ثُمَّ أَنزَلَ اللَّهُ سَكِينَتَهُ عَلَىٰ رَسُولِهِ وَعَلَى الْمُؤْمِنِينَ وَأَنزَلَ جُنُودًا لَّمْ تَرَوْهَا وَعَذَّبَ الَّذِينَ كَفَرُوا ۚ وَذَٰلِكَ جَزَاءُ الْكَافِرِينَ ٢٦
🔤 Transliteration
Summa anzalal laahu sakeenatahoo `alaa Rasoolihee wa `alalmu `mineena wa anzala junoodal lam tarawhaa wa azzabal lazeena kafaroo; wa zaalika jazaaa`ul kaafireen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှ မိမိရစူလ်တမန်တော်၏ အပေါ်၌လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ အပေါ်၌လည်းကောင်း၊စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အသင်တို့ မမြင်နိုင်သော စစ်သည်ရဲမက်တို့ကိုလည်း စေလွှတ်ပေးတော်မူခဲ့လေသည်။ ထို့ပြင်ထိုအရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့အား ပြစ်ဒဏ်ပေးတော်မူခဲ့လေသည်။ အမှန်သော်ကား ဤသည်သာလျှင် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ အကျိုးပင်တည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ سَكِينَتَهُ (စကီနသ်) — ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှု၊ စိတ်နှလုံးအေးငြိမ်းစေသော ကရုဏာတော်။جُنُودًا لَّمْ تَرَوْهَا (ဂျုနူဒန် လမ် တရောဟာ) — သင်တို့မမြင်နိုင်သော စစ်တပ်များ၊ ဤနေရာတွင် ကောင်းကင်တမန်များ (မာလာအိကဟ်) ကို ဆိုလိုသည်။وَعَذَّبَ (ဝအဇ်ဇဗ) — ပြစ်ဒဏ်ပေးတော်မူခဲ့သည်။جَزَاءُ الْكَافِرِينَ (ဂျဇာအုလ် ကာဖိရီန်) — ကာဖိရ်များ၏ အကျိုးအပြစ်၊ ဆုလာဘ်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်မုဟမ္မဒ် (ဆွ) အပေါ်လည်းကောင်း၊ မုအ်မင်န်သက်ဝင်ယုံကြည်သူများအပေါ်လည်းကောင်း ငြိမ်းချမ်းအေးချမ်းမှု (စကီနသ်) ကို ချပေးတော်မူခဲ့သည်။ ဤသည်မှာ ဟုနိုင်းန်စစ်ပွဲတွင် မုစ်လင်မ်များ ရုတ်တရက် ရှုံးနိမ့်လုနီးပါး ဖြစ်သွားပြီးနောက် ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုအခက်အခဲအချိန်တွင် သူတို့၏ စိတ်နှလုံးများကို တည်ငြိမ်စေတော်မူပြီး ရဲစွမ်းသတ္တိကို ပြန်လည်ဖြည့်တင်းပေးတော်မူခဲ့သည်။
ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့ မမြင်နိုင်သော စစ်တပ်များ — ကောင်းကင်တမန်များကို ချပေးတော်မူခဲ့သည်။ ထိုကောင်းကင်တမန်များသည် မုစ်လင်မ်များကို အားဖြည့်ပေးပြီး ရန်သူများကို ကြောက်ရွံ့စေခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များကို ပြစ်ဒဏ်ပေးတော်မူခဲ့သည် — သတ်ဖြတ်ခြင်း၊ အဖမ်းခံရခြင်း၊ ဥစ္စာပစ္စည်းများ သိမ်းယူခံရခြင်း၊ သားသမီးများ ဖမ်းဆီးခံရခြင်းတို့ဖြင့် ဖြစ်သည်။ ဤအရာသည် ကာဖိရ်များ၏ အကျိုးအပြစ်ဖြစ်သည်။ သူတို့သည် တမန်တော်ကို မဟုတ်မမှန်စွာ ငြင်းပယ်ခဲ့ကြပြီး အမှန်တရားကို လက်မခံခဲ့ကြသောကြောင့် ဤကဲ့သို့သော ပြစ်ဒဏ်ကို ခံခဲ့ကြရသည်။ လောကီဘဝတွင် ဤပြစ်ဒဏ်ဖြစ်ပြီး၊ နောင်တမလွန်ဘဝတွင်မူ ငရဲမီး၏ ပြစ်ဒဏ်သည် သူတို့အတွက် စောင့်ကြိုနေသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ ၁။ **အလ္လာဟ်အရှင်မြတ်သည် မိမိအား ယုံကြည်ကိုးစားသူများကို အမြဲကူညီတော
ثُمَّ أَنزَلَ ٱللَّهُ سَكِينَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلۡمُؤۡمِنِينَ وَأَنزَلَ جُنُودًا لَّمۡ تَرَوۡهَا وَعَذَّبَ ٱلَّذِينَ كَفَرُواْۚ وَذَٰلِكَ جَزَآءُ ٱلۡكَٰفِرِينَ ٢٦
ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှ မိမိရစူလ်တမန်တော်၏ အပေါ်၌လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ အပေါ်၌လည်းကောင်း၊စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အသင်တို့ မမြင်နိုင်သော စစ်သည်ရဲမက်တို့ကိုလည်း စေလွှတ်ပေးတော်မူခဲ့လေသည်။ ထို့ပြင်ထိုအရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့အား ပြစ်ဒဏ်ပေးတော်မူခဲ့လေသည်။ အမှန်သော်ကား ဤသည်သာလျှင် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ အကျိုးပင်တည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 24-28 — စူရာ အတ်-တောင်ဘ
24 قُلْ إِن كَانَ آبَاؤُكُمْ وَأَبْنَاؤُكُمْ وَإِخْوَانُكُمْ وَأَزْوَاجُكُمْ وَعَشِيرَتُكُمْ وَأَمْوَالٌ اقْتَرَفْتُمُوهَا وَتِجَارَةٌ تَخْشَوْنَ كَسَادَهَا وَمَسَاكِنُ تَرْضَوْنَهَا أَحَبَّ إِلَيْكُم مِّنَ اللَّهِ وَرَسُولِهِ وَجِهَادٍ فِي سَبِيلِهِ فَتَرَبَّصُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
(အို-နဗီတမန်တော်) အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား ဤသို့ပြောကြားပါလေ။ (ဟယ်အချင်းတို့) အသင်တို့၏အဖများသည်လည်း ကောင်း၊ အသင်တို့၏သားများသည်လည်းကောင်း၊ အသင်တို့၏ညီသားအစ်ကိုများသည်လည်းကောင်း၊ အသင်တို့၏ ဇနီးကြင်ရာများသည်လည်းကောင်း၊ အသင်တို့၏ဆွေမျိုးသားချင်းများသည် လည်းကောင်း၊ အသင်တို့ ရှာဖွေဆည်းပူးထားကြသောပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့သည် ထိုင်းမှိုင်းသွား မည်ကိုစိုးရိမ်လျက်ရှိကုန်သော ရောင်းဝယ်ဖောက်ကား မှုသည်လည်းကောင်း၊ အသင်တို့ နှစ်သက်ကုန်သော အိမ်ယာတိုက်တာဂေဟာများသည်လည်းကောင်း၊ အသင်တို့ထံတွင် အလ္လာဟ်အရှင်မြတ်ထက်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်ထက်လည်းကောင်း၊ ထိုအရှင်မြတ်၏လမ်းတော်၌စစ်မက် ပြိုင်ဆိုင် တိုက်ခိုက်ခြင်းထက်လည်းကောင်း၊ ပိုမို၍ပင်ချစ်ခင်စုံမက် မြတ်နိုးဖွယ်ရာများ ဖြစ်ခဲ့ကြပါလျှင် အလ္လာဟ်အရှင်မြတ်သည် (‘ဟစ်ဂျ်ရတ်’ မပြုလုပ်ခြင်း ၏အပြစ်ဒဏ်များနှင့်စပ်လျဉ်း၍) မိမိအမိန့်တော်ကို ထုတ်ပြန်တော်မူသည့်တိုင်အောင် အသင်တို့သည် စောင့်ဆိုင်း၍သာနေကြကုန်လော့။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အမိန့်တော်ကိုသွေဖည်သောသူတို့အား တရားလမ်းမှန်ကို ပြသတော်မူသည်မဟုတ်ပေ။
25 لَقَدْ نَصَرَكُمُ اللَّهُ فِي مَوَاطِنَ كَثِيرَةٍ ۙ وَيَوْمَ حُنَيْنٍ ۙ إِذْ أَعْجَبَتْكُمْ كَثْرَتُكُمْ فَلَمْ تُغْنِ عَنكُمْ شَيْئًا وَضَاقَتْ عَلَيْكُمُ الْأَرْضُ بِمَا رَحُبَتْ ثُمَّ وَلَّيْتُم مُّدْبِرِينَ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား များစွာသော စစ်မ�ေပြင်များ၌လည်း ကောင်း၊ ‘ဟို့နိုင်န်’(တောင်ကြားတွင်စစ်ဖြစ်ခဲ့သော) နေ့၌လည်းကောင်း၊ ကူညီဆောင်မတော်မူခဲ့လေ သည်။ ထို(ဟို့နိုင်န် တောင်ကြားတွင်စစ်ဖြစ်သော)အခါ အသင်တို့၏(စစ်သည် အရေအတွက်)များပြားမှုသည် အသင်တို့အား စိတ်ကြီးဝင် ဘဝင်မြင့် (မော်ကြွားထောင်လွှား)စေခဲ့လေသည်။ သို့ရာတွင် ထို(အရေအတွက်)များပြားမှုသည် အသင်တို့အဖို့ လုံးဝ အသုံးမဝင်ခဲ့သည်သာမက ပထဝီမြေပြင်သည်လည်း (ဤမျှ) ကျယ်ဝန်းပါလျက်နှင့်ပင် အသင်တို့အပေါ်၌ ကျဉ်းမြောင်း၍ သွားခဲ့လေတော့သည်။ထို့နောက် အသင်တို့သည် ကျောခိုင်း၍ ထွက်ပြေးခဲ့ကြလေသတည်း။
26 ثُمَّ أَنزَلَ اللَّهُ سَكِينَتَهُ عَلَىٰ رَسُولِهِ وَعَلَى الْمُؤْمِنِينَ وَأَنزَلَ جُنُودًا لَّمْ تَرَوْهَا وَعَذَّبَ الَّذِينَ كَفَرُوا ۚ وَذَٰلِكَ جَزَاءُ الْكَافِرِينَ
ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှ မိမိရစူလ်တမန်တော်၏ အပေါ်၌လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ အပေါ်၌လည်းကောင်း၊စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အသင်တို့ မမြင်နိုင်သော စစ်သည်ရဲမက်တို့ကိုလည်း စေလွှတ်ပေးတော်မူခဲ့လေသည်။ ထို့ပြင်ထိုအရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည်သွေဖည် ငြင်းပယ်သောသူတို့အား ပြစ်ဒဏ်ပေးတော်မူခဲ့လေသည်။ အမှန်သော်ကား ဤသည်သာလျှင် ‘ကာဖိရ်’မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ အကျိုးပင်တည်း။
27 ثُمَّ يَتُوبُ اللَّهُ مِن بَعْدِ ذَٰلِكَ عَلَىٰ مَن يَشَاءُ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူ၏ဘက်သို့ ကရုဏာတော် နှင့်လှည့်တော်မူအံ့။ စင်စစ်တမူကား အလ္လာဟ် အရှင်မြတ်သည် အလွန်တရာလွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနား ကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
28 يَا أَيُّهَا الَّذِينَ آمَنُوا إِنَّمَا الْمُشْرِكُونَ نَجَسٌ فَلَا يَقْرَبُوا الْمَسْجِدَ الْحَرَامَ بَعْدَ عَامِهِمْ هَٰذَا ۚ وَإِنْ خِفْتُمْ عَيْلَةً فَسَوْفَ يُغْنِيكُمُ اللَّهُ مِن فَضْلِهِ إِن شَاءَ ۚ إِنَّ اللَّهَ عَلِيمٌ حَكِيمٌ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့။မွရှ်ရစ်က်တို့ကား ညစ်ညမ်းသောသူများသာ ဖြစ်ကြကုန်၏။သို့ဖြစ်ပေရာ ၎င်းတို့သည် ဤနှစ်ကုန်ဆုံးပြီးလျှင် ‘မတ်စ်ဂျိဒေဟရာမ်’ ထူးမြတ်သော ဗလီကျောင်းတော်၏အပါးသို့ပင်ချဉ်းကပ်ခြင်း မပြုကြရချေ။ ၎င်းပြင် အကယ်၍ အသင်တို့သည် ဆင်းရဲနွမ်းပါးမှုကို စိုးရိမ်ကြပါလျှင်၊ အလ္လာဟ် အရှင်မြတ်သည် အလိုရှိတော်မူပါက မကြာမြင့်မီအတွင်း အသင်တို့အား မိမိကျေးဇူးတော်ဖြင့် ဥစ္စာပစ္စည်း ကုံလုံကြွယ်ဝ ပြည့်စုံစေတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလုံးစုံကိုအကြွင်းမဲ့ သိတော်မူသောအရှင်၊ ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အတ်-တောင်ဘ 26 စူရာ အတ်-တောင်ဘ အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက်တဖန် အလ္လာဟ်အရှင်မြတ်သည် မိမိအထံတော်မှ မိမိရစူလ်တမန်တော်၏ အပေါ်၌လည်းကောင်း၊’မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့ အပေါ်၌လည်းကောင်း၊စိတ်တည်ငြိမ်မှုကို ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အသင်တို့…
စူရာ အာယာသ် 26/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.