အလ်-ဗကရ · 277/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ۝٢٧٧
Innal lazeena aamanoo wa amilus saalihaati wa aqaamus salaata wa aatawuz zakaata lahum ajruhum `inda rabbihim wa laa khawfun `alaihim wa laa hum yahzanoon
📖 မြန်မာဘာသာ
မုချဧကန် အကြင်သူတို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြ၍ ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည်“ဆွလာတ်”ဝတ်ပြုကြကုန်၏။ 4င်းပြင် ထိုသူတို့သည်”ဇကာတ်”တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်၏။ ယင်းသူတို့၏အကျိုးဆုလာဘ်သည် ယင်းသူတို့အား မွေးမြူတော်မူသောအရှင်မြတ်၏အထံတော်၌ (အသင့်)ရှိ၏။ 4င်းပြင် ယင်းသူတို့အဖို့အရာမည်သည့် စိုးရိမ်ကြောက် ရွံ့ခြင်းမျှမရှိချေ။ 4င်းပြင်ယင်းသူတို့သည် ဝမ်းနည်းပူဆွေး ကြမည်လည်းမဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါများ၏ အဓိပ္ပာယ်များ
  • آمَنُوا (အာမနူ): သူတို့သည် အီမာန်သက်ဝင်ယုံကြည်ကြသည်။ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တော်မြတ်ကို စိတ်နှလုံးဖြင့် လက်ခံယုံကြည်ပြီး လျှာဖြင့် ထုတ်ဖော်ဝန်ခံကာ ကိုယ်အင်္ဂါဖြင့် လိုက်နာကျင့်သုံးခြင်းဖြစ်သည်။
  • عَمِلُوا الصَّالِحَاتِ (အမိလုစ်ဆွာလိဟာသ်): ကောင်းမှုကုသိုလ်များကို ပြုလုပ်ကြသည်။ ရှရီအသ်တရားတော်နှင့် ကိုက်ညီသော ကောင်းသောအကျင့်များကို ဆောင်ရွက်ခြင်းဖြစ်သည်။
  • أَقَامُوا الصَّلَاةَ (အကာမုစ်ဆလာသ): ဆွလာသ်ဝတ်ပြုမှုကို တည်ထောင်ကြသည်။ ဆွလာသ်ကို အချိန်မှန်၊ စည်းကမ်းနှင့်အညီ၊ ရိုးသားစွာ ပြည့်စုံစွာ ဆောင်ရွက်ခြင်းဖြစ်သည်။
  • آتَوُا الزَّكَاةَ (အာသုဇ်ဇကာသ): ဇကာသ်ကို ပေးဆောင်ကြသည်။ မိမိတို့ဥစ္စာမှ သတ်မှတ်ထားသော အချိုးအစားကို ထိုက်တန်သူများထံ ပေးအပ်ခြင်းဖြစ်သည်။
  • أَجْرُهُمْ (အက်ျရုဟွမ်): သူတို့၏ အကျိုးဆုလာဘ်သည်။
  • عِندَ رَبِّهِمْ (အိန္ဒ ရဗ္ဗိဟိမ်): သူတို့၏ အရှင်မြတ်ထံတော်တွင်။
  • خَوْفٌ (ခါဖွန်): ကြောက်ရွံ့မှု။
  • يَحْزَنُونَ (ယဟ်ဇနူန): သူတို့သည် စိတ်မချမ်းမြေ့ဖြစ်ကြသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တော်မြတ်ကို ယုံကြည်သက်ဝင်လျက် ကောင်းမှုကုသိုလ်များကို ပြုလုပ်ကြသော၊ ဆွလာသ်ဝတ်ပြုမှုကို အရှင်မြတ် သတ်မှတ်ပြဋ္ဌာန်းတော်မူသည့်အတိုင်း ပြည့်စုံစွာ တည်ထောင်ဆောင်ရွက်ကြသော၊ မိမိတို့ဥစ္စာမှ ဇကာသ်ကို ထိုက်တန်သူများထံ ပေးဆောင်ကြသော ထိုသူတို့အတွက် သူတို့၏ အရှင်မြတ်ထံတော်တွင် သူတို့၏ အကျိုးဆုလာဘ်သည် အသင့်ရှိနေပေသည်။ သူတို့အပေါ်၌ မည်သည့်ကြောက်ရွံ့မှုမျှ ရှိမည်မဟုတ်ပေ။ လာမည့်အနာဂတ်ကာလတွင် ကြုံတွေ့ရမည့်ကိစ္စများအတွက် စိုးရိမ်ကြောက်ရွံ့စရာ မရှိသကဲ့သို့ လွန်ခဲ့သော လောကီအကျိုးခံစားခွင့်များ လက်လွတ်ဆုံးရှုံးသွားခြင်းအတွက်လည်း သူတို့သည် စိတ်မချမ်းမြေ့ဖြစ်ကြမည် မဟုတ်ပေ။

ဤအာယသ်တော်သည် အီမာန်နှင့် ကောင်းမှုကုသိုလ်များကို ပေါင်းစပ်ဖော်ပြထားပြီး၊ အထူးသဖြင့် ဆွလာသ်နှင့် ဇကာသ်ကို သီးသန့်ဖော်ပြထားခြင်းမှာ ယင်းတို့နှစ်ခုသည် အစ္စလာမ်သာသနာ၏ အခြ



📜 အာယာသ် 275-279 — စူရာ အလ်-ဗကရ

275الَّذِينَ يَأْكُلُونَ الرِّبَا لَا يَقُومُونَ إِلَّا كَمَا يَقُومُ الَّذِي يَتَخَبَّطُهُ الشَّيْطَانُ مِنَ الْمَسِّ ۚ ذَٰلِكَ بِأَنَّهُمْ قَالُوا إِنَّمَا الْبَيْعُ مِثْلُ الرِّبَا ۗ وَأَحَلَّ اللَّهُ الْبَيْعَ وَحَرَّمَ الرِّبَا ۚ فَمَن جَاءَهُ مَوْعِظَةٌ مِّن رَّبِّهِ فَانتَهَىٰ فَلَهُ مَا سَلَفَ وَأَمْرُهُ إِلَى اللَّهِ ۖ وَمَنْ عَادَ فَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
အတိုးအညွန့်စားသူတို့သည် (ရှင်ပြန်ထမည့်နေ့တွင် သင်းချိုင်းတွင်းမှ ထကြသောအခါ) ကောင်းမွန်စွာမရပ်နိုင်ကြဘဲ ရှိုင်တွာန်ဖမ်းစား၍ အသိဉာဏ်မှောက်မှားရူးသွပ်တွေဝေနေသူများကဲ့ သို့သာလျှင် ရပ်ကြကုန်အံ့။ ဤကဲ့သို့ ဖြစ်ရခြင်းကား ယင်းသူတို့က “ကုန်စည် ကူးသန်းရောင်းဝယ်ခြင်းသည်လည်း အတိုးအညွန့်စားခြင်းနှင့် ထပ်တူထပ်မျှသာဖြစ်သည်” ဟု ပြောဆိုကြသောကြောင့် ဖြစ်လေသည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းကို ခွင့်ပြုထား တော်မူ၍ အတိုးအညွန့်စားခြင်းကိုမူကား တားမြစ် တော်မူခဲ့လေသည်။သို့ဖြစ်လေရာအကြင်သူသည်၊ မိမိအား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ (အတိုးအညွန့်ကို မြစ်တားခြင်းနှင့် စပ်လျဉ်း၍)ဆုံးမဩဝါဒ ရောက်ရှိလာပေရာ (အတိုးအညွန့် စားခြင်းကို)စွန့်လွှတ် ရပ်ဆိုင်းလိုက်ပါမူ ယခင်က(လက်ခံပြီးစားသုံးခဲ့သော)ယူခဲ့သော(အတိုးအညွန့် ကြေးငွေများသည်)ထိုသူ၏ ပစ္စည်းများပင်တည်း။ ထို့ပြင်တဝ ထိုသူ၏(အတွင်းရေး) ကိစ္စ သည်အလ္လာဟ်အရှင်မြတ် အထံတော်သို့ အပ်နှံပြီး ဖြစ်လေသည်။သို့ရာတွင် အကြင်သူတို့သည် (အလ္လာဟ်အရှင်မြတ် အထံတော်မှ အတိုးအညွန့်နှင့် စပ်လျဉ်းသော ပညတ်တော်များ ရောက်ရှိလာပြီးသည့် နောက်) တဖန် ထပ်မံ၍ (အတိုးအညွန့်စားခြင်းကို) ပြုကြပါမူ ထိုသူတို့သည် ငရဲသားများပင် ဖြစ်ကြကုန်၏။ထိုသူတို့သည် ငရဲမီးတွင် ထာဝစဉ် (ဒုက္ခကြီးစွာ)ခံစား နေထိုင်ကြရမည့်သူများ ဖြစ်ကြကုန်သတည်း။
276يَمْحَقُ اللَّهُ الرِّبَا وَيُرْبِي الصَّدَقَاتِ ۗ وَاللَّهُ لَا يُحِبُّ كُلَّ كَفَّارٍ أَثِيمٍ
အလ္လာဟ်အရှင်မြတ်သည် အတိုးအညွန့်ကို ဆုတ်ယုတ်ပျက်စီးစေတော်မူ၍ (ပေးကမ်းစွန့်ကြဲသုံးစွဲကြကုန်သော)အလှူဝတ္တုများကိုမူ (ဆထက် ထမ်းပိုး)တိုးပွား စေတော်မူ၏။အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်းသဒ္ဓါတရား ကင်းမဲ့သော ပြစ်မှုဒုစရိုက်များ ကျူး လွန်သော မည်သူတစ်ဦးတစ်ယောက်ကိုမျှ နှစ်သက်တော်မူသည် မဟုတ်ချေ။
277إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَأَقَامُوا الصَّلَاةَ وَآتَوُا الزَّكَاةَ لَهُمْ أَجْرُهُمْ عِندَ رَبِّهِمْ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
မုချဧကန် အကြင်သူတို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြ၍ ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည်“ဆွလာတ်”ဝတ်ပြုကြကုန်၏။ 4င်းပြင် ထိုသူတို့သည်”ဇကာတ်”တရားဝင်ဒါနကြေးကိုလည်း ပေးဆောင်ကြကုန်၏။ ယင်းသူတို့၏အကျိုးဆုလာဘ်သည် ယင်းသူတို့အား မွေးမြူတော်မူသောအရှင်မြတ်၏အထံတော်၌ (အသင့်)ရှိ၏။ 4င်းပြင် ယင်းသူတို့အဖို့အရာမည်သည့် စိုးရိမ်ကြောက် ရွံ့ခြင်းမျှမရှိချေ။ 4င်းပြင်ယင်းသူတို့သည် ဝမ်းနည်းပူဆွေး ကြမည်လည်းမဟုတ်ပေ။
278يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَذَرُوا مَا بَقِيَ مِنَ الرِّبَا إِن كُنتُم مُّؤْمِنِينَ
အို-ယုံကြည်သူ အပေါင်းတို့၊ အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြပါမူ၊ အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့လေးစား ရိုသေ ခန့်ညားကြကုန်၊ 4င်းပြင် ကြွင်းကျန်လျက်ရှိသော အတိုးအညွန့်များကိုလည်း စွန့်လွှတ်ကြကုန်။
279فَإِن لَّمْ تَفْعَلُوا فَأْذَنُوا بِحَرْبٍ مِّنَ اللَّهِ وَرَسُولِهِ ۖ وَإِن تُبْتُمْ فَلَكُمْ رُءُوسُ أَمْوَالِكُمْ لَا تَظْلِمُونَ وَلَا تُظْلَمُونَ
တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်းကောင်း၊ ထို အရှင်မြတ်၏ ရစူလ်တမန်တော်(မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်)နှင့်လည်းကောင်း၊စစ်မက် ပြိုင်ဆိုင်တို က်ခိုက်ကြရန် အဆင်�င့်ရှိကြကုန်။ သို့ရာတွင် အကယ်၍သာ၊ အသင်တို့သည် နောင်တ တရားရရှိကာ(အတိုးအညွန့် စားသုံးခြင်းကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်ကြပါလျှင် အသင်တို့သည် မိမိတို့(ချေးငှားထားသော) ငွေရင်းများကို ပိုင်ဆိုင်ခွင့်ရှိကြကုန်၏။(မတည်ငွေရင်းများထက် ပိုမို၍ အတိုးအညွန့် မယူခြင်းအားဖြင့်) အသင်တို့သည် (သူတစ်ပါးကို) မတရား ဆုံးရှုံးနစ်နာစေကြမည်လည်းမဟုတ်၊ (မိမိတို့၏ မတည်ငွေရင်းများကို ပြန်လည်ရရှိခြင်း အားဖြင့် သူတစ်ပါးတို့၏) မတရားဆုံးရှုံး နစ်နာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
277အာယာသ်

ဘာသာပြန် — အလ်-ဗကရ 277

စူရာ အလ်-ဗကရ အာယာသ် 277 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မုချဧကန် အကြင်သူတို့သည် ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြ၍ ကောင်းမြတ်သော အကျင့်သီလများကိုလည်း ဆောက်တည်ကြကုန်၏။ ထို့ပြင်တဝ ယင်းသူတို့သည်“ဆွလာတ်”ဝတ်ပြုကြကုန်၏။ 4င်းပြင် ထိုသူတို့သည်”ဇကာတ်”တရားဝင်ဒါနကြေးကိုလည်း…

စူရာ အာယာသ် 277/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 275–279. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers