အန်-နူရ် · 51/64
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နူရ်
إِنَّمَا كَانَ قَوْلَ الْمُؤْمِنِينَ إِذَا دُعُوا إِلَى اللَّهِ وَرَسُولِهِ لِيَحْكُمَ بَيْنَهُمْ أَن يَقُولُوا سَمِعْنَا وَأَطَعْنَا ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ ۝٥١
Innamaa kaana qawlal mu`mineena izaa du`ooo ilal laahi wa Rasoolihee li yahkuma bainahum ai yaqooloo sami`naa wa ata`naa; wa ulaaa`ika humul muflihoon
📖 မြန်မာဘာသာ
(သို့ရာတွင်)’မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ စကားမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့ လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်၍ ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ၊ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ကြားနာကြပါပြီ၊ ထို့ပြင် ကျွန်တော်မျိုးတို့သည် လိုက်နာကြပါပြီဟူ၍ ပြောဆိုကြကုန်၏။ စင်စစ်မှာမူကား ဤကဲ့သို့သော သူသာလျှင် အောင်မြင်မှုရရှိသူများ ဖြစ်ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • ဒုအာ (دُعُوا) — ခေါ်ဖိတ်ခြင်း၊ တောင်းဆိုခြင်း။ ဤနေရာတွင် အစ္စလာမ့်တရားစီရင်မှုအတွက် ခေါ်ဖိတ်ခြင်းကို ဆိုလိုသည်။
  • ယဟ်ကုမ (لِيَحْكُمَ) — သူသည် (တမန်တော်မြတ်သည်) စီရင်ဆုံးဖြတ်ရန်။
  • သမိအ်နာ (سَمِعْنَا) — ကျွန်ုပ်တို့ ကြားပါပြီ။
  • အသွာအ်နာ (وَأَطَعْنَا) — ကျွန်ုပ်တို့ နာခံပါပြီ။
  • မုဖ်လိဟူန် (الْمُفْلِحُونَ) — အောင်မြင်သူများ၊ ဆန္ဒပြည့်ဝသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်ထံသို့ ခေါ်ဖိတ်ခံရသောအခါ — ဆိုလိုသည်မှာ ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်မြတ်၏ စီရင်ဆုံးဖြတ်ချက်ဖြင့် သူတို့အကြားအမှုကို စီရင်ရန် ခေါ်ဖိတ်ခံရသောအခါ — စစ်မှန်သော မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ ပြောဆိုချက်သည် "ကျွန်ုပ်တို့ ကြားပါပြီ၊ နာခံပါပြီ" ဟု ဆိုခြင်းသာ ဖြစ်သည်။ သူတို့သည် ကြားရသည့်စကားကို လက်ခံ၍ ခေါ်ဖိတ်သူအား နာခံကြသည်။ ထိုသို့သော ဂုဏ်ရည်လက္ခဏာများဖြင့် ထင်ရှားသူများသည်သာလျှင် ဤလောကနှင့် နောင်တမလွန်ဘဝတွင် အောင်မြင်မှုရရှိသူများ၊ မိမိတို့၏ မျှော်မှန်းချက်များ ပြည့်ဝသူများ ဖြစ်ကြသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • စစ်မှန်သော ယုံကြည်သူ၏ လက္ခဏာမှာ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်တမန်တော်ထံသို့ ခေါ်ဖိတ်ခံရသည့်အခါ ဝန်လေးခြင်း၊ ငြင်းပယ်ခြင်းမပြုဘဲ ချက်ချင်း လက်ခံနာခံခြင်းပင်ဖြစ်သည်။
  • အစ္စလာမ့်တရားစီရင်မှုစနစ်သည် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်များနှင့် တမန်တော်မြတ်၏ စွန္နသ်တော်အပေါ် အခြေခံသည်။ မုအ်မင်န်တို့သည် ထိုစီရင်ချက်ကို စိတ်ရင်းမှန်ဖြင့် လက်ခံကြသည်။
  • "ကြားပါပြီ၊ နာခံပါပြီ" ဟူသော စကားသည် အစ္စလာမ့်ယုံကြည်မှု၏ အနှစ်သာရဖြစ်သည်။ ယုံကြည်ခြင်းသည် စကားဖြင့်သာမက လက်တွေ့နာခံမှုဖြင့်လည်း ထင်ရှားရမည်။
  • နာခံမှုတွင် ဤလောကနှင့် နောင်တမလွန်ဘဝ အောင်မြင်မှုရှိသည်။ အလ္လာဟ်အရှင်မြတ်နှင့် တမန်တော်မြတ်ကို နာခံသူသည် ဆုံးရှုံးမည်မဟုတ်ဘဲ အမှန်တကယ် အောင်မြင်သူဖ


📜 အာယာသ် 49-53 — စူရာ အန်-နူရ်

49وَإِن يَكُن لَّهُمُ الْحَقُّ يَأْتُوا إِلَيْهِ مُذْعِنِينَ
သို့ရာတွင် အကယ်၍ ၎င်းတို့၌အခွင့်အရေးရှိလျှင် ၎င်းတို့သည် ထိုရစူလ်တမန်တော်မြတ်သို့ ကျိုးနွံစွာနှင့် ရောက်ရှိလာကြကုန်၏။
50أَفِي قُلُوبِهِم مَّرَضٌ أَمِ ارْتَابُوا أَمْ يَخَافُونَ أَن يَحِيفَ اللَّهُ عَلَيْهِمْ وَرَسُولُهُ ۚ بَلْ أُولَٰئِكَ هُمُ الظَّالِمُونَ
အသို့ပါနည်း။ ၎င်းတို့၏ စိတ်နှလုံးအတွင်းဝယ် (ကုဖ်ရ်-နိဖာက်၏) ရောဂါရှိနေသလော၊ သို့တည်းမဟုတ် ၎င်းတို့သည် (တမန်တော်မြတ်၏ တမန်တော်ဖြစ်မှုနှင့်စပ်လျဉ်း၍) ဒွိဟသံသယဖြစ်နေကြသလော။ သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန် တော်မြတ်သည်လည်းကောင်း၊ ထိုသူတို့အပေါ်၌ မတရားပြုလုပ်တော်မူမည်ဟု စိုးရိမ်နေကြသလော။ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာမူကား ၎င်းတို့ကိုယ်တိုင် မတရားပြုသူများ ဖြစ်ကြကုန်၏။
51إِنَّمَا كَانَ قَوْلَ الْمُؤْمِنِينَ إِذَا دُعُوا إِلَى اللَّهِ وَرَسُولِهِ لِيَحْكُمَ بَيْنَهُمْ أَن يَقُولُوا سَمِعْنَا وَأَطَعْنَا ۚ وَأُولَٰئِكَ هُمُ الْمُفْلِحُونَ
(သို့ရာတွင်)’မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ စကားမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့ လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်၍ ပေးတော်မူအံ့သောငှာ အခေါ်ခံကြရသောအခါ၊ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ကြားနာကြပါပြီ၊ ထို့ပြင် ကျွန်တော်မျိုးတို့သည် လိုက်နာကြပါပြီဟူ၍ ပြောဆိုကြကုန်၏။ စင်စစ်မှာမူကား ဤကဲ့သို့သော သူသာလျှင် အောင်မြင်မှုရရှိသူများ ဖြစ်ကြကုန်၏။
52وَمَن يُطِعِ اللَّهَ وَرَسُولَهُ وَيَخْشَ اللَّهَ وَيَتَّقْهِ فَأُولَٰئِكَ هُمُ الْفَائِزُونَ
စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ လိုက်နာပါမူ ထို့ပြင် ထိုသူသည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါမူ ထိုမှတစ်ပါး ထိုသူသည် အရှင်မြတ်(၏အမိန့် တော်များကိုဖီဆန်ခြင်းမှ) ရှောင်ကြဉ်ပါမူ ထိုကဲ့သို့သော သူတို့သည်သာလျှင် အလိုဆန္ဒ ပြည့်ဝသူများ ဖြစ်ကြကုန်အံ့သတည်း။
53۞ وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِنْ أَمَرْتَهُمْ لَيَخْرُجُنَّ ۖ قُل لَّا تُقْسِمُوا ۖ طَاعَةٌ مَّعْرُوفَةٌ ۚ إِنَّ اللَّهَ خَبِيرٌ بِمَا تَعْمَلُونَ
ထိုမှတပါး ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား အစွမ်းကုန်တိုင်တည်ပြီး အကယ်၍ အသင်သည် ၎င်းတို့အား အမိန့်ပေးခဲ့ပါလျှင် မုချစင်စစ် ၎င်းတို့သည် (အိုးအိမ်စည်းစိမ်တို့ကိုစွန့်၍) ထွက်ကြပါမည်ဟု အစွမ်းကုန် ကျိန်တွယ်ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) အသင်တို့သည် မကျိန်တွယ်ကြကုန်လင့်။ (အသင်တို့၏) အမိန့်နာခံခဲ့မှုသည် ထင်ရှားပြီးဖြစ်သည်။ တစ်နည်း- အသင်တို့အပေါ်၌ စည်းကမ်းနှင့်လျော်ညီစွာ အမိန့်နာခံရန်သာရှိပေသည်။ မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်လျက်ရှိကြသည်တို့ကို ကောင်းစွာသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အန်-နူရ်ကုရ်အာန် ညွှန်းကိန်း
64အာယာသ်
MedinanRevelation
51အာယာသ်

ဘာသာပြန် — အန်-နူရ် 51

စူရာ အန်-နူရ် အာယာသ် 51 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (သို့ရာတွင်)’မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့၏ စကားမှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်ထံသို့ လည်းကောင်း၊ ထိုရစူလ်တမန်တော်မြတ်သည် ၎င်းတို့အကြား၌…

စူရာ အာယာသ် 51/64 — စူရာ အန်-နူရ် النور (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နူရ် နားထောင်, စူရာ အန်-နူရ် ဘာသာပြန်, စူရာ အန်-နူရ် mp3, စူရာ အန်-နူရ် pdf. အာယာသ် 49–53. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers