အလ်-အန်ဘီယာ · 80/112
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်ဘီယာ
وَعَلَّمْنَاهُ صَنْعَةَ لَبُوسٍ لَّكُمْ لِتُحْصِنَكُم مِّن بَأْسِكُمْ ۖ فَهَلْ أَنتُمْ شَاكِرُونَ ۝٨٠
Wa `allamanaahu san`ata laboosil lakum lituhsinakum mim baasikum fahal antum shaakiroon
📖 မြန်မာဘာသာ
၎င်းပြင် ငါအရှင်မြတ်သည် ထိုဒါဝူဒ်အားအသင်တို့အကျိုးငှာ သံချပ်အင်္ကျီပြုလုပ်သောအတတ်ပညာကို သင်ပေးတော်မူခဲ့၏။ သို့မှသာလျှင် ယင်းသံချပ်အင်္ကျီသည် အသင်တို့အား အသင်တို့စစ်တိုက်ခိုက်ရာတွင် ကာကွယ်နိုင်မည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ကျေးဇူးတော်ကိုသိတတ်သူများ ဖြစ်ကြလေသလော။
🎧 နားထောင်

📜 အာယာသ် 78-82 — အလ်-အန်ဘီယာ

78وَدَاوُودَ وَسُلَيْمَانَ إِذْ يَحْكُمَانِ فِي الْحَرْثِ إِذْ نَفَشَتْ فِيهِ غَنَمُ الْقَوْمِ وَكُنَّا لِحُكْمِهِمْ شَاهِدِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်)ဒါဝူဒ် (၏အတ္ထုပ္ပတ္တိအကြောင်း)ကို လည်းကောင်း၊ စုလိုင်မာန် (၏အတ္ထုပ္ပတ္တိ အကြောင်းကိုလည်းကောင်း၊ ပြန်လည်၍ သတိရပါလေ)။တစ်ရံရောအခါဝယ် ထို(သားအဖ)နှစ်ပါးတို့သည် လယ်ယာနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ကြကုန်၏။ အကြင်အခါဝယ်အမျိုးသားတို့၏ ဆိတ်များသည် ယင်းလယ်ယာ၌ ညဉ့်အချိန်တွင် ဝင်ရောက်(ဖျက်ဆီး)ခဲ့ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့၏ စီရင်ဆုံးဖြတ်မှုကို ရှုစားလျက်ပင် ရှိနေတော်မူခဲ့၏။
79فَفَهَّمْنَاهَا سُلَيْمَانَ ۚ وَكُلًّا آتَيْنَا حُكْمًا وَعِلْمًا ۚ وَسَخَّرْنَا مَعَ دَاوُودَ الْجِبَالَ يُسَبِّحْنَ وَالطَّيْرَ ۚ وَكُنَّا فَاعِلِينَ
ထိုရောအခါဝယ် ငါအရှင်မြတ်သည် စုလိုင်မာန်အား ယင်းအမှု(၏အဆုံးအဖြတ်)ကို သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ဒါဝူဒ်နှင့် စုလိုင်မာန်တမန်တော်နှစ်ပါးအနက်) အသီးသီးအား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ်နှင့်အတူ တောင်များကို လိုက်နာစေတော်မူခဲ့ရာ ထိုတောင်များသည်(ဒါဝူဒ်နှင့်အတူ)ငါအရှင်မြတ် သန့်ရှင်းစင်ကြယ် တော်မူကြောင်း ဘာဝနာပွားလျက် ရှိကြပေသည်။ ထိုနည်းတူစွာငှက်တိရစ္ဆာန်များကိုလည်း(ဒါဝူဒ်နှင့်အတူ လိုက်နာစေတော်မူခဲ့သည်။) စင်စစ် ငါအရှင်မြတ်သည် (ယင်းကဲ့သို့) ပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူပေသည်။
80وَعَلَّمْنَاهُ صَنْعَةَ لَبُوسٍ لَّكُمْ لِتُحْصِنَكُم مِّن بَأْسِكُمْ ۖ فَهَلْ أَنتُمْ شَاكِرُونَ
၎င်းပြင် ငါအရှင်မြတ်သည် ထိုဒါဝူဒ်အားအသင်တို့အကျိုးငှာ သံချပ်အင်္ကျီပြုလုပ်သောအတတ်ပညာကို သင်ပေးတော်မူခဲ့၏။ သို့မှသာလျှင် ယင်းသံချပ်အင်္ကျီသည် အသင်တို့အား အသင်တို့စစ်တိုက်ခိုက်ရာတွင် ကာကွယ်နိုင်မည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ကျေးဇူးတော်ကိုသိတတ်သူများ ဖြစ်ကြလေသလော။
81وَلِسُلَيْمَانَ الرِّيحَ عَاصِفَةً تَجْرِي بِأَمْرِهِ إِلَى الْأَرْضِ الَّتِي بَارَكْنَا فِيهَا ۚ وَكُنَّا بِكُلِّ شَيْءٍ عَالِمِينَ
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) စုလိုင်မာန်အား ပြင်းထန်စွာတိုက်ခတ်သောလေကို နိုင်နင်းစေတော်မူခဲ့၏။ ယင်းလေသည် ထိုစုလိုင်မာန်၏အမိန့် နှင့် ငါအရှင်မြတ်ကျက်သရေမင်္ဂလာ၊ သုခချမ်းသာနှင့် ပြည့်စုံစေတော်မူသောနယ်မြေသို့ တိုက်ခတ်သွားလာလေ၏။ စင်စစ်သော်ကားငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
82وَمِنَ الشَّيَاطِينِ مَن يَغُوصُونَ لَهُ وَيَعْمَلُونَ عَمَلًا دُونَ ذَٰلِكَ ۖ وَكُنَّا لَهُمْ حَافِظِينَ
ထိုမှတပါး ရှိုင်တွာန်မိစ္ဆာကောင်တို့တွင် အကြင်ရှိုင်တွာန် မိစ္ဆာကောင်များလည်း ရှိခဲ့ကြ၏။ ယင်း ရှိုင်တွာန်မိစ္ဆာကောင်များသည် ထိုစုလိုင်မာန်၏ အကျိုးငှာ(သမုဒ္ဒရာပင်လယ်၌)ရေငုပ်ခြင်းကိုလည်းကောင်း၊ အခြားအလုပ်ကိစ္စဆောင်ရွက်ခြင်းကိုလည်း ကောင်း၊ ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည်ပင် ယင်းရှိုင်တွာန် မိစ္ဆာကောင်တို့အား ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ်ဖြစ်တော်မူ ပေသတည်း။
အလ်-အန်ဘီယာကုရ်အာန် ညွှန်းကိန်း
112အာယာသ်
MeccanRevelation
80အာယာသ်

ဘာသာပြန် — အလ်-အန်ဘီယာ 80

စူရာ အလ်-အန်ဘီယာ အာယာသ် 80 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ငါအရှင်မြတ်သည် ထိုဒါဝူဒ်အားအသင်တို့အကျိုးငှာ သံချပ်အင်္ကျီပြုလုပ်သောအတတ်ပညာကို သင်ပေးတော်မူခဲ့၏။ သို့မှသာလျှင် ယင်းသံချပ်အင်္ကျီသည် အသင်တို့အား အသင်တို့စစ်တိုက်ခိုက်ရာတွင် ကာကွယ်နိုင်မည်ဖြစ်ပေသည်။…

စူရာ အာယာသ် 80/112 — အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်ဘီယာ နားထောင်, အလ်-အန်ဘီယာ ဘာသာပြန်, အလ်-အန်ဘီယာ mp3, အလ်-အန်ဘီယာ pdf. အာယာသ် 78–82. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers