အီဗ်ရာဟီမ် · 38/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
رَبَّنَا إِنَّكَ تَعْلَمُ مَا نُخْفِي وَمَا نُعْلِنُ ۗ وَمَا يَخْفَىٰ عَلَى اللَّهِ مِن شَيْءٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ ۝٣٨
Rabbanaaa innaka ta`lamu maa nukhfee wa maa nu`lin; wa maa yakhfaa `alal laahi min shai`in fil ardi wa laa fis samaaa
📖 မြန်မာဘာသာ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ လျှို့ဝှက်ကြသော အချက်တို့ကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့ ထင်ရှားစေကြကုန်သောအချက်တို့ကို လည်းကောင်း၊ သိရှိတော်မူပါ၏။စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ် အရှင်မြတ်အပေါ်၌ ဖုံးအုပ်လျက်အလျင်းမရှိပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှေ့နှင့်အနောက်၊ ကောင်းကင်နှင့်မြေကြီးအားလုံးကို အသိပညာဖြင့် လွှမ်းခြုံထားတော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့၏ လျှို့ဝှက်ထားသောအရာများနှင့် ထင်ရှားစွာပြုလုပ်သောအရာများကို အကြွင်းမဲ့သိတော်မူသည်။
  2. ဤအာယသ်တော်သည် တမန်တော်အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်)၏ ဒိုအာတောင်းခံမှုတစ်ခုဖြစ်သည်။ သူသည် အလ္လာဟ်အရှင်မြတ်ထံ ဤသို့လျှောက်ထားခဲ့သည် - အို ကျွန်ုပ်တို့၏အရှင်မြတ်၊ ကိုယ်တော်သည် ကျွန်ုပ်တို့ ဖုံးကွယ်ထားသောအရာများနှင့် ထင်ရှားစွာပြုလုပ်သောအရာများအားလုံးကို သိတော်မူပါသည်။ မြေကြီးပေါ်တွင်ဖြစ်စေ၊ ကောင်းကင်တွင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်ထံမှ ဖုံးကွယ်နေသောအရာ တစ်စုံတစ်ခုမျှ မရှိပါ။ ကျွန်ုပ်တို့၏ လိုအပ်ချက်များနှင့် ကိုယ်တော်အပေါ် မှီခိုအားထားရမှုကို အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသည်။ ထို့ကြောင့် ကျွန်ုပ်တို့သိသောအရာများနှင့် မသိသောအရာများထဲမှ အရှင်မြတ်၏ အသိပညာနှင့် ကရုဏာတော်နှင့်အညီ လွယ်ကူစေတော်မူရန် အရှင်မြတ်ထံ ဆုတောင်းခံခြင်းဖြစ်သည်။ အရှင်မြတ်သည် ကျွန်ုပ်တို့ထက် ကျွန်ုပ်တို့အကြောင်းကို ပို၍သိတော်မူသည်။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ -
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့သိတော်မူသောကြောင့် ကျွန်ုပ်တို့သည် အရှင်မြတ်ထံ စိတ်ရင်းမှန်ဖြင့် ဆုတောင်းခံရမည်။
  • လျှို့ဝှက်ထားသောအရာများကိုပါ အရှင်မြတ်သိတော်မူသောကြောင့် ကျွန်ုပ်တို့သည် စိတ်နှလုံးကို သန့်ရှင်းစေပြီး အရှင်မြတ်အား ယုံကြည်ကိုးစားရမည်။
  • အရှင်မြတ်သည် ကျွန်ုပ်တို့၏ လိုအပ်ချက်များကို သိတော်မူသောကြောင့် ကျွန်ုပ်တို့သည် အရှင်မြတ်ထံသာ မျှော်လင့်ချက်ထားရမည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာ၏ အခြေခံအုတ်မြစ်ဖြစ်သော တောင်ဟီးဒ် (အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းဖြစ်တော်မူခြင်း) ကို ခိုင်မာစေသည်။
  • အရှင်မြတ်သည် အရာခပ်သိမ်းကို သိတော်မူသောကြောင့် ကျွန်ုပ်တို့သည် ကောင်းမှုကုသိုလ်များကို လျှို့ဝှက်စွာဖြစ်စေ၊ ထင်ရှားစွာဖြစ်စေ ပြုလုပ်ရမည်။


📜 အာယာသ် 36-40 — စူရာ အီဗ်ရာဟီမ်

36رَبِّ إِنَّهُنَّ أَضْلَلْنَ كَثِيرًا مِّنَ النَّاسِ ۖ فَمَن تَبِعَنِي فَإِنَّهُ مِنِّي ۖ وَمَنْ عَصَانِي فَإِنَّكَ غَفُورٌ رَّحِيمٌ
အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်။ ဧကန်မလွဲ ယင်းရုပ်ပွားဆင်းတုများသည်များစွာသောသူတို့အား လမ်းလွဲစေခဲ့ကြ ကုန်၏။ သို့ဖြစ်ပေရာမည်သူမဆို ကျွန်တော်မျိုး၏ စကားကိုနာခံခဲ့ပါလျှင် ဧကန်စင်စစ် ထိုသူသည် ကျွန်တော်မျိုး၏ အုပ်စုအနက်မှ ဖြစ်ပါသည်။သို့ရာတွင် မည်သူမဆို ကျွန်တော်မျိုး၏ အမိန့်ကိုဖီဆန်ခဲ့ပါမူ၊အမှန်စင်စစ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။
37رَّبَّنَا إِنِّي أَسْكَنتُ مِن ذُرِّيَّتِي بِوَادٍ غَيْرِ ذِي زَرْعٍ عِندَ بَيْتِكَ الْمُحَرَّمِ رَبَّنَا لِيُقِيمُوا الصَّلَاةَ فَاجْعَلْ أَفْئِدَةً مِّنَ النَّاسِ تَهْوِي إِلَيْهِمْ وَارْزُقْهُم مِّنَ الثَّمَرَاتِ لَعَلَّهُمْ يَشْكُرُونَ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိသားသမီးအချို့ကို အရှင်မြတ်၏မြင့်မြတ်လှစွာ သောအိမ်တော်ပါးတွင် လယ်ယာကိုင်းကျွန်းမရှိသော တောင်ကြားဒေသတစ်ခု၌နေရာချထားခဲ့ပါသည်။အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊ (ကျွန်တော်မျိုးတို့သည် ၎င်းတို့အား ယင်းကဲ့သို့ နေရာချ၍ထားခဲ့ခြင်းမှာ) ၎င်းတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြအံ့သောငှာ နေရာချ၍ထားခဲ့ခြင်းပင်)ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အရှင်မြတ်သည် လူများ၏စိတ်နှလုံးများကို ၎င်းတို့ဘက်သို့ ယိမ်းညွှတ်အောင် ပြုလုပ်၍ပေးသနားတော်မူပါ။ ထို့ပြင် ၎င်းတို့သည် ကျေးဇူးတော်ကိုသိကြအံ့သောငှာ အရှင်မြတ်သည် ၎င်းတို့အားသစ်သီးဝလံများကို စားနပ်ရိက္ခာအဖြစ်ချီးမြှင့်တော်မူပါ။
38رَبَّنَا إِنَّكَ تَعْلَمُ مَا نُخْفِي وَمَا نُعْلِنُ ۗ وَمَا يَخْفَىٰ عَلَى اللَّهِ مِن شَيْءٍ فِي الْأَرْضِ وَلَا فِي السَّمَاءِ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ လျှို့ဝှက်ကြသော အချက်တို့ကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့ ထင်ရှားစေကြကုန်သောအချက်တို့ကို လည်းကောင်း၊ သိရှိတော်မူပါ၏။စင်စစ်သော်ကား ပထဝီမြေ၌လည်းကောင်း၊ မိုးကောင်းကင်၌လည်းကောင်း၊ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ် အရှင်မြတ်အပေါ်၌ ဖုံးအုပ်လျက်အလျင်းမရှိပေ။
39الْحَمْدُ لِلَّهِ الَّذِي وَهَبَ لِي عَلَى الْكِبَرِ إِسْمَاعِيلَ وَإِسْحَاقَ ۚ إِنَّ رَبِّي لَسَمِيعُ الدُّعَاءِ
ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုအရှင်မြတ် သည်ကျွန်တော်မျိုးအား အသက်အရွယ် အိုမင်းကြီး ရင့်ပါလျက်နှင့်ပင်(သားတော်)အီစ်မာအီလ်ကိုလည်းကောင်း၊ (သားတော်)အစ္စဟာက်ကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ဧကန်စင်စစ် ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမှန်ပင် ဆုတောင်းပတ္ထနာပြုခြင်းကိုအလွန်ကြားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။
40رَبِّ اجْعَلْنِي مُقِيمَ الصَّلَاةِ وَمِن ذُرِّيَّتِي ۚ رَبَّنَا وَتَقَبَّلْ دُعَاءِ
အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးအား အမြဲတစေ ဆွလာတ်ဝတ်ပြုသူ ပြုလုပ်တော်မူပါ။ ထိုနည်းတူစွာ ကျွန်တော်မျိုး၏နောက်သားနောက်မြေးတို့အနက်မှလည်း (ဆွလာတ်ဝတ်ပြုသူများပြုလုပ်တော်မူပါ)။ အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၏(ဤ) ဆုမွန်ပတ္ထနာကို သဘောတူ လက်ခံတော်မူပါ။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
38အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 38

စူရာ အီဗ်ရာဟီမ် အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးတို့ လျှို့ဝှက်ကြသော အချက်တို့ကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့ ထင်ရှားစေကြကုန်သောအချက်တို့ကို လည်းကောင်း၊ သိရှိတော်မူပါ၏။စင်စစ်သော်ကား…

စူရာ အာယာသ် 38/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers