အတ်-တလာ့ · 8/12
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တလာ့
وَكَأَيِّن مِّن قَرْيَةٍ عَتَتْ عَنْ أَمْرِ رَبِّهَا وَرُسُلِهِ فَحَاسَبْنَاهَا حِسَابًا شَدِيدًا وَعَذَّبْنَاهَا عَذَابًا نُّكْرًا ۝٨
Wa ka ayyim min qaryatin `atat `an amri Rabbihaa wa Rusulihee fahaasabnaahaa hisaaban shadeedanw wa `azzabnaahaa `azaaban nukraa
📖 မြန်မာဘာသာ
စင်စစ်သော်ကား မြောက်မြားစွာသော မြို့ရွာများ(၌နေထိုင်သောသူတို့)သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များ၏ အမိန့်များကိုလည်းကောင်း၊ ဖီဆန်တော်လှန်ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း မြို့(သူ)ရွာ(သား)တို့အား ပြင်းထန်စွာ စစ်ဆေးတော်မူသည့်ပြင် ၎င်းတို့အား ဆိုးရွားလှသော ပြစ်ဒဏ်ကို တပ်ရိုက်စီရင်တော်မူခဲ့သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ကရ်ယဟ် (قَرْيَةٍ): ရွာ၊ မြို့ သို့မဟုတ် ထိုရွာ၊ မြို့တွင် နေထိုင်သော လူများ။
  • အသတ် (عَتَتْ): မာန်မာနထောင်လွှားပြီး နာခံမှုမရှိဘဲ ကျူးလွန်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်း။
  • ဟိသာဗန် ရှဒီဒန် (حِسَابًا شَدِيدًا): ပြင်းထန်သော စစ်ဆေးမှု၊ အလွန်တင်းကျပ်သော စာရင်းရှင်းတမ်း။
  • အဇာဗန် နုကရန် (عَذَابًا نُكْرًا): အလွန်ကြီးလေးပြီး ထိတ်လန့်ဖွယ်ရာ ပြစ်ဒဏ်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အမိန့်တော်များနှင့် ရစူလ်တမန်တော်များ၏ ခေါ်ဆိုမှုကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသော ရွာမြို့များစွာကို ဖျက်ဆီးတော်မူခဲ့ကြောင်း ဤအာယသ်တော်တွင် သတိပေးထားသည်။ ထိုရွာမြို့များတွင် နေထိုင်သူများသည် မာန်မာနထောင်လွှားလျက် အမှန်တရားကို ငြင်းပယ်ခဲ့ကြသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် သူတို့အား အလွန်တင်းကျပ်ပြင်းထန်သော စာရင်းရှင်းတမ်းကို ရှင်းတော်မူခဲ့သည်။ ဆိုလိုသည်မှာ သူတို့၏ မကောင်းမှုအနည်းငယ်ကိုပင် ခွင့်လွှတ်တော်မမူဘဲ အသေးစိတ်အထိ စစ်ဆေးတော်မူခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူတို့အား အလွန်ကြီးလေးပြီး ထိတ်လန့်ဖွယ်ရာကောင်းသော ပြစ်ဒဏ်ကို ပေးတော်မူခဲ့သည်။ ဤပြစ်ဒဏ်သည် လောကီဘဝတွင်သာမက နောင်တမလွန်ဘဝတွင်ပါ ခံစားရမည့် ငရဲမီး၏ ပြစ်ဒဏ်လည်း အပါအဝင်ဖြစ်သည်။ သူတို့သည် မိမိတို့၏ ပုန်ကန်မှု၏ ဆိုးရွားလှသော အကျိုးဆက်ကို မြည်းစမ်းခဲ့ကြရပြီး နောက်ဆုံးတွင် ပျက်စီးဆုံးရှုံးမှုသာ ကျန်ရစ်ခဲ့သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းရှင်အဖြစ် ကရုဏာတော်နှင့် ပြည့်စုံတော်မူသော်လည်း တရားမှတ်တော်မူသောအခါ အလွန်တင်းကျပ်ပြီး တရားမျှတတော်မူကြောင်း သိရှိစေသည်။
  • ရစူလ်တမန်တော်များကို ဆန့်ကျင်ပုန်ကန်ခြင်းသည် အလ္လာဟ်အရှင်မြတ်ကို ဆန့်ကျင်ပုန်ကန်ခြင်းနှင့် တူညီကြောင်း နားလည်စေသည်။
  • မာန်မာနထောင်လွှားခြင်းနှင့် အမိန့်တော်ကို မနာခံခြင်း၏ နောက်ဆုံးအကျိုးဆက်သည် ပျက်စီးဆုံးရှုံးမှ


📜 အာယာသ် 6-10 — စူရာ အတ်-တလာ့

6أَسْكِنُوهُنَّ مِنْ حَيْثُ سَكَنتُم مِّن وُجْدِكُمْ وَلَا تُضَارُّوهُنَّ لِتُضَيِّقُوا عَلَيْهِنَّ ۚ وَإِن كُنَّ أُولَاتِ حَمْلٍ فَأَنفِقُوا عَلَيْهِنَّ حَتَّىٰ يَضَعْنَ حَمْلَهُنَّ ۚ فَإِنْ أَرْضَعْنَ لَكُمْ فَآتُوهُنَّ أُجُورَهُنَّ ۖ وَأْتَمِرُوا بَيْنَكُم بِمَعْرُوفٍ ۖ وَإِن تَعَاسَرْتُمْ فَسَتُرْضِعُ لَهُ أُخْرَىٰ
အသင်တို့သည် ထို(ကွာရှင်းပြီး ဖြစ်ကြသော)မိန်းမများအား မိမိတို့ နေထိုင်ရာတွင် မိမိတို့၏ ကြွယ်ဝ မှုနှင့်လျော်ညီ (နေထိုင်ရန်)အိမ်ပေးကြလေကုန်။ ထို့အပြင် အသင်တို့သည် ၎င်းတို့အပေါ်၌ ကျပ်တည်းစေခြင်းငှာ ၎င်းတို့အား ဒုက္ခမပေးကြကုန်လင့်။ ထိုမှတစ်ပါး အကယ်၍ ထိုမိန်းမများမှာ ကိုယ်ဝန်ရှိသူများ ဖြစ်ခဲ့ကြလျှင် အသင်တို့သည် ၎င်းတို့နှင့်ပတ်သက်၍ ၎င်းတို့သည် မိမိတို့၏ကိုယ်ဝန်ကို ဖွားမြင်ကြသည်အထိ သုံးစွဲကြလေကုန်။ တစ်ဖန် အကယ်၍ ၎င်းတို့သည် အသင်တို့အကျိုးငှာ(အသင်တို့၏ကလေးကို)နို့တိုက်ကျွေးခဲ့ကြလျှင် အသင်တို့သည် ၎င်းတို့အား ၎င်းတို့အခများကို ပေးဆပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း သင့်လျော်စွာ ညှိနှိုင်းတိုင်ပင်ကြလေကုန်။ သို့ရာတွင် အကယ်၍ သင်တို့သည် အချင်းချင်း မညီမညွတ် မပြေမလည် ဖြစ်ခဲ့ကြလျှင် ထို(ဖခင်)၏အကျိုးငှာ အခြားမိန်းမ တစ်ဦးတစ်ယောက်သည် နို့တိုက်ကျွေးရမည်ဖြစ်၏။
7لِيُنفِقْ ذُو سَعَةٍ مِّن سَعَتِهِ ۖ وَمَن قُدِرَ عَلَيْهِ رِزْقُهُ فَلْيُنفِقْ مِمَّا آتَاهُ اللَّهُ ۚ لَا يُكَلِّفُ اللَّهُ نَفْسًا إِلَّا مَا آتَاهَا ۚ سَيَجْعَلُ اللَّهُ بَعْدَ عُسْرٍ يُسْرًا
ကြွယ်ဝချမ်းသာသောသူသည် မိမိကြွယ်ဝမှု နှင့်လျော်ညီစွာ သုံးစွဲရပေမည်။ သို့ရာတွင် စီးပွား ဥစ္စာကျပ်တည်းသော သူမှာမူကား မိမိအား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသမျှ (ဥစ္စာပစ္စည်း)အနက်မှ သုံးစွဲရပေမည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှပင် မိမိချီးမြှင့်ပေးသနားတော်မူသည်ထက်ပို၍ တာဝန်ပေးသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ကျပ်တည်းမှု၏နောက်တွင် မကြာမြင့်မီပင် ချောင် လည်မှုကို ဖန်တီး၍ ပေးသနားတော်မူအံ့သတည်း။
8وَكَأَيِّن مِّن قَرْيَةٍ عَتَتْ عَنْ أَمْرِ رَبِّهَا وَرُسُلِهِ فَحَاسَبْنَاهَا حِسَابًا شَدِيدًا وَعَذَّبْنَاهَا عَذَابًا نُّكْرًا
စင်စစ်သော်ကား မြောက်မြားစွာသော မြို့ရွာများ(၌နေထိုင်သောသူတို့)သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များ၏ အမိန့်များကိုလည်းကောင်း၊ ဖီဆန်တော်လှန်ခဲ့ကြလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်း မြို့(သူ)ရွာ(သား)တို့အား ပြင်းထန်စွာ စစ်ဆေးတော်မူသည့်ပြင် ၎င်းတို့အား ဆိုးရွားလှသော ပြစ်ဒဏ်ကို တပ်ရိုက်စီရင်တော်မူခဲ့သည်။
9فَذَاقَتْ وَبَالَ أَمْرِهَا وَكَانَ عَاقِبَةُ أَمْرِهَا خُسْرًا
မည်သို့ပင်ဖြစ်စေ ယင်းမြို့(သူ)ရွာ(သား)တို့မှာ မိမိတို့၏ အမှုကိစ္စများနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရကုန်၏။ စင်စစ် ၎င်းတို့၏ နောက်ဆုံး အကျိုးမှာ ဆုံးရှုံးမှုပင် ဖြစ်ခဲ့လေ၏။
10أَعَدَّ اللَّهُ لَهُمْ عَذَابًا شَدِيدًا ۖ فَاتَّقُوا اللَّهَ يَا أُولِي الْأَلْبَابِ الَّذِينَ آمَنُوا ۚ قَدْ أَنزَلَ اللَّهُ إِلَيْكُمْ ذِكْرًا
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ ပြင်းထန်လှစွာသော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။ သို့ဖြစ်ပေရာ အို-သက်ဝင် ယုံကြည် ခဲ့ကြလေသောဉာဏ်ရှင်တို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံ "ဆုံးမစာ" (ကုရ်အာန်ကျမ်းတော်မြတ်)ကို ချပေးသနားတော်မူခဲ့၏။
အတ်-တလာ့ကုရ်အာန် ညွှန်းကိန်း
12အာယာသ်
MedinanRevelation
8အာယာသ်

ဘာသာပြန် — အတ်-တလာ့ 8

စူရာ အတ်-တလာ့ အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား မြောက်မြားစွာသော မြို့ရွာများ(၌နေထိုင်သောသူတို့)သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်များ၏ အမိန့်များကိုလည်းကောင်း၊…

စူရာ အာယာသ် 8/12 — စူရာ အတ်-တလာ့ الطلاق (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တလာ့ နားထောင်, စူရာ အတ်-တလာ့ ဘာသာပြန်, စူရာ အတ်-တလာ့ mp3, စူရာ အတ်-တလာ့ pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers