စာဒ် · 24/88
ဘာသာပြန် အသံနိုင်ငံ — စူရာ စာဒ်
قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِ ۖ وَإِنَّ كَثِيرًا مِّنَ الْخُلَطَاءِ لَيَبْغِي بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَقَلِيلٌ مَّا هُمْ ۗ وَظَنَّ دَاوُودُ أَنَّمَا فَتَنَّاهُ فَاسْتَغْفَرَ رَبَّهُ وَخَرَّ رَاكِعًا وَأَنَابَ ۩ ۝٢٤
Qaala laqad zalamaka bisu `aali na`jatika ilaa ni`aajihee wa inna kaseeram minal khulataaa`i la-yabghee ba`duhum `alaa ba`din illal lazeena aamanoo wa `amilus saalihaati wa qaleehum maa hum; wa zanna Daawoodu annamaa fatannaahu fastaghrara Rabbahoo wa kharra raaki`anw wa anaab
📖 မြန်မာဘာသာ
(ထိုအခါ) ထို(နဗီတမန်တော်) "ဒါဝူဒ်"သည်(ဤသို့)ပြောကြားခဲ့လေ၏။ ဤသူသည် အသင်၏ သိုးမကို ၎င်း၏သိုးမများနှင့် ပေါင်းရန်တောင်းဆိုခြင်းအားဖြင့် မုချမလွဲ အသင့်အား မတရားပြုလုပ်ခဲ့လေ၏။ စင်စစ်မှာကား "အီမာန်"သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသောသူတို့မှအပ များစွာသောစီးပွားဘက်တို့မှာ တစ်ဦးအပေါတစ်ဦး အမှန်ပင် မတရားကျူးလွန်လေ့ရှိကြ၏။ သို့ရာတွင် ထို(သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသော) သူတို့မှာမူကား လွန်စွာနည်းပါးလှ၏။ ထို့ပြင် (နဗီတမန်တော်)"ဒါဝူဒ်"သည် ၎င်းအား ငါအရှင်မြတ် စမ်းသပ်တော်မူခြင်းသာဖြစ်ကြောင်း ရိပ်မိခဲ့လေ၏။ သို့ဖြစ်ပေရာ ထို"ဒါဝူဒ်" သည် မိမိအရှင်မြတ်အထံတော်တွင် ခွင့်လွှတ်ချမ်းသာပေးတော်မူပါမည့်အကြောင်း တောင်းပန်အသနားခံ၍ ဦးညွှတ်ကျလာခဲ့၏။ ထိုမှတစ်ပါး (မိမိအရှင်မြတ်အထံတော်သို့) စိတ်ထားဖြူစင်စွာ ပြန်လှည့်ခဲ့လေ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်

  • نَعْجَة (နအ်ဂျဟ်) — သိုးမ။ ဤနေရာတွင် တစ်ဦးတည်းပိုင်ဆိုင်သော သိုးမကို ရည်ညွှန်းသည်။
  • الْخُلَطَاء (အလ်ခုလသွာအ်) — ဖက်စပ်လုပ်ကိုင်သူများ၊ ပူးပေါင်းဆောင်ရွက်သူများ။
  • لَيَبْغِي (လယဗ်ဂီ) — အကြမ်းဖက်သည်၊ ကျူးလွန်သည်၊ အခြားသူ၏အခွင့်အရေးကို ချိုးဖောက်သည်။
  • فَتَنَّاهُ (ဖသန်နာဟု) — ငါအရှင်မြတ်သည် သူ့ကို စမ်းသပ်ခဲ့သည်။
  • خَرَّ رَاكِعًا (ခရ်ရ ရာကိအံ) — ဦးချပြပ်ဝပ်လျက် ပြိုလဲကျသည်။
  • أَنَابَ (အနာဗ) — ပြန်လှည့်လာသည်၊ အရှင်မြတ်ထံ ဝန်ချတောင်းပန်လျက် ပြန်လာသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဒါဝူဒ် (အလိုင်ဟိစ်စလာမ်) သည် ထိုအမှုကို စစ်ဆေးပြီးနောက် တရားခံဖြစ်သူအား မိန့်ဆိုခဲ့သည် — “သင့်ညီအစ်ကိုသည် သင့်ထံမှ သင့်သိုးမကို တောင်းယူပြီး သူ့သိုးများထဲ ပေါင်းထည့်လိုခြင်းဖြင့် သင့်အပေါ် မတရားပြုခဲ့ပြီ။” ထို့နောက် ဒါဝူဒ်က ဆက်လက်မိန့်ဆိုသည်မှာ ဖက်စပ်လုပ်ကိုင်သူများ၊ ပူးပေါင်းဆောင်ရွက်သူများထဲတွင် အများစုသည် တစ်ဦးကိုတစ်ဦး ကျူးလွန်ကြသည်၊ အခြားသူ၏အခွင့်အရေးကို ချိုးဖောက်ကြသည်။ သို့သော် အီမာန်ယုံကြည်ပြီး ကောင်းမှုကုသိုလ်များကို ပြုလုပ်ကြသူများမှာ ထိုသို့မပြုကြပေ။ သူတို့သည် တရားမျှတစွာ ဆက်ဆံကြပြီး မည်သူ့ကိုမျှ မတရားမပြုကြပေ။ သို့သော် ထိုသို့သောသူများမှာ အလွန်နည်းပါးလှသည်။

ထိုအခါ ဒါဝူဒ် (အလိုင်ဟိစ်စလာမ်) သည် ဤအမှုသည် မိမိအား စမ်းသပ်ရန် အရှင်မြတ်စီစဉ်တော်မူသော အရာဖြစ်ကြောင်း သဘောပေါက်သွားပြီး မိမိအမှားအတွက် အရှင်မြတ်ထံ ခွင့်လွှတ်မှုတောင်းခံခဲ့သည်။ ထို့နောက် ဦးချပြပ်ဝပ်လျက် အရှင်မြတ်ထံ နီးကပ်ရန် ဆည်းကပ်ခဲ့ပြီး အရှင်မြတ်ထံသို့ ပြန်လှည့်လာကာ အပြစ်များမှ လွတ်ကင်းရန် ဝန်ချတောင်းပန်ခဲ့သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

  • အစ္စလာမ်သည် တရားမျှတမှုကို အလေးထားသော သာသနာဖြစ်သည်။ မည်သူမဆို အခြားသူ၏အခွင့်အရေးကို ချိုးဖောက်လျှင် ထိုသူအား ရပ်တန့်စေရန် သွန်သင်ပေးသည်။
  • ဖက်စပ်လုပ်ကိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတွင် တစ်ဦးကိုတစ်ဦး မတရားပြုခြင်းမှ ရှောင်ကြဉ်ရမည်။ အီမာန်နှင့် ကောင်းမှုကုသိုလ


📜 အာယာသ် 22-26 — စူရာ စာဒ်

22إِذْ دَخَلُوا عَلَىٰ دَاوُودَ فَفَزِعَ مِنْهُمْ ۖ قَالُوا لَا تَخَفْ ۖ خَصْمَانِ بَغَىٰ بَعْضُنَا عَلَىٰ بَعْضٍ فَاحْكُم بَيْنَنَا بِالْحَقِّ وَلَا تُشْطِطْ وَاهْدِنَا إِلَىٰ سَوَاءِ الصِّرَاطِ
၎င်းတို့သည် (နဗီတမန်တော်) "ဒါဝူဒ်"၏ ထံသို့ဝင်ရောက်ခဲ့ကြသောအခါ ထို"ဒါဝူဒ်"သည် ၎င်းတို့အား ကြောက်ရွံ့စိုးရိမ်ခဲ့လေ၏။ (ထိုအခါ)၎င်းတို့က ပြောဆိုခဲ့ကြသည်မှာ အသင် မစိုးရိမ်မကြောက်ရွံ့ပါလေနှင့်။ (ကျွန်ုပ်တို့သည်) နှစ်ဖက်သောအမှုသည်များ ဖြစ်ကြပါသည်။ ကျွန်ုပ်တို့အနက် တစ်ဦးသည်တစ်ဦး၏အပေါ်၌ မတရားကျူးလွန်ခဲ့ပါသည်။ သို့ဖြစ်ပေရာ အသင်သည် ကျွန်ုပ်တို့၏အကြား၌ မတရားပြုလုပ်ခြင်းမရှိဘဲ မှန်ကန်စွာစီရင်ဆုံးဖြတ်၍ ပေးပါလေ။ ထိုမှတစ်ပါး အသင်သည် ကျွန်ုပ်တို့အား ဖြောင့်မတ်သောလမ်းကို ညွှန်ပြပါလေ။
23إِنَّ هَٰذَا أَخِي لَهُ تِسْعٌ وَتِسْعُونَ نَعْجَةً وَلِيَ نَعْجَةٌ وَاحِدَةٌ فَقَالَ أَكْفِلْنِيهَا وَعَزَّنِي فِي الْخِطَابِ
ဧကန်စင်စစ် ဤသူသည် ကျွန်ုပ်နှင့်ညီအစ်ကိုတော်စပ်သူ ဖြစ်ပါသည်။ ၎င်း၌ သိုးမကိုးဆယ့်ကိုးကောင်ရှိ၍ ကျွန်ုပ်တွင်မူ သိုးမတစ်ကောင်တည်းသာ ရှိပါသည်။ သို့ပါလျက် ဤသူသည် "ယင်းသိုးမကိုလည်း ကျွန်ုပ်အား လွှဲအပ်လော့"ဟုပြောဆိုပါသည်။ ထိုမှတစ်ပါး ၎င်းသည် စကားပြောရာ၌လည်း ကျွန်ုပ်အား နိုင်ပါသည်။
24قَالَ لَقَدْ ظَلَمَكَ بِسُؤَالِ نَعْجَتِكَ إِلَىٰ نِعَاجِهِ ۖ وَإِنَّ كَثِيرًا مِّنَ الْخُلَطَاءِ لَيَبْغِي بَعْضُهُمْ عَلَىٰ بَعْضٍ إِلَّا الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَقَلِيلٌ مَّا هُمْ ۗ وَظَنَّ دَاوُودُ أَنَّمَا فَتَنَّاهُ فَاسْتَغْفَرَ رَبَّهُ وَخَرَّ رَاكِعًا وَأَنَابَ ۩
(ထိုအခါ) ထို(နဗီတမန်တော်) "ဒါဝူဒ်"သည်(ဤသို့)ပြောကြားခဲ့လေ၏။ ဤသူသည် အသင်၏ သိုးမကို ၎င်း၏သိုးမများနှင့် ပေါင်းရန်တောင်းဆိုခြင်းအားဖြင့် မုချမလွဲ အသင့်အား မတရားပြုလုပ်ခဲ့လေ၏။ စင်စစ်မှာကား "အီမာန်"သက်ဝင်ယုံကြည်ပြီးနောက် ကောင်းမြတ်သော အကျင့်သီလများကို ဆောက်တည်ကြသောသူတို့မှအပ များစွာသောစီးပွားဘက်တို့မှာ တစ်ဦးအပေါတစ်ဦး အမှန်ပင် မတရားကျူးလွန်လေ့ရှိကြ၏။ သို့ရာတွင် ထို(သက်ဝင်ယုံကြည်၍ ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူဆောက်တည်ကြသော) သူတို့မှာမူကား လွန်စွာနည်းပါးလှ၏။ ထို့ပြင် (နဗီတမန်တော်)"ဒါဝူဒ်"သည် ၎င်းအား ငါအရှင်မြတ် စမ်းသပ်တော်မူခြင်းသာဖြစ်ကြောင်း ရိပ်မိခဲ့လေ၏။ သို့ဖြစ်ပေရာ ထို"ဒါဝူဒ်" သည် မိမိအရှင်မြတ်အထံတော်တွင် ခွင့်လွှတ်ချမ်းသာပေးတော်မူပါမည့်အကြောင်း တောင်းပန်အသနားခံ၍ ဦးညွှတ်ကျလာခဲ့၏။ ထိုမှတစ်ပါး (မိမိအရှင်မြတ်အထံတော်သို့) စိတ်ထားဖြူစင်စွာ ပြန်လှည့်ခဲ့လေ၏။
25فَغَفَرْنَا لَهُ ذَٰلِكَ ۖ وَإِنَّ لَهُ عِندَنَا لَزُلْفَىٰ وَحُسْنَ مَآبٍ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထို"ဒါဝူဒ်"အား ယင်းကိစ္စကို ခွင့်လွှတ်တော်မူခဲ့၏။ စင်စစ်သော်ကားထို "ဒါဝူဒ်" အဖို့ ငါအရှင်မြတ်အထံတော်၌ (ထူးကဲမြင့်မြတ်သော) အဆင့်အတန်းသည်လည်းကောင်း၊ ကောင်းမြတ်သော နောက်ဆုံးအကျိုးဆက်သည်လည်းကောင်း၊ အမှန်ပင် ရှိပေသတည်း။
26يَا دَاوُودُ إِنَّا جَعَلْنَاكَ خَلِيفَةً فِي الْأَرْضِ فَاحْكُم بَيْنَ النَّاسِ بِالْحَقِّ وَلَا تَتَّبِعِ الْهَوَىٰ فَيُضِلَّكَ عَن سَبِيلِ اللَّهِ ۚ إِنَّ الَّذِينَ يَضِلُّونَ عَن سَبِيلِ اللَّهِ لَهُمْ عَذَابٌ شَدِيدٌ بِمَا نَسُوا يَوْمَ الْحِسَابِ
အို-"ဒါဝူဒ်"၊ ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာမြေဝယ် ကိုယ်စားလှယ် ခန့်အပ်တော်မူခဲ့ပေရာ အသင်သည် လူတို့၏အကြား၌ မှန်ကန်စွာ တရားစီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် စိတ်၏အလိုဆန္ဒကို မလိုက်စားလေနှင့်၊ သို့လိုက်စားခဲ့မူ ယင်းစိတ်၏အလိုဆန္ဒသည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှ လွဲမှားစေပေလိမ့်မည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ လွဲမှားကြကုန်သောသူများ၌မူကား၊ ၎င်းတို့သည် စစ်ဆေးမေးမြန်းသောနေ့ကို မေ့လျော့ခဲ့ကြခြင်းကြောင့် ပြင်းထန်လှစွာသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။
စာဒ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
24အာယာသ်

ဘာသာပြန် — စာဒ် 24

စူရာ စာဒ် အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ထို(နဗီတမန်တော်) "ဒါဝူဒ်"သည်(ဤသို့)ပြောကြားခဲ့လေ၏။ ဤသူသည် အသင်၏ သိုးမကို ၎င်း၏သိုးမများနှင့် ပေါင်းရန်တောင်းဆိုခြင်းအားဖြင့် မုချမလွဲ အသင့်အား…

စူရာ အာယာသ် 24/88 — စူရာ စာဒ် ص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စာဒ် နားထောင်, စူရာ စာဒ် ဘာသာပြန်, စူရာ စာဒ် mp3, စူရာ စာဒ် pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers