فَفَهَّمْنَاهَا سُلَيْمَانَ ۚ وَكُلًّا آتَيْنَا حُكْمًا وَعِلْمًا ۚ وَسَخَّرْنَا مَعَ دَاوُودَ الْجِبَالَ يُسَبِّحْنَ وَالطَّيْرَ ۚ وَكُنَّا فَاعِلِينَ ٧٩
🔤 Transliteration
Fafahhamnaahaa sulaimaan; wa kullan aatainaa hukmanw wa`ilmanw wa sakh kharnaa ma`a Daawoodal jibaala yusabbihna wattayr; wa kunnaa faa`ileen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုရောအခါဝယ် ငါအရှင်မြတ်သည် စုလိုင်မာန်အား ယင်းအမှု(၏အဆုံးအဖြတ်)ကို သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ဒါဝူဒ်နှင့် စုလိုင်မာန်တမန်တော်နှစ်ပါးအနက်) အသီးသီးအား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ်နှင့်အတူ တောင်များကို လိုက်နာစေတော်မူခဲ့ရာ ထိုတောင်များသည်(ဒါဝူဒ်နှင့်အတူ)ငါအရှင်မြတ် သန့်ရှင်းစင်ကြယ် တော်မူကြောင်း ဘာဝနာပွားလျက် ရှိကြပေသည်။ ထိုနည်းတူစွာငှက်တိရစ္ဆာန်များကိုလည်း(ဒါဝူဒ်နှင့်အတူ လိုက်နာစေတော်မူခဲ့သည်။) စင်စစ် ငါအရှင်မြတ်သည် (ယင်းကဲ့သို့) ပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူပေသည်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ فَفَهَّمْنَاهَا (ဖဖဟ်ဟမ်နာဟာ) — ထိုအမှုကိစ္စကို နားလည်သဘောပေါက်စေခဲ့သည်။سُلَيْمَانَ (စုလိုင်မာန်) — တမန်တော် ဒါဝူဒ်၏ သားတော်၊ အလ္လာဟ်အရှင်မြတ်၏ နဗီတမန်တော်တစ်ပါး။حُكْمًا (ဟုက်မ်) — ဉာဏ်ပညာ၊ အမှန်တရားကို ဆုံးဖြတ်နိုင်သော အသိပညာ။عِلْمًا (အိလ်မ်) — အသိပညာ၊ ဗဟုသုတ။سَخَّرْنَا (ဆခ္ခရ်နာ) — အရှင်မြတ်က အလိုတော်အတိုင်း လိုက်နာဆောင်ရွက်စေရန် နိုင်နင်းစေခဲ့သည်။يُسَبِّحْنَ (ယုစဗ်ဗိဟ်န) — တစ်စဗီးဟ် ပြုကြသည်၊ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းကြသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက် တမန်တော် ဒါဝူဒ်၏ လက်ထက်တွင် သိုးအုပ်ပိုင်ရှင်တစ်ဦးနှင့် လယ်ယာပိုင်ရှင်တစ်ဦးအကြား အမှုတစ်ခု ဖြစ်ပွားခဲ့သည်။ သိုးအုပ်သည် လယ်ကွင်းထဲသို့ ဝင်ရောက်ပြီး စိုက်ပျိုးထားသော သီးနှံများကို ဖျက်ဆီးခဲ့သည်။ ထိုအမှုကို ဆုံးဖြတ်ရာတွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော် စုလိုင်မာန်အား အကောင်းဆုံးသော အဖြေကို နားလည်သဘောပေါက်စေတော်မူခဲ့သည်။ သူ၏ ဆုံးဖြတ်ချက်မှာ နှစ်ဖက်စလုံးအတွက် တရားမျှတမှုရှိပြီး အကျိုးအမြတ်လည်း ရရှိစေသော ဆုံးဖြတ်ချက် ဖြစ်သည်။ သိုးအုပ်ကို လယ်ပိုင်ရှင်ထံ ယာယီပေးအပ်ပြီး သိုး၏ နို့၊ သိုးမွှေးနှင့် သားပေါက်များမှ ရရှိသော အကျိုးအမြတ်ဖြင့် ပျက်စီးသွားသော သီးနှံများ၏ တန်ဖိုးကို ပြန်လည်ဖြည့်ဆည်းစေသည်။ ထို့နောက် လယ်ကွင်းကို ပြန်လည်ပြုပြင်ပြီး မူလအခြေအနေသို့ ရောက်သောအခါ မူလပိုင်ရှင်များထံ ပြန်လည်အပ်နှင်းသည်။ ဤနည်းဖြင့် နှစ်ဦးစလုံး တရားမျှတမှုကို ရရှိကြသည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော် ဒါဝူဒ်နှင့် တမန်တော် စုလိုင်မာန် နှစ်ပါးစလုံးအား ဉာဏ်ပညာနှင့် အသိပညာကို ပေးအပ်တော်မူခဲ့သည်။ တမန်တော် စုလိုင်မာန်သာမက တမန်တော် ဒါဝူဒ်လည်း နဗီတမန်တော်အဖြစ် ခန့်အပ်ခြင်းခံရပြီး ရှရီအသ် ဥပဒေသတ်မှတ်ချက်များကို နားလည်သော အသိပညာကို ရရှိခဲ့သည်။
ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် တမန်တော် ဒါဝူဒ်နှင့်အတူ တောင်များနှင့် ငှက်များကို အရှင်မြတ်ကို ချီးမွမ်းတစ်စဗီးဟ် ပြုစေရ
فَفَهَّمۡنَٰهَا سُلَيۡمَٰنَۚ وَكُلًّا ءَاتَيۡنَا حُكۡمًا وَعِلۡمًاۚ وَسَخَّرۡنَا مَعَ دَاوُۥدَ ٱلۡجِبَالَ يُسَبِّحۡنَ وَٱلطَّيۡرَۚ وَكُنَّا فَٰعِلِينَ ٧٩
ထိုရောအခါဝယ် ငါအရှင်မြတ်သည် စုလိုင်မာန်အား ယင်းအမှု(၏အဆုံးအဖြတ်)ကို သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ဒါဝူဒ်နှင့် စုလိုင်မာန်တမန်တော်နှစ်ပါးအနက်) အသီးသီးအား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ်နှင့်အတူ တောင်များကို လိုက်နာစေတော်မူခဲ့ရာ ထိုတောင်များသည်(ဒါဝူဒ်နှင့်အတူ)ငါအရှင်မြတ် သန့်ရှင်းစင်ကြယ် တော်မူကြောင်း ဘာဝနာပွားလျက် ရှိကြပေသည်။ ထိုနည်းတူစွာငှက်တိရစ္ဆာန်များကိုလည်း(ဒါဝူဒ်နှင့်အတူ လိုက်နာစေတော်မူခဲ့သည်။) စင်စစ် ငါအရှင်မြတ်သည် (ယင်းကဲ့သို့) ပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူပေသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 77-81 — စူရာ အလ်-အန်ဘီယာ
77 وَنَصَرْنَاهُ مِنَ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ إِنَّهُمْ كَانُوا قَوْمَ سَوْءٍ فَأَغْرَقْنَاهُمْ أَجْمَعِينَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုနူဟ်အားငါအရှင်မြတ်၏ သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့ကြသော အမျိုးသားတို့ (၏ ဘေးအန္တရာယ်)မှကာကွယ်စောင့်ရှောက်တော် မူခဲ့၏။ ဧကန်မလွဲ ၎င်းတို့သည်အလွန်ဆိုးရွားသော အမျိုးသားများပင် ဖြစ်ခဲ့ကြကုန်၏။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အားလုံးကို နစ်မြုပ်စေတော် မူခဲ့ပေသတည်း။
78 وَدَاوُودَ وَسُلَيْمَانَ إِذْ يَحْكُمَانِ فِي الْحَرْثِ إِذْ نَفَشَتْ فِيهِ غَنَمُ الْقَوْمِ وَكُنَّا لِحُكْمِهِمْ شَاهِدِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်)ဒါဝူဒ် (၏အတ္ထုပ္ပတ္တိအကြောင်း)ကို လည်းကောင်း၊ စုလိုင်မာန် (၏အတ္ထုပ္ပတ္တိ အကြောင်းကိုလည်းကောင်း၊ ပြန်လည်၍ သတိရပါလေ)။တစ်ရံရောအခါဝယ် ထို(သားအဖ)နှစ်ပါးတို့သည် လယ်ယာနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ကြကုန်၏။ အကြင်အခါဝယ်အမျိုးသားတို့၏ ဆိတ်များသည် ယင်းလယ်ယာ၌ ညဉ့်အချိန်တွင် ဝင်ရောက်(ဖျက်ဆီး)ခဲ့ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့၏ စီရင်ဆုံးဖြတ်မှုကို ရှုစားလျက်ပင် ရှိနေတော်မူခဲ့၏။
79 فَفَهَّمْنَاهَا سُلَيْمَانَ ۚ وَكُلًّا آتَيْنَا حُكْمًا وَعِلْمًا ۚ وَسَخَّرْنَا مَعَ دَاوُودَ الْجِبَالَ يُسَبِّحْنَ وَالطَّيْرَ ۚ وَكُنَّا فَاعِلِينَ
ထိုရောအခါဝယ် ငါအရှင်မြတ်သည် စုလိုင်မာန်အား ယင်းအမှု(၏အဆုံးအဖြတ်)ကို သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ဒါဝူဒ်နှင့် စုလိုင်မာန်တမန်တော်နှစ်ပါးအနက်) အသီးသီးအား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း ချီးမြှင့်ပေးသနားတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ဒါဝူဒ်နှင့်အတူ တောင်များကို လိုက်နာစေတော်မူခဲ့ရာ ထိုတောင်များသည်(ဒါဝူဒ်နှင့်အတူ)ငါအရှင်မြတ် သန့်ရှင်းစင်ကြယ် တော်မူကြောင်း ဘာဝနာပွားလျက် ရှိကြပေသည်။ ထိုနည်းတူစွာငှက်တိရစ္ဆာန်များကိုလည်း(ဒါဝူဒ်နှင့်အတူ လိုက်နာစေတော်မူခဲ့သည်။) စင်စစ် ငါအရှင်မြတ်သည် (ယင်းကဲ့သို့) ပြုလုပ်တော်မူသောအရှင် ဖြစ်တော်မူပေသည်။
80 وَعَلَّمْنَاهُ صَنْعَةَ لَبُوسٍ لَّكُمْ لِتُحْصِنَكُم مِّن بَأْسِكُمْ ۖ فَهَلْ أَنتُمْ شَاكِرُونَ
၎င်းပြင် ငါအရှင်မြတ်သည် ထိုဒါဝူဒ်အားအသင်တို့အကျိုးငှာ သံချပ်အင်္ကျီပြုလုပ်သောအတတ်ပညာကို သင်ပေးတော်မူခဲ့၏။ သို့မှသာလျှင် ယင်းသံချပ်အင်္ကျီသည် အသင်တို့အား အသင်တို့စစ်တိုက်ခိုက်ရာတွင် ကာကွယ်နိုင်မည်ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည် ကျေးဇူးတော်ကိုသိတတ်သူများ ဖြစ်ကြလေသလော။
81 وَلِسُلَيْمَانَ الرِّيحَ عَاصِفَةً تَجْرِي بِأَمْرِهِ إِلَى الْأَرْضِ الَّتِي بَارَكْنَا فِيهَا ۚ وَكُنَّا بِكُلِّ شَيْءٍ عَالِمِينَ
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) စုလိုင်မာန်အား ပြင်းထန်စွာတိုက်ခတ်သောလေကို နိုင်နင်းစေတော်မူခဲ့၏။ ယင်းလေသည် ထိုစုလိုင်မာန်၏အမိန့် နှင့် ငါအရှင်မြတ်ကျက်သရေမင်္ဂလာ၊ သုခချမ်းသာနှင့် ပြည့်စုံစေတော်မူသောနယ်မြေသို့ တိုက်ခတ်သွားလာလေ၏။ စင်စစ်သော်ကားငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အလ်-အန်ဘီယာ 79 စူရာ အလ်-အန်ဘီယာ အာယာသ် 79 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုရောအခါဝယ် ငါအရှင်မြတ်သည် စုလိုင်မာန်အား ယင်းအမှု(၏အဆုံးအဖြတ်)ကို သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ဒါဝူဒ်နှင့် စုလိုင်မာန်တမန်တော်နှစ်ပါးအနက်) အသီးသီးအား…
စူရာ အာယာသ် 79/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 77–81. မြန်မာဘာသာ: ภาษาไทย.