အက်ရှ်-ရှူရာ · 22/53
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှူရာ
تَرَى الظَّالِمِينَ مُشْفِقِينَ مِمَّا كَسَبُوا وَهُوَ وَاقِعٌ بِهِمْ ۗ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي رَوْضَاتِ الْجَنَّاتِ ۖ لَهُم مَّا يَشَاءُونَ عِندَ رَبِّهِمْ ۚ ذَٰلِكَ هُوَ الْفَضْلُ الْكَبِيرُ ۝٢٢
Taraz zaalimeena mushfiqeena mimmaa kasaboo wa huwa waaqi`um bihim; wallazeena aamanoo wa `amilus saalihaati fee rawdaatil jannaati lahum maa yashaaa`oona `inda Rabbihim; zaalika huwal fadlul kabeer
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်)အသင်သည် မတရားသောသူတို့အား မိမိတို့၏ ဆည်းပူးချက်တို့ကြောင့် ထိတ်လန့်ကြောက်ရွံ့စိုးရိမ်လျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ယင်းဆည်းပူးချက် တို့၏ဆိုးကျိုးမှာ ၎င်းတို့၌ ကျရောက်မည် ဖြစ်ပေသည်။ ထို့ပြင် အီမာန်သက်ဝင်ယုံကြည်၍ကောင်း မြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသောသူတို့မှာ ဂျန္နတ်သုခဘုံများ၏ဥယျာဉ်များ၌ ရှိကြပေမည်။ ၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်အထံတော်တွင် ၎င်းတို့အလိုရှိ သမျှသောအရာများသည်ရှိကုန်၏။ ဤသည် ကြီးကျယ်လှစွာသော ကျေးဇူးတော်ပင်ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကလိမ္များ၏ အဓိပ္ပာယ္မ်ား

  • تَرَى — သင်မြင်ရမည်။
  • الظَّالِمِينَ — မတရားသူများ၊ မိမိတို့ကိုယ်ကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ခြင်း၊ အပြစ်ကျူးလွန်ခြင်းဖြင့် မတရားပြုသူများ။
  • مُشْفِقِينَ — ကြောက်ရွံ့တုန်လှုပ်နေသူများ။
  • مِمَّا كَسَبُوا — သူတို့ ဒုန်းယာဘဝတွင် ရှာဖွေစုဆောင်းခဲ့သော မကောင်းမှုများကြောင့်။
  • وَهُوَ وَاقِعٌ بِهِمْ — ထိုအပြစ်ဒဏ်သည် သူတို့အပေါ် ကျရောက်မည်မှာ သေချာသည်။
  • رَوْضَاتِ الْجَنَّاتِ — ဂျန္နတ် သုခဥယျာဉ်များ၏ အလှပဆုံး၊ အအေးချမ်းဆုံး နေရာများ။
  • الْفَضْلُ الْكَبِيرُ — ကြီးမြတ်လှသော ကျေးဇူးတော်။

၂။ အာယသ်တော်၏ အဓိပ်ပာယ်ဖွင့်ဆိုချက်

အို တမန်တော်၊ သင်သည် ကိယာမသ်နေ့တွင် မတရားသူများကို တွေ့မြင်ရမည်။ သူတို့သည် ဒုန်းယာဘဝတွင�် ကျူးလွန်ခဲ့သော မကောင်းမှုများ၏ အကျိုးဆက်အတွက် အလွန်ကြောက်ရွံ့တုန်လှုပ်နေကြမည်။ သို့သော် ထိုအပြစ်ဒဏ်သည် သူတို့အပေါ် ကျရောက်မည်မှာ မလွဲမသွေ ဖြစ်သည်။ ထိုအချိန်တွင် ကြောက်ရွံ့ခြင်းသည် သူတို့အား မည်သည့်အကျိုးမျှ မဖြစ်ထွန်းစေချေ။

သို့သော် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သက်ဝင်၍ ကောင်းမွန်သော လုပ်ရပ်များကို ပြုကျင့်ခဲ့ကြသော မုအ်မင်န်များမှာမူ ထိုသူများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ သူတို့သည် ဂျန္နတ်သုခဥယျာဉ်များ၏ အလှပဆုံး၊ အအေးချမ်းဆုံး နေရာများတွင် နေထိုင်ကြရမည်။ သူတို့၏ အရှင်သခင်ထံတော်မှ သူတို့ လိုလားတောင့်တသမျှကို ရရှိကြမည်။ ထိုသို့ ရရှိခြင်းသည် ဖွင့်ဆိုမပြုနိုင်လောက်သော၊ လူသားတို့၏ အတွေးဉာဏ်ဖြင့် မမှီနိုင်သော ကြီးမြတ်လှသော ကျေးဇူးတော်ပင် ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ


📜 အာယာသ် 20-24 — စူရာ အက်ရှ်-ရှူရာ

20مَن كَانَ يُرِيدُ حَرْثَ الْآخِرَةِ نَزِدْ لَهُ فِي حَرْثِهِ ۖ وَمَن كَانَ يُرِيدُ حَرْثَ الدُّنْيَا نُؤْتِهِ مِنْهَا وَمَا لَهُ فِي الْآخِرَةِ مِن نَّصِيبٍ
မည်သူမဆို အာခိရသ်တမလွန်ဘဝ၏ လယ်ယာစိုက်ပျိုးမှုကို လိုလားသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း အား၎င်း၏လယ်ယာစိုက်ပျိုးမှုတွင် တိုးပွား စေတော်မူပေမည်။သို့ရာတွင် မည်သူမဆို (ဤမျက်မှောက်)လောက၏ လယ်ယာစိုက်ပျိုးမှု လိုလားပါမူ ငါအရှင်မြတ်သည် ၎င်းအား(လည်း)ဤ(မျက်မှောက်)လောကမှ အနည်းငယ်ပေးတော်မူမည်။ သို့ရာတွင် အာခိရတ်တမလွန်ဘဝ၌မူကား ၎င်း၏အဖို့ မည်သည့်ဝေစုဝေပုံမျှပင် ရှိလိမ့်မည်မဟုတ်ပြီ။
21أَمْ لَهُمْ شُرَكَاءُ شَرَعُوا لَهُم مِّنَ الدِّينِ مَا لَمْ يَأْذَن بِهِ اللَّهُ ۚ وَلَوْلَا كَلِمَةُ الْفَصْلِ لَقُضِيَ بَيْنَهُمْ ۗ وَإِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ
၎င်းတို့၌ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုတော်မူခြင်းမရှိသော ဒီန်သာသနာမျိုးကို ၎င်းတို့အဖို့ သတ်မှတ်ပြဋ္ဌာန်း၍ပေးခဲ့ကြသော တွဲဖက်(ကိုးကွယ်ရာ)များရှိကြသလော။အမှန်စင်စစ်သော်ကား စီရင်ဆုံးဖြတ်ရန် အမိန့်တော်တစ်ရပ်သည် (ရှေးဦးမဆွက)မရှိခဲ့ပါလျှင် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်မည်သာ။ သို့တစေလည်း မတရားသောသူတို့၌မူကား ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဧကန်မလွဲရှိချေအံ့သတည်း။
22تَرَى الظَّالِمِينَ مُشْفِقِينَ مِمَّا كَسَبُوا وَهُوَ وَاقِعٌ بِهِمْ ۗ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي رَوْضَاتِ الْجَنَّاتِ ۖ لَهُم مَّا يَشَاءُونَ عِندَ رَبِّهِمْ ۚ ذَٰلِكَ هُوَ الْفَضْلُ الْكَبِيرُ
(အို-နဗီတမန်တော်)အသင်သည် မတရားသောသူတို့အား မိမိတို့၏ ဆည်းပူးချက်တို့ကြောင့် ထိတ်လန့်ကြောက်ရွံ့စိုးရိမ်လျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ယင်းဆည်းပူးချက် တို့၏ဆိုးကျိုးမှာ ၎င်းတို့၌ ကျရောက်မည် ဖြစ်ပေသည်။ ထို့ပြင် အီမာန်သက်ဝင်ယုံကြည်၍ကောင်း မြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသောသူတို့မှာ ဂျန္နတ်သုခဘုံများ၏ဥယျာဉ်များ၌ ရှိကြပေမည်။ ၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်အထံတော်တွင် ၎င်းတို့အလိုရှိ သမျှသောအရာများသည်ရှိကုန်၏။ ဤသည် ကြီးကျယ်လှစွာသော ကျေးဇူးတော်ပင်ဖြစ်ပေသတည်း။
23ذَٰلِكَ الَّذِي يُبَشِّرُ اللَّهُ عِبَادَهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۗ قُل لَّا أَسْأَلُكُمْ عَلَيْهِ أَجْرًا إِلَّا الْمَوَدَّةَ فِي الْقُرْبَىٰ ۗ وَمَن يَقْتَرِفْ حَسَنَةً نَّزِدْ لَهُ فِيهَا حُسْنًا ۚ إِنَّ اللَّهَ غَفُورٌ شَكُورٌ
ဤသည်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကြင်ကျွန်တို့အား ပြောကြားတော်မူသော ဝမ်းမြောက်ဖွယ်သတင်းဖြစ်ပေသည်။ ထိုကျွန်တို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ငါသည် အသင် တို့ထံ ဤ(တရားဓမ္မပို့ဆောင်မှု)နှင့်စပ်လျဉ်း၍ဆွေမျိုးသားချင်းတော်စပ်မှုကြောင့်ချစ်မြတ်နိုးခြင်းမှတစ်ပါးမည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း၏အဖို့ ယင်းကောင်းမှု၌ကောင်းမြတ်မှုကို တိုးပွားစေတော်မူအံ့။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။
24أَمْ يَقُولُونَ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۖ فَإِن يَشَإِ اللَّهُ يَخْتِمْ عَلَىٰ قَلْبِكَ ۗ وَيَمْحُ اللَّهُ الْبَاطِلَ وَيُحِقُّ الْحَقَّ بِكَلِمَاتِهِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
၎င်းတို့က ထို(မုဟမ္မဒ်)သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲခဲ့သည်ဟု ပြောဆိုကြလေသလော။သို့ဖြစ်လျှင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်၏စိတ်နှလုံးပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏အာယတ်တော်များဖြင့် အမှားကို ဖျောက်ဖျက်တော်မူ၍အမှန်ကို အခိုင်အမာဖြစ်အောင် ပြုလုပ်တော်မူလေ့ရှိ၏။ဧကန်မလွဲ ထိုအရှင်မြတ်သည် ရင်များ၏အတွင်း၌ ရှိသည်များတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 22

စူရာ အက်ရှ်-ရှူရာ အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်)အသင်သည် မတရားသောသူတို့အား မိမိတို့၏ ဆည်းပူးချက်တို့ကြောင့် ထိတ်လန့်ကြောက်ရွံ့စိုးရိမ်လျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ယင်းဆည်းပူးချက် တို့၏ဆိုးကျိုးမှာ…

စူရာ အာယာသ် 22/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers