အဇ်-ဇုမား · 73/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
وَسِيقَ الَّذِينَ اتَّقَوْا رَبَّهُمْ إِلَى الْجَنَّةِ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا وَفُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا سَلَامٌ عَلَيْكُمْ طِبْتُمْ فَادْخُلُوهَا خَالِدِينَ ۝٧٣
Wa seeqal lazeenat taqaw Rabbahum ilal Jannati zumaran hattaaa izaa jaaa`oohaa wa futihat abwaabuhaa wa qaala lahum khazanatuhaa salaamun `alaikum tibtum fadkhuloohaa khaalideen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြကုန်သူတို့မှာ "ဂျန္နတ်"သုခဘုံသို့ အုပ်စုလိုက်၊ အုပ်စုလိုက် ပို့ပေးခြင်းကို ခံကြရပေမည်။ နောက်ဆုံးတွင် ထိုသူတို့သည် ယင်း"ဂျန္နတ်" သုခဘုံသို့ ရောက်ရှိလာခဲ့ကြပေမည်။ ယင်း "ဂျန္နတ်" သုခဘုံ၏ တံခါးများသည်(ယခင်ကတည်းက)ပွင့်လျက်ရှိပေမည်။ ၎င်းနောက် ယင်း"ဂျန္နတ်" သုခဘုံကို စောင့်ကြပ်သူ(ကောင်းကင်တမန်)တို့က၎င်းတို့အား "ချမ်းမြေ့သာယာမှုသည် အသင်တို့အပေါ်ဝယ် ကျရောက်ပါစေသတည်း။ အသင်တို့သည် စင်ကြယ်သန့်ရှင်းခဲ့ကြပြီးဖြစ်ပေရာ ယင်း "ဂျန္နတ်" သုခဘုံသို့ အမြဲထာဝစဉ် နေထိုင်ကြရမည့်သူများအဖြစ် ဝင်ရောက်ကြလေကုန်" ဟုပြောဆိုခဲ့ကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ
  • စီးတော်မူခဲ့သည် (وَسِيقَ) — ဤနေရာတွင် ဂုဏ်ပြုခြင်း၊ လေးစားခြင်းဖြင့် ခေါ်ဆောင်ခြင်းကို ဆိုလိုသည်။
  • ဇုမာရန် (زُمَرًا) — အုပ်စုများ၊ အဖွဲ့များ၊ တစ်ခုပြီးတစ်ခု။
  • ခါဇိနာသုဟာ (خَزَنَتُهَا) — ဂျန္နတ်ကို စောင့်ရှောက်သော မာလာအိကဟ်များ။
  • သိဗ်သွမ်း (طِبْتُمْ) — သင်တို့သည် သန့်ရှင်းစင်ကြယ်ခဲ့ကြပြီ၊ ကောင်းမွန်ခဲ့ကြပြီ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် မိမိတို့၏ အရှင်သခင်ကို ကြောက်ရွံ့ရိုသေသော မုအ်မင်န်များအား ဂုဏ်ပြုခြင်း၊ လေးစားခြင်းဖြင့် ဂျန္နတ်သို့ ခေါ်ဆောင်ခံရမည့်အကြောင်းကို ဖော်ပြထားသည်။ သူတို့သည် အုပ်စုများအဖြစ် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဂျန္နတ်သို့ ရောက်ရှိကြမည်။ ဂျန္နတ်သို့ ရောက်သောအခါ ဂျန္နတ်၏ တံခါးများသည် သူတို့အတွက် ဖွင့်ပေးထားမည်။ ဂျန္နတ်ကို စောင့်ရှောက်သော မာလာအိကဟ်များက သူတို့အား “သင်တို့အပေါ် ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ။ သင်တို့သည် သန့်ရှင်းစင်ကြယ်ခဲ့ကြပြီ။ ထို့ကြောင့် ဂျန္နတ်ထဲသို့ ထာဝရနေထိုင်ရန် ဝင်ရောက်ကြပါ” ဟု ကြိုဆိုနှုတ်ဆက်ကြမည်။ ဤသည်မှာ ဒုန်ယာဘဝတွင် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေပြီး ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ကြသော သူများအတွက် အလွန်ကြီးမားသော ဂုဏ်ပြုမှုနှင့် ဆုလာဘ်ဖြစ်သည်။ သူတို့၏ နှလုံးသားများနှင့် လုပ်ရပ်များ သန့်ရှင်းခဲ့သောကြောင့် ထာဝရပျော်ရွှင်မှုကို ရရှိကြမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ရိုသေခြင်း (တက္ကဝါ) သည် ဂျန္နတ်သို့ ရောက်ရှိစေသော အဓိကသော့ချက်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိအား ကြောက်ရွံ့သော ကျေးကျွန်များအား အလွန်ဂုဏ်ပြုတော်မူသည်။ သူတို့ကို အုပ်စုများအဖြစ် ဂျန္နတ်သို့ ခေါ်ဆောင်တော်မူသည်။
  • ဂျန္နတ်သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့သူများအတွက် အဆင်သင့်ဖြစ်နေပြီး တံခါးများလည်း ဖွင့်ထားသည်။
  • မာလာအိကဟ်များက ငြိမ်းချမ်းသာယာမှ


📜 အာယာသ် 71-75 — စူရာ အဇ်-ဇုမား

71وَسِيقَ الَّذِينَ كَفَرُوا إِلَىٰ جَهَنَّمَ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا فُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا أَلَمْ يَأْتِكُمْ رُسُلٌ مِّنكُمْ يَتْلُونَ عَلَيْكُمْ آيَاتِ رَبِّكُمْ وَيُنذِرُونَكُمْ لِقَاءَ يَوْمِكُمْ هَٰذَا ۚ قَالُوا بَلَىٰ وَلَٰكِنْ حَقَّتْ كَلِمَةُ الْعَذَابِ عَلَى الْكَافِرِينَ
စင်စစ်သော်ကား "ကာဖိရ်" သွေဖည် ငြင်းပယ်ခဲ့ကြကုန်သောသူတို့သည် "ဂျဟန္နမ်" ငရဲဘုံသို့ အုပ်စုလိုက် မောင်းနှင်ခြင်းကို ခံကြရပေမည်။ နောက်ဆုံးတွင် ၎င်းတို့သည် ယင်း "ဂျဟန္နမ်" ငရဲဘုံသို့ ရောက်ရှိလာခဲ့ကြသောအခါ ယင်း"ဂျဟန္နမ်" ငရဲဘုံ၏ တံခါးများသည် ဖွင့်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ယင်း "ဂျဟန္နမ်"ငရဲဘုံကို စောင့်ကြပ်သူ(ကောင်းကင်တမန်)တို့က ၎င်းတို့အား "အသင်တို့ထံ အသင်တို့အနက်မှပင် အကြင် "ရစူလ်" တမန်တော်များ ရောက်ရှိလာခဲ့ကြသည် မဟုတ်လော၊ ထိုရစူလ်တမန်တော်များသည် အသင်တို့ရှေ့ဝယ် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အာယတ်တော်များကိုလည်း ဖတ်ကြားခဲ့ကြလေ၏။ ထိုမှတစ်ပါး အသင်တို့အား ဤနေ့နှင့် အသင်တို့ဆုံစည်းကြရမည်ကိုလည်း သတိပေးနှိုးဆော်ကြကုန်၏။" ဟုပြောဆိုကြပေမည်။ (ထိုအခါ) ၎င်းတို့က "ဟုတ်ပေသည်။ သို့ရာတွင် "ကာဖိရ်" သွေဖည်ငြင်းပယ်ကြကုန်သော သူတို့အပေါ်၌ ပြစ်ဒဏ်၏ အမိန့်တော်သည် အတည်ဖြစ်ခဲ့ချေပြီ"ဟု ပြောဆို(ပြန်ကြား)ခဲ့ကြပေမည်။
72قِيلَ ادْخُلُوا أَبْوَابَ جَهَنَّمَ خَالِدِينَ فِيهَا ۖ فَبِئْسَ مَثْوَى الْمُتَكَبِّرِينَ
(ထိုရောအခါဝယ် ၎င်းတို့မှာ) အသင်တို့သည် "ဂျဟန္နမ်ငရဲဘုံ၏ တံခါးများအတွင်းသို့ အမြဲထာဝစဉ် နေထိုင်ကြရမည့်သူများအဖြစ် ဝင်ရောက်ကြလေကုန်" ဟူ၍ ပြောဆိုခြင်းကို ခံကြရပေမည်။ စင်စစ်မှာကား မာန်မာန ထောင်လွှားကြကုန်သောသူတို့၏ နေထိုင်ရာဌာနသည် လွန်စွာ ဆိုးရွားလှပေသတည်း။
73وَسِيقَ الَّذِينَ اتَّقَوْا رَبَّهُمْ إِلَى الْجَنَّةِ زُمَرًا ۖ حَتَّىٰ إِذَا جَاءُوهَا وَفُتِحَتْ أَبْوَابُهَا وَقَالَ لَهُمْ خَزَنَتُهَا سَلَامٌ عَلَيْكُمْ طِبْتُمْ فَادْخُلُوهَا خَالِدِينَ
ထိုမှတစ်ပါး မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြကုန်သူတို့မှာ "ဂျန္နတ်"သုခဘုံသို့ အုပ်စုလိုက်၊ အုပ်စုလိုက် ပို့ပေးခြင်းကို ခံကြရပေမည်။ နောက်ဆုံးတွင် ထိုသူတို့သည် ယင်း"ဂျန္နတ်" သုခဘုံသို့ ရောက်ရှိလာခဲ့ကြပေမည်။ ယင်း "ဂျန္နတ်" သုခဘုံ၏ တံခါးများသည်(ယခင်ကတည်းက)ပွင့်လျက်ရှိပေမည်။ ၎င်းနောက် ယင်း"ဂျန္နတ်" သုခဘုံကို စောင့်ကြပ်သူ(ကောင်းကင်တမန်)တို့က၎င်းတို့အား "ချမ်းမြေ့သာယာမှုသည် အသင်တို့အပေါ်ဝယ် ကျရောက်ပါစေသတည်း။ အသင်တို့သည် စင်ကြယ်သန့်ရှင်းခဲ့ကြပြီးဖြစ်ပေရာ ယင်း "ဂျန္နတ်" သုခဘုံသို့ အမြဲထာဝစဉ် နေထိုင်ကြရမည့်သူများအဖြစ် ဝင်ရောက်ကြလေကုန်" ဟုပြောဆိုခဲ့ကြပေမည်။
74وَقَالُوا الْحَمْدُ لِلَّهِ الَّذِي صَدَقَنَا وَعْدَهُ وَأَوْرَثَنَا الْأَرْضَ نَتَبَوَّأُ مِنَ الْجَنَّةِ حَيْثُ نَشَاءُ ۖ فَنِعْمَ أَجْرُ الْعَامِلِينَ
(ထိုရောအခါဝယ်) ထို(သူတော်စင်)တို့က "ချီးမွမ်းထောပနာအပေါင်းတို့သည် အကြင်အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။ ထိုအရှင်မြတ်သည် ကျွန်တော်မျိုးတို့နှင့်ပတ်သက်၍ မိမိထားရှိတော်မူခဲ့သောကတိကို မှန်ကန်စေတော်မူခဲ့သည့်ပြင် ဤ("ဂျန္နတ်"သုခဘုံ၏)မြေကို ကျွန်တော်မျိုးတို့အား အမွေအဖြစ် ပိုင်ဆိုင်စေတော်မူပြီးဖြစ်ရာ ကျွန်တော်မျိုးတို့မှာ "ဂျန္နတ်" သုခဘုံတွင် မိမိတို့အလိုရှိရာနေရာများ၌ နေထိုင်နိုင်ကြပေသည်"ဟု (ဝမ်းမြောက်စွာ) ပြောဆိုကြပေမည်။ စင်စစ်မှာကား အားထုတ်သူတို့၏ အကျိုးကျေးဇူးသည် လွန်စွာ ကောင်းမြတ်လှပေတကား။
75وَتَرَى الْمَلَائِكَةَ حَافِّينَ مِنْ حَوْلِ الْعَرْشِ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ ۖ وَقُضِيَ بَيْنَهُم بِالْحَقِّ وَقِيلَ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည် "မလာအိကဟ်" ကောင်းကင်တမန်တို့အား "အရ်ရှ်ပလ္လင်"တော်၏ပတ်လည်၌ ဝန်းရံလျက် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ် သန့်ရှင်းတော်မူကြောင်း မြွက်ဆိုလျက်ရှိကြသည်ကို တွေ့မြင်ရပေမည်။ ထို့ပြင် ထို(လူသား)တို့၏အကြားဝယ် တိကျမှန်ကန်စွာ (စစ်ဆေး)စီရင်ဆုံးဖြတ်ပြီး ဖြစ်ပေမည်။ထိုမှတစ်ပါး "ချီးမွမ်းထောပနာ အပေါင်းတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်သာသက်ဆိုင်သည်" ဟူ၍ ပြောဆို(ချီးကျူးဩဘာပေး)ခြင်းကို ကြားရပေအံ့သတည်း။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
73အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 73

စူရာ အဇ်-ဇုမား အာယာသ် 73 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြကုန်သူတို့မှာ "ဂျန္နတ်"သုခဘုံသို့ အုပ်စုလိုက်၊ အုပ်စုလိုက် ပို့ပေးခြင်းကို ခံကြရပေမည်။…

စူရာ အာယာသ် 73/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 71–75. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers