မုဟမ္မဒ် · 16/38
ဘာသာပြန် အသံနိုင်ငံ — စူရာ မုဟမ္မဒ်
وَمِنْهُم مَّن يَسْتَمِعُ إِلَيْكَ حَتَّىٰ إِذَا خَرَجُوا مِنْ عِندِكَ قَالُوا لِلَّذِينَ أُوتُوا الْعِلْمَ مَاذَا قَالَ آنِفًا ۚ أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَاتَّبَعُوا أَهْوَاءَهُمْ ۝١٦
Wa minhum mai yastami` ilaika hattaaa izaa kharajoo min `indika qaaloo lillazeena ootul `ilma maazaa qaala aanifaa; ulaaa`ikal lazeena taba`al laahu `alaa quloobihim wattaba`ooo ahwaaa`ahum
📖 မြန်မာဘာသာ
စင်စစ်သော်ကား ၎င်းတို့တွင် အသင့်ဘက်သို့ နားစွင့်၍နေကြသူများလည်း ရှိကြကုန်၏။ နောက်ဆုံးတွင် အသင့်ထံမှ ထွက်ခဲ့ကြသောအခါ ၎င်းတို့သည် အသိပညာကို ချီးမြှင့်ခံကြရသော ပုဂ္ဂိုလ်တို့အား ယခု ဤသူ(တမန်တော်မြတ်သည်) မည်သည့်စကား ပြောဆိုခဲ့ပါသနည်းဟု မေးမြန်းကြကုန်၏။ ထိုသူတို့သည်ပင်လျှင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးများအပေါ်၌ တံဆိပ်ခတ်နှိပ်ထားတော်မူ၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏ စိတ်အလိုဆန္ဒများကို လိုက်နာကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ယစ်သမိའု (يَسْتَمِعُ): နားထောင်သည်။ ဤနေရာတွင် နားထောင်သော်လည်း လက်ခံနာယူခြင်းမရှိဘဲ လျစ်လျူရှုသော နားထောင်မှုကို ဆိုလိုသည်။
  • အာနိဖန် (آنِفًا): ယခုအချိန်တွင်၊ မကြာမီက၊ ယခုလေးတင်။
  • သွဗအာ (طَبَعَ): တံဆိပ်ခတ်နှိပ်သည်၊ ပိတ်လှောင်သည်။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်၍ ကောင်းမှုမဝင်ရောက်နိုင်အောင် ပိတ်ထားတော်မူခြင်းကို ဆိုလိုသည်။
  • အဟ်ဝါအ (أَهْوَاء): ကိုယ်စိတ်ဆန္ဒများ၊ လိုအင်ဆန္ဒများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဤအာယသ်တော်သည် မုနာဖိက္(အယောင်ဆောင်)များ၏ အခြေအနေကို ဖော်ပြထားသည်။ သူတို့ထဲမှ အချို့သည် တမန်တော်မုဟမ္မဒ်(ဆွ)၏ ဟောပြောချက်များကို နားထောင်ကြသော်လည်း လက်ခံနာယူခြင်းမရှိဘဲ ဂရုမစိုက်ဘဲ နားထောင်ကြသည်။ သူတို့သည် တမန်တော်(ဆွ)၏ အစည်းအဝေးမှ ထွက်သွားကြသောအခါ အလ္လာဟ်အရှင်မြတ်က အသိပညာပေးသနားတော်မူထားသော သာဟာဗာများအား လှောင်ပြောင်သရော်သည့်အနေဖြင့် "မုဟမ္မဒ်က ယခုလေးတင် ဘာပြောခဲ့သလဲ" ဟု မေးကြသည်။ သူတို့သည် တမန်တော်(ဆွ)၏ ဟောပြောချက်များကို အလေးအနက်မထားဘဲ လျစ်လျူရှုကြသည်။

ထိုသူများသည် အလ္လာဟ်အရှင်မြတ်က သူတို့၏ စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်ထားတော်မူသောသူများဖြစ်သည်။ ထို့ကြောင့် ကောင်းမှုမှန်သမျှသည် သူတို့၏ စိတ်နှလုံးများထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိတော့ပေ။ သူတို့သည် မိမိတို့၏ ကိုယ်စိတ်ဆန္ဒများနှင့် လိုအင်ဆန္ဒများကို လိုက်နာကြသဖြင့် ထိုဆန္ဒများသည် သူတို့အား အမှန်တရားမှ ကွယ်ဝှက်ဖုံးအုပ်ထားလေသည်။ သူတို့သည် ကုဖ်ရ်(မယုံကြည်မှု)နှင့် လမ်းမှားမှုတွင် နစ်မြုပ်နေကြသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်အပေါ် ချစ်မြတ်နိုးမှု တိုးပွားစေသော သင်ခန်းစာများ:
  • ကုရ်အာန်ကျမ်းတော်မြတ်နှင့် တမန်တော်(ဆွ)၏ ဟောပြောချက်များကို နားထောင်ရာတွင် စိတ်ရင်းမှန်ဖြင့် နားထောင်ရမည်။ လျစ်လျူရှုသော နားထောင်မှုသည် အကျိုးမရှိဘဲ ပျက်စီးမှုကို ဖြစ်စေသည်။
  • အသိပညာရှင်များကို လေးစားရမည်။ သူတ


📜 အာယာသ် 14-18 — စူရာ မုဟမ္မဒ်

14أَفَمَن كَانَ عَلَىٰ بَيِّنَةٍ مِّن رَّبِّهِ كَمَن زُيِّنَ لَهُ سُوءُ عَمَلِهِ وَاتَّبَعُوا أَهْوَاءَهُم
သို့ဖြစ်ပေရာ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ထင်ရှားစွာသော သက်သေလက္ခဏာပေါ်၌ ရပ်တည်လျက်ရှိကြသော သူတို့သည် အကြင်သူတို့ကဲ့သို့ ဖြစ်ကြပါမည်လော။ ထိုသူတို့၏ မကောင်းမှုများမှာ ၎င်းတို့၏အမြင်၌ လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံခဲ့ရလေ၏။ ထိုမှတစ်ပါး ထိုသူတို့သည် မိမိတို့၏စိတ်အလိုဆန္ဒများကို လိုက်နာခဲ့ကြကုန်၏။
15مَّثَلُ الْجَنَّةِ الَّتِي وُعِدَ الْمُتَّقُونَ ۖ فِيهَا أَنْهَارٌ مِّن مَّاءٍ غَيْرِ آسِنٍ وَأَنْهَارٌ مِّن لَّبَنٍ لَّمْ يَتَغَيَّرْ طَعْمُهُ وَأَنْهَارٌ مِّنْ خَمْرٍ لَّذَّةٍ لِّلشَّارِبِينَ وَأَنْهَارٌ مِّنْ عَسَلٍ مُّصَفًّى ۖ وَلَهُمْ فِيهَا مِن كُلِّ الثَّمَرَاتِ وَمَغْفِرَةٌ مِّن رَّبِّهِمْ ۖ كَمَنْ هُوَ خَالِدٌ فِي النَّارِ وَسُقُوا مَاءً حَمِيمًا فَقَطَّعَ أَمْعَاءَهُمْ
‘မွတ္တကီ’ သူတော်စင်များ ကတိပေးခြင်းကို ခံကြရသော ‘ဂျန္နတ်’ သုခဘုံ၏အခြေအနေမှာ(ဤသို့ဖြစ်၏။) ယင်း’ဂျန္နတ်’ သုခဘုံ၌ အနံ့အရသာ မပျက်သော ရေချောင်းများသည်လည်းကောင်း၊ အရသာပြောင်းလဲသွားခြင်းမရှိသော နို့ချောင်းများသည်လည်းကောင်း၊ သောက်သုံးသူတို့အဖို့ အထူးအနံ့အရသာကောင်းသော အရက်ချောင်းများသည်လည်းကောင်း၊ ကြည်လင်သန့်ရှင်းစင်ကြယ်သော ပျားရည်ချောင်းများသည်လည်းကောင်း၊ ရှိကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့အဖို့ယင်း’ဂျန္နတ်’သုခဘုံ၌ သစ်သီးဝလံမျိုးစုံတို့သည်လည်း ရှိပေမည်။ ထိုမှတစ်ပါး ထိုသူတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်သည်လည်း ရှိပေမည်။ (သို့ဖြစ်ပေရာ ထိုသူတို့သည်)အကြင်သူတို့ကဲ့သို့ (ဖြစ်နိုင်ကြပါမည်လော။) ထိုသူတို့သည် မီးထဲ၌ အမြဲထာဝရ နေထိုင်ကြအံ့သောသူများပင် ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ကျိုက်ကျိုက်ဆူလျက်ရှိသောရေ တိုက်ကျွေးခြင်းကို ခံကြရမည်ဖြစ်ပေရာ ထိုရေမှာမူကား ၎င်းတို့၏ အူသိမ်၊ အူမများကိုအပိုင်းပိုင်း ဖြတ်စေအံ့သတည်း။
16وَمِنْهُم مَّن يَسْتَمِعُ إِلَيْكَ حَتَّىٰ إِذَا خَرَجُوا مِنْ عِندِكَ قَالُوا لِلَّذِينَ أُوتُوا الْعِلْمَ مَاذَا قَالَ آنِفًا ۚ أُولَٰئِكَ الَّذِينَ طَبَعَ اللَّهُ عَلَىٰ قُلُوبِهِمْ وَاتَّبَعُوا أَهْوَاءَهُمْ
စင်စစ်သော်ကား ၎င်းတို့တွင် အသင့်ဘက်သို့ နားစွင့်၍နေကြသူများလည်း ရှိကြကုန်၏။ နောက်ဆုံးတွင် အသင့်ထံမှ ထွက်ခဲ့ကြသောအခါ ၎င်းတို့သည် အသိပညာကို ချီးမြှင့်ခံကြရသော ပုဂ္ဂိုလ်တို့အား ယခု ဤသူ(တမန်တော်မြတ်သည်) မည်သည့်စကား ပြောဆိုခဲ့ပါသနည်းဟု မေးမြန်းကြကုန်၏။ ထိုသူတို့သည်ပင်လျှင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့၏ စိတ်နှလုံးများအပေါ်၌ တံဆိပ်ခတ်နှိပ်ထားတော်မူ၏။ ထို့ပြင် ၎င်းတို့သည် မိမိတို့၏ စိတ်အလိုဆန္ဒများကို လိုက်နာကြကုန်၏။
17وَالَّذِينَ اهْتَدَوْا زَادَهُمْ هُدًى وَآتَاهُمْ تَقْوَاهُمْ
သို့ရာတွင် တရားလမ်းမှန်ကို ရရှိခဲ့ကြသော သူတို့ကိုမူကား ထိုအရှင်မြတ်သည် ပိုမို၍ပင် တရားလမ်းမှန်ကိုပြသတော်မူ၏။ ထိုမှတစ်ပါး ၎င်းတို့အား တက္ကဝါတရားကိုလည်း ချီးမြှင့်ပေးသနားတော်မူ၏။
18فَهَلْ يَنظُرُونَ إِلَّا السَّاعَةَ أَن تَأْتِيَهُم بَغْتَةً ۖ فَقَدْ جَاءَ أَشْرَاطُهَا ۚ فَأَنَّىٰ لَهُمْ إِذَا جَاءَتْهُمْ ذِكْرَاهُمْ
စင်စစ် ၎င်းတို့သည် ရုတ်တရက် မိမိတို့ထံ’ကိယာမတ်’ ရှင်ပြန်ထမည့်အချိန်ကာလ ဆိုက်ရောက်လာခြင်းကိုသာလျှင် မျှော်လင့်စောင့်ဆိုင်း၍ နေကြကုန်၏။ သို့ဖြစ်လျှင် ဧကန်မလွဲ ယင်းရှင်ပြန်ထမည့်အချိန်ကာလ၏ နိမိတ်လက္ခဏာများမှာမူကား ရောက်လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ ယင်းရှင်ပြန်ထမည့် အချိန်ကာလသည် ၎င်းတို့ထံ ရောက်လာသောအခါ ၎င်းတို့၌ သတိရခြင်းသည် အဘယ်မှာလျှင်အကျိုးရှိတော့အံ့နည်း။
မုဟမ္မဒ်ကုရ်အာန် ညွှန်းကိန်း
38အာယာသ်
MedinanRevelation
16အာယာသ်

ဘာသာပြန် — မုဟမ္မဒ် 16

စူရာ မုဟမ္မဒ် အာယာသ် 16 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ၎င်းတို့တွင် အသင့်ဘက်သို့ နားစွင့်၍နေကြသူများလည်း ရှိကြကုန်၏။ နောက်ဆုံးတွင် အသင့်ထံမှ ထွက်ခဲ့ကြသောအခါ ၎င်းတို့သည် အသိပညာကို…

စူရာ အာယာသ် 16/38 — စူရာ မုဟမ္မဒ် محمد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ မုဟမ္မဒ် နားထောင်, စူရာ မုဟမ္မဒ် ဘာသာပြန်, စူရာ မုဟမ္မဒ် mp3, စူရာ မုဟမ္မဒ် pdf. အာယာသ် 14–18. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers