အလ်-ဗကရ · 191/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَاقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ وَأَخْرِجُوهُم مِّنْ حَيْثُ أَخْرَجُوكُمْ ۚ وَالْفِتْنَةُ أَشَدُّ مِنَ الْقَتْلِ ۚ وَلَا تُقَاتِلُوهُمْ عِندَ الْمَسْجِدِ الْحَرَامِ حَتَّىٰ يُقَاتِلُوكُمْ فِيهِ ۖ فَإِن قَاتَلُوكُمْ فَاقْتُلُوهُمْ ۗ كَذَٰلِكَ جَزَاءُ الْكَافِرِينَ ۝١٩١
Waqtuloohum haisu saqif tumoohum wa akhrijoohum min haisu akhrajookum; walfitnatu ashaddu minal qatl; wa laa tuqaatiloohum `indal Majidil Haraami hattaa yaqaatilookum feehi fa in qaatalookum faqtuloohum; kazaalika jazaaa`ul kaafireen
📖 မြန်မာဘာသာ
ထို့ပြင်တဝ အသင်တို့သည် ထိုကာဖိရ်တို့အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင်တဝ ထိုကာဖိရ်တို့က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း ထိုကာဖိရ်တို့အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာ သနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း မတ်စ်ဂျိဒ် ဟရာမ်ခေါ် ရိုသေမြတ်နိုးအပ်သော(အလ္လာဟ်အရှင်မြတ်၏) ကျောင်းတော်ပါး၌ ထိုကာဖိရ်တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံး အသင်တို့သည်၎င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။ အကယ်၍ ထိုကာဖိရ်တို့သည် အသင် တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် ကာဖိရ်တို့အား အပြစ်ဒဏ်ပေးခြင်းပင် ဖြစ်သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 189-193 — စူရာ အလ်-ဗကရ

189۞ يَسْأَلُونَكَ عَنِ الْأَهِلَّةِ ۖ قُلْ هِيَ مَوَاقِيتُ لِلنَّاسِ وَالْحَجِّ ۗ وَلَيْسَ الْبِرُّ بِأَن تَأْتُوا الْبُيُوتَ مِن ظُهُورِهَا وَلَٰكِنَّ الْبِرَّ مَنِ اتَّقَىٰ ۗ وَأْتُوا الْبُيُوتَ مِنْ أَبْوَابِهَا ۚ وَاتَّقُوا اللَّهَ لَعَلَّكُمْ تُفْلِحُونَ
(အို-နဗီတမန်တော်) အချို့သူများသည် ဆန်း ဦးစ-လ-များနှင့် စပ်လျဉ်း၍ အသင့်ထံ လာရောက် မေးမြန်း ကြသည်။ အသင်သည် (ထိုသူတို့အား ဤသို့)ဖြေကြားပါလော။ ထိုဆန်းဦးစလများသည် လူခပ်သိမ်း တို့အဖို့ အချိန်ကာလများ ကို အမှတ်သညာပြုနိုင်အံ့သောငှါ လည်းကောင်း၊ ဟဂျ်ပြုရန် သတ်မှတ်ထားသောနေ့ ရက်များကို သိနိုင်အံ့ သောငှာလည်း ကောင်း၊ (ပြုထားတော်မူသော) အမှတ်သညာ များသာဖြစ်ချေ သည်။ သင်တို့သည် (ဟဂျ်ပြုရန် အိဟ်ရာမ် ခေါ် ဝတ်ရုံများ ဝတ်ဆင်ပြီး မိမိတို့)အိမ်များကို (ပြန်လာသောအခါ) အိမ်၏ နောက်ဘက်မှ ဝင်ရောက်ခြင်းသည် ကောင်းမြတ်သောအကျင့် သီလမဟုတ်ပေ။ အမှန် အားဖြင့်(အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေ၍) မကောင်း မှုဒုစရိုက်များကို ရှောင်ကြဉ် သော သူများသာလျှင် သူမွန်သူမြတ်များ ဖြစ်ကြပေသည်။ သို့ဖြစ်ရာ အသင်တို့သည် (မိမိတို့) အိမ်တွင်းသို့ (ဝင်ရောက်ကြ သောအခါ) (ဝင်ထွက်သွားလာရိုးဖြစ်သော) တံခါးပေါက်များ မှသာ ဝင်ကြကုန်လော့။ ၎င်းပြင် အသင်တို့သည် အလ္လာဟ် အရှင်မြတ်ကို ကြောက်ရွံ့ ရိုသေကြ ကုန်လော့။ သို့မှသာလျှင် အသင်တို့သည်(နှစ်ဘဝလုံး၌) အောင်မြင်ကြပေမည်။
190وَقَاتِلُوا فِي سَبِيلِ اللَّهِ الَّذِينَ يُقَاتِلُونَكُمْ وَلَا تَعْتَدُوا ۚ إِنَّ اللَّهَ لَا يُحِبُّ الْمُعْتَدِينَ
ထို့ပြင်တဝ အသင်တို့သည် အလ္လာဟ်အရှင်မြတ် ၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက် ခိုက်ကြကုန်လော့။ သို့ရာတွင် (ဤသို့တိုက်ခိုက် ရာ၌) အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူးလွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။
191وَاقْتُلُوهُمْ حَيْثُ ثَقِفْتُمُوهُمْ وَأَخْرِجُوهُم مِّنْ حَيْثُ أَخْرَجُوكُمْ ۚ وَالْفِتْنَةُ أَشَدُّ مِنَ الْقَتْلِ ۚ وَلَا تُقَاتِلُوهُمْ عِندَ الْمَسْجِدِ الْحَرَامِ حَتَّىٰ يُقَاتِلُوكُمْ فِيهِ ۖ فَإِن قَاتَلُوكُمْ فَاقْتُلُوهُمْ ۗ كَذَٰلِكَ جَزَاءُ الْكَافِرِينَ
ထို့ပြင်တဝ အသင်တို့သည် ထိုကာဖိရ်တို့အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင်တဝ ထိုကာဖိရ်တို့က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း ထိုကာဖိရ်တို့အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာ သနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း မတ်စ်ဂျိဒ် ဟရာမ်ခေါ် ရိုသေမြတ်နိုးအပ်သော(အလ္လာဟ်အရှင်မြတ်၏) ကျောင်းတော်ပါး၌ ထိုကာဖိရ်တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံး အသင်တို့သည်၎င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။ အကယ်၍ ထိုကာဖိရ်တို့သည် အသင် တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် ကာဖိရ်တို့အား အပြစ်ဒဏ်ပေးခြင်းပင် ဖြစ်သည်။
192فَإِنِ انتَهَوْا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
သို့သော် အကယ်၍သာ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို သွေဖည်ခြင်း၊ မုစ်လင်မ် တို့အားညှဉ်းဆဲခြင်းနှင့် ပြိုင်ဆိုင်တိုက်ခိုက်ခြင်းတို့ကို) ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်တို့ကို)အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တဝါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသတည်း။
193وَقَاتِلُوهُمْ حَتَّىٰ لَا تَكُونَ فِتْنَةٌ وَيَكُونَ الدِّينُ لِلَّهِ ۖ فَإِنِ انتَهَوْا فَلَا عُدْوَانَ إِلَّا عَلَى الظَّالِمِينَ
ထို့အပြင်တဝအသင်တို့သည် သာသနာရေးညှဉ်း ပန်းမှု လုံးဝပပျောက်၍ သာသနာသည် အလ္လာဟ်အရှင်မြတ် အဖို့သာ ဖြစ်သွားသည့် တိုင်အောင် (ဝါ) (အလ္လာဟ်အရှင်မြတ် ၏အမိန့် တော်ကိုသာလျှင် လိုက်နာလာ ကြသည့်တိုင်အောင်) ထိုသူတို့နှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာ တွင် အကယ်စင်စစ် ထိုသူတို့သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက် ခြင်းကို ရပ်စဲကြပါမူ၊ ကျူးလွန်နှိပ်စက် ညှင်းပန်းသူတို့မှတစ်ပါး အခြားသူတို့၏အပေါ်ဝယ် မည်သို့မျှ ကျူးကျော်စော်ကား(တုံ့ပြန်သတ်ဖြတ်)ရန် အကြောင်းမရှိပေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
191အာယာသ်

ဘာသာပြန် — အလ်-ဗကရ 191

စူရာ အလ်-ဗကရ အာယာသ် 191 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ အသင်တို့သည် ထိုကာဖိရ်တို့အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင်တဝ ထိုကာဖိရ်တို့က အသင်တို့အား…

စူရာ အာယာသ် 191/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 189–193. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers