📖 0/604 ဖတ်ပြီးသောစာမျက်နှာများ
📄 569
يُبَصَّرُونَهُمۡۚ يَوَدُّ ٱلۡمُجۡرِمُ لَوۡ يَفۡتَدِي مِنۡ عَذَابِ يَوۡمِئِذِۭ بِبَنِيهِ  ۝١١ وَصَٰحِبَتِهِۦ وَأَخِيهِ  ۝١٢ وَفَصِيلَتِهِ ٱلَّتِي تُـٔۡوِيهِ  ۝١٣ وَمَن فِي ٱلۡأَرۡضِ جَمِيعًا ثُمَّ يُنجِيهِ  ۝١٤ كـَلَّآۖ إِنَّهَا لَظَىٰ  ۝١٥ نَزَّاعَةً لِّلشَّوَىٰ  ۝١٦ تَدۡعُواْ مَنۡ أَدۡبَرَ وَتَوَلَّىٰ  ۝١٧ وَجَمَعَ فَأَوۡعَىٰٓ  ۝١٨ ۞ إِنَّ ٱلۡإِنسَٰنَ خُلِقَ هَلُوعًا  ۝١٩ إِذَا مَسَّهُ ٱلشَّرُّ جَزُوعًا  ۝٢٠ وَإِذَا مَسَّهُ ٱلۡخَيۡرُ مَنُوعًا  ۝٢١ إِلَّا ٱلۡمُصَلِّينَ  ۝٢٢ ٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ دَآئِمُونَ  ۝٢٣ وَٱلَّذِينَ فِيٓ أَمۡوَٰلِهِمۡ حَقٌّ مَّعۡلُومٌ  ۝٢٤ لِّلسَّآئِلِ وَٱلۡمَحۡرُومِ  ۝٢٥ وَٱلَّذِينَ يُصَدِّقُونَ بِيَوۡمِ ٱلدِّينِ  ۝٢٦ وَٱلَّذِينَ هُم مِّنۡ عَذَابِ رَبِّهِم مُّشۡفِقُونَ  ۝٢٧ إِنَّ عَذَابَ رَبِّهِمۡ غَيۡرُ مَأۡمُونٍ  ۝٢٨ وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ  ۝٢٩ إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ  ۝٣٠ فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡعَادُونَ  ۝٣١ وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ  ۝٣٢ وَٱلَّذِينَ هُم بِشَهَٰدَٰتِهِمۡ قَآئِمُونَ  ۝٣٣ وَٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ يُحَافِظُونَ  ۝٣٤ أُوْلَٰٓئِكَ فِي جَنَّٰتٍ مُّكۡرَمُونَ  ۝٣٥ فَمَالِ ٱلَّذِينَ كَفَرُواْ قِبَلَكَ مُهۡطِعِينَ  ۝٣٦ عَنِ ٱلۡيَمِينِ وَعَنِ ٱلشِّمَالِ عِزِينَ  ۝٣٧ أَيَطۡمَعُ كُلُّ ٱمۡرِيٍٕ مِّنۡهُمۡ أَن يُدۡخَلَ جَنَّةَ نَعِيمٍ  ۝٣٨ كـَلَّآۖ إِنَّا خَلَقۡنَٰهُم مِّمَّا يَعۡلَمُونَ  ۝٣٩
70:11
يُبَصَّرُونَهُمۡۚ يَوَدُّ ٱلۡمُجۡرِمُ لَوۡ يَفۡتَدِي مِنۡ عَذَابِ يَوۡمِئِذِۭ بِبَنِيهِ  ۝١١
(စင်စစ်) ၎င်းတို့သည် အချင်းချင်း ပြသခြင်းကိုလည်း ခံကြရပေမည်။ (ထိုနေ့တွင်) အပြစ်ရှိသောသူသည် ထိုနေ့၏ပြစ်ဒဏ်မှ (လွတ်မြောက်ရန်) မိမိ သားများအားလည်းကောင်း၊
70:12
وَصَٰحِبَتِهِۦ وَأَخِيهِ  ۝١٢
မိမိကြင်ဖော်အားလည်းကောင်း၊ မိမိညီအစ်ကိုများအားလည်းကောင်း၊
70:13
وَفَصِيلَتِهِ ٱلَّتِي تُـٔۡوِيهِ  ۝١٣
မိမိအား ခိုလှုံနေထိုင်ရာ နေရာပေးသောဆွေမျိုးသားချင်းကိုလည်းကောင်း၊
70:14
وَمَن فِي ٱلۡأَرۡضِ جَمِيعًا ثُمَّ يُنجِيهِ  ۝١٤
ပထဝီမြေဝယ် ရှိကုန်သောသူ အားလုံးတို့အားလည်းကောင်း၊ အစားထိုး လျော်ကြေးပေးပြီးနောက် ထိုလျော်ကြေးသည် မိမိအား လွတ်မြောက်စေလျှင် ကောင်းလေစွဟု အာသာဆန္ဒရှိပေမည်။
70:15
كـَلَّآۖ إِنَّهَا لَظَىٰ  ۝١٥
(ထိုသို့) အလျှင်း မဖြစ်နိုင်ပေ။ ဧကန်စင်စစ်ယင်း(ငရဲမီး)မှာ ဟုန်းဟုန်းတောက်လျက်ရှိသော၊
70:16
نَزَّاعَةً لِّلشَّوَىٰ  ۝١٦
အရေကို ခွာပစ်အံ့သော မီးတောက်မီးလျှံပင်ဖြစ်ပေသည်။
70:17
تَدۡعُواْ مَنۡ أَدۡبَرَ وَتَوَلَّىٰ  ۝١٧
ယင်းမီးကား (လောကီဘဝ၌ အီမာန် သက်ဝင်ယုံကြည်ခြင်းမပြုဘဲ) မျက်နှာလွှဲ ကျောခိုင်း၍ ထွက်သွားခဲ့သော၊
70:18
وَجَمَعَ فَأَوۡعَىٰٓ  ۝١٨
(ပစ္စည်းဥစ္စာ) စုဆောင်း၍ လုံခြုံစွာ သိုမှီး ထိန်းသိမ်းခဲ့သောသူများအား ခေါ်ယူပေမည်။
70:19
۞ إِنَّ ٱلۡإِنسَٰنَ خُلِقَ هَلُوعًا  ۝١٩
စင်စစ်ဧကန် "မနုဿ" လူသားမှာ လွန်စွာစိတ်စောသူ၊ သည်းမခံနိုင်သောသူအဖြစ် ဖန်ဆင်းခြင်းကို ခံခဲ့ရလေ၏။
70:20
إِذَا مَسَّهُ ٱلشَّرُّ جَزُوعًا  ۝٢٠
၎င်း၌ ဘေးဒုက္ခသက်ရောက်သောအခါ လွန်စွာ ညည်းညူတတ်သူ ဖြစ်၏။
70:21
وَإِذَا مَسَّهُ ٱلۡخَيۡرُ مَنُوعًا  ۝٢١
သို့ရာတွင် ၎င်း၌ ချောင်လည်မှု ကောင်းစားမှု သက်ရောက်သောအခါ လွန်စွာ တွန့်တိုစေးနှဲတတ်သူ ဖြစ်၏။
70:22
إِلَّا ٱلۡمُصَلِّينَ  ۝٢٢
သို့ရာတွင် "ဆွလာတ်" ဝတ်ပြုသူတို့မှာမူ ကား(ထိုကဲ့သို့ မဟုတ်ကြချေ။)
70:23
ٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ دَآئِمُونَ  ۝٢٣
အကြင်("ဆွလာတ်" ဝတ်ပြုသူ)တို့သည် မိမိတို့၏"ဆွလာတ်"ဝတ်ပြုမှုပေါ်၌ စွဲမြဲလျက် ရှိကြကုန်၏။
70:24
وَٱلَّذِينَ فِيٓ أَمۡوَٰلِهِمۡ حَقٌّ مَّعۡلُومٌ  ۝٢٤
၎င်းပြင် အကြင်("ဆွလာတ်"ဝတ်ပြု)သူတို့သည် ၎င်းတို့၏ပစ္စည်းဥစ္စာများ၌ သိရှိသတ်မှတ်ပြီးဖြစ်သော အခွင့်အရေးသည်ရှိပေ၏။
70:25
لِّلسَّآئِلِ وَٱلۡمَحۡرُومِ  ۝٢٥
တောင်းရမ်းသောသူ၏အဖို့ လည်းကောင်း၊(သိက္ခာကို စောင့်စည်းသောအားဖြင့်)တောင်းရမ်းခြင်း မပြုသောသူ၏အဖို့လည်းကောင်း၊
70:26
وَٱلَّذِينَ يُصَدِّقُونَ بِيَوۡمِ ٱلدِّينِ  ۝٢٦
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် အစားပေးမည့်နေ့ကို ဟုတ်မှန်သည်ဟု ယုံကြည်ထောက်ခံကြကြကုန်၏။
70:27
وَٱلَّذِينَ هُم مِّنۡ عَذَابِ رَبِّهِم مُّشۡفِقُونَ  ۝٢٧
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အပြစ်ဒဏ်ကို ကြောက်ရွံ့စိုးရိမ်လျက် ရှိကြကုန်၏။
70:28
إِنَّ عَذَابَ رَبِّهِمۡ غَيۡرُ مَأۡمُونٍ  ۝٢٨
စင်စစ်ဧကန် ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ပြစ်ဒဏ်မှာ စိုးရိမ်ခြင်းကင်းစွာ နေထိုင်နိုင်သော အရာမဟုတ်ပြီ။
70:29
وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ  ۝٢٩
၎င်းပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏အရှက်အင်္ဂါများကို ထိန်းသိမ်းကြကုန်၏။
70:30
إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ  ۝٣٠
မိမိတို့၏ ဇနီးမိန်းမများမှတစ်ပါး၊ သို့တည်းမဟုတ် မိမိတို့၏လက်ယာလက်များက ပိုင်ဆိုင်သော (တရားဝင်) ကျွန်မိန်းမများမှတစ်ပါး၊ အကြောင်း သော်ကား (မိမိတို့၏ ဇနီးမိန်းမများနှင့် သော်လည်းကောင်း၊ တရားဝင်ကျွန်မိန်းမများနှင့် သော်လည်းကောင်း၊ ကာယသံသဂ္ဂ ပြုခြင်းအားဖြင့်) ၎င်းတို့မှာ ကဲ့ရဲ့ပြစ်တင်ခြင်း ခံထိုက်သောသူများ မဟုတ်သောကြောင့်ပင်။
70:31
فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡعَادُونَ  ۝٣١
သို့ရာတွင် ထို(ဇနီးမိန်းမများ သို့မဟုတ် တရားဝင်ကျွန်မိန်းမများ)မှတစ်ပါးကို တောင့်တ ရှာဖွေကြကုန်သောသူများမှာကား (တရားတော်၏) စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်သောသူများပင် ဖြစ်ကြကုန်၏။
70:32
وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ  ۝٣٢
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့ ယုံကြည်လွှဲအပ်ခြင်း ခံကြရသည်တို့ကိုလည်းကောင်း၊ မိမိတို့၏ ကတိဝန်ခံချက်များကိုလည်း ကောင်း၊ စောင့်စည်း ထိန်းသိမ်းသူများပင် ဖြစ်ကြကုန်၏။
70:33
وَٱلَّذِينَ هُم بِشَهَٰدَٰتِهِمۡ قَآئِمُونَ  ۝٣٣
ထို့ပြင် အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏ သက်သေခံချက်များကို တိကျမှန်ကန်စွာ ထွက်ဆိုကြကုန်၏။
70:34
وَٱلَّذِينَ هُمۡ عَلَىٰ صَلَاتِهِمۡ يُحَافِظُونَ  ۝٣٤
ထိုမှတစ်ပါး အကြင်(ဆွလာတ်ဝတ်ပြု)သူတို့သည် မိမိတို့၏"ဆွလာတ်"ဝတ်ပြုမှုကို အမြဲမပြတ် စောင့်ထိန်းကြကုန်၏။
70:35
أُوْلَٰٓئِكَ فِي جَنَّٰتٍ مُّكۡرَمُونَ  ۝٣٥
ထိုသူတို့ကား"ဂျန္နတ်"သုခဘုံများဝယ် ဂုဏ်အသရေရှိစွာ စံစားကြရကုန်အံ့သတည်း။
70:36
فَمَالِ ٱلَّذِينَ كَفَرُواْ قِبَلَكَ مُهۡطِعِينَ  ۝٣٦
သို့ဖြစ်ပေရာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် မည်သည့်အကြောင်းကြောင့် အသင့်ဘက်သို့ လျှင်မြန်စွာ ပြေးလာလျက်ရှိကြသနည်း။
70:37
عَنِ ٱلۡيَمِينِ وَعَنِ ٱلشِّمَالِ عِزِينَ  ۝٣٧
လက်ယာဘက်မှလည်းကောင်း၊ လက်ဝဲဘက်မှလည်းကောင်း၊ အဖွဲ့လိုက်၊ အဖွဲ့လိုက်၊
70:38
أَيَطۡمَعُ كُلُّ ٱمۡرِيٍٕ مِّنۡهُمۡ أَن يُدۡخَلَ جَنَّةَ نَعِيمٍ  ۝٣٨
၎င်းတို့အနက် လူတိုင်းသည် စည်းစိမ်ချမ်းသာနှင့် ပြည်စုံလျက်၊ ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရောက် အလိုရမ္မက် ရှိလေသလော။
70:39
كـَلَّآۖ إِنَّا خَلَقۡنَٰهُم مِّمَّا يَعۡلَمُونَ  ۝٣٩
အလျှင်းမဟုတ်၊ ဧကန်အမှန် ငါအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့ သိရှိကြသောအရာဖြင့်(ပင်) ဖန်ဆင်းထားတော်မူသည်။


📚Juz 29 📄569 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

ကုရ်အာန်ကျမ်း


Tuesday, September 1, 2026

Don't forget us in your sincere prayers