အလ်-ဗကရ · 182/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
فَمَنْ خَافَ مِن مُّوصٍ جَنَفًا أَوْ إِثْمًا فَأَصْلَحَ بَيْنَهُمْ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ ۝١٨٢
Faman khaafa mim moosin janafan aw isman fa aslaha bainahum falaaa ismaa `alayh; innal laaha Ghafooru Raheem
📖 မြန်မာဘာသာ
သို့ဖြစ်ငြားလည်း အကြင်သူသည် သေတမ်း စာ ထားရှိခဲ့သောသူ၏ထံမှ တစ်စုံတစ်ရာသော လွဲချော် တိမ်းပါးမှား ယွင်းမှုကိုသော်လည်းကောင်း၊ သို့တည်း မဟုတ် တစ်စုံတစ်ရာ သောပြစ်မှုကိုသော်လည်းကောင်း၊ စိုးရိမ်မကင်း ဖြစ်သည့် အတွက် ယင်း(အမွေဆိုင်)သူတို့ ၏အကြားဝယ် စေ့စပ်သင့်မြတ် စေခဲ့ပါမူ(ထိုစေ့စပ် သင့်မြတ်ပေးသော)သူ၏အပေါ်၌ တစ်စုံ တစ်ရာ အပြစ် မရှိပြီ၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှု ဒုစရိုက်တို့ကို) အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာ ညှာတာ တော်မူသောအရှင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 180-184 — စူရာ အလ်-ဗကရ

180كُتِبَ عَلَيْكُمْ إِذَا حَضَرَ أَحَدَكُمُ الْمَوْتُ إِن تَرَكَ خَيْرًا الْوَصِيَّةُ لِلْوَالِدَيْنِ وَالْأَقْرَبِينَ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ
(ထို့ပြင်) အသင်တို့အပေါ်၌ ပြဋ္ဌာန်းထားတော် မူသော အမိန့်တော် တရပ်မှာ အသင်တို့အနက် တစ်ဦး တစ်ယောက်၏ထံသို့ သေခြင်းတရားသည် ဆိုက်ရောက် လာသောအခါ၊ အကယ်၍ ထိုသူသည် တစ်စုံတစ်ရာ ဥစ္စာ ပစ္စည်း ထားရှိခဲ့ပါမူ (ထိုသူ၏) မိဘနှစ်ပါးနှင့် ဆွေမျိုးရင်းချာ တို့အဘို့ရာ ကောင်းမြတ်သောနည်းဖြင့် (သေတမ်းစာအဖြစ်) မှာကြားခဲ့ရန် တာဝန်ရှိပေသည်။ (ဤသည်ကား) ဒုစရိုက်မှု တို့မှ ကြဉ်ရှောင်သူ အပေါင်းတို့အပေါ်၌ (မလွဲမရှောင်သာ သော) တာဝန် ဝတ္တရားတစ်ရပ်ပင် ဖြစ်ချေသတည်း။
181فَمَن بَدَّلَهُ بَعْدَمَا سَمِعَهُ فَإِنَّمَا إِثْمُهُ عَلَى الَّذِينَ يُبَدِّلُونَهُ ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ
တဖန်အကြင်သူတို့သည် ထိုမှာကြားချက်ကို ကြားနာကြပြီးသည့်နောက် (တစ်မျိုးတစ်ဖုံ) ပြောင်းလွှဲခဲ့ပါမူ၊ ထိုမှာကြားချက်ကို ပြောင်းလွှဲသူတို့အပေါ်၌ သာလျှင် ထိုပြောင်းလွှဲခြင်း၏အပြစ်သည် ထိုက်ချေသည်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (ယင်းသူတို့ မှာထားခဲ့သည်များကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (ယင်းသူတို့၏စေတနာ သဒ္ဓါတရားများကိုလည်း) အကြွင်းမဲ့သိတော်မူသော အရှင်ဖြစ်တော်မူ၏။
182فَمَنْ خَافَ مِن مُّوصٍ جَنَفًا أَوْ إِثْمًا فَأَصْلَحَ بَيْنَهُمْ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَّحِيمٌ
သို့ဖြစ်ငြားလည်း အကြင်သူသည် သေတမ်း စာ ထားရှိခဲ့သောသူ၏ထံမှ တစ်စုံတစ်ရာသော လွဲချော် တိမ်းပါးမှား ယွင်းမှုကိုသော်လည်းကောင်း၊ သို့တည်း မဟုတ် တစ်စုံတစ်ရာ သောပြစ်မှုကိုသော်လည်းကောင်း၊ စိုးရိမ်မကင်း ဖြစ်သည့် အတွက် ယင်း(အမွေဆိုင်)သူတို့ ၏အကြားဝယ် စေ့စပ်သင့်မြတ် စေခဲ့ပါမူ(ထိုစေ့စပ် သင့်မြတ်ပေးသော)သူ၏အပေါ်၌ တစ်စုံ တစ်ရာ အပြစ် မရှိပြီ၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှု ဒုစရိုက်တို့ကို) အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်သနားကြင်နာ ညှာတာ တော်မူသောအရှင် ဖြစ်တော်မူ၏။
183يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الصِّيَامُ كَمَا كُتِبَ عَلَى الَّذِينَ مِن قَبْلِكُمْ لَعَلَّكُمْ تَتَّقُونَ
အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက် အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူ သကဲ့သို့ပင် �သင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်း အတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။
184أَيَّامًا مَّعْدُودَاتٍ ۚ فَمَن كَانَ مِنكُم مَّرِيضًا أَوْ عَلَىٰ سَفَرٍ فَعِدَّةٌ مِّنْ أَيَّامٍ أُخَرَ ۚ وَعَلَى الَّذِينَ يُطِيقُونَهُ فِدْيَةٌ طَعَامُ مِسْكِينٍ ۖ فَمَن تَطَوَّعَ خَيْرًا فَهُوَ خَيْرٌ لَّهُ ۚ وَأَن تَصُومُوا خَيْرٌ لَّكُمْ ۖ إِن كُنتُمْ تَعْلَمُونَ
(အသင်တို့ ဆွိယာမ်ဥပုသ်သီတင်း ဆောက်တည် ကြရမည့်နေ့ရက်များကား) ရေတွက်ထားသော (အနည်းငယ် မျှသော) နေ့ရက်များပင်တည်း။ သို့ရာတွင် အသင်တို့အနက်မှ တဦးတယောက်သော သူသည် ဝေဒနာစွဲကပ်၍ မကျန်းမာ သောကြောင့် ဖြစ်စေ၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေ သောကြောင့်ဖြစ်စေ၊ (ဥပုသ်သီလ မဆောက်တည် နိုင်ဘဲ ပျက်ကွက်ခဲ့ပါလျှင်) ထိုသူ့အပေါ်၌ အခြား သောနေ့ ရက်များကို တွက်စစ်၍ ဖြည့်စွက်(ဆောက်တည်)ရန် တာဝန်ရှိ ပေသည်။ တဖန် အကြင်သူတို့ သည် ခဲယဉ်းစွာ သီလဆောက် တည်ကြရပါမူ ယင်းသူတို့သည် (ထိုပျက်ကွက်သော နေ့ရက် များ)အစား (တစ်ရက်လျှင်)သူဆင်းရဲတဦးကို (ထမင်းတစ်ရက် စာ) ကျွေးမွေးကြရမည်။ သို့ရာတွင် အကြင်သူသည် မိမိစိတ် စေတနာ အလျောက်တစ်စုံတစ်ခုသော ကောင်းမှုကုသိုလ်ကို ပြုလုပ်ခဲ့သည်ရှိသော် ယင်းသို့ပြုလုပ်ခြင်းကား ထိုသူ၏အဖို့ အရာ ပို၍ပင်ကောင်း မြတ်ပေသည်။ သို့(ခွင့်ပြုချက်ရှိ) သော် ငြားလည်း အကယ်စင်စစ် အသင်တို့သည်(ဥပုသ်သီလဆောက် တည်ခြင်း၏ အကျိုးအာနိသင်တို့ကို ကောင်းမွန်စွာ) သိနား လည်သူများ ဖြစ်ကြပါလျှင် အသင်တို့အဖို့အရာ ဥပုသ်သီလ ဆောက် တည်ခြင်းသည်သာလျှင် ပို၍ကောင်းမြတ်(သောအမှု) ပင် ဖြစ်ပေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
182အာယာသ်

ဘာသာပြန် — အလ်-ဗကရ 182

စူရာ အလ်-ဗကရ အာယာသ် 182 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ငြားလည်း အကြင်သူသည် သေတမ်း စာ ထားရှိခဲ့သောသူ၏ထံမှ တစ်စုံတစ်ရာသော လွဲချော် တိမ်းပါးမှား ယွင်းမှုကိုသော်လည်းကောင်း၊ သို့တည်း…

စူရာ အာယာသ် 182/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 180–184. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers