အာလ်-အိမရာန် · 14/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
زُيِّنَ لِلنَّاسِ حُبُّ الشَّهَوَاتِ مِنَ النِّسَاءِ وَالْبَنِينَ وَالْقَنَاطِيرِ الْمُقَنطَرَةِ مِنَ الذَّهَبِ وَالْفِضَّةِ وَالْخَيْلِ الْمُسَوَّمَةِ وَالْأَنْعَامِ وَالْحَرْثِ ۗ ذَٰلِكَ مَتَاعُ الْحَيَاةِ الدُّنْيَا ۖ وَاللَّهُ عِندَهُ حُسْنُ الْمَآبِ ۝١٤
Zuyyina linnaasi hubbush shahawaati minannisaaa`i wal baneena walqanaateeril muqantarati minaz zahabi walfiddati walkhailil musawwamati wal an`aami walhars; zaalika mataa`ul hayaatid dunyaa wallaahu `indahoo husnul ma-aab
📖 မြန်မာဘာသာ
လူခပင်းတို့ အဖို့အရာ၊ မိန်းမများကိုလည်းကောင်း၊ သားရတနာများကိုလည်းကောင်း၊ စုဆောင်းသိုမှီးထားသော ရွှေငွေရတနာများကိုလည်းကောင်း၊ သင်ကြားလေ့ကျင့် ရွေးချယ်သတ်မှတ်ထားသော၊ မျိုးမှန်မျိုးကောင်း မြင်းများကိုလည်းကောင်း၊ (နွား၊ သိုး၊ ဆိတ်) ကုလားအုတ် စသည့်တိရိစ္ဆာန်များကိုလည်းကောင်း၊ လယ်ယာဥယျာဉ်များကို လည်းကောင်း၊ ချစ်ခင်စုံမက် နှစ်သက်မြတ်နိုး၊ လှပတင့်တယ်ဤသည်တို့ကား ပစ္စပ္ပုန် လောကီဘဝ၏ အသုံးအဆောင်များသာတည်း။ အမှန်စင်စစ်အားဖြင့် အမြင့်မြတ်ဆုံးသောပြန်လည်ရာ ဌာနသည်ကား အလ္လာဟ်အရှင်မြတ်၏ အထံတော်၌သာလျှင် ရှိပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • ဇုယ်ယိနာ (زُيِّنَ) — လှပစွာ ပြသခဲ့သည်၊ ဆွဲဆောင်မှုဖြစ်စေခဲ့သည်။
  • ရှဟဝါသ် (الشَّهَوَاتِ) — ရှဟ်ဝသ် ဟူသော ဝေါဟာရ၏ အများကိန်း။ ရှဟ်ဝသ် ဆိုသည်မှာ စိတ်နှလုံးက လိုချင်တောင့်တသော အရာများသို့ ယိမ်းယိုင်ဆွဲဆောင်ခြင်းကို ဆိုသည်။
  • ကနာသွီရ် (الْقَنَاطِيرِ) — ကင်သွာရ် ဟူသော ဝေါဟာရ၏ အများကိန်း။ ကင်သွာရ် ဆိုသည်မှာ များပြားလှသော ဥစ္စာပစ္စည်းကို ဆိုသည်။
  • မုကန်သွရဟ် (الْمُقَنطَرَةِ) — အဆမတန် များပြားစွာ စုပုံထားသော။
  • မုစဝ်ဝမဟ် (الْمُسَوَّمَةِ) — အမှတ်အသား ပြုလုပ်ထားသော၊ လှပစွာ အဆင်တန်ဆာ ဆင်ထားသော။
  • ဟရ်သ် (الْحَرْثِ) — လယ်ယာမြေ၊ သီးနှံစိုက်ပျိုးခင်း။
  • မ သာအ် (مَتَاعُ) — ခဏတာ ခံစားရသော ပစ္စည်းဥစ္စာ။
  • ဟုစ်နုလ် မ အာဗ် (حُسْنُ الْمَآبِ) — အကောင်းဆုံး ပြန်လည်ရာဌာန၊ အကောင်းဆုံး နောက်ဆုံးပန်းတိုင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား စမ်းသပ်တော်မူသည့်အနေဖြင့် လောကီ ဆန္ဒအလိုဆန္ဒများကို ချစ်မြတ်နိုးစိတ် ဖြစ်ပေါ်စေတော်မူကြောင်း မိန့်တော်မူသည်။ ထိုဆန္ဒများမှာ — အမျိုးသမီးများ၊ သားသမီးများ၊ ရွှေနှင့်ငွေဖြင့် ပြည့်နှက်စွာ စုပုံထားသော များပြားလှသည့် ဥစ္စာပစ္စည်းများ၊ အမှတ်အသားပြုလုပ်ထားသော လှပသည့် မြင်းများ၊ ကုလားအုတ်၊ နွား၊ ဆိတ် စသည့် တိရစ္ဆာန်များနှင့် လယ်ယာမြေ စိုက်ပျိုးခင်းများ ဖြစ်ကြသည်။ ဤအရာအားလုံးသည် လောကီဘဝ၏ ခဏတာ ခံစားစရာ ပစ္စည်းဥစ္စာများသာ ဖြစ်သည်။ ၎င်းတို့သည် ခဏတာ ခံစားပြီးနောက် ကွယ်ပျောက်သွားမည် ဖြစ်သည်။ သို့ဖြစ်၍ မုအ်မင်န် (ယုံကြည်သူ) သည် ထိုအရာများကို စွဲလမ်းတွယ်တာနေသင့်သည် မဟုတ်ပေ။ အမှန်မှာ အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ အကောင်းဆုံး ပြန်လည်ရာဌာန ရှိသည်။ ထိုဌာနမှာ ဂျန္နသ် (သုခဘုံ) ဖြစ်ပြီး မိုးနှင့်မြေတို့၏ အကျယ်အဝန်းမျှ ကျယ်ဝန်းလှသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • ဤအာယသ်တော်သည် လောကီဘဝ၏ ဆွဲဆောင်မှုများသည် ခဏတာ ခံစားစရာများသာ ဖြစ်ကြောင်း သတိပေးထ


📜 အာယာသ် 12-16 — စူရာ အာလ်-အိမရာန်

12قُل لِّلَّذِينَ كَفَرُوا سَتُغْلَبُونَ وَتُحْشَرُونَ إِلَىٰ جَهَنَّمَ ۚ وَبِئْسَ الْمِهَادُ
(အို-နဗီတမန်တော်) အသင်သည် (ယင်း) မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သော ကာဖိရ်တို့ကိုပြောကြားပါလေ။ မကြာမီအတွင်း အသင်တို့သည် (ဤပစ္စုပ္ပန်မျက်မှောက်ဘဝတွင်လည်းမုစ်လင်မ်တို့၏) နိုင်နင်းလွှမ်းမိုးခြင်းကို ခံကြရကုန်အံ့။ ၎င်းပြင် (နောင်တမလွန်ဘဝတွင်လည်း)ဂျဟန္နမ် ငရဲဘုံ၌ စုရုံးစေခြင်းကို ခံကြရကုန်အံ့။ စင်စစ်ထို(ငရဲဘုံတည်းဟူသော) နေရာထိုင်ခင်းသည် အလွန် ယုတ်ညံ့သိမ်ဖျင်းလှစွာတကား။
13قَدْ كَانَ لَكُمْ آيَةٌ فِي فِئَتَيْنِ الْتَقَتَا ۖ فِئَةٌ تُقَاتِلُ فِي سَبِيلِ اللَّهِ وَأُخْرَىٰ كَافِرَةٌ يَرَوْنَهُم مِّثْلَيْهِمْ رَأْيَ الْعَيْنِ ۚ وَاللَّهُ يُؤَيِّدُ بِنَصْرِهِ مَن يَشَاءُ ۗ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِّأُولِي الْأَبْصَارِ
မချွတ်ဧကန် အသင်တို့ (ဆင်ခြင်ရန်၊ ကိုးကားရန်) အတွက် (ဗဒ်ရ်)စစ်ပွဲတွင် လူနှစ်စုသည် တစဖက်နှင့်တစ်ဖက် ရင်ဆိုင်ကြသော (အခြင်းအရာ) ၌ က်သေသာဓက တစ်ရပ် ရှိပေသည်။ (ယင်းလူနှစ်စုအနက်) တစ်စုသည် (မုစ်လင်မ် များပင်ဖြစ်ကြပေရာ) အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်လျက် ရှိခဲ့ကြလေသည်။သို့ရာတွင် နောက်တစ်စုသည် မယုံမကြည် သွေဖည်ငြင်းပယ်လေသော ကာဖိရ်များပင် ဖြစ်ခဲ့ကြ၏။ ယင်းသူတို့သည် မိမိတို့ကိုယ်ကို ထိုမုစ်လင်မ် များထက်နှစ်ဆ ဖြစ်နေသည်ကိုလည်းမျက်ဝါးထင်ထင် တွေ့မြင်ကြလေသည်။ သို့ရာတွင် (အနိုင်အရှုံးသည် အလ္လာဟ်အရှင်မြတ်၏ လက်တော်၌သာ ရှိနေပေရာ) အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုသောသူများကိုသာမိမိ အကူအညီဖြင့် အားပေး၍ (နိုင်စေ)တော်မူလေသည်။အမှန်စင်စစ်သော်ကား ယင်း(အခြင်းအရာ)၌ ဉာဏ စက္ခုဉာဏ်အမြော်အမြင်ရှိသူများ အဖို့အရာ (ကြီးကျယ်သော)သင်ခဏ်းစာသည် အမှန်ရှိပေသတည်း။ ရှေ့တော်မှောက်တွင်) ခယ ရိုကျိုးသူများလည်းကောင်း၊ (အစ္စလာမ်တရားတော်နှင့်အညီ သဒ္ဓါစေတနာထက်သန်စွာ) လှူဒါန်းသုံးစွဲ ပေးကမ်းစွန့်ကြဲသူ များလည်းကောင်း၊ ညဉ့်၏နောက်ဆုံးယံ အရုဏ်တက်ချိန်များတွင် (အလ္လာဟ်အရှင်မြတ်အထံတော်တွင် မိမိတို့အပြစ်များမှ) လွတ်ငြိမ်းချမ်းသာခွင့် ပန်ကြားသူများလည်းကောင်း၊ ဖြစ်ကြလေသတည်း။
14زُيِّنَ لِلنَّاسِ حُبُّ الشَّهَوَاتِ مِنَ النِّسَاءِ وَالْبَنِينَ وَالْقَنَاطِيرِ الْمُقَنطَرَةِ مِنَ الذَّهَبِ وَالْفِضَّةِ وَالْخَيْلِ الْمُسَوَّمَةِ وَالْأَنْعَامِ وَالْحَرْثِ ۗ ذَٰلِكَ مَتَاعُ الْحَيَاةِ الدُّنْيَا ۖ وَاللَّهُ عِندَهُ حُسْنُ الْمَآبِ
လူခပင်းတို့ အဖို့အရာ၊ မိန်းမများကိုလည်းကောင်း၊ သားရတနာများကိုလည်းကောင်း၊ စုဆောင်းသိုမှီးထားသော ရွှေငွေရတနာများကိုလည်းကောင်း၊ သင်ကြားလေ့ကျင့် ရွေးချယ်သတ်မှတ်ထားသော၊ မျိုးမှန်မျိုးကောင်း မြင်းများကိုလည်းကောင်း၊ (နွား၊ သိုး၊ ဆိတ်) ကုလားအုတ် စသည့်တိရိစ္ဆာန်များကိုလည်းကောင်း၊ လယ်ယာဥယျာဉ်များကို လည်းကောင်း၊ ချစ်ခင်စုံမက် နှစ်သက်မြတ်နိုး၊ လှပတင့်တယ်ဤသည်တို့ကား ပစ္စပ္ပုန် လောကီဘဝ၏ အသုံးအဆောင်များသာတည်း။ အမှန်စင်စစ်အားဖြင့် အမြင့်မြတ်ဆုံးသောပြန်လည်ရာ ဌာနသည်ကား အလ္လာဟ်အရှင်မြတ်၏ အထံတော်၌သာလျှင် ရှိပေသတည်း။
15۞ قُلْ أَؤُنَبِّئُكُم بِخَيْرٍ مِّن ذَٰلِكُمْ ۚ لِلَّذِينَ اتَّقَوْا عِندَ رَبِّهِمْ جَنَّاتٌ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَأَزْوَاجٌ مُّطَهَّرَةٌ وَرِضْوَانٌ مِّنَ اللَّهِ ۗ وَاللَّهُ بَصِيرٌ بِالْعِبَادِ
(အို-နဗီတမန်တော်) အသင်သည် (လူသားတို့အား) ပြောကြားပါလေ။ အကျွန်ုပ်သည် အသင်တို့ အားထို (အထက်အဆိုပါ လောကီရတနာစည်းစိမ်များ)ထက် ပိုမိုသင့်မြတ်သောအရာများကို အကြောင်းကြားရပါမည်လော။(အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခန့်ညား၍ ဒုစရိုက်မှုတို့ကို) ကြဉ်ရှောင်သော သူတော်စင်များအဖို့ ယင်းသူတို့အားမွေးမြူတော် မူသော အရှင်မြတ်အထံတော်၌ ဥယျာဉ်တော်များရှိပေသည်။ ထိုဥယျာဉ်တော်များ၏အောက်မှ စမ်းရေ ချောင်းများသည် (အယဉ်တွေတွေ)စီးဆင်လျက် ရှိပေသည်။ (ယင်းသူတို့သည်) ထိုဥယျာဉ်တော်များ တွင် အမြဲထာဝရ စံနေကြမည့်သူများပင် ဖြစ်ကြ ပေသည်။ (ထို့ပြင် ယင်းသူတို့အဖို့)စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော ဇနီးများလည်း ရှိကြပေသည်။ ထို့ပြင်တဝ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုလည်းရှိပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်(မိမိ၏)ကျွန်များ (၏အခြေအနေအဖြစ်အပျက် အားလုံး တို့ကို)ခွဲခြားသိမြင်တော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
16الَّذِينَ يَقُولُونَ رَبَّنَا إِنَّنَا آمَنَّا فَاغْفِرْ لَنَا ذُنُوبَنَا وَقِنَا عَذَابَ النَّارِ
အကြင်သူ(တော်စင်)တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ ကျွန်တော်မျိုးတို့သည် မလွဲဧကန် (အရှင်မြတ်ကို)သက်ဝင်ယုံကြည်ကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူပါ။ ၎င်းပြင်(နောင်တမလွန်ဘဝတွင်) ကျွန်တော်မျိုးတို့အား ငရဲ မီးဘေးမှလည်း ကာကွယ်စောင့်ရှောက်တော်မူပါဟု လျှောက်ထားပန်ကြားကြလေသည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
14အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 14

စူရာ အာလ်-အိမရာန် အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : လူခပင်းတို့ အဖို့အရာ၊ မိန်းမများကိုလည်းကောင်း၊ သားရတနာများကိုလည်းကောင်း၊ စုဆောင်းသိုမှီးထားသော ရွှေငွေရတနာများကိုလည်းကောင်း၊ သင်ကြားလေ့ကျင့် ရွေးချယ်သတ်မှတ်ထားသော၊ မျိုးမှန်မျိုးကောင်း မြင်းများကိုလည်းကောင်း၊…

စူရာ အာယာသ် 14/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers