّمَرَاتِ لَعَلَّهُمْ يَشْكُرُونَ ۝٣٧
Rabbanaaa inneee askantu min zurriyyatee biwaadin ghairi zee zar`in `inda Baitikal Muharrami Rabbanaa liyuqeemus Salaata faj`al af`idatam minan naasi tahweee ilaihim warzuqhum minas samaraati la`allahum yashkuroon
📖 မြန်မာဘာသာ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိသားသမီးအချို့ကို အရှင်မြတ်၏မြင့်မြတ်လှစွာ သောအိမ်တော်ပါးတွင် လယ်ယာကိုင်းကျွန်းမရှိသော တောင်ကြားဒေသတစ်ခု၌နေရာချထားခဲ့ပါသည်။အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊ (ကျွန်တော်မျိုးတို့သည် ၎င်းတို့အား ယင်းကဲ့သို့ နေရာချ၍ထားခဲ့ခြင်းမှာ) ၎င်းတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြအံ့သောငှာ နေရာချ၍ထားခဲ့ခြင်းပင်)ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အရှင်မြတ်သည် လူများ၏စိတ်နှလုံးများကို ၎င်းတို့ဘက်သို့ ယိမ်းညွှတ်အောင် ပြုလုပ်၍ပေးသနားတော်မူပါ။ ထို့ပြင် ၎င်းတို့သည် ကျေးဇူးတော်ကိုသိကြအံ့သောငှာ အရှင်မြတ်သည် ၎င်းတို့အားသစ်သီးဝလံများကို စားနပ်ရိက္ခာအဖြစ်ချီးမြှင့်တော်မူပါ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • ذُرِّيَّتِي (ဇုရ္ရိယ္ယသီ) — ကျွန်ုပ်၏ သားစဉ်မြေးဆက်၊ အမျိုးအနွယ်။
  • بِوَادٍ (ဗိဝါဒင်) — ချိုင့်ဝှမ်း၊ တောင်ကြားလွင်ပြင်။
  • غَيْرِ ذِي زَرْعٍ (ဂိုင်ရိ ဇီဇရ်အ်) — သီးနှံပင်များ မပေါက်ရောက်သော၊ စိုက်ပျိုးမှု မရှိသော။
  • بَيْتِكَ الْمُحَرَّمِ (ဗိုင်သိကာ လ်မုဟရ်ရမ်) — အရှင်မြတ်၏ မြင့်မြတ်သော အိမ်တော် (ကအ်ဗဟ်)။ "မုဟရ်ရမ်" ဟူသည် ထိုနေရာ၌ မြင့်မြတ်မှုကို ချိုးဖောက်ခြင်းမှ ရှောင်ကြဉ်ရသော၊ ထိန်းသိမ်းကာကွယ်ထားသော နေရာဟု အဓိပ္ပာယ်ရသည်။
  • أَفْئِدَةً (အာဖ်အိဒသန်) — နှလုံးသားများ၊ စိတ်နှလုံးများ (အနည်းကိန်း "ဖုအာဒ်" ၏ အများကိန်း)။
  • تَهْوِي (သဟ်ဝီ) — ယိမ်းယိုင်ဆွဲငင်သွားသည်၊ လျင်မြန်စွာ ဦးတည်သွားသည်။
  • مِنَ الثَّمَرَاتِ (မိနသ်သမ�ရာသ်) — သစ်သီးဝလံများမှ၊ အသီးအနှံများမှ။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

တမန်တော် အီဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) သည် အရှင်မြတ်ထံ ဤသို့ ဆုတောင်းပန်ကြားခဲ့သည် — "အို ကျွန်ုပ်တို့၏ အရှင်မြတ်၊ ကျွန်ုပ်သည် ကျွန်ုပ်၏ အမျိုးအနွယ်ထဲမှ အချို့ကို — ဆိုလိုသည်မှာ ကျွန်ုပ်၏သား အစ္စမာအီလ်နှင့် သူ့မှ ဆင်းသက်လာသူများကို — သီးနှံပင်များ မပေါက်ရောက်သော၊ ရေမရှိသော ချိုင့်ဝှမ်းတစ်ခုဖြစ်သည့် မက္ကာမြို့တော်ရှိ အရှင်မြတ်၏ မြင့်မြတ်သော အိမ်တော် (ကအ်ဗဟ်) အနီးတွင် အခြေချနေထိုင်စေခဲ့ပါသည်။"

တမန်တော် အီဗ်ရာဟီမ်သည် ထိုသို့ ပြုလုပ်ရာတွင် အရှင်မြတ်၏ အမိန့်တော်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ထိုအရပ်၌ သူ၏ အမျိုးအနွယ်များ ဆွလာသ် (ဝတ်ပြုဆုတောင်းခြင်း) ကို စနစ်တကျ၊ ပြည့်စုံစွာ ဆောင်ရွက်နိုင်ရန်အတွက် ဖြစ်သည်။ ထို့နောက် သူက ဆက်လက်၍ "အို ကျွန်ုပ်တို့၏ အရှင်မြတ်၊ လူသားတို့၏ နှလုံးသားများထဲမှ အချို့သော နှလုံးသားများကို ဤအရပ်နှင့် ဤအမျိုးအနွယ်တို့ထံ ယိမ်းယိုင်ဆွဲငင်လာစေတော်မူပါ။" ဤနေရာတွင် "မိန်" (မှ) ဟူသော စကားလုံးသည် တစ်စိတ်တစ်ပိုင်းကို ဆိုလိုသည်။ အကယ်၍ တမန်တော် အီဗ်ရာဟီမ်က "လူသားအားလုံး၏ နှလုံးသားများ" ဟု ဆုတောင်းခဲ့ပါက ပါရှ



📜 အာယာသ် 35-39 — စူရာ အီဗ်ရာဟီမ်

35وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا الْبَلَدَ آمِنًا وَاجْنُبْنِي وَبَنِيَّ أَن نَّعْبُدَ الْأَصْنَامَ
၎င်းပြင်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)အီဗ်ရာဟီမ်သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ဤမြို့ကို ငြိမ်းချမ်းသာယာသော မြို့အဖြစ်ပြုလုပ်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ သားများကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့သည် ရုပ်ပွားဆင်းတုများကို မကိုးကွယ် မိကြရန် ကင်းဝေးစွာထားရှိတော်မူပါ။
36رَبِّ إِنَّهُنَّ أَضْلَلْنَ كَثِيرًا مِّنَ النَّاسِ ۖ فَمَن تَبِعَنِي فَإِنَّهُ مِنِّي ۖ وَمَنْ عَصَانِي فَإِنَّكَ غَفُورٌ رَّحِيمٌ
အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်။ ဧကန်မလွဲ ယင်းရုပ်ပွားဆင်းတုများသည်များစွာသောသူတို့အား လမ်းလွဲစေခဲ့ကြ ကုန်၏။ သို့ဖြစ်ပေရာမည်သူမဆို ကျွန်တော်မျိုး၏ စကားကိုနာခံခဲ့ပါလျှင် ဧကန်စင်စစ် ထိုသူသည် ကျွန်တော်မျိုး၏ အုပ်စုအနက်မှ ဖြစ်ပါသည်။သို့ရာတွင် မည်သူမဆို ကျွန်တော်မျိုး၏ အမိန့်ကိုဖီဆန်ခဲ့ပါမူ၊အမှန်စင်စစ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။
37رَّبَّنَا إِنِّي أَسْكَنتُ مِن ذُرِّيَّتِي بِوَادٍ غَيْرِ ذِي زَرْعٍ عِندَ بَيْتِكَ الْمُحَرَّمِ رَبَّنَا لِيُقِيمُوا الصَّلَاةَ فَاجْعَلْ أَفْئِدَةً مِّنَ النَّاسِ تَهْوِي إِلَيْهِمْ وَارْزُقْهُم مِّنَ الثَّمَرَاتِ لَعَلَّهُمْ يَشْكُرُونَ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိသားသမီးအချို့ကို အရှင်မြတ်၏မြင့်မြတ်လှစွာ သောအိမ်တော်ပါးတွင် လယ်ယာကိုင်းကျွန်းမရှိသော တောင်ကြားဒေသတစ်ခု၌နေရာချထားခဲ့ပါသည်။အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊ (ကျွန်တော်မျိုးတို့သည် ၎င်းတို့အား ယင်းကဲ့သို့ နေရာချ၍ထားခဲ့ခြင်းမှာ) ၎င်းတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြအံ့သောငှာ နေရာချ၍ထားခဲ့ခြင်းပင်)ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အရှင်မြတ်သည် လူများ၏စိတ်နှလုံးများကို ၎င်းတို့ဘက်သို့ ယိမ်းညွှတ်အောင် ပြုလုပ်၍ပေးသနားတော်မူပါ။ ထို့ပြင် ၎င်းတို့သည် ကျေးဇူးတော်ကိုသိကြအံ့သောငှာ အရှင်မြတ်သည် ၎င်းတို့အားသစ်သီးဝလံများကို စားနပ်ရိက္ခာအဖြစ်ချီးမြှင့်တော်မူပါ။
38رَبَّنَا إِنَّكَ تَعْلَمُ مَا نُخْفِي وَمَا نُعْلِنُ ۗ وَمَا يَخْفَىٰ عَلَى اللَّهِ مِن شَيْءٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ လျှို့ဝှက်ကြသော အချက်တို့ကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့ ထင်ရှားစေကြကုန်သောအချက်တို့ကို လည်းကောင်း၊ သိရှိတော်မူပါ၏။စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ် အရှင်မြတ်အပေါ်၌ ဖုံးအုပ်လျက်အလျင်းမရှိပေ။
39الْحَمْدُ لِلَّهِ الَّذِي وَهَبَ لِي عَلَى الْكِبَرِ إِسْمَاعِيلَ وَإِسْحَاقَ ۚ إِنَّ رَبِّي لَسَمِيعُ الدُّعَاءِ
ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုအရှင်မြတ် သည်ကျွန်တော်မျိုးအား အသက်အရွယ် အိုမင်းကြီး ရင့်ပါလျက်နှင့်ပင်(သားတော်)အီစ်မာအီလ်ကိုလည်းကောင်း၊ (သားတော်)အစ္စဟာက်ကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ဧကန်စင်စစ် ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမှန်ပင် ဆုတောင်းပတ္ထနာပြုခြင်းကိုအလွန်ကြားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
37အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 37

စူရာ အီဗ်ရာဟီမ် အာယာသ် 37 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိသားသမီးအချို့ကို အရှင်မြတ်၏မြင့်မြတ်လှစွာ သောအိမ်တော်ပါးတွင် လယ်ယာကိုင်းကျွန်းမရှိသော တောင်ကြားဒေသတစ်ခု၌နေရာချထားခဲ့ပါသည်။အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ…

စူရာ အာယာသ် 37/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 35–39. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers