အလ်-ကဟ်ဖ် · 86/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
حَتَّىٰ إِذَا بَلَغَ مَغْرِبَ الشَّمْسِ وَجَدَهَا تَغْرُبُ فِي عَيْنٍ حَمِئَةٍ وَوَجَدَ عِندَهَا قَوْمًا ۗ قُلْنَا يَا ذَا الْقَرْنَيْنِ إِمَّا أَن تُعَذِّبَ وَإِمَّا أَن تَتَّخِذَ فِيهِمْ حُسْنًا ۝٨٦
Hattaaa izaa balagha maghribash shamsi wajadahaaa taghrubu fee `aynin hami`a tinw wa wajada `indahaa qawmaa; qulnaa yaa Zal Qarnaini immaaa an tu`az ziba wa immaaa an tattakhiza feehim husnaa
📖 မြန်မာဘာသာ
နောက်ဆုံးတွင် ယင်းဇုလ်ကရ်နိုင်န်သည် နေဝင်သောနေရာသို့ ရောက်ရှိခဲ့သောအခါ ထိုနေကိုမည်းနက်နောက်ကျိ (ရွှံ့ပုပ်ထူသော)အိုင်တစ်ခုတွင် ဝင်နေဘိကဲ့သို့တွေ့မြင်လေ၏။ ၎င်းပြင် ထို�ိုင်၏အနီးတွင် လူမျိုးတစ်မျိုးကိုလည်း တွေ့ရှိလေသည်။ (ထိုအခါ) ငါအရှင်မြတ်သည် (ယင်း ဇုလ်ကရ်နိုင်န်အား) အို-ဇုလ်ကရ်နိုင်န်၊ အသင်သည် (ဤအမျိုးသားတို့အား)ပြစ်ဒဏ်ခတ်ခြင်းကိုသော်လည်းကောင်း၊ ယင်းတို့နှင့်ပတ် သက်၍ထောက်ထားညှာတာခြင်းကို သော်လည်းကောင်း၊ (ဤနှစ်ခုအနက် မိမိကြိုက်နှစ်သက်ရာကို) ပြုနိုင်ခွင့်ရှိသည် ဟု မိန့် ဲကြား တော် မူခဲ့ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • مَغْرِبَ الشَّمْسِ (မာဂ်ရိဗသ်ရှ်ရှမ်စ်) — နေဝင်ရာ အရပ်၊ နေထွက်ရာ၏ ဆန့်ကျင်ဘက် အနောက်ဘက် အရပ်။
  • عَيْنٍ حَمِئَةٍ (အိုင်နင်း ဟမိအာ) — ရွှံ့နွံအနက်ရောင် ရှိသော ရေစမ်းရေ အိုင်။ "ဟမိအာ" ဆိုသည်မှာ အနက်ရောင် ရွှံ့ဗွက်ကို ဆိုလိုသည်။
  • حُسْنًا (ဟုစ်နန်) — ကောင်းမှုပြုခြင်း၊ ခွင့်လွှတ်ခြင်း၊ ကရုဏာထားခြင်း။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

ဇုလ်ကရ်နိုင်န် (သူ၏ ခေါင်းပေါ်တွင် ဦးချိုနှစ်ခုကဲ့သို့ အရာနှစ်ခု ရှိခဲ့သောကြောင့် ဤအမည်ဖြင့် ခေါ်ဆိုခြင်းခံရသူ) သည် ကမ္ဘာမြေပေါ်တွင် အရှေ့ဘက်နှင့် အနောက်ဘက်သို့ ခရီးလှည့်လည်ခဲ့သည်။ သူသည် နေဝင်ရာ အနောက်ဘက်စွန်းသို့ ရောက်ရှိသောအခါ မျက်စိဖြင့် ကြည့်ရှုရာ၌ နေသည် ရွှံ့နွံအနက်ရောင် ရှိသော ရေအိုင်တစ်ခုအတွင်းသို့ ဝင်ရောက်နစ်မြုပ်သွားသကဲ့သို့ ထင်ရသည်။ ထိုရေအိုင်၏ အနီးတွင် လူမျိုးတစ်စုကို သူတွေ့ရှိခဲ့သည်။ ထိုလူမျိုးတို့သည် အလ္လာဟ်အရှင်မြတ်ကို မယုံကြည်သော ကာဖိရ်များ ဖြစ်ကြသည်။

ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဇုလ်ကရ်နိုင်န်အား ရွေးချယ်ခွင့် ပေးတော်မူခဲ့သည်။ အကယ်၍ ထိုလူမျိုးတို့သည် အစ္စလာမ်ကို လက်ခံခြင်း မရှိကြလျှင် သူသည် သူတို့အား သတ်ဖြတ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် ပြစ်ဒဏ်ပေးနိုင်သည်။ သို့မဟုတ် သူတို့အား ခွင့်လွှတ်ပြီး ကရုဏာထားကာ အီမာန်ယုံကြည်မှုဆီသို့ ဖိတ်ခေါ်ခြင်း၊ တရားလမ်းညွှန်ပြခြင်းဖြင့် ကောင်းမှုပြုနိုင်သည်။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်က "အို ဇုလ်ကရ်နိုင်န်၊ သင်သည် သူတို့အား ပြစ်ဒဏ်ပေးလိုလျှင် ပေးနိုင်သည်၊ သို့မဟုတ် သူတို့အပေါ် ကောင်းမှုပြုလိုလျှင် ပြုနိုင်သည်" ဟု မိန့်တော်မူခြင်း ဖြစ်သည်။

ဤနေရာတွင် "ငါအရှင်မြတ် မိန့်တော်မူသည်" ဆိုသည်မှာ တမန်တော်တစ်ပါး မဟုတ်သော ဇုလ်ကရ်နိုင်န်၏ စိတ်နှလုံးထဲသို့ အလ္လာဟ်အရှင်မြတ်က အသိပေးလမ်းညွှန်ခြင်း (အီလ်ဟာမ်) ဖြစ်သည်ဟု ဆိုကြသည်။ ဤအာယသ်တော်သည် အုပ်ချုပ်သူတစ်ဦးအနေဖြင့် တရားမှုကို ထိန်းသိမ်းရာတွင် တင်းကြပ်မှုနှင့် ကရုဏာတရား နှစ်ခုလုံးကို မျှတစွာ ကျင့်သုံးနိုင်ကြောင်း သ



📜 အာယာသ် 84-88 — စူရာ အလ်-ကဟ်ဖ်

84إِنَّا مَكَّنَّا لَهُ فِي الْأَرْضِ وَآتَيْنَاهُ مِن كُلِّ شَيْءٍ سَبَبًا
ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းဇုလ်ကရ်နိုင်န်အား ကမ္ဘာမြေဝယ် အုပ်ချုပ်မှုအာဏာပေးတော်မူခဲ့၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းအား ခပ်သိမ်းသောအရာတို့သို့၊ လမ်းတစ်ခုကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။(တစ်နည်း)အရာခပ်သိမ်းတို့နှင့် စပ်လျဉ်း၍ နည်းလမ်း(ဥစ္စာပစ္စည်းလက်နက်ကိရိယာအမျိုးမျိုး)ကို ချီးမြှင့်ပေးသနားတော်မူခဲ့၏။
85فَأَتْبَعَ سَبَبًا
သို့ဖြစ်ပေရာ ယင်းဇုလ်ကရ်နိုင်န်သည် လမ်းတစ်ခုကို လိုက်ခဲ့လေသည်။
86حَتَّىٰ إِذَا بَلَغَ مَغْرِبَ الشَّمْسِ وَجَدَهَا تَغْرُبُ فِي عَيْنٍ حَمِئَةٍ وَوَجَدَ عِندَهَا قَوْمًا ۗ قُلْنَا يَا ذَا الْقَرْنَيْنِ إِمَّا أَن تُعَذِّبَ وَإِمَّا أَن تَتَّخِذَ فِيهِمْ حُسْنًا
နောက်ဆုံးတွင် ယင်းဇုလ်ကရ်နိုင်န်သည် နေဝင်သောနေရာသို့ ရောက်ရှိခဲ့သောအခါ ထိုနေကိုမည်းနက်နောက်ကျိ (ရွှံ့ပုပ်ထူသော)အိုင်တစ်ခုတွင် ဝင်နေဘိကဲ့သို့တွေ့မြင်လေ၏။ ၎င်းပြင် ထို�ိုင်၏အနီးတွင် လူမျိုးတစ်မျိုးကိုလည်း တွေ့ရှိလေသည်။ (ထိုအခါ) ငါအရှင်မြတ်သည် (ယင်း ဇုလ်ကရ်နိုင်န်အား) အို-ဇုလ်ကရ်နိုင်န်၊ အသင်သည် (ဤအမျိုးသားတို့အား)ပြစ်ဒဏ်ခတ်ခြင်းကိုသော်လည်းကောင်း၊ ယင်းတို့နှင့်ပတ် သက်၍ထောက်ထားညှာတာခြင်းကို သော်လည်းကောင်း၊ (ဤနှစ်ခုအနက် မိမိကြိုက်နှစ်သက်ရာကို) ပြုနိုင်ခွင့်ရှိသည် ဟု မိန့် ဲကြား တော် မူခဲ့ပေသည်။
87قَالَ أَمَّا مَن ظَلَمَ فَسَوْفَ نُعَذِّبُهُ ثُمَّ يُرَدُّ إِلَىٰ رَبِّهِ فَيُعَذِّبُهُ عَذَابًا نُّكْرًا
ယင်းဇုလ်ကရ်နိုင်န်က မည်သူမဆို မတရားပြုမြပြုနေခဲ့ပါလျှင်၊ ကျွန်ုပ်သည် မကြာမြင့်မီပင် ထိုသူအား ပြစ်ဒဏ်စီရင်ပေမည်။ ထို့နောက် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်သို့ ပြန်လည်၍ ရောက်စေခြင်းကိုခံရပေမည်။ ထိုအခါ ထိုအရှင်မြတ်သည် ၎င်းအား ပြင်းထန်သော ပြစ်ဒဏ်ကို စီရင်တော်မူပေလိမ့်မည်။
88وَأَمَّا مَنْ آمَنَ وَعَمِلَ صَالِحًا فَلَهُ جَزَاءً الْحُسْنَىٰ ۖ وَسَنَقُولُ لَهُ مِنْ أَمْرِنَا يُسْرًا
သို့ရာတွင် မည်သူမဆို သက်ဝင်ယုံကြည်၍ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ပါမူထိုသူ၏အဖို့ အကျိုးအားဖြင့် အကောင်းဆုံးသောအရာပင် ရှိပေမည်။ ထိုမှတစ်ပါး အမှန်ပင် ကျွန်ုပ်သည်လည်း မိမိ အမိန့်ထုတ်ပြန်ချက်တွင် နူးညံ့သောစကားကို ပြောဆိုပေအံ့သတည်း။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
86အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 86

စူရာ အလ်-ကဟ်ဖ် အာယာသ် 86 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : နောက်ဆုံးတွင် ယင်းဇုလ်ကရ်နိုင်န်သည် နေဝင်သောနေရာသို့ ရောက်ရှိခဲ့သောအခါ ထိုနေကိုမည်းနက်နောက်ကျိ (ရွှံ့ပုပ်ထူသော)အိုင်တစ်ခုတွင် ဝင်နေဘိကဲ့သို့တွေ့မြင်လေ၏။ ၎င်းပြင် ထို�ိုင်၏အနီးတွင် လူမျိုးတစ်မျိုးကိုလည်း…

စူရာ အာယာသ် 86/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 84–88. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers