အလ်-အာ့ဇာ့ဗ် · 34/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
وَاذْكُرْنَ مَا يُتْلَىٰ فِي بُيُوتِكُنَّ مِنْ آيَاتِ اللَّهِ وَالْحِكْمَةِ ۚ إِنَّ اللَّهَ كَانَ لَطِيفًا خَبِيرًا ۝٣٤
Wazkurna maa yutlaa fee bu yootikunna min aayaatil laahi wal Hikmah; innal laaha kaana lateefan Khabeera
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အိမ်များတွင်ဖတ်ကြားခြင်းခံရလေသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကိုလည်းကောင်း၊ ဉာဏ်ပညာများကို လည်းကောင်း၊ကျက်မှတ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်အလွန်တရာ သိမ်မွေ့တော်မူသောအရှင်၊ အလွန်တရာကြားသိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • وَاذْكُرْنَ (ဝါဇ်ကုရ်န) — သတိရပါ၊ အောက်မေ့ပါ၊ လိုက်နာကျင့်သုံးပါ။
  • مَا يُتْلَىٰ (မာ ယုတ်လာ) — ဖတ်ရွတ်ခံရသော၊ ရွတ်ဆိုခံရသော။
  • بُيُوتِكُنَّ (ဗုယူတိကုန်န) — သင်တို့၏အိမ်များ။
  • آيَاتِ اللَّهِ (အာယာတိလ္လာဟ်) — အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များ၊ ကုရ်အာန်ကျမ်းတော်မြတ်။
  • الْحِكْمَةِ (အလ်ဟိက္ကမာ) — ဉာဏ်ပညာ၊ နဗီတမန်တော်၏ စွန္နသ်တော်။
  • لَطِيفًا (လသွීဖန်) — အလွန်သိမ်မွေ့နူးညံ့သော၊ ကရုဏာထားသော။
  • خَبِيرًا (ခဗီရန်) — အရာခပ်သိမ်းကို အသေးစိတ်သိရှိတော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မြတ်၏ ဇနီးမယ်တော်များ၊ သင်တို့၏အိမ်များတွင် ဖတ်ရွတ်ခံရသော အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များဖြစ်သည့် ကုရ်အာန်ကျမ်းတော်မြတ်နှင့် ဉာဏ်ပညာဖြစ်သည့် နဗီတမန်တော်မြတ်၏ စွန္နသ်တော်များကို သတိရအောက်မေ့ပြီး လိုက်နာကျင့်သုံးကြပါ။ ထိုအရာများသည် အလ္လာဟ်အရှင်မြတ်က သင်တို့အပေါ် ချီးမြှင့်ပေးအပ်ထားသော ကြီးမားလှသည့် ဂုဏ်ကျေးဇူးတော်များဖြစ်သည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ် အလွန်သိမ်မွေ့နူးညံ့သော ကရုဏာတော်ရှင်ဖြစ်တော်မူသည်။ အကြောင်းမှာ အရှင်မြတ်သည် သင်တို့ကို အလ္လာဟ်၏ အာယသ်တော်များနှင့် စွန္နသ်တော်များ ဖတ်ရွတ်သင်ကြားခံရသည့် အိမ်များတွင် နေရာချပေးတော်မူခဲ့သည်။ ထို့အပြင် အရှင်မြတ်သည် သင်တို့ကို တမန်တော်မြတ်၏ ဇနီးမယ်တော်များအဖြစ် ရွေးချယ်တော်မူခဲ့ပြီး မုအ်မင်န်သက်ဝင်ယုံကြည်သူအားလုံး၏ မယ်တော်များအဖြစ် သတ်မှတ်ပေးတော်မူခဲ့သည်။ အရှင်မြတ်သည် သင်တို့၏ အခြေအနေအလုံးစုံကို အသေးစိတ်သိရှိတော်မူသော အရှင်ဖြစ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျေးကျွန်များအပေါ် အလွန်သိမ်မွေ့နူးညံ့သော ကရုဏာတော်ရှင်ဖြစ်ကြောင်း သိရှိစေသည်။
  • ကုရ်အာန်ကျမ်းတော်မြတ်နှင့် စွန္နသ်တော်များကို သတိရအောက်မေ့ပြီး လိုက်နာကျင့်သုံးခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကျေးဇူးတော်ကို အသိအမှတ်ပြုခြင်းဖြစ်သည်။

-



📜 အာယာသ် 32-36 — စူရာ အလ်-အာ့ဇာ့ဗ်

32يَا نِسَاءَ النَّبِيِّ لَسْتُنَّ كَأَحَدٍ مِّنَ النِّسَاءِ ۚ إِنِ اتَّقَيْتُنَّ فَلَا تَخْضَعْنَ بِالْقَوْلِ فَيَطْمَعَ الَّذِي فِي قَلْبِهِ مَرَضٌ وَقُلْنَ قَوْلًا مَّعْرُوفًا
အို-နဗီတမန်တော်မြတ်၏ ကြင်ရာတော် အပေါင်းတို့၊ အသင်တို့သည် အခြားအမျိုးသမီးများကဲ့သို့ မဟုတ်ကြချေ။ သို့ဖြစ်ပေရာ အကယ်၍ အပြစ်မှကြဉ်ရှောင်ကြပါလျှင်အသင်တို့သည် စကား ပြောဆိုရာတွင် ကနွဲ့ကလျ မရှိကြကုန်လင့်။ သို့ရှိခဲ့ကြ ပါလျှင် စိတ်တွင်း၌ ရောဂါရှိသောသူသည်ရမ္မက် ထားရှိလာပေမည်။ သို့ရာတွင် အသင်တို့သည် ထုံးစံအတိုင်းသာလျှင် စကားပြောဆိုမှုကိုပြုကြလေကုန်၊
33وَقَرْنَ فِي بُيُوتِكُنَّ وَلَا تَبَرَّجْنَ تَبَرُّجَ الْجَاهِلِيَّةِ الْأُولَىٰ ۖ وَأَقِمْنَ الصَّلَاةَ وَآتِينَ الزَّكَاةَ وَأَطِعْنَ اللَّهَ وَرَسُولَهُ ۚ إِنَّمَا يُرِيدُ اللَّهُ لِيُذْهِبَ عَنكُمُ الرِّجْسَ أَهْلَ الْبَيْتِ وَيُطَهِّرَكُمْ تَطْهِيرًا
ထိုမှတပါး အသင်တို့သည် မိမိတို့နေအိမ်များ၌ပင်တည်ငြိမ်စွာနေကြလေကုန်၊ ထို့ပြင် ရှေးဟောင်း အမိုက်ခေတ်တွင် မိမိတို့ကိုယ်ကို ပြကြသကဲ့သို့ အသင်တို့သည် မိမိတို့ကိုယ်ကို မပြကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ‘ဆွလာတ်’ဝတ်ပြုမှုကို ဆောက်တည် ကြလေကုန်။ ထို့ပြင် အသင်တို့သည်’ဇကာတ်’ ပေးဆောင်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အမိန့်တော်ကိုလည်းကောင်း၊လိုက်နာကြလေကုန်။ အို-(နဗီတမန်တော်မြတ်၏) အိမ်တော်သူ အိမ်တော်သားတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့မှမစင်ကြယ်မှုကို ပပျောက်စေတော်မူရန်နှင့် အသင်တို့အားကောင်းမွန်စွာ စင်ကြယ်သန့်ရှင်းတော်မူရန် ကိုသာလျှင်ရည်စူးတော်မူ၏၊
34وَاذْكُرْنَ مَا يُتْلَىٰ فِي بُيُوتِكُنَّ مِنْ آيَاتِ اللَّهِ وَالْحِكْمَةِ ۚ إِنَّ اللَّهَ كَانَ لَطِيفًا خَبِيرًا
ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အိမ်များတွင်ဖတ်ကြားခြင်းခံရလေသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကိုလည်းကောင်း၊ ဉာဏ်ပညာများကို လည်းကောင်း၊ကျက်မှတ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်အလွန်တရာ သိမ်မွေ့တော်မူသောအရှင်၊ အလွန်တရာကြားသိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
35إِنَّ الْمُسْلِمِينَ وَالْمُسْلِمَاتِ وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَالْقَانِتِينَ وَالْقَانِتَاتِ وَالصَّادِقِينَ وَالصَّادِقَاتِ وَالصَّابِرِينَ وَالصَّابِرَاتِ وَالْخَاشِعِينَ وَالْخَاشِعَاتِ وَالْمُتَصَدِّقِينَ وَالْمُتَصَدِّقَاتِ وَالصَّائِمِينَ وَالصَّائِمَاتِ وَالْحَافِظِينَ فُرُوجَهُمْ وَالْحَافِظَاتِ وَالذَّاكِرِينَ اللَّهَ كَثِيرًا وَالذَّاكِرَاتِ أَعَدَّ اللَّهُ لَهُم مَّغْفِرَةً وَأَجْرًا عَظِيمًا
မုချဧကန်မုစ်လင်မ်ယောက်ျားများသည်လည်း ကောင်း၊ မုစ်လင်မ် မိန်းမများသည်လည်း ကောင်း၊မုအ်မင်န် ယောက်ျားများသည်လည်းကောင်း၊ မုအ်မင်န်မိန်းမများသည်လည်းကောင်း၊ အမိန့်တော်ကို လိုက်နာကြသည့်ယောက်ျားများသည် လည်းကောင်း၊ အမိန့်တော်ကိုလိုက်နာသည့် မိန်းမများသည်လည်းကောင်း၊ သစ္စာဝါဒီယောက်ျားများသည်လည်း ကောင်း၊ သစ္စာဝါဒီ မိန်းမများသည်လည်းကောင်း၊သည်းခံကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ သည်းခံကြကုန်သောမိန်းမများသည်လည်းကောင်း၊ နိဝါတ တရားထားရှိကြသော ယောက်ျားများသည် လည်းကောင်း၊ နိဝါတတရားထားရှိကြသောမိန်းမများသည် လည်းကောင်း၊ အလှူဒါနပြုကြကုန်သော ယောက်ျားများသည်လည်းကောင်း၊အလှူဒါနပြုကြကုန်သော မိန်းမများသည်လည်းကောင်း၊ ဆွိယာမ် ဥပုသ်သီလ ဆောက်တည်ကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ ဆွိယာမ်ဥပုသ်သီလ ဆောက်တည်ကြကုန်သော မိန်းမများသည်လည်းကောင်း၊ မိမိတို့၏ အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ မိမိတို့၏အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သောမိန်းမများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားများစွာ အောက်မေ့တသ၊ သတိရကြကုန်သောယောက်ျားများသည်လည်းကောင်း၊ အောက်မေ့တသ သတိရကြကုန်သောမိန်းမများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့ (အားလုံးတို့)အဖို့ (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးကျယ်လှစွာသောအကျိုးကို အဆင်သင့်ပြုလုပ်စီမံ၍ ထားရှိပြီး ဖြစ်တော်မူပေသတည်း။
36وَمَا كَانَ لِمُؤْمِنٍ وَلَا مُؤْمِنَةٍ إِذَا قَضَى اللَّهُ وَرَسُولُهُ أَمْرًا أَن يَكُونَ لَهُمُ الْخِيَرَةُ مِنْ أَمْرِهِمْ ۗ وَمَن يَعْصِ اللَّهَ وَرَسُولَهُ فَقَدْ ضَلَّ ضَلَالًا مُّبِينًا
မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူယောက်ျားတစ်ဦးဦး၌ဖြစ်စေ၊ မည်သည့် သက်ဝင် ယုံကြည်သူမိန်းမတစ်ဦးတစ်ယောက်၌ဖြစ်စေ၊ အရေးကိစ္စ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်သည် လည်းကောင်း၊ အမိန့် ချမှတ်တော်မူလိုက်ပါလျှင် ၎င်းတို့၏ (ထို)အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့၌ ရွေးချယ်ပိုင်ခွင့်သည်(လုံးဝ)မရှိတော့ပြီ။ စင်စစ်သော်ကားမည်သူမဆို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ဖီဆန်သည်ရှိသော် ဧကန်မလွဲ ထိုသူသည် ထင်ရှားလှစွာသောလမ်းလွဲခြင်းသို့ ရောက်ရှိခဲ့ချေပြီတကား။
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
34အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 34

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အိမ်များတွင်ဖတ်ကြားခြင်းခံရလေသော အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များကိုလည်းကောင်း၊ ဉာဏ်ပညာများကို လည်းကောင်း၊ကျက်မှတ်ကြလေကုန်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်အလွန်တရာ သိမ်မွေ့တော်မူသောအရှင်၊…

စူရာ အာယာသ် 34/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 32–36. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 31, 2026

Don't forget us in your sincere prayers