အလ်-ဗကရ · 241/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلِلْمُطَلَّقَاتِ مَتَاعٌ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ ۝٢٤١
Wa lilmutallaqaati mataa`um bilma`roofi haqqan `alal muttaqeen
📖 မြန်မာဘာသာ
ထိုနည်းတူစွာ ကွာရှင်းပြီးဖြစ်သော မိန်းမများကို လည်း ဓလေ့ထုံးစံအတိုင်း အကျိုးခံစား စေကြရမည်။ (ဤ သည်ကား)အလ္လာဟ်အရှင်မြတ် ကိုကြောက်ရွံ့သော သူတော်စင် များ (လိုက်နာ ဆောင်ရွက်ရမည့်) တာဝန်တရပ်ဖြစ်ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်။
  • ဝလိလ်မုသွလ္လကြာသ် (وَلِلْمُطَلَّقَاتِ) — ကွာရှင်းပြီးသော မိန်းမများအတွက်။
  • မုသွာအွန် (مَتَاعٌ) — ပစ္စည်းဥစ္စာ၊ အထောက်အပံ့၊ နှစ်သိမ့်စရာ။
  • ဗိလ်မာအ်ရူးဖ် (بِالْمَعْرُوفِ) — ရှရီအသ်တရားတော်နှင့်ညီညွတ်သော၊ လူ့အသိအမှတ်ပြုသော နည်းလမ်းအတိုင်း။
  • ဟက္ကန် (حَقًّا) — မဖြစ်မနေလုပ်ရမည့် တာဝန်၊ အခွင့်အရေး။
  • အလလ်မုတ္တကီးန် (الْمُتَّقِينَ) — အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော၊ တက္ကဝါရှိသော သူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

ကွာရှင်းပြီးသော မိန်းမများအတွက် အဝတ်အစား၊ ငွေကြေး သို့မဟုတ် အခြားသော နှစ်သိမ့်စရာပစ္စည်းများဖြင့် ရှရီအသ်တရားတော်နှင့်ညီညွတ်သော နည်းလမ်းအတိုင်း ပေးအပ်ရမည့် အခွင့်အရေးရှိသည်။ ဤသည်မှာ ကွာရှင်းမှုကြောင့် စိတ်နှလုံးကွဲအက်ခဲ့ရသော သူမတို့အား နှစ်သိမ့်ပေးရန်အတွက်ဖြစ်သည်။ ခင်ပွန်းသည်၏ ချမ်းသာမှု သို့မဟုတ် ဆင်းရဲမှုအခြေအနေကို ထည့်သွင်းစဉ်းစားပြီး သင့်လျော်သောအတိုင်းအတာဖြင့် ပေးအပ်ရမည်။ ဤအမိန့်တော်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာပြီး တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် အရှင်မြတ်ကို ကြောက်ရွံ့သော မုအ်မင်န်သူတော်စင်များအပေါ်၌ မဖြစ်မနေလိုက်နာရမည့် တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ထားတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • အစ္စလာမ်သာသနာသည် ကွာရှင်းပြီးသော မိန်းမများ၏ ဂုဏ်သိက္ခာနှင့် စိတ်ခံစားချက်များကို အလေးထားကာ သူတို့အား နှစ်သိမ့်စရာများ ပေးအပ်ရန် ခင်ပွန်းသည်များအပေါ် တာဝန်ချမှတ်ထားသည်။
  • အစ္စလာမ်သည် မိန်းမများကို ခွဲခြားဆက်ဆံသော သာသနာမဟုတ်ဘဲ သူတို့၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးသော သာသနာဖြစ်သည်။
  • ဤအမိန့်တော်ကို လိုက်နာခြင်းသည် တက္ကဝါ၏ အရည်အချင်းတစ်ရပ်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော သူများသာ ဤတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာ၏ ကရုဏာတော်နှင့် တရားမျှတမှုကို ထင်ဟပ်ပြသပေးကာ လူသားအားလုံးအတွက် ကောင်းမ


📜 အာယာသ် 239-243 — စူရာ အလ်-ဗကရ

239فَإِنْ خِفْتُمْ فَرِجَالًا أَوْ رُكْبَانًا ۖ فَإِذَا أَمِنتُمْ فَاذْكُرُوا اللَّهَ كَمَا عَلَّمَكُم مَّا لَمْ تَكُونُوا تَعْلَمُونَ
သို့ရာတွင် အကယ်၍ အသင်တို့သည် (ရန်သူတို့ ၏ ဘေးရန်များကို) စိုးရိမ်မကင်း ဖြစ်ကြပါမူ ခြေလျင်ဖြစ်စေ၊ (တစ်စုံတစ်ခုသော အစီးအနင်းကို) စီးနင်းလျက်ဖြစ်စေ၊ (ဖြစ်နိုင်သောနည်းဖြင့် ဆွလာတ်ဝတ်ပြုကြလေကုန်)၊ ထို့နောက် အသင်တို့သည် ဘေးရန်ခပ်သိမ်း ကင်းငြိမ်း ကြသော အခါဝယ် အသင်တို့အား အသင်တို့ မသိ နားမလည်စဉ်က သင်ကြား ပြသတော်မူသည့် အတိုင်း အသင်တို့သည် ��လ္လာဟ် အရှင် မြတ်ကို အောက်မေ့ တçသ သတိရကြကုန်လော့။
240وَالَّذِينَ يُتَوَفَّوْنَ مِنكُمْ وَيَذَرُونَ أَزْوَاجًا وَصِيَّةً لِّأَزْوَاجِهِم مَّتَاعًا إِلَى الْحَوْلِ غَيْرَ إِخْرَاجٍ ۚ فَإِنْ خَرَجْنَ فَلَا جُنَاحَ عَلَيْكُمْ فِي مَا فَعَلْنَ فِي أَنفُسِهِنَّ مِن مَّعْرُوفٍ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
၎င်းပြင် အသင်တို့အနက် ဇနီးမိန်းမများကို ထားရှိခဲ့၍ ကွယ်လွန်သေဆုံးကြသောသူများသည် မိမိတို့၏ ဇနီးမိန်းမများ အတွက် (နေအိမ်မှ) နှင်ထုတ် ခြင်းမပြုစေဘဲ တနှစ်ကာလ ပတ်လုံး (နေထိုင် စားသောက်မှုတို့ကို) အကျိုး ခံစားခွင့်ရှိစေရန်အလို့ငှာ (သေတမ်းစာရေးသား၍) မှာကြား ခဲ့ကြရမည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည်(အစ်ဒ္ဒတ်ကာလ ပရိစ္ဆေဒ ကုန်ဆုံးသွားသည့်အခါ နေအိမ်မှ)ထွက်ခွာ သွားပြီး မိမိတို့ ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်၍ တင့်တယ် လျောက် ပတ်သော ကိစ္စတရပ်ရပ်ကို ပြုလုပ်ကြပါမူ (အို-အုပ်ထိန်းသူ အပေါင်းတို့) အသင်တို့၌ အပြစ်တစုံတရာ မရှိချေ။ စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် နိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ ထူးကဲသော အမြော် အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။
241وَلِلْمُطَلَّقَاتِ مَتَاعٌ بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُتَّقِينَ
ထိုနည်းတူစွာ ကွာရှင်းပြီးဖြစ်သော မိန်းမများကို လည်း ဓလေ့ထုံးစံအတိုင်း အကျိုးခံစား စေကြရမည်။ (ဤ သည်ကား)အလ္လာဟ်အရှင်မြတ် ကိုကြောက်ရွံ့သော သူတော်စင် များ (လိုက်နာ ဆောင်ရွက်ရမည့်) တာဝန်တရပ်ဖြစ်ပေသည်။
242كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمْ آيَاتِهِ لَعَلَّكُمْ تَعْقِلُونَ
ဤနည်းနှင်နှင် အလ္လာဟ်အရှင်မြတ်သည် မိမိ အမိန့်ပညတ်တော်များကို အသင်တို့(လိုက်နာကျင့်သုံးနိုင်ရန်) အလို့ငှာ ရှင်းလင်းထင်ရှားစွာထုတ်ဖော်မိန့်ကြား တော်မူလေ သည်။ သို့မှသာလျှင် အသင်တို့သည် သိနားလည် ကြပေမည်။
243۞ أَلَمْ تَرَ إِلَى الَّذِينَ خَرَجُوا مِن دِيَارِهِمْ وَهُمْ أُلُوفٌ حَذَرَ الْمَوْتِ فَقَالَ لَهُمُ اللَّهُ مُوتُوا ثُمَّ أَحْيَاهُمْ ۚ إِنَّ اللَّهَ لَذُو فَضْلٍ عَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
(အို-နဗီတမန်တော်)အသင် မသိမမြင် မဆင် ခင်မိပါသလော။ အရေအတွက်အားဖြင့် ထောင်ပေါင်းများ စွာသော သူတို့သည် သေဘေးမှလွတ်မြောက်ရန်အလို့ငှာ မိမိတို့နေအိမ်များမှ ထွက်ခွာကြသောအခါဝယ် အလ္လာဟ် အရှင်မြတ်က ယင်းသူတို့အား အသင်တို့သည် သေကြကုန် လော့ ဟု မိန့်ကြားတော်မူ၏။ သို့မိန့်ကြားတော်မူ (လေရာ ယင်းသူတို့သည် သေကြေပျက်စီးသွားကြ၏) ထို့နောက် တဖန် ထိုအရှင်မြတ်က ယင်းသူတို့ကို ရှင်ပြန်စေတော်မူခဲ့သည်။ မချွတ်မလွဲ အလ္လာဟ် အရှင်မြတ်သည် လူခပင်းတို့အပေါ်ဝယ် မုချ ကျေးဇူးပြုတော်မူထသောအရှင် ဖြစ်တော်မူလေသည်။ သို့ရာတွင် လူတို့အနက် မြောက်မြားစွာသော သူတို့သည် (ငါအရှင်မြတ်၏) ကျေးဇူးတော်ကို မသိတတ်ကြချေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
241အာယာသ်

ဘာသာပြန် — အလ်-ဗကရ 241

စူရာ အလ်-ဗကရ အာယာသ် 241 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ ကွာရှင်းပြီးဖြစ်သော မိန်းမများကို လည်း ဓလေ့ထုံးစံအတိုင်း အကျိုးခံစား စေကြရမည်။ (ဤ သည်ကား)အလ္လာဟ်အရှင်မြတ် ကိုကြောက်ရွံ့သော…

စူရာ အာယာသ် 241/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 239–243. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers