စဗ · 33/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
وَقَالَ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا بَلْ مَكْرُ اللَّيْلِ وَالنَّهَارِ إِذْ تَأْمُرُونَنَا أَن نَّكْفُرَ بِاللَّهِ وَنَجْعَلَ لَهُ أَندَادًا ۚ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ وَجَعَلْنَا الْأَغْلَالَ فِي أَعْنَاقِ الَّذِينَ كَفَرُوا ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ ۝٣٣
Wa qaalal lazeenastud`ifoo lillazeenas takbaroo bal makrul laili wannahaari iz taamuroonanaaa an nakfura billaahi wa naj`ala lahooo andaadaa; wa asarrun nadaamata lammaa ra awul `azaab; wa ja`alnal aghlaala feee a`naaqil lazeena kafaroo; hal yujzawna illaa maa kanoo ya`maloon
📖 မြန်မာဘာသာ
ထိုအချိန်တွင် နောက်လိုက်ငယ်သားတို့ကအကြီးအကဲတို့အား ထိုသို့ အလျဉ်းမဟုတ်၊ စင်စစ်မှာကားနေ့ညဉ့်မပြတ်(ကြံစည်လျက်ရှိခဲ့ကြသောအသင်တို့၏) ကြံစည်မှုများကပင် (ပိတ်ပင်တားမြစ်ခဲ့၏)။ အကြင်အခါဝယ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြရန်လည်းကောင်း၊ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်ကြရန်လည်းကောင်း၊ အသင်တို့သည် ကျွန်ုပ်တို့အားအမိန့်ပေးတိုက်တွန်းလျက် ရှိခဲ့ကြသည်ဟု ပြောဆိုကြပေမည်။ အမှန်သော်ကား ၎င်းတို့သည် ပြစ်ဒဏ်ကို မြင်ကြသောအခါ (မိမိတို့၏) နောင်တရမှုကို လျှို့ဝှက်ဖုံးအုပ်ထားကြပေမည်။ ထိုအခါငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ပေးတော်မူပေမည်။ (စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသည်နှင့်အညီ အစားပေးခြင်းကိုသာခံကြရမည်ဖြစ် ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 31-35 — စူရာ စဗ

31وَقَالَ الَّذِينَ كَفَرُوا لَن نُّؤْمِنَ بِهَٰذَا الْقُرْآنِ وَلَا بِالَّذِي بَيْنَ يَدَيْهِ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ مَوْقُوفُونَ عِندَ رَبِّهِمْ يَرْجِعُ بَعْضُهُمْ إِلَىٰ بَعْضٍ الْقَوْلَ يَقُولُ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا لَوْلَا أَنتُمْ لَكُنَّا مُؤْمِنِينَ
၎င်းပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က ကျွန်ုပ်တို့သည် ဤကုရ်အာန် ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ် အလျင်ရှိခဲ့သော (တောင်ရာတ်၊ အင်န်ဂျီလ်စသည့်)ကျမ်း များကိုလည်းကောင်း၊ အလျဉ်းယုံကြည်မည်မဟုတ် ဟု ပြောဆိုကြကုန်၏။ စင်စစ်သော်ကားမတရားကျူးလွန်ကြကုန်သောသူတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်တွင် မတ်တတ်ရပ်စေခြင်းကိုခံကြရ၍ အချင်းချင်း တစ်ဦးသည်တစ်ဦး၏အပေါ်သို့ အပြစ်လှည့်ချကြသည်ကို အသင် တွေ့မြင်ရလျှင်ကောင်းလေစွ။ (ထိုအခါ) နောက်လိုက်�ယ်သားတို့က အကြီးအကဲတို့အား အကယ်၍သာ အသင်တို့မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင်’မုအ်မင်န်’သက်ဝင်ယုံကြည်သူများဖြစ်ကြ မည်ဟု ပြောဆိုကြပေမည်။
32قَالَ الَّذِينَ اسْتَكْبَرُوا لِلَّذِينَ اسْتُضْعِفُوا أَنَحْنُ صَدَدْنَاكُمْ عَنِ الْهُدَىٰ بَعْدَ إِذْ جَاءَكُم ۖ بَلْ كُنتُم مُّجْرِمِينَ
(ထိုအခါ) အကြီးအကဲတို့က နောက်လိုက်ငယ်သားတို့အား ပြောဆိုကြပေမည်။ (အချင်းတို့၊) အသင်တို့ထံတရားလမ်းမှန် ရောက်ရှိ၍လာပြီးနောက် ကျွန်ုပ်တို့သည်အသင်တို့အား ယင်းတရားလမ်းမှန်မှ ပိတ်ပင်တားဆီးခဲ့ကြပါသလော၊ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်ပင်လျှင် ပြစ်မှုကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်၏
33وَقَالَ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا بَلْ مَكْرُ اللَّيْلِ وَالنَّهَارِ إِذْ تَأْمُرُونَنَا أَن نَّكْفُرَ بِاللَّهِ وَنَجْعَلَ لَهُ أَندَادًا ۚ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ وَجَعَلْنَا الْأَغْلَالَ فِي أَعْنَاقِ الَّذِينَ كَفَرُوا ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ
ထိုအချိန်တွင် နောက်လိုက်ငယ်သားတို့ကအကြီးအကဲတို့အား ထိုသို့ အလျဉ်းမဟုတ်၊ စင်စစ်မှာကားနေ့ညဉ့်မပြတ်(ကြံစည်လျက်ရှိခဲ့ကြသောအသင်တို့၏) ကြံစည်မှုများကပင် (ပိတ်ပင်တားမြစ်ခဲ့၏)။ အကြင်အခါဝယ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြရန်လည်းကောင်း၊ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်ကြရန်လည်းကောင်း၊ အသင်တို့သည် ကျွန်ုပ်တို့အားအမိန့်ပေးတိုက်တွန်းလျက် ရှိခဲ့ကြသည်ဟု ပြောဆိုကြပေမည်။ အမှန်သော်ကား ၎င်းတို့သည် ပြစ်ဒဏ်ကို မြင်ကြသောအခါ (မိမိတို့၏) နောင်တရမှုကို လျှို့ဝှက်ဖုံးအုပ်ထားကြပေမည်။ ထိုအခါငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ပေးတော်မူပေမည်။ (စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသည်နှင့်အညီ အစားပေးခြင်းကိုသာခံကြရမည်ဖြစ် ပေသတည်း။
34وَمَا أَرْسَلْنَا فِي قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا بِمَا أُرْسِلْتُم بِهِ كَافِرُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူတစ်ပါးပါးကို စေလွှတ်တော်မူခဲ့သည့်အခါ ထိုမြို့ရွာရှိ စည်းစိမ်ရှင်တို့က ဧကန်အမှန် ကျွန်ုပ်တို့သည် အသင်တို့ပေး၍ စေလွှတ်ခြင်းခံကြရသည့်(ဒီန်သာသနာ)ကို ငြင်းပယ်သူများပင်ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြသည်သာ။
35وَقَالُوا نَحْنُ أَكْثَرُ أَمْوَالًا وَأَوْلَادًا وَمَا نَحْنُ بِمُعَذَّبِينَ
ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာအားဖြင့်လည်းကောင်း၊ သားသမီးအားဖြင့်လည်း ကောင်း၊(အသင်တို့ထက်)ပေါများကြွယ်ဝသူများဖြစ်ကြပေရာ ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများမဟုတ်ပေဟု ပြောဆိုခဲ့ကြကုန်၏။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
33အာယာသ်

ဘာသာပြန် — စဗ 33

စူရာ စဗ အာယာသ် 33 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအချိန်တွင် နောက်လိုက်ငယ်သားတို့ကအကြီးအကဲတို့အား ထိုသို့ အလျဉ်းမဟုတ်၊ စင်စစ်မှာကားနေ့ညဉ့်မပြတ်(ကြံစည်လျက်ရှိခဲ့ကြသောအသင်တို့၏) ကြံစည်မှုများကပင် (ပိတ်ပင်တားမြစ်ခဲ့၏)။ အကြင်အခါဝယ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား…

စူရာ အာယာသ် 33/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 31–35. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers