ဖုစ်စီလာ့ · 37/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
وَمِنْ آيَاتِهِ اللَّيْلُ وَالنَّهَارُ وَالشَّمْسُ وَالْقَمَرُ ۚ لَا تَسْجُدُوا لِلشَّمْسِ وَلَا لِلْقَمَرِ وَاسْجُدُوا لِلَّهِ الَّذِي خَلَقَهُنَّ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ ۝٣٧
Wa min Aayaatihil lailu wannahaaru washshamsu walqamar; laa tasjudoo lishshamsi wa laa lilqamari wasjudoo lillaahil lazee khala qahunna in kuntum iyyaahu ta`budoon
📖 မြန်မာဘာသာ
အမှန်သော်ကား ညသည်လည်းကောင်း၊ နေ့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လ သည်လည်းကောင်း၊ ထိုအရှင်မြတ်၏သက်သေ လက္ခဏာတော်တို့အနက်မှ ဖြစ်ကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် နေကိုလည်း စဂျ်ဒဟ် ပျပ်ဝပ်ဦးချ(ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ ထိုနည်းတူစွာ အသင်တို့သည် လကိုလည်း ပျပ်ဝပ်ဦးချ (ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ သို့ရာတွင်ယင်းသက်သေလက္ခဏာတော်(လေးပါး)ကို ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ် အားသာလျှင် စဂျ်ဒဟ် ပျပ်ဝပ်ဦးချလေကုန်။ အကယ်၍ အသင်တို့သည် အကယ်စင်စစ်ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်သူများဖြစ်ကြလျှင်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အလင်းရောင်နှင့် အမှောင်ကို ဖန်တီးထားသော ညနှင့် နေ့၊ နေနှင့် လတို့သည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်နှင့် ကြီးမြတ်မှုကို ဖော်ပြသည့် သက်သေလက္ခဏာများ ဖြစ်ကြသည်။
  2. အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကြီးမြတ်တော်မူခြင်းနှင့် တစ်ဆူတည်းသော ဘုရားဖြစ်တော်မူခြင်းကို ဖော်ပြသည့် သက်သေလက္ခဏာများထဲမှ တစ်ခုမှာ ညနှင့် နေ့တို့သည် အလှည့်ကျ လည်ပတ်နေခြင်း၊ နေနှင့် လတို့သည်လည်း အလှည့်ကျ လည်ပတ်နေခြင်းတို့ ဖြစ်သည်။ ဤအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ စီမံခန့်ခွဲမှုနှင့် အုပ်စိုးမှုအောက်တွင် ရှိကြသည်။ အို လူသားတို့၊ နေကိုလည်း ဦးမချကြပါနှင့်၊ လကိုလည်း ဦးမချကြပါနှင့်။ အကြောင်းမှာ ၎င်းတို့နှစ်ခုသည် ဖန်ဆင်းခံ သတ္တဝါများဖြစ်ကြပြီး စီမံခန့်ခွဲခံရသူများ ဖြစ်ကြသည်။ ထိုအရာနှစ်ခုကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ ဦးချကြပါ။ အကယ်၍ သင်တို့သည် အရှင်မြတ်ကို အမှန်တကယ် ခဝပ်ကိုးကွယ်သူများ ဖြစ်ကြပါက အရှင်မြတ်၏ အမိန့်တော်ကို နာခံကြပါ။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် ညနှင့် နေ့ကို အလှည့်ကျ ဖြစ်ပေါ်စေခြင်း၊ နေနှင့် လကို အလှည့်ကျ လည်ပတ်စေခြင်းတို့သည် အရှင်မြတ်၏ တန်ခိုးတော်ကို ဖော်ပြသည့် ထင်ရှားသော သက်သေလက္ခဏာများ ဖြစ်ကြသည်။
  • နေနှင့် လတို့သည် ဖန်ဆင်းခံ သတ္တဝါများဖြစ်ကြသဖြင့် ၎င်းတို့ကို ဦးချခြင်း၊ ကိုးကွယ်ခြင်းသည် မှားယွင်းသော လုပ်ရပ်ဖြစ်သည်။ ဦးချခြင်းသည် ခဝပ်ကိုးကွယ်မှု၏ အထူးသဖြင့် ထင်ရှားသော ပုံစံဖြစ်သဖြင့် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ဦးချရမည်။
  • အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသဖြင့် ကိုးကွယ်ထိုက်သော အရှင်မှာ အရှင်မြတ်တစ်ပါးတည်းသာ ဖြစ်သည်။
  • အကယ်၍ လူသားတို့သည် အလ္လာဟ်အရှင်မြတ်ကို အမှန်တကယ် ခဝပ်ကိုးကွယ်လိုပါက အရှင်မြတ်၏ အမိန့်တော်များကို နာခံပြီး အရှင်မြတ်တစ်ပါးတည်းကိုသာ ဦးချခြင်းဖြင့် ခဝပ်ကိုးကွယ်ရမည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာ၏ အခြေခံ


📜 အာယာသ် 35-39 — စူရာ ဖုစ်စီလာ့

35وَمَا يُلَقَّاهَا إِلَّا الَّذِينَ صَبَرُوا وَمَا يُلَقَّاهَا إِلَّا ذُو حَظٍّ عَظِيمٍ
သို့တစေလည်း ယင်းကောင်းမြတ်သောနည်းဟူသည် သည်းခံသောသူတို့သာလျှင် ပေးသနားခြင်း ခံကြရပေသည်။ ထိုနည်းတူစွာ ယင်းကောင်းမြတ် သောနည်းဟူသည်ကြီးကျယ်စွာသော ဝေစုဝေပုံကို ပိုင်ဆိုင်သောသူသည်သာ ပေးသနားခြင်းကို ခံရလေသည်။
36وَإِمَّا يَنزَغَنَّكَ مِنَ الشَّيْطَانِ نَزْغٌ فَاسْتَعِذْ بِاللَّهِ ۖ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
၎င်းပြင် အကယ်၍ အသင့်အား ရှိုင်တွာန်မိစ္ဆာကောင်၏ဘက်မှ တစ်စုံတစ်ရာနှောင့်ယှက် ဖျက်ဆီးခြင်းရှိပါလျှင်၊ အသင်သည် အလ္လာဟ်အရှင် မြတ်ထံတော်မှ အကာအကွယ်ကို တောင်းခံပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည်သာလျှင် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။
37وَمِنْ آيَاتِهِ اللَّيْلُ وَالنَّهَارُ وَالشَّمْسُ وَالْقَمَرُ ۚ لَا تَسْجُدُوا لِلشَّمْسِ وَلَا لِلْقَمَرِ وَاسْجُدُوا لِلَّهِ الَّذِي خَلَقَهُنَّ إِن كُنتُمْ إِيَّاهُ تَعْبُدُونَ
အမှန်သော်ကား ညသည်လည်းကောင်း၊ နေ့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လ သည်လည်းကောင်း၊ ထိုအရှင်မြတ်၏သက်သေ လက္ခဏာတော်တို့အနက်မှ ဖြစ်ကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် နေကိုလည်း စဂျ်ဒဟ် ပျပ်ဝပ်ဦးချ(ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ ထိုနည်းတူစွာ အသင်တို့သည် လကိုလည်း ပျပ်ဝပ်ဦးချ (ပူဇော်ဆည်းကပ်)ခြင်း မပြုကြကုန်လင့်။ သို့ရာတွင်ယင်းသက်သေလက္ခဏာတော်(လေးပါး)ကို ဖန်ဆင်းတော်မူသောအလ္လာဟ်အရှင်မြတ် အားသာလျှင် စဂျ်ဒဟ် ပျပ်ဝပ်ဦးချလေကုန်။ အကယ်၍ အသင်တို့သည် အကယ်စင်စစ်ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်သူများဖြစ်ကြလျှင်။
38فَإِنِ اسْتَكْبَرُوا فَالَّذِينَ عِندَ رَبِّكَ يُسَبِّحُونَ لَهُ بِاللَّيْلِ وَالنَّهَارِ وَهُمْ لَا يَسْأَمُونَ ۩
သို့ရာတွင် အကယ်၍ ၎င်းတို့သည်(ဤအမိန့်တော်ကို လိုက်နာကျင့်သုံးခြင်းမရှိဘဲ)မာန်မာန ထောင်လွှားခဲ့ကြလျှင်၊ အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏ထံတော်ပါး၌ရှိကြသော မလာအိကဟ် ကောင်းကင်တမန်တို့မူ နေ့ရောညပါ ထိုအရှင်မြတ်စင်ကြယ် သန့်ရှင်းတော်မူကြောင်းကို မြွက်ဆိုလျက်ရှိကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည်ငြီးငွေ့ကြသည်ပင် မဟုတ်ပေ။
39وَمِنْ آيَاتِهِ أَنَّكَ تَرَى الْأَرْضَ خَاشِعَةً فَإِذَا أَنزَلْنَا عَلَيْهَا الْمَاءَ اهْتَزَّتْ وَرَبَتْ ۚ إِنَّ الَّذِي أَحْيَاهَا لَمُحْيِي الْمَوْتَىٰ ۚ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ထိုမှတစ်ပါး (ဤသည်လည်း) ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်တို့ အနက်မှပင်ဖြစ်၏။ အသင်သည်ပထဝီမြေကို အခြေအနေညံ့ဖျင်းစွာ တွေ့မြင်ရ၏။ ထို့နောက်ငါအရှင်မြတ်သည် ပထဝီမြေ၏အပေါ်၌ ရေကို ရွာသွန်းစေတော်မူသောအခါ၊ ယင်းပထဝီမြေမှာ တိုးတက်ထွန်းကား စိမ်းစို၍လည်းကောင်း၊ (သစ်ပင်အစရှိသည်တို့)ပေါက်ရောက် ဖွံ့ဖြိုး၍လည်းကောင်း၊ လာလေသည်။ (သို့ဖြစ်ပေရာ) ဧကန်မလွဲယင်းပထဝီမြေကို ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင်ဧကန်အမှန် သူသေတို့အား ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
37အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 37

စူရာ ဖုစ်စီလာ့ အာယာသ် 37 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်သော်ကား ညသည်လည်းကောင်း၊ နေ့သည်လည်းကောင်း၊ နေသည်လည်းကောင်း၊ လ သည်လည်းကောင်း၊ ထိုအရှင်မြတ်၏သက်သေ လက္ခဏာတော်တို့အနက်မှ ဖြစ်ကုန်၏။ (သို့ဖြစ်ပေရာ)…

စူရာ အာယာသ် 37/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 35–39. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers