အတ်-တောင်ဘ · 25/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
لَقَدْ نَصَرَكُمُ اللَّهُ فِي مَوَاطِنَ كَثِيرَةٍ ۙ وَيَوْمَ حُنَيْنٍ ۙ إِذْ أَعْجَبَتْكُمْ كَثْرَتُكُمْ فَلَمْ تُغْنِ عَنكُمْ شَيْئًا وَضَاقَتْ عَلَيْكُمُ الْأَرْضُ بِمَا رَحُبَتْ ثُمَّ وَلَّيْتُم مُّدْبِرِينَ ۝٢٥
Laqad nasarakumul laahu fee mawaatina kaseeratinw wa yawma Hunainin iz a`jabatkum kasratukum falam tughni `ankum shai`anw wa daaqat `alaikumul ardu bimaa rahubat summa wallaitum mudbireen
📖 မြန်မာဘာသာ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား များစွာသော စစ်မ�ေပြင်များ၌လည်း ကောင်း၊ ‘ဟို့နိုင်န်’(တောင်ကြားတွင်စစ်ဖြစ်ခဲ့သော) နေ့၌လည်းကောင်း၊ ကူညီဆောင်မတော်မူခဲ့လေ သည်။ ထို(ဟို့နိုင်န် တောင်ကြားတွင်စစ်ဖြစ်သော)အခါ အသင်တို့၏(စစ်သည် အရေအတွက်)များပြားမှုသည် အသင်တို့အား စိတ်ကြီးဝင် ဘဝင်မြင့် (မော်ကြွားထောင်လွှား)စေခဲ့လေသည်။ သို့ရာတွင် ထို(အရေအတွက်)များပြားမှုသည် အသင်တို့အဖို့ လုံးဝ အသုံးမဝင်ခဲ့သည်သာမက ပထဝီမြေပြင်သည်လည်း (ဤမျှ) ကျယ်ဝန်းပါလျက်နှင့်ပင် အသင်တို့အပေါ်၌ ကျဉ်းမြောင်း၍ သွားခဲ့လေတော့သည်။ထို့နောက် အသင်တို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ—
  • မַוַאטིန် (مَوَاطِن) — စစ်မြေပြင်များ၊ တိုက်ပွဲရင်ဆိုင်ရာ နေရာများ။
  • ဟုနိုင်န် (حُنَيْن) — မက္ကာနှင့် သွိုင်ဖ်မြို့အကြားရှိ ချိုင့်ဝှမ်းတစ်ခု၏ အမည်။
  • အအ်ဂျဗတ်ကွမ် (أَعْجَبَتْكُمْ) — သင့်တို့အား အံ့ဩမှုဖြစ်စေခဲ့သည်၊ မာန်တက်စေခဲ့သည်။
  • သွဂ်နီ (تُغْنِ) — အကျိုးမပေးနိုင်၊ အထောက်အကူမဖြစ်။
  • ဗိမာ ရဟ်ဗတ် (بِمَا رَحُبَتْ) — ကျယ်ဝန်းလျက်ရှိသော်လည်း။
  • ဝလ္လိုင်သွမ် မုဒ်ဗိရီန် (وَلَّيْتُم مُّدْبِرِينَ) — ကျောခိုင်း၍ ထွက်ပြေးသွားကြသည်။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်သက်ဝင်ယုံကြည်သူများအား များစွာသော စစ်မြေပြင်များ၌ အောင်မြင်မှုပေးတော်မူခဲ့သည်။ ထိုအောင်မြင်မှုများသည် သူတို့၏ စစ်သည်အင်အား များပြားခြင်းကြောင့် မဟုတ်ဘဲ၊ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ်ချမှုထားခြင်းနှင့် လိုအပ်သော အကြောင်းရင်းများကို ဖြည့်ဆည်းခြင်းကြောင့် ဖြစ်သည်။ သို့သော် ဟုနိုင်န်တိုက်ပွဲနေ့တွင် သူတို့သည် မိမိတို့၏ စစ်သည်အင်အား များပြားမှုကို အလွန်အကျွံ ဂုဏ်ယူမာန်တက်ခဲ့ကြပြီး "ယနေ့ ကျွန်ုပ်တို့သည် အင်အားနည်းပါးမှုကြောင့် ရှုံးနိမ့်မည် မဟုတ်" ဟု ပြောဆိုခဲ့ကြသည်။ ထိုအခါ သူတို့၏ များပြားသော အင်အားသည် မည်သည့်အကျိုးကိုမျှ မပေးနိုင်ခဲ့ပေ။ ကျယ်ဝန်းလှသော မြေပြင်သည် သူတို့အပေါ် ကျဉ်းမြောင်းသွားသကဲ့သို့ ခံစားရပြီး ရန်သူများကို ကျောခိုင်း၍ ထွက်ပြေးခဲ့ကြရသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ—
  • အောင်မြင်မှုသည် လူအင်အား များပြားခြင်းကြောင့် မဟုတ်ဘဲ အလ္လာဟ်အရှင်မြတ်၏ အကူအညီတော်ကြောင့်သာ ဖြစ်သည်။
  • မိမိတို့၏ အင်အား၊ စွမ်းရည်ကို ဂုဏ်ယူမာန်တက်ခြင်းသည် ရှုံးနိမ့်မှုဆီသို့ ပို့ဆောင်နိုင်သည်။
  • အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ်ချမှုထားခြင်းနှင့် ကြိုးစားအားထုတ်ခြင်း နှစ်ခုစလုံးသည် အောင်မြင်မှုအတွက် လိုအပ်သည်။
  • ခက်ခဲသော အခြေအနေများတွင် အလ္လာဟ်အရှင်မြတ်ထံသာ ပြန်လည်မှီခိုရမည်။
  • ဤအာယသ်တော်သည် မုအ်မင်န်များအား မာန်မာနမထားရန


📜 အာယာသ် 23-27 — စူရာ အတ်-တောင်ဘ

23يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا آبَاءَكُمْ وَإِخْوَانَكُمْ أَوْلِيَاءَ إِنِ اسْتَحَبُّوا الْكُفْرَ عَلَى الْإِيمَانِ ۚ وَمَن يَتَوَلَّهُم مِّنكُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့၏ အဖ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ အသင်တို့၏ညီသားအစ်ကိုတို့သည်လည်းကောင်း၊ အကယ်၍ ‘ကုဖ်ရ်သွေဖည်ငြင်းပယ်မှု’ကို ‘အီမာန်ယုံကြည်မှု’ထက် နှစ်သက်မြတ်နိုးကြပါလျှင် အသင်တို့သည် ၎င်းတို့အား အဆွေခင်ပွန်းများ မပြုလုပ်ကြကုန်လင့်။ စင်စစ်မူကား မည်သူမဆို အသင်တို့အနက်မှ ၎င်းတို့အား အဆွေခင်ပွန်း ပြုလုပ်ပါလျှင် ထိုကဲ့သို့သောသူများသည်သာ မတရာမှု ကျူးလွန်သူများ ဖြစ်ကြအံ့သတည်း။
24قُلْ إِن كَانَ آبَاؤُكُمْ وَأَبْنَاؤُكُمْ وَإِخْوَانُكُمْ وَأَزْوَاجُكُمْ وَعَشِيرَتُكُمْ وَأَمْوَالٌ اقْتَرَفْتُمُوهَا وَتِجَارَةٌ تَخْشَوْنَ كَسَادَهَا وَمَسَاكِنُ تَرْضَوْنَهَا أَحَبَّ إِلَيْكُم مِّنَ اللَّهِ وَرَسُولِهِ وَجِهَادٍ فِي سَبِيلِهِ فَتَرَبَّصُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား ဤသို့ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့၏အဖများသည်လည်း ကောင်း၊ အသင်တို့၏သားများသည်လည်းကောင်း၊ အသင်တို့၏ညီသားအစ်ကိုများသည်လည်းကောင်း၊ အသင်တို့၏ ဇနီးကြင်ရာများသည်လည်းကောင်း၊ အသင်တို့၏ဆွေမျိုးသားချင်းများသည် လည်းကောင်း၊ အသင်တို့ ရှာဖွေဆည်းပူးထားကြသောပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့သည် ထိုင်းမှိုင်းသွား မည်ကိုစိုးရိမ်လျက်ရှိကုန်သော ရောင်းဝယ်ဖောက်ကား မှုသည်လည်းကောင်း၊ အသင်တို့ နှစ်သက်ကုန်သော အိမ်ယာတိုက်တာဂေဟာများသည်လည်းကောင်း၊ အသင်တို့ထံတွင် အလ္လာဟ်အရှင်မြတ်ထက်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်ထက်လည်းကောင်း၊ ထိုအရှင်မြတ်၏လမ်းတော်၌စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းထက်လည်းကောင်း၊ ပိုမို၍ပင်ချစ်ခင်စုံမက် မြတ်နိုးဖွယ်ရာများ ဖြစ်ခဲ့ကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် (‘ဟစ်ဂျ်ရတ်’ မပြုလုပ်ခြင်း ၏အပြစ်ဒဏ်များနှင့်စပ်လျဉ်း၍) မိမိအမိန့်တော်ကို ထုတ်ပြန်တော်မူသည့်တိုင်အောင် အသင်တို့သည် စောင့်ဆိုင်း၍သာနေကြကုန်လော့။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကိုသွေဖည်သောသူတို့အား တရားလမ်းမှန်ကို ပြသတော်မူသည်မဟုတ်ပေ။
25لَقَدْ نَصَرَكُمُ اللَّهُ فِي مَوَاطِنَ كَثِيرَةٍ ۙ وَيَوْمَ حُنَيْنٍ ۙ إِذْ أَعْجَبَتْكُمْ كَثْرَتُكُمْ فَلَمْ تُغْنِ عَنكُمْ شَيْئًا وَضَاقَتْ عَلَيْكُمُ الْأَرْضُ بِمَا رَحُبَتْ ثُمَّ وَلَّيْتُم مُّدْبِرِينَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား များစွာသော စစ်မ�ေပြင်များ၌လည်း ကောင်း၊ ‘ဟို့နိုင်န်’(တောင်ကြားတွင်စစ်ဖြစ်ခဲ့သော) နေ့၌လည်းကောင်း၊ ကူညီဆောင်မတော်မူခဲ့လေ သည်။ ထို(ဟို့နိုင်န် တောင်ကြားတွင်စစ်ဖြစ်သော)အခါ အသင်တို့၏(စစ်သည် အရေအတွက်)များပြားမှုသည် အသင်တို့အား စိတ်ကြီးဝင် ဘဝင်မြင့် (မော်ကြွားထောင်လွှား)စေခဲ့လေသည်။ သို့ရာတွင် ထို(အရေအတွက်)များပြားမှုသည် အသင်တို့အဖို့ လုံးဝ အသုံးမဝင်ခဲ့သည်သာမက ပထဝီမြေပြင်သည်လည်း (ဤမျှ) ကျယ်ဝန်းပါလျက်နှင့်ပင် အသင်တို့အပေါ်၌ ကျဉ်းမြောင်း၍ သွားခဲ့လေတော့သည်။ထို့နောက် အသင်တို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြလေသတည်း။
26ثُمَّ أَنزَلَ اللَّهُ سَكِينَتَهُ عَلَىٰ رَسُولِهِ وَعَلَى الْمُؤْمِنِينَ وَأَنزَلَ جُنُودًا لَّمْ تَرَوْهَا وَعَذَّبَ الَّذِينَ كَفَرُوا ۚ وَذَٰلِكَ جَزَاءُ الْكَافِرِينَ
ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှ မိမိရစူလ်တမန်တော်၏ အပေါ်၌လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ အပေါ်၌လည်းကောင်း၊စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အသင်တို့ မမြင်နိုင်သော စစ်သည်ရဲမက်တို့ကိုလည်း စေလွှတ်ပေးတော်မူခဲ့လေသည်။ ထို့ပြင်ထိုအရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့အား ပြစ်ဒဏ်ပေးတော်မူခဲ့လေသည်။ အမှန်သော်ကား ဤသည်သာလျှင် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ အကျိုးပင်တည်း။
27ثُمَّ يَتُوبُ اللَّهُ مِن بَعْدِ ذَٰلِكَ عَلَىٰ مَن يَشَاءُ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူ၏ဘက်သို့ ကရုဏာတော် နှင့်လှည့်တော်မူအံ့။ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနား ကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
25အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 25

စူရာ အတ်-တောင်ဘ အာယာသ် 25 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား များစွာသော စစ်မ�ေပြင်များ၌လည်း ကောင်း၊ ‘ဟို့နိုင်န်’(တောင်ကြားတွင်စစ်ဖြစ်ခဲ့သော) နေ့၌လည်းကောင်း၊ ကူညီဆောင်မတော်မူခဲ့လေ သည်။…

စူရာ အာယာသ် 25/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 23–27. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers