အရ်-ရာအ်ဒ် · 14/43
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရာအ်ဒ်
لَهُ دَعْوَةُ الْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِن دُونِهِ لَا يَسْتَجِيبُونَ لَهُم بِشَيْءٍ إِلَّا كَبَاسِطِ كَفَّيْهِ إِلَى الْمَاءِ لِيَبْلُغَ فَاهُ وَمَا هُوَ بِبَالِغِهِ ۚ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ ۝١٤
Lahoo da`watul haqq; wallazeena yad`oona min doonihee laa yastajeeboona lahum bishai`in illaa kabaasiti kaffaihi ilal maaa`i liyablugha faahu wa maa huwa bibaalighih; wa maa du`aaa`ul aafireena illaa fee dalaal
📖 မြန်မာဘာသာ
မှန်ကန်သော ဟစ်ခေါ်တသ ဆုတောင်းပတ္ထနာပြုမှုသည် ထိုအရှင်မြတ်အထံတော်၌သာလျှင် ပြုထိုက်၏။ စင်စစ် ၎င်းတို့ဟစ်ခေါ်တသဆုတောင်း ပတ္ထနာပြုလျက်ရှိကြကုန်သောအရာဝတ္ထုတို့မှာမူကား ၎င်းတို့အား အကြင်သူ (ရရှိသည်)ထက်ပိုမို၍ ပေးစွမ်းနိုင်ကြသည် မရှိချေ။ ထိုသူသည် ရေရှိရာဘက်သို့၊ ထိုရေသည် ၎င်း၏ပါးစပ်ထဲသို့ (အလိုအလျောက်)ရောက်လာအံ့သောငှာ မိမိလက်ဝါးနှစ်ဖက်ကို ဖြန့်၍ထား၏။စင်စစ်မှာမူကားထိုရေသည်(မည်သည့်အခါမျှအလိုအလျောက်)ယင်းပါးစပ်ထဲသို့ ရောက်ရှိလာမည်မဟုတ်ပေ။ အမှန်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့၏ဟစ်ခေါ်တသဆုတောင်းပတ္ထနာပြုမှုသည် လွဲမှားမှု၌သာ ရှိနေပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်

  • دَعْوَةُ الْحَقِّ (ဒအ္ဝသုလ်ဟက္က်) — သစ္စာတရားဖြစ်သော ခေါ်ဆိုမှု၊ ဆုတောင်းမှု။ ဤနေရာတွင် “လာအိလာဟ အီလ်လလ္လာဟ်” (အလ္လာဟ်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ) ဟူသော တောင်ဟီးဒ်စကားကို ဆိုလိုသည်။
  • يَدْعُونَ مِن دُونِهِ (ယဒ်အူန မိန် ဒူနိဟိ) — အလ္လာဟ်မှတစ်ပါး အခြားအရာများကို ခေါ်ဆိုကိုးကွယ်ကြသည်။
  • لَا يَسْتَجِيبُونَ لَهُم بِشَيْءٍ (လာ ယစ်သဂျီးဗူန လဟွမ် ဗိရှိုင်အင်) — မည်သည့်အရာတစ်ခုကိုမျှ သူတို့အတွက် ပြန်လည်ဖြေကြားပေးနိုင်မည်မဟုတ်။
  • كَبَاسِطِ كَفَّيْهِ إِلَى الْمَاءِ (ကဗာသithi ကဖ်ဖိုင်ဟိ ဣလလ်မာအိ) — ရေသို့ လက်နှစ်ဖက်ကို ဖြန့်ကမ်းထားသူကဲ့သို့။
  • لِيَبْلُغَ فَاهُ (လိယဗ်လုဂဟ ဖာဟု) — မိမိပါးစပ်သို့ ရေရောက်စေရန်။
  • وَمَا هُوَ بِبَالِغِهِ (ဝမာ ဟုဝ ဗိဗာလိဂိဟိ) — သို့သော် ရေသည် သူ့ပါးစပ်သို့ ရောက်မည်မဟုတ်ပေ။
  • ضَلَالٍ (ဒလာလ်) — လမ်းမှားမှု၊ အချည်းနှီးဖြစ်မှု၊ ရည်မှန်းချက်မှ လွဲချော်မှု။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်တော်မူ၏။ သစ္စာတရားနှင့်ပြည့်စုံသော ခေါ်ဆိုမှု၊ ဆုတောင်းမှုသည် အရှင်မြတ်တစ်ပါးတည်းအတွက်သာ ဖြစ်၏။ “လာအိလာဟ အီလ်လလ္လာဟ်” ဟူသော တောင်ဟီးဒ်စကားသည် အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ဆည်းကပ်ရမည်ဟု ဖော်ပြသည်။ အရှင်မြတ်မှတစ်ပါး ကိုးကွယ်ဆည်းကပ်ကြသော ရုပ်တုများ၊ ကိုးကွယ်ရာများသည် မိမိတို့ကို ခေါ်ဆိုဆုတောင်းသူများ၏ တောင်းဆိုချက်ကို မည်သည့်နည်းနှင့်မျှ ဖြေကြားပေးနိုင်မည်မဟုတ်ပေ။

ထိုသူတို့၏ အခြေအနေသည် ရေငတ်နေသူတစ်ဦးနှင့် တူ၏။ သူသည် ရေတွင်းတစ်ခုအနီးတွင် ရပ်လျက် မိမိလက်နှစ်ဖက်ကို ရေသို့ ဖြန့်ကမ်းကာ ရေသည် မိမိပါးစပ်သို့ ရောက်လာပါစေဟု မျှော်လင့်နေ၏။ သို့သော် ရေသည် သူ့ပါးစပ်သို့ အလိုအလျောက် ရောက်လာမည်မဟုတ်ပေ။ ထို့ကြောင့် ရုပ်တုများကို ခေါ်ဆိုဆုတောင်းခြင်းသည် အကျိုးမရှိသော လုပ်ရပ်သာဖြစ်၏။ ကာဖိရ်များ၏ ဆုတောင်းမှုသည် အချည်းနှီးဖြစ်ပြီး လမ်းမှားမှုထဲတွင်သာ ရှိနေသည်။ အကြောင်းမှာ ထိုရုပ်တုများသည် မည်သည့်အကျိုးကိုမျှ ပေးနိုင်ခြင်း၊ မည်သည့်ဘေးအန္တရ



📜 အာယာသ် 12-16 — စူရာ အရ်-ရာအ်ဒ်

12هُوَ الَّذِي يُرِيكُمُ الْبَرْقَ خَوْفًا وَطَمَعًا وَيُنشِئُ السَّحَابَ الثِّقَالَ
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား လျှပ်စစ်ပြက်ခြင်းကို ကြောက်မက်ဖွယ်ရာအဖြစ် လည်းကောင်း၊မျှော်လင့်ဖွယ်ရာအဖြစ်လည်းကောင်း ပြတော်မူသောအရှင်ဖြစ်တော်မူသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင်လျှင် လေးလံစွာသောမိုးတိမ်များကို ဖန်ဆင်း (မြှင့်)မြှောက်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
13وَيُسَبِّحُ الرَّعْدُ بِحَمْدِهِ وَالْمَلَائِكَةُ مِنْ خِيفَتِهِ وَيُرْسِلُ الصَّوَاعِقَ فَيُصِيبُ بِهَا مَن يَشَاءُ وَهُمْ يُجَادِلُونَ فِي اللَّهِ وَهُوَ شَدِيدُ الْمِحَالِ
၎င်းပြင် ရအ်ဒ် အမည်ရှိသော ကောင်းကင်တမန် (မိုးခြိမ်းသံ)သည် ထိုအရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်(ထိုအရှင်မြတ်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကိုဘာဝနာစီးဖျန်းလေသည်။ ထိုနည်းတူစွာ(အခြား)ကောင်းကင်တမန်တို့သည်လည်း ထိုအရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်းအားဖြင့်(ချီးမွမ်းထောပနာပြုခြင်းနှင့်သန့်ရှင်း တော်မူကြောင်းကို ဘာဝနာစီးဖျန်းကြကုန်၏။) ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကြိုးသွားများကို စေလွှတ်တော်မူပြီးနောက် မိမိအလိုရှိတော်မူသောသူ၏အပေါ်ဝယ် ယင်းမိုးကြိုးသွားများကို ကျရောက်စေတော်မူ၏။ သို့ပါလျက် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ငြင်းခုံလျက် ရှိကြကုန်၏။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် ဖမ်းဆီးအရေးယူတော်မူသောအရှင်၊(အားအင်အလွန်ကြီးမားသောအရှင်)မြတ်ပင် ဖြစ်တော်မူပေသတည်း။
14لَهُ دَعْوَةُ الْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِن دُونِهِ لَا يَسْتَجِيبُونَ لَهُم بِشَيْءٍ إِلَّا كَبَاسِطِ كَفَّيْهِ إِلَى الْمَاءِ لِيَبْلُغَ فَاهُ وَمَا هُوَ بِبَالِغِهِ ۚ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
မှန်ကန်သော ဟစ်ခေါ်တသ ဆုတောင်းပတ္ထနာပြုမှုသည် ထိုအရှင်မြတ်အထံတော်၌သာလျှင် ပြုထိုက်၏။ စင်စစ် ၎င်းတို့ဟစ်ခေါ်တသဆုတောင်း ပတ္ထနာပြုလျက်ရှိကြကုန်သောအရာဝတ္ထုတို့မှာမူကား ၎င်းတို့အား အကြင်သူ (ရရှိသည်)ထက်ပိုမို၍ ပေးစွမ်းနိုင်ကြသည် မရှိချေ။ ထိုသူသည် ရေရှိရာဘက်သို့၊ ထိုရေသည် ၎င်း၏ပါးစပ်ထဲသို့ (အလိုအလျောက်)ရောက်လာအံ့သောငှာ မိမိလက်ဝါးနှစ်ဖက်ကို ဖြန့်၍ထား၏။စင်စစ်မှာမူကားထိုရေသည်(မည်သည့်အခါမျှအလိုအလျောက်)ယင်းပါးစပ်ထဲသို့ ရောက်ရှိလာမည်မဟုတ်ပေ။ အမှန်သော်ကား ကာဖိရ် သွေဖည်ငြင်းပယ်သော သူတို့၏ဟစ်ခေါ်တသဆုတောင်းပတ္ထနာပြုမှုသည် လွဲမှားမှု၌သာ ရှိနေပေသတည်း။
15وَلِلَّهِ يَسْجُدُ مَن فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَظِلَالُهُم بِالْغُدُوِّ وَالْآصَالِ ۩
ထို့ပြင် မိုးကောင်းကင်၌ရှိသည်တို့သည် လည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့သည်လည်းကောင်း၊ မိမိစေတနာအလျောက်ဖြစ်စေ၊ စေတနာမရှိဘဲ မလွဲမရှောင်သာ၍ဖြစ်စေ၊ ထိုအရှင်မြတ်၏ရှေ့တော် မှောက်၌သာလျှင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက်ရှိကုန်၏။ ထိုမှတစ်ပါး ယင်းတို့၏အရိပ်ဆာယာတို့မှာလည်း နံနက်ယံများ၌လည်းကောင်း၊ညနေခင်းများ၌ လည်းကောင်း၊(ထိုနည်းအတိုင်းပင် ပျပ်ဝပ်ဦးချခယရိုကျိုးလျက် ရှိကုန်သတည်း)။
16قُلْ مَن رَّبُّ السَّمَاوَاتِ وَالْأَرْضِ قُلِ اللَّهُ ۚ قُلْ أَفَاتَّخَذْتُم مِّن دُونِهِ أَوْلِيَاءَ لَا يَمْلِكُونَ لِأَنفُسِهِمْ نَفْعًا وَلَا ضَرًّا ۚ قُلْ هَلْ يَسْتَوِي الْأَعْمَىٰ وَالْبَصِيرُ أَمْ هَلْ تَسْتَوِي الظُّلُمَاتُ وَالنُّورُ ۗ أَمْ جَعَلُوا لِلَّهِ شُرَكَاءَ خَلَقُوا كَخَلْقِهِ فَتَشَابَهَ الْخَلْقُ عَلَيْهِمْ ۚ قُلِ اللَّهُ خَالِقُ كُلِّ شَيْءٍ وَهُوَ الْوَاحِدُ الْقَهَّارُ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသော အရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင် (ဤသို့) ပြောဆိုဖြေကြားပါလေ။အလ္လာဟ်အရှင်မြတ်ပင် အသင်သည်(၎င်းတို့အား ဤသည်ကိုလည်း) ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)၊ သို့ပါလျက် အသင်တို့သည် ထိုအရှင်မြတ်အား စွန့်၍ မိမိတို့ကိုယ်နှင့်ပတ်သက်၍ပင် အကျိုးကျေးဇူးဖြစ် ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ အစိုးမရသောအရာများကိုပင် အရာရာကို စီမံခန့်ခွဲ၍ပေးသူများ ပြုလုပ်ခဲ့ကြလေပြီလော။ အသင်သည်(၎င်းတို့အား ဤသည်တို့ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။ (ဟယ်-အချင်းတို့)စက္ခုအလင်းမရသောသူနှင့်စက္ခုအလင်းရသူသည် တူနိုင်ပါမည်လော။ သို့တည်းမဟုတ် အမှောင်နှင့်အလင်းရောင်သည် တူနိုင်ပါမည်လော။သို့တည်းမဟုတ် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၌ အကြင်တွဲဖက်များကို ပြုလုပ်၍ထားခဲ့ကြသလော။ ထိုတွဲဖက်တို့သည်ထိုအရှင်မြတ်ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ဖန်ဆင်းခဲ့ကြသည်ဖြစ်သလော။ သို့ဖြစ်ပေရာ ဖန်ဆင်းသောအရာသည် ၎င်းတို့အပေါ်၌ ဆင်တူယိုးမှားဖြစ်ခဲ့သည် ဖြစ်သလော။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား ဤသို့)ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင် ထိုအရှင်မြတ်သည်လျှင် တစ်ဆူတည်းသောအရှင်၊ နှိမ်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
အရ်-ရာအ်ဒ်ကုရ်အာန် ညွှန်းကိန်း
43အာယာသ်
MedinanRevelation
14အာယာသ်

ဘာသာပြန် — အရ်-ရာအ်ဒ် 14

စူရာ အရ်-ရာအ်ဒ် အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မှန်ကန်သော ဟစ်ခေါ်တသ ဆုတောင်းပတ္ထနာပြုမှုသည် ထိုအရှင်မြတ်အထံတော်၌သာလျှင် ပြုထိုက်၏။ စင်စစ် ၎င်းတို့ဟစ်ခေါ်တသဆုတောင်း ပတ္ထနာပြုလျက်ရှိကြကုန်သောအရာဝတ္ထုတို့မှာမူကား ၎င်းတို့အား အကြင်သူ…

စူရာ အာယာသ် 14/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 11, 2026

Don't forget us in your sincere prayers