အလ်-ဗကရ · 124/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
۞ وَإِذِ ابْتَلَىٰ إِبْرَاهِيمَ رَبُّهُ بِكَلِمَاتٍ فَأَتَمَّهُنَّ ۖ قَالَ إِنِّي جَاعِلُكَ لِلنَّاسِ إِمَامًا ۖ قَالَ وَمِن ذُرِّيَّتِي ۖ قَالَ لَا يَنَالُ عَهْدِي الظَّالِمِينَ ۝١٢٤
Wa izib talaaa Ibraaheema Rabbuho bi Kalimaatin fa atammahunna qaala Innee jaa`iluka linnaasi Imaaman qaala wa min zurriyyatee qaala laa yanaalu `ahdiz zaalimeen
📖 မြန်မာဘာသာ
တဖန် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို ထိုနဗီတမန်တော်အား မွေးမြူ တော်မူသောအရှင်မြတ်သည် အချို့သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စမ်းသပ်တော် မူလေရာ၊ ထိုနဗီတမန်တော်သည် ယင်းကိစ္စ အရပ်ရပ်တို့ကို ပြည့်စုံပြီးမြောက်အောင် ဆောင်ရွက်ခဲ့လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်က (အို-တမန် တော်အစ်ဗ်ရာဟီမ်) မုချဧကန် ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့၏ ရှေ့ဆောင်ဦးစီး နာယကအဖြစ်ခန့်အပ် ခြီးမြှင့်တော်မူအံ့ဟု မိန့်ကြားတော်မူရာ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) က (အို-မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော အနန္တကျေးဇူးတော်ရှင်) ကျွန်တော်မျိုး၏သားမြေးတို့အနက်မှလည်း (ထိုနည်းတူစွာ ရှေ့ဆောင်ဦးစီးနာယက အဖြစ် ခန့်အပ်တော် မူပါမည်လော) ဟု လျှောက်ထားပန်ကြားပြန်လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်ကငါအရှင်မြတ်၏ပဋိညာဉ်တော်သည် ပြစ်မှုကျူးလွန်သော မတရားသောသူတို့နှင့် မသက်ဆိုင်ဟု မိန့်ကြားတော်မူလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 122-126 — စူရာ အလ်-ဗကရ

122يَا بَنِي إِسْرَائِيلَ اذْكُرُوا نِعْمَتِيَ الَّتِي أَنْعَمْتُ عَلَيْكُمْ وَأَنِّي فَضَّلْتُكُمْ عَلَى الْعَالَمِينَ
အို-အစ္စရာအီလ်၏ မျိုးနွယ်ဝံသအပေါင်းတို့၊ အသင်တို့အား ငါအရှင်မြတ် ပေးသနားတော်မူသော သူခချမ်းသာ ဂုဏ်ကျေးဇူးတော်များကို (အမြဲတစေ) အောက်မေ့ သတိရကြကုန်လော့။ ထိုနည်းတူစွာ ငါအရှင်မြတ်သည် အသင်တို့အား(အထူးထူးသော) ဂုဏ်ထူးဝိသေသများဖြင့် စကြာဝဋ္ဌာအပေါင်းတို့ထက် ထူးကဲစွာ ခြီးမြှင့်တော်မူခဲ့လေသည်ကိုလည်း ပြန်လည် သတိရကြလေ�ုန်။
123وَاتَّقُوا يَوْمًا لَّا تَجْزِي نَفْسٌ عَن نَّفْسٍ شَيْئًا وَلَا يُقْبَلُ مِنْهَا عَدْلٌ وَلَا تَنفَعُهَا شَفَاعَةٌ وَلَا هُمْ يُنصَرُونَ
ထိုမှတစ်ပါးတုံ (အို-အစ္စရာအီလ်၏ မျိုးနွယ်အပေါင်းတို့) အသင်တို့သည် (သေပြီးသည့်နောက် ပြန်လည်ရှင်ပြန်ထကြရမည့်) နေ့ကို အထူးတလည် ကြောက်ရွံ့ကြကုန်၊ အကြောင်းမူကား ထိုနေ့တွင် မည်သူတစ်ဦး တစ်ယောက်မျှ အခြားတစ်ဦး တစ်ယောက်အဘို့ စိုးစဉ်းမျှကိုပင် စွမ်းဆောင်နိုင်မည်မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်ထံမှလည်း အစားလဲလှယ်ပေးခြင်းကို (အလ္လာဟ် အရှင်မြတ်သည်) သဘောတူ လက်ခံမည်မဟုတ်၊ မည်သူတစ်စုံတစ်ယောက်၏ အသနားခံ တောင်းပန် ပေးခြင်းသည်လည်း အခြား တစ်စုံတစ်ယောက်သောသူအဖို့ အကျိုးဖြစ်ထွန်းစေမည်လည်း မဟုတ်၊ ထို့ပြင်တဝ ယင်းသူတို့သည် မည်သည့်ကူညီ ယိုင်းပင်းမှုကိုမျှလည်း ခံစားကြရမည် မဟုတ်ပေ။
124۞ وَإِذِ ابْتَلَىٰ إِبْرَاهِيمَ رَبُّهُ بِكَلِمَاتٍ فَأَتَمَّهُنَّ ۖ قَالَ إِنِّي جَاعِلُكَ لِلنَّاسِ إِمَامًا ۖ قَالَ وَمِن ذُرِّيَّتِي ۖ قَالَ لَا يَنَالُ عَهْدِي الظَّالِمِينَ
တဖန် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို ထိုနဗီတမန်တော်အား မွေးမြူ တော်မူသောအရှင်မြတ်သည် အချို့သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ စမ်းသပ်တော် မူလေရာ၊ ထိုနဗီတမန်တော်သည် ယင်းကိစ္စ အရပ်ရပ်တို့ကို ပြည့်စုံပြီးမြောက်အောင် ဆောင်ရွက်ခဲ့လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်က (အို-တမန် တော်အစ်ဗ်ရာဟီမ်) မုချဧကန် ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းတို့၏ ရှေ့ဆောင်ဦးစီး နာယကအဖြစ်ခန့်အပ် ခြီးမြှင့်တော်မူအံ့ဟု မိန့်ကြားတော်မူရာ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) က (အို-မဟာကရုဏာတော်နှင့် ပြည့်စုံတော်မူသော အနန္တကျေးဇူးတော်ရှင်) ကျွန်တော်မျိုး၏သားမြေးတို့အနက်မှလည်း (ထိုနည်းတူစွာ ရှေ့ဆောင်ဦးစီးနာယက အဖြစ် ခန့်အပ်တော် မူပါမည်လော) ဟု လျှောက်ထားပန်ကြားပြန်လေသည်။ (ထိုအခါ) အလ္လာဟ် အရှင်မြတ်ကငါအရှင်မြတ်၏ပဋိညာဉ်တော်သည် ပြစ်မှုကျူးလွန်သော မတရားသောသူတို့နှင့် မသက်ဆိုင်ဟု မိန့်ကြားတော်မူလေသတည်း။
125وَإِذْ جَعَلْنَا الْبَيْتَ مَثَابَةً لِّلنَّاسِ وَأَمْنًا وَاتَّخِذُوا مِن مَّقَامِ إِبْرَاهِيمَ مُصَلًّى ۖ وَعَهِدْنَا إِلَىٰ إِبْرَاهِيمَ وَإِسْمَاعِيلَ أَن طَهِّرَا بَيْتِيَ لِلطَّائِفِينَ وَالْعَاكِفِينَ وَالرُّكَّعِ السُّجُودِ
၎င်းပြင် အသင်တို့သည် ပြန်လည်အောက်မေ့ သတိရကြကုန်လော့၊ အခါတပါး၌ ငါအရှင်မြတ်သည် (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လူခပ်သိမ်း တို့အဘို့ သွားရောက်စုဝေးရာ ဗဟိုဌာနအဖြစ်ဖြင့်လည်းကောင်း၊ အဘယဒါယီ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရာ ဌာန အဖြစ်ဖြင့် လည်းကောင်း၊ ပြုလုပ်သတ် မှတ်တော်မူခဲ့လေပြီ။ ထို့ပြင်တဝ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) ရပ်တည် ရာနေရာကို ဆွလာတ်ဝတ်ပြုရန် နေရာအဖြစ် သတ်မှတ်ကြကုန်ဟူ၍ အသင်တို့ကို ငါမိန့်တော်မူခဲ့ လေသည်။ ထိုမှတပါး ငါအရှင်မြတ်သည် နဗီတမန်တော်အစ်ဗ်ရာဟီမ်(အ) နှင့် နဗီတမန်တော် အစ္စမာအီလ်(အ) တို့အားအသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လှည့်ပတ် ဖူးမျှော်ကြသူတို့ အဘို့အရာလည်းကောင်း၊ တရားကိုနှစ်သက်၍ ထိုကျောင်းတော်၌ တစ်ကိုယ်တစ်ကာယတည်း အိအ်တိကာဖ် ပြုလုပ် သီတင်းသုံး နေထိုင်ကြသူတို့ အဘို့အရာ လည်းကောင်း၊ ဦးညွတ်ရိုကျိုးသော သူအပေါင်းတို့ အဖို့အရာလည်းကောင်း၊ ပျပ်ဝပ်ဦးချသောသူ အပေါင်းတို့ အဘို့အရာလည်းကောင်း ဤငါ၏အိမ်တော်ကို(ရုပ်ပွားဆင်းတု၊ အညစ်အကြေး၊ အစရှိသည်တို့မှ) ရှင်းလင်းထားကြရမည်ဟု အမိန့်တော်�ို ချမှတ်တော်မူခဲ့ လေသတည်း။
126وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا بَلَدًا آمِنًا وَارْزُقْ أَهْلَهُ مِنَ الثَّمَرَاتِ مَنْ آمَنَ مِنْهُم بِاللَّهِ وَالْيَوْمِ الْآخِرِ ۖ قَالَ وَمَن كَفَرَ فَأُمَتِّعُهُ قَلِيلًا ثُمَّ أَضْطَرُّهُ إِلَىٰ عَذَابِ النَّارِ ۖ وَبِئْسَ الْمَصِيرُ
ထို့ပြင်တဝ(ပြန်လည်အောက်မေ့ သတိရ ကြကုန်လော့) တပါးသောအခါ၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)သည် (အလ္လာဟ် အရှင်မြတ် အထံတော်၌ ဤသို့ လျှောက်ထား ပန်ကြားသည်၊) အို-ကျွန်တော်မျိုးအား မွေးမြူတော်မူသော အရှင်၊ ဤဒေသကို (ခပ်သိမ်းကုန်သော ဘေးရန်တို့မှ ကင်းစေ၍) ငြိမ်းချမ်းသာယာ (စည်ကားလှသော) မြို့တော် ဖြစ်ပါစေသတည်း၊ ထို့ပြင်ဤဒေသ၌ (မှီတင်းနေထိုင်ကြကုန်သော) မြို့သူမြို့သားများ အနက်မှ အလ္လာဟ် အရှင်မြတ်ကိုလည်းကောင်း၊ (သေပြီးနောက် ပြန်လည်ရှင်ထမည့်) နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်သူ (အပေါင်း) တို့အားလည်း သစ်သီးဝလံ ခဲဘွယ်ဘောဇဉ် အမျိုးမျိုးကို စားသောက်သုံးစွဲရန်အလို့ငှာ ပေးသနားတော်မူပါ။(ထိုရောအခါ) အလ္လာဟ် အရှင်မြတ်က [အစ်ဗ်ရာဟီမ်] အသင်တင်လျှောက်သည့် ပတ္ထနာ ဆုမွန်ကို ငါအရှင်မြတ်သည် လက်ခံတော်မူလေပြီ။ သို့ငြားလည်း ငါအရှင်မြတ်သည် ဤမြို့သူမြို့သားများအနက်မှ ငါအရှင်မြတ်ကို မယုံမကြည ်သွေဖည် ငြင်းပယ်သူတို့အားလည်း အနည်းငယ် မျှကာလအဘို့ (လောကီ) စည်းစိမ်ကိုပေးသနားတော်မူမည်။ နောင် တမလွန်ဘဝ၌မူ ငါအရှင်မြတ်သည် ထိုသူတို့အား ငရဲမီးဘေးရှိရာသို့ အတင်းအကြပ် မောင်းနှင် (ပို့ဆောင်) တော် မူမည်။ အမှန်စင်စစ် (ယင်းသူတို့) လားရာခရီး လမ်းဆုံးစခန်း သည် အလွန်ပင်ဆိုးဝါးလှပေသည်တကား ဟု မိန့်ကြား တော်မူလေသည်။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
124အာယာသ်

ဘာသာပြန် — အလ်-ဗကရ 124

စူရာ အလ်-ဗကရ အာယာသ် 124 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တဖန် (အို-အစ္စရာအီလ်၏ မျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့ သတိရကြကုန်လော့) အခါတပါး၌ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ)ကို ထိုနဗီတမန်တော်အား…

စူရာ အာယာသ် 124/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 122–126. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers