ဂါဖီရ် · 4/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
مَا يُجَادِلُ فِي آيَاتِ اللَّهِ إِلَّا الَّذِينَ كَفَرُوا فَلَا يَغْرُرْكَ تَقَلُّبُهُمْ فِي الْبِلَادِ ۝٤
Maa yujaadilu feee Aayaatil laahi illal lazeena kafaroo falaa yaghrurka taqallubuhum fil bilaad
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်၏ အာယတ် အမိန့်တော်များနှင့်စပ်လျဉ်း၍ "ကာဖိရ်" သွေဖည်ငြင်းပယ်သော သူတို့သည်သာလျှင် အငြင်းအခုံ ပြုလေ့ရှိကြကုန်၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)တိုင်းပြည်နိုင်ငံများတွင် ၎င်းတို့၏ လှည့်ပတ်သွားလာလှုပ်ရှားမှုသည် အသင့်အား ဖြားယောင်းခြင်း မရှိစေရ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • يُجَادِلُ (ယုဂျာဒိလု) — အငြင်းအခုံပြုသည်၊ ခုခံငြင်းဆိုသည်။
  • آيَاتِ اللَّهِ (အာယာသိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များ၊ သက်သေလက္ခဏာများ။
  • كَفَرُوا (ကာဖရူ) — ကုဖ်ရ်ပြုသူများ၊ မယုံကြည်ငြင်းပယ်သူများ။
  • يَغْرُرْكَ (ယဂ်ရုရ်က) — သင့်ကို လှည့်ဖြားစေနှင့်၊ မှားယွင်းစေနှင့်။
  • تَقَلُّبُهُمْ (တကလ်လုဗုဟုမ်) — သူတို့၏ လှည့်လည်သွားလာခြင်း၊ အခြေအနေပြောင်းလဲခြင်း။
  • الْبِلَادِ (အလ်ဗိလာဒ်) — တိုင်းပြည်များ၊ ဒေသများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များနှင့် သက်သေလက္ခဏာများကို ငြင်းပယ်ရန် အငြင်းအခုံပြုသူများသည် ကုဖ်ရ်ပြုသူများသာ ဖြစ်ကြသည်။ အကြောင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကို ကိုးကွယ်ထိုက်သော အရှင်အဖြစ် အသိအမှတ်မပြုဘဲ ငြင်းပယ်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် တစ်ခါတွင် ကုရ်အာန်ကို မှော်အတတ်ဟု ဆိုကြသည်၊ တစ်ခါတွင် ဗေဒင်ဆရာများ၏ စကားဟု ဆိုကြသည်၊ တစ်ခါတွင် ရှေးခေတ်လူများ၏ ဒဏ္ဍာရီများဟု ဆိုကြသည်၊ တစ်ခါတွင် လူသားတစ်ဦးက သင်ပေးထားခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဤသို့သော အနက်အဓိပ္ပာယ်များဖြင့် အာယသ်တော်များကို ငြင်းပယ်ရန် အငြင်းအခုံပြုခြင်းသည် ကုဖ်ရ်ပြုသူများ၏ လက္ခဏာသာ ဖြစ်သည်။

သို့သော် အာယသ်တော်များ၏ အနက်အဓိပ္ပာယ်ကို နားလည်ရန်၊ အမှန်တရားကို ရှာဖွေဖော်ထုတ်ရန်၊ သမ္မာတရားကို ခိုင်မာစေရန် ဆွေးနွေးငြင်းခုံခြင်းသည် အလွန်မြင့်မြတ်သော ကောင်းမှုကုသိုလ်များထဲမှ တစ်ခု ဖြစ်သည်။

အို တမန်တော်မုဟမ္မဒ်၊ ကုဖ်ရ်ပြုသူများသည် တိုင်းပြည်များတွင် ကုန်သွယ်ခြင်း၊ အမြတ်အစွန်းရရှိခြင်း၊ စည်းစိမ်ဥစ္စာနှင့် လောကီအကျိုးအမြတ်များ ရရှိခြင်းဖြင့် လှည့်လည်သွားလာနေကြသည်ကို မြင်ရသောအခါ သူတို့၏ အခြေအနေကောင်းများက သင့်ကို လှည့်ဖြားမစေနှင့်။ သူတို့သည် လောကီဘဝတွင် စည်းစိမ်ချမ်းသာများ ခံစားနေရသော်လည်း နောင်တမလွန်ဘဝတွင် ပြင်းထန်သော အပြစ်ဒဏ်ကို ခံစားရမည် ဖြစ်သည်။ သူတို့အား ရက်ရက်ရောရော ချီးမြှင့်ပေးထ



📜 အာယာသ် 2-6 — စူရာ ဂါဖီရ်

2تَنزِيلُ الْكِتَابِ مِنَ اللَّهِ الْعَزِيزِ الْعَلِيمِ
ဤသည် လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော အလွန်တရာ အသိပညာနှင့်ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်ထံတော်မှ ချပေးသနားတော်မူသော ကျမ်းဂန်ပင် ဖြစ်ပေသည်။
3غَافِرِ الذَّنبِ وَقَابِلِ التَّوْبِ شَدِيدِ الْعِقَابِ ذِي الطَّوْلِ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ إِلَيْهِ الْمَصِيرُ
(ထိုအရှင်မြတ်သည်) ပြစ်မှုဒုစရိုက်များကို ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ ဝန်ချ တောင်းပန်ခြင်းကို သဘောတူလက်ခံတော်မူသောအရှင်၊ ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင်၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံတော်မူသော(ရက်ရောစွာ ပေးကမ်းစွန့်ကြဲတော်မူသော)အရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပေ။ နောက်ဆုံး ပြန်လည်ရာစခန်းသည် ထိုအရှင်မြတ်အထံတော်၌ပင် ဖြစ်ပေသတည်း။
4مَا يُجَادِلُ فِي آيَاتِ اللَّهِ إِلَّا الَّذِينَ كَفَرُوا فَلَا يَغْرُرْكَ تَقَلُّبُهُمْ فِي الْبِلَادِ
အလ္လာဟ်အရှင်မြတ်၏ အာယတ် အမိန့်တော်များနှင့်စပ်လျဉ်း၍ "ကာဖိရ်" သွေဖည်ငြင်းပယ်သော သူတို့သည်သာလျှင် အငြင်းအခုံ ပြုလေ့ရှိကြကုန်၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)တိုင်းပြည်နိုင်ငံများတွင် ၎င်းတို့၏ လှည့်ပတ်သွားလာလှုပ်ရှားမှုသည် အသင့်အား ဖြားယောင်းခြင်း မရှိစေရ။
5كَذَّبَتْ قَبْلَهُمْ قَوْمُ نُوحٍ وَالْأَحْزَابُ مِن بَعْدِهِمْ ۖ وَهَمَّتْ كُلُّ أُمَّةٍ بِرَسُولِهِمْ لِيَأْخُذُوهُ ۖ وَجَادَلُوا بِالْبَاطِلِ لِيُدْحِضُوا بِهِ الْحَقَّ فَأَخَذْتُهُمْ ۖ فَكَيْفَ كَانَ عِقَابِ
ဤသူတို့အလျင်(နဗီတမန်တော်)"နူးဟ်"၏အမျိုးသားတို့သည်လည်းကောင်း၊ ထို"နူးဟ်"၏အမျိုးသားတို့ ၏နောက်တွင် (ပေါက်ဖွားခဲ့သော) အုပ်စုများသည်လည်းကောင်း၊(ရစူလ်တမန်တော်များအား) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြပေသည်။ ထို့ပြင် အုပ်စုတိုင်းသည် မိမိတို့(ထံ ပွင့်ရောက်ခဲ့သော) ရစူလ်တမန်တော်အား ဖမ်းဆီးရန် ကြံရွယ်ခဲ့ကြသည့်ပြင် ၎င်းတို့သည် အမှားကိုလက်ကိုင်ထား၍ ယင်းအမှားဖြင့် အမှန်ကို တိမ်းပါးစေအံ့သောငှာ (ရစူလ်တမန်တော်များနှင့်) အငြင်းအခုံပြုခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့ပေသည်။ ထို့နောက် ငါအရှင်မြတ်၏အပြစ်ဒဏ်သည် မည်သို့ရှိခဲ့ဘိသနည်း။
6وَكَذَٰلِكَ حَقَّتْ كَلِمَتُ رَبِّكَ عَلَى الَّذِينَ كَفَرُوا أَنَّهُمْ أَصْحَابُ النَّارِ
စင်စစ်သော်ကား ဤနည်းအတိုင်းပင် "ကာဖိရ်"သွေဖည်ငြင်းပယ်သူတို့နှင့်ပတ်သက်၍ "ဧကန်အမှန် ၎င်းတို့သည် ငရဲသားများဖြစ်ကြသည်" ဟူသော အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်(မိန့်ကြားတော်မူခဲ့သော) အမိန့်တော်သည် အတည် ဖြစ်ခဲ့ချေပြီတကား။
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
4အာယာသ်

ဘာသာပြန် — ဂါဖီရ် 4

စူရာ ဂါဖီရ် အာယာသ် 4 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်၏ အာယတ် အမိန့်တော်များနှင့်စပ်လျဉ်း၍ "ကာဖိရ်" သွေဖည်ငြင်းပယ်သော သူတို့သည်သာလျှင် အငြင်းအခုံ ပြုလေ့ရှိကြကုန်၏။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)တိုင်းပြည်နိုင်ငံများတွင် ၎င်းတို့၏…

စူရာ အာယာသ် 4/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 2–6. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 31, 2026

Don't forget us in your sincere prayers