အလ်-ဖူရ်ကာန် · 52/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
فَلَا تُطِعِ الْكَافِرِينَ وَجَاهِدْهُم بِهِ جِهَادًا كَبِيرًا ۝٥٢
Falaa tuti`il kaafireena wa jaahidhum bihee jihaadan kabeeraa
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်၊) အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏စကားကို လိုက်နာခြင်းမပြုဘဲ၊ ဤကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ၎င်းတို့အား ကြီးကျယ်ပြင်းထန်စွာ ယှဉ်ပြိုင်ပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 50-54 — စူရာ အလ်-ဖူရ်ကာန်

50وَلَقَدْ صَرَّفْنَاهُ بَيْنَهُمْ لِيَذَّكَّرُوا فَأَبَىٰ أَكْثَرُ النَّاسِ إِلَّا كُفُورًا
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုရေကို ၎င်းတို့အကြားဝယ် ဝေငှ၍ ပေးကမ်းတော်မူခဲ့၏။ သို့မှသာလျှင် ၎င်းတို့သည် တရားရရှိ ကြပေမည်။ သို့ပါလျက် ၎င်းတို့အနက် အများဆုံးသော သူတို့မှာမူကား ကျေးဇူးကန်းခဲ့ကြသည် သာတည်း။
51وَلَوْ شِئْنَا لَبَعَثْنَا فِي كُلِّ قَرْيَةٍ نَّذِيرًا
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် ရွာတိုင်းရွာတိုင်းတွင် သတိပေးနှိုးဆော်သူ တစ်ပါးစီကို လွှတ်တော်မူခဲ့မည်သာ။
52فَلَا تُطِعِ الْكَافِرِينَ وَجَاهِدْهُم بِهِ جِهَادًا كَبِيرًا
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်၊) အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏စကားကို လိုက်နာခြင်းမပြုဘဲ၊ ဤကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ၎င်းတို့အား ကြီးကျယ်ပြင်းထန်စွာ ယှဉ်ပြိုင်ပါလေ။
53۞ وَهُوَ الَّذِي مَرَجَ الْبَحْرَيْنِ هَٰذَا عَذْبٌ فُرَاتٌ وَهَٰذَا مِلْحٌ أُجَاجٌ وَجَعَلَ بَيْنَهُمَا بَرْزَخًا وَحِجْرًا مَّحْجُورًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် ပင်လယ်နှစ်ခုကို ပေါင်းစပ်ပေးတော်မူသောအရှင် ဖြစ်တော်မူပေရာ၊ (ထိုပင်လယ်နှစ်ခုအနက်) ဤတစ်ခုသော ပင်လယ်(ရေ)မှာ ရသာရှိ၍ ချိုမြိန်သော၊ ရေငတ်ပြေစေသော (ရေ)ဖြစ်၏။ သို့ရာတွင် ဤတစ်ခုသောပင်လယ်(ရေ)မှာကား ငန်၍ခါး (သောရေပင်) ဖြစ်ပေသည်။ တစ်ဖန် ထိုအရှင်မြတ်သည် ထိုပင်လယ်နှစ်ခု၏အကြားဝယ် သေးသွယ်သောအဆက်တစ်ခုကို ထားရှိတော်မူခဲ့သည့်ပြင် (တစ်ဘက်�ှရေသည် နောက်တစ်ဘက်မှ ရေနှင့်ရောနှောခြင်းမရှိစေရန် ခိုင်လုံသော) အတားအဆီးတစ်ခုဖြင့် ကာဆီး၍ ထားရှိတော်မူခဲ့၏။
54وَهُوَ الَّذِي خَلَقَ مِنَ الْمَاءِ بَشَرًا فَجَعَلَهُ نَسَبًا وَصِهْرًا ۗ وَكَانَ رَبُّكَ قَدِيرًا
တစ်ဖန် ထိုအရှင်မြတ်သည်ပင် (ကလလ)ရေ(ကြည်)ဖြင့် လူကိုဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုလူကို (သွေးရင်းသားရင်းဖြစ်သော) ဆွေးမျိုးသားချင်း တော်စပ်သူများနှင့်လည်းကောင်း၊ ထိမ်းမြားမှုဖြင့် ဆွေမျိုးတော်စပ်သူများကို လည်းကောင်း၊ ဖြစ် စေတော်မူခဲ့၏။ စင်စစ်သော်ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
52အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 52

စူရာ အလ်-ဖူရ်ကာန် အာယာသ် 52 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ(အို-နဗီတမန်တော်၊) အသင်သည် ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏စကားကို လိုက်နာခြင်းမပြုဘဲ၊ ဤကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ၎င်းတို့အား ကြီးကျယ်ပြင်းထန်စွာ ယှဉ်ပြိုင်ပါလေ။

စူရာ အာယာသ် 52/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 50–54. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers