အလ်-အာ့ဇာ့ဗ် · 35/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
إِنَّ الْمُسْلِمِينَ وَالْمُسْلِمَاتِ وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَالْقَانِتِينَ وَالْقَانِتَاتِ وَالصَّادِقِينَ وَالصَّادِقَاتِ وَالصَّابِرِينَ وَالصَّابِرَاتِ وَالْخَاشِعِينَ وَالْخَاشِعَاتِ وَالْمُتَصَدِّقِينَ وَالْمُتَصَدِّقَاتِ وَالصَّائِمِينَ وَالصَّائِمَاتِ وَالْحَافِظِينَ فُرُوجَهُمْ وَالْحَافِظَاتِ وَالذَّاكِرِينَ اللَّهَ كَثِيرًا وَالذَّاكِرَاتِ أَعَدَّ اللَّهُ لَهُم مَّغْفِرَةً وَأَجْرًا عَظِيمًا ۝٣٥
Innal muslimeena wal muslimaati wal mu`mineena wal mu`minaati walqaaniteena walqaanitaati wassaadiqeena wassaadiqaati wassaabireena wassaabiraati walkhaashi`eena walkhaashi`aati walmutasaddiqeena walmutasaddiqaati wassaaa`imeena wassaaa`imaati walhaafizeena furoojahum walhaafizaati waz zaakireenal laaha kaseeranw waz zaakiraati a`addal laahu lahum maghfiratanw wa ajran `azeemaa
📖 မြန်မာဘာသာ
မုချဧကန်မုစ်လင်မ်ယောက်ျားများသည်လည်း ကောင်း၊ မုစ်လင်မ် မိန်းမများသည်လည်း ကောင်း၊မုအ်မင်န် ယောက်ျားများသည်လည်းကောင်း၊ မုအ်မင်န်မိန်းမများသည်လည်းကောင်း၊ အမိန့်တော်ကို လိုက်နာကြသည့်ယောက်ျားများသည် လည်းကောင်း၊ အမိန့်တော်ကိုလိုက်နာသည့် မိန်းမများသည်လည်းကောင်း၊ သစ္စာဝါဒီယောက်ျားများသည်လည်း ကောင်း၊ သစ္စာဝါဒီ မိန်းမများသည်လည်းကောင်း၊သည်းခံကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ သည်းခံကြကုန်သောမိန်းမများသည်လည်းကောင်း၊ နိဝါတ တရားထားရှိကြသော ယောက်ျားများသည် လည်းကောင်း၊ နိဝါတတရားထားရှိကြသောမိန်းမများသည် လည်းကောင်း၊ အလှူဒါနပြုကြကုန်သော ယောက်ျားများသည်လည်းကောင်း၊အလှူဒါနပြုကြကုန်သော မိန်းမများသည်လည်းကောင်း၊ ဆွိယာမ် ဥပုသ်သီလ ဆောက်တည်ကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ ဆွိယာမ်ဥပုသ်သီလ ဆောက်တည်ကြကုန်သော မိန်းမများသည်လည်းကောင်း၊ မိမိတို့၏ အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ မိမိတို့၏အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သောမိန်းမများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားများစွာ အောက်မေ့တသ၊ သတိရကြကုန်သောယောက်ျားများသည်လည်းကောင်း၊ အောက်မေ့တသ သတိရကြကုန်သောမိန်းမများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့ (အားလုံးတို့)အဖို့ (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးကျယ်လှစွာသောအကျိုးကို အဆင်သင့်ပြုလုပ်စီမံ၍ ထားရှိပြီး ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္ဘာဦးကျမ်းတွင် ပါဝင်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ

  • အလ်-မုစ်လိမီန် (المسلمين)။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသူများ၊ အရှင်မြတ်အား နာခံသူများ ဖြစ်သည်။
  • အလ်-မုအ်မီနီန် (المؤمنين)။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား စိတ်နှလုံးအထဲမှ ယုံကြည်သူများ ဖြစ်သည်။
  • အလ်-ကာနိတီန် (القانتين)။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား အမြဲတမ်း နာခံကိုးကွယ်သူများ ဖြစ်သည်။
  • အဆ်-ဆွာဒိကိန် (الصادقين)။ ၎င်းတို့သည် မိမိတို့၏ ကတိသစ္စာများတွင် ရိုးသားဖြောင့်မတ်သူများ ဖြစ်သည်။
  • အဆ်-ဆွာဗိရီန် (الصابرين)။ ၎င်းတို့သည် ကာမဆန္ဒများကို ထိန်းချုပ်သူများ၊ ဝတ်ပြုကိုးကွယ်မှုများတွင် ဇွဲရှိသူများ၊ ဘေးဒုက္ခများကို သည်းခံသူများ ဖြစ်သည်။
  • အလ်-ခါရှိအီန် (الخاشعين)။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သူများ၊ အရှင်မြတ်၏ ကြီးမြတ်မှုရှေ့တွင် နှိမ့်ချသူများ ဖြစ်သည်။
  • အလ်-မုတဆွာဒ္ဒိကိန် (المتصدقين)။ ၎င်းတို့သည် ဖရဒ်ဇကာသ် (မဖြစ်မနေ ပေးရသော အလှူ) နှင့် နဖီလ် ဆွဒကာ (စေတနာအလျောက် ပေးသော အလှူ) များကို ပေးလှူသူများ ဖြစ်သည်။
  • အဆ်-ဆွာအိမိန် (الصائمين)။ ၎င်းတို့သည် ဖရဒ်ဇ် (မဖြစ်မနေ) ဆွီယာမ် (အစာရှောင်ခြင်း) နှင့် နဖီလ် ဆွီယာမ် (စေတနာအလျောက် အစာရှောင်ခြင်း) များကို ပြုလုပ်သူများ ဖြစ်သည်။
  • အလ်-ဟာဖိဇီန ဖုရူဂျဟုမ် (الحافظين فروجهم)။ ၎င်းတို့သည် မိမိတို့၏ ကာမအင်္ဂါများကို တရားမဝင်သော ကာမဆက်ဆံမှုနှင့် ၎င်း၏ အကြောင်းရင်းများမှ ထိန်းသိမ်းသူများ ဖြစ်သည်။
  • အဇ်-ဇာကိရီနလ္လာဟ ကသီရာ (الذاكرين الله كثيرا)။ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား စိတ်နှလုံးနှင့်လည်းကောင်း၊ လျှာနှင့်လည်းကောင်း အလွန်များစွာ အောက်မေ့သတိရသူများ ဖြစ်သည်။
  • အအ်ဒ္ဒလ္လာဟု လဟုမ် မဂ်ဖိရသန် ဝအဂျ်ရန် အဇီမာ (أعد الله لهم مغفرة وأجرا عظيما)။ အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် အပြစ်များကို ခွင့်လွှတ်ခြင်းနှင့် ကြီးမားသော အကျိုးဆုလာဘ်ကို အသင့်ပြင်ဆင်ထားတော်မူသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို လိုက်န



📜 အာယာသ် 33-37 — စူရာ အလ်-အာ့ဇာ့ဗ်

33وَقَرْنَ فِي بُيُوتِكُنَّ وَلَا تَبَرَّجْنَ تَبَرُّجَ الْجَاهِلِيَّةِ الْأُولَىٰ ۖ وَأَقِمْنَ الصَّلَاةَ وَآتِينَ الزَّكَاةَ وَأَطِعْنَ اللَّهَ وَرَسُولَهُ ۚ إِنَّمَا يُرِيدُ اللَّهُ لِيُذْهِبَ عَنكُمُ الرِّجْسَ أَهْلَ الْبَيْتِ وَيُطَهِّرَكُمْ تَطْهِيرًا
ထိုမှတပါး အသင်တို့သည် မိမိတို့နေအိမ်များ၌ပင်တည်ငြိမ်စွာနေကြလေကုန်၊ ထို့ပြင် ရှေးဟောင်း အမိုက်ခေတ်တွင် မိမိတို့ကိုယ်ကို ပြကြသကဲ့သို့ အသင်တို့သည် မိမိတို့ကိုယ်ကို မပြကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ‘ဆွလာတ်’ဝတ်ပြုမှုကို ဆောက်တည် ကြလေကုန်။ ထို့ပြင် အသင်တို့သည်’ဇကာတ်’ ပေးဆောင်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အမိန့်တော်ကိုလည်းကောင်း၊လိုက်နာကြလေကုန်။ အို-(နဗီတမန်တော်မြတ်၏) အိမ်တော်သူ အိမ်တော်သားတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့မှမစင်ကြယ်မှုကို ပပျောက်စေတော်မူရန်နှင့် အသင်တို့အားကောင်းမွန်စွာ စင်ကြယ်သန့်ရှင်းတော်မူရန် ကိုသာလျှင်ရည်စူးတော်မူ၏၊
34وَاذْكُرْنَ مَا يُتْلَىٰ فِي بُيُوتِكُنَّ مِنْ آيَاتِ اللَّهِ وَالْحِكْمَةِ ۚ إِنَّ اللَّهَ كَانَ لَطِيفًا خَبِيرًا
ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အိမ်များတွင်ဖတ်ကြားခြင်းခံရလေသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကိုလည်းကောင်း၊ ဉာဏ်ပညာများကို လည်းကောင်း၊ကျက်မှတ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်အလွန်တရာ သိမ်မွေ့တော်မူသောအရှင်၊ အလွန်တရာကြားသိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
35إِنَّ الْمُسْلِمِينَ وَالْمُسْلِمَاتِ وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَالْقَانِتِينَ وَالْقَانِتَاتِ وَالصَّادِقِينَ وَالصَّادِقَاتِ وَالصَّابِرِينَ وَالصَّابِرَاتِ وَالْخَاشِعِينَ وَالْخَاشِعَاتِ وَالْمُتَصَدِّقِينَ وَالْمُتَصَدِّقَاتِ وَالصَّائِمِينَ وَالصَّائِمَاتِ وَالْحَافِظِينَ فُرُوجَهُمْ وَالْحَافِظَاتِ وَالذَّاكِرِينَ اللَّهَ كَثِيرًا وَالذَّاكِرَاتِ أَعَدَّ اللَّهُ لَهُم مَّغْفِرَةً وَأَجْرًا عَظِيمًا
မုချဧကန်မုစ်လင်မ်ယောက်ျားများသည်လည်း ကောင်း၊ မုစ်လင်မ် မိန်းမများသည်လည်း ကောင်း၊မုအ်မင်န် ယောက်ျားများသည်လည်းကောင်း၊ မုအ်မင်န်မိန်းမများသည်လည်းကောင်း၊ အမိန့်တော်ကို လိုက်နာကြသည့်ယောက်ျားများသည် လည်းကောင်း၊ အမိန့်တော်ကိုလိုက်နာသည့် မိန်းမများသည်လည်းကောင်း၊ သစ္စာဝါဒီယောက်ျားများသည်လည်း ကောင်း၊ သစ္စာဝါဒီ မိန်းမများသည်လည်းကောင်း၊သည်းခံကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ သည်းခံကြကုန်သောမိန်းမများသည်လည်းကောင်း၊ နိဝါတ တရားထားရှိကြသော ယောက်ျားများသည် လည်းကောင်း၊ နိဝါတတရားထားရှိကြသောမိန်းမများသည် လည်းကောင်း၊ အလှူဒါနပြုကြကုန်သော ယောက်ျားများသည်လည်းကောင်း၊အလှူဒါနပြုကြကုန်သော မိန်းမများသည်လည်းကောင်း၊ ဆွိယာမ် ဥပုသ်သီလ ဆောက်တည်ကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ ဆွိယာမ်ဥပုသ်သီလ ဆောက်တည်ကြကုန်သော မိန်းမများသည်လည်းကောင်း၊ မိမိတို့၏ အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ မိမိတို့၏အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သောမိန်းမများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားများစွာ အောက်မေ့တသ၊ သတိရကြကုန်သောယောက်ျားများသည်လည်းကောင်း၊ အောက်မေ့တသ သတိရကြကုန်သောမိန်းမများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့ (အားလုံးတို့)အဖို့ (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးကျယ်လှစွာသောအကျိုးကို အဆင်သင့်ပြုလုပ်စီမံ၍ ထားရှိပြီး ဖြစ်တော်မူပေသတည်း။
36وَمَا كَانَ لِمُؤْمِنٍ وَلَا مُؤْمِنَةٍ إِذَا قَضَى اللَّهُ وَرَسُولُهُ أَمْرًا أَن يَكُونَ لَهُمُ الْخِيَرَةُ مِنْ أَمْرِهِمْ ۗ وَمَن يَعْصِ اللَّهَ وَرَسُولَهُ فَقَدْ ضَلَّ ضَلَالًا مُّبِينًا
မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူယောက်ျားတစ်ဦးဦး၌ဖြစ်စေ၊ မည်သည့် သက်ဝင် ယုံကြည်သူမိန်းမတစ်ဦးတစ်ယောက်၌ဖြစ်စေ၊ အရေးကိစ္စ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ အမိန့် ချမှတ်တော်မူလိုက်ပါလျှင် ၎င်းတို့၏ (ထို)အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့၌ ရွေးချယ်ပိုင်ခွင့်သည်(လုံးဝ)မရှိတော့ပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ဖီဆန်သည်ရှိသော် ဧကန်မလွဲ ထိုသူသည် ထင်ရှားလှစွာသောလမ်းလွဲခြင်းသို့ ရောက်ရှိခဲ့ချေပြီတကား။
37وَإِذْ تَقُولُ لِلَّذِي أَنْعَمَ اللَّهُ عَلَيْهِ وَأَنْعَمْتَ عَلَيْهِ أَمْسِكْ عَلَيْكَ زَوْجَكَ وَاتَّقِ اللَّهَ وَتُخْفِي فِي نَفْسِكَ مَا اللَّهُ مُبْدِيهِ وَتَخْشَى النَّاسَ وَاللَّهُ أَحَقُّ أَن تَخْشَاهُ ۖ فَلَمَّا قَضَىٰ زَيْدٌ مِّنْهَا وَطَرًا زَوَّجْنَاكَهَا لِكَيْ لَا يَكُونَ عَلَى الْمُؤْمِنِينَ حَرَجٌ فِي أَزْوَاجِ أَدْعِيَائِهِمْ إِذَا قَضَوْا مِنْهُنَّ وَطَرًا ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍ သတိရပါလေ) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ် သည်လည်းကောင်း၊ အသင်ကိုယ်တိုင်သည်လည်းကောင်း၊ ကျေးဇူးပြုခဲ့သောသူအား အသင်က အသင် သည် မိမိဇနီးကို (ကွာရှင်းခြင်းမပြုပဲ) မိမိထံ၌ပင် (တရားဝင်ဇနီးအဖြစ်) ထားရှိပါလေ။၎င်းပြင် အသင်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ပါလေ၊ ဟု ပြောဆို ဆုံးမလျက်ရှိခဲ့၏။ ထို့ပြင် အသင်သည်မိမိစိတ်တွင်းဝယ် အကြင်ကိစ္စကို လျှို့ဝှက်ဖုံးအုပ်၍ ထားလေ၏။အလ္လာဟ်အရှင်မြတ်သည် ထိုကိစ္စကို(နောက်ဆုံးတွင်) ထင်ရှားစေတော်မူမည်သာဖြစ်သည်။ ထိုမှတစ်ပါး အသင်သည် လူတို့အား စိုးရိမ်လျက်ရှိခဲ့၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အားသာလျှင် အသင်သည် ပိုမိုစိုးရိမ်ထိုက်၏။ ထို့နောက်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၌ ၎င်းတို့၏ မွေးစားသားများ၏ ဇနီးမိန်းမများနှင့် ပတ်သက်၍ ထိုမွေးစားသားများသည်၎င်းတို့အား အလိုမရှိတော့သည့်အခါ တစ်စုံတစ်ရာ ကျပ်တည်းမှုမရှိရန် ဇိုက်ဒ် သည် ထိုမိန်းမအားအလိုမရှိတော့သည့်အခါ ငါအရှင်မြတ်သည် အသင့်အား ထိုမိန်းမနှင့် ထိမ်းမြား၍ပေးတော်မူလိုက်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၏အမိန့်တော်သည် ပြီးမြောက်အောင်မြင်မည်သာတည်း။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
35အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 35

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မုချဧကန်မုစ်လင်မ်ယောက်ျားများသည်လည်း ကောင်း၊ မုစ်လင်မ် မိန်းမများသည်လည်း ကောင်း၊မုအ်မင်န် ယောက်ျားများသည်လည်းကောင်း၊ မုအ်မင်န်မိန်းမများသည်လည်းကောင်း၊ အမိန့်တော်ကို လိုက်နာကြသည့်ယောက်ျားများသည် လည်းကောင်း၊…

စူရာ အာယာသ် 35/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers