ذَٰلِكَ الَّذِي يُبَشِّرُ اللَّهُ عِبَادَهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۗ قُل لَّا أَسْأَلُكُمْ عَلَيْهِ أَجْرًا إِلَّا الْمَوَدَّةَ فِي الْقُرْبَىٰ ۗ وَمَن يَقْتَرِفْ حَسَنَةً نَّزِدْ لَهُ فِيهَا حُسْنًا ۚ إِنَّ اللَّهَ غَفُورٌ شَكُورٌ ٢٣
🔤 Transliteration
Zaalikal lazee yubash shirul laahu `ibaadahul lazeena aamanoo wa `amilus saalihaat; qul laaa as`alukum `alaihi ajran illal mawaddata fil qurbaa; wa mai yaqtarif hasanatan nazid lahoo feehaa husnaa; innal laaha Ghafoorun Shakoor
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဤသည်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကြင်ကျွန်တို့အား ပြောကြားတော်မူသော ဝမ်းမြောက်ဖွယ်သတင်းဖြစ်ပေသည်။ ထိုကျွန်တို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ငါသည် အသင် တို့ထံ ဤ(တရားဓမ္မပို့ဆောင်မှု)နှင့်စပ်လျဉ်း၍ဆွေမျိုးသားချင်းတော်စပ်မှုကြောင့်ချစ်မြတ်နိုးခြင်းမှတစ်ပါးမည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း၏အဖို့ ယင်းကောင်းမှု၌ကောင်းမြတ်မှုကို တိုးပွားစေတော်မူအံ့။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါများ ရှင်းလင်းချက် ذَٰلِكَ (ဇာလိက) — ထို (ဂျန္နတ်တွင် ပြင်ဆင်ထားသော ဆုလာဘ်)။يُبَشِّرُ (ယုဗရှ်ရို) — သတင်းကောင်း ပေးပို့သည်။أَجْرًا (အက်ဂျ်ရန်) — အဖိုးအခ၊ ဆုလာဘ်။الْمَوَدَّةَ (အလ်မာဝဒ္ဒဟ်) — ချစ်ခင်မြတ်နိုးမှု။الْقُرْبَىٰ (အလ်ကုရ်ဘာ) — ဆွေမျိုးနီးစပ်မှု။يَقْتَرِفْ (ယက်သရိဖ်) — ရှာဖွေဆည်းပူးသည်။حَسَنَةً (ဟစနဟ်) — ကောင်းမှုကုသိုလ်။شَكُورٌ (ရှကూఛ်) — အလွန်ကျေးဇူးသိတတ်သော၊ ကောင်းမှုကို အလွန်အမင်း အစားပေးသော။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်က မိမိ၏ ယုံကြည်သူကျွန်များအား ပေးအပ်မည့် သတင်းကောင်းကို ဖော်ပြထားခြင်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အီမာန်ယုံကြည်ပြီး ကောင်းမှုကုသိုလ်များကို ပြုလုပ်သော ကျွန်များအား ဂျန္နတ်တွင် ပြင်ဆင်ထားရှိသော ဂုဏ်ကျေးဇူးနှင့် ချမ်းသာသုခတို့ကို သတင်းကောင်းပေးပို့တော်မူသည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အား မိမိ၏လူမျိုးများကို ပြောကြားရန် မိန့်ကြားတော်မူသည် — “ကျွန်ုပ်သည် သင်တို့အား အစ္စလာမ်သာသနာကို ပို့ချသည့်အတွက် မည်သည့်အဖိုးအခကိုမျှ မတောင်းဆိုပါ။ သို့သော် ကျွန်ုပ်၏ ဆွေမျိုးနီးစပ်မှုကို သင်တို့ ချစ်ခင်မြတ်နိုးကြရန် တောင်းဆိုပါသည်။” ဤသည်မှာ သင်တို့ကိုယ်တိုင် အကျိုးရရှိမည့် တောင်းဆိုချက်တစ်ခုသာ ဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ကောင်းမှုတစ်ခုကို ပြုလုပ်သူအား ထိုကောင်းမှု၏ အကျိုးကို အဆမတန် တိုးပွားစေတော်မူမည်ဟု မိန့်ကြားသည်။ ကောင်းမှုတစ်ခုအတွက် ဆယ်ဆမှ ထို့ထက်ပို၍ ဆုလာဘ်ပေးတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်ကျေးဇူးသိတတ်တော်မူသောအရှင် ဖြစ်တော်မူသည်။ မိမိကျွန်များ၏ အပြစ်များကို ခွင့်လွှတ်တော်မူပြီး ကောင်းမှုကုသိုလ်များကို အလွန်အမင်း အစားပေးတော်မူသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ ၁။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူများနှင့် ကောင်းမှုပြုသူများအတွက် ဂျန္နတ်တွင် ကြီးမားသော ဆုလာဘ်များကို ပြင်ဆင်ထားတော်မူသည်။ ဤသတင်းကောင်းသည် ယုံကြည်သူမျ
ذَٰلِكَ ٱلَّذِي يُبَشِّرُ ٱللَّهُ عِبَادَهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِۗ قُل لَّآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًا إِلَّا ٱلۡمَوَدَّةَ فِي ٱلۡقُرۡبَىٰۗ وَمَن يَقۡتَرِفۡ حَسَنَةً نَّزِدۡ لَهُۥ فِيهَا حُسۡنًاۚ إِنَّ ٱللَّهَ غَفُورٌ شَكُورٌ ٢٣
ဤသည်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကြင်ကျွန်တို့အား ပြောကြားတော်မူသော ဝမ်းမြောက်ဖွယ်သတင်းဖြစ်ပေသည်။ ထိုကျွန်တို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ငါသည် အသင် တို့ထံ ဤ(တရားဓမ္မပို့ဆောင်မှု)နှင့်စပ်လျဉ်း၍ဆွေမျိုးသားချင်းတော်စပ်မှုကြောင့်ချစ်မြတ်နိုးခြင်းမှတစ်ပါးမည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း၏အဖို့ ယင်းကောင်းမှု၌ကောင်းမြတ်မှုကို တိုးပွားစေတော်မူအံ့။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 21-25 — စူရာ အက်ရှ်-ရှူရာ
21 أَمْ لَهُمْ شُرَكَاءُ شَرَعُوا لَهُم مِّنَ الدِّينِ مَا لَمْ يَأْذَن بِهِ اللَّهُ ۚ وَلَوْلَا كَلِمَةُ الْفَصْلِ لَقُضِيَ بَيْنَهُمْ ۗ وَإِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ
၎င်းတို့၌ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုတော်မူခြင်းမရှိသော ဒီန်သာသနာမျိုးကို ၎င်းတို့အဖို့ သတ်မှတ်ပြဋ္ဌာန်း၍ပေးခဲ့ကြသော တွဲဖက်(ကိုးကွယ်ရာ)များရှိကြသလော။အမှန်စင်စစ်သော်ကား စီရင်ဆုံးဖြတ်ရန် အမိန့်တော်တစ်ရပ်သည် (ရှေးဦးမဆွက)မရှိခဲ့ပါလျှင် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်မည်သာ။ သို့တစေလည်း မတရားသောသူတို့၌မူကား ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဧကန်မလွဲရှိချေအံ့သတည်း။
22 تَرَى الظَّالِمِينَ مُشْفِقِينَ مِمَّا كَسَبُوا وَهُوَ وَاقِعٌ بِهِمْ ۗ وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي رَوْضَاتِ الْجَنَّاتِ ۖ لَهُم مَّا يَشَاءُونَ عِندَ رَبِّهِمْ ۚ ذَٰلِكَ هُوَ الْفَضْلُ الْكَبِيرُ
(အို-နဗီတမန်တော်)အသင်သည် မတရားသောသူတို့အား မိမိတို့၏ ဆည်းပူးချက်တို့ကြောင့် ထိတ်လန့်ကြောက်ရွံ့စိုးရိမ်လျက် ရှိကြသည်ကို တွေ့မြင်ရပေမည်။ စင်စစ်သော်ကား ယင်းဆည်းပူးချက် တို့၏ဆိုးကျိုးမှာ ၎င်းတို့၌ ကျရောက်မည် ဖြစ်ပေသည်။ ထို့ပြင် အီမာန်သက်ဝင်ယုံကြည်၍ကောင်း မြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသောသူတို့မှာ ဂျန္နတ်သုခဘုံများ၏ဥယျာဉ်များ၌ ရှိကြပေမည်။ ၎င်းတို့အဖို့ ၎င်းတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်အထံတော်တွင် ၎င်းတို့အလိုရှိ သမျှသောအရာများသည်ရှိကုန်၏။ ဤသည် ကြီးကျယ်လှစွာသော ကျေးဇူးတော်ပင်ဖြစ်ပေသတည်း။
23 ذَٰلِكَ الَّذِي يُبَشِّرُ اللَّهُ عِبَادَهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۗ قُل لَّا أَسْأَلُكُمْ عَلَيْهِ أَجْرًا إِلَّا الْمَوَدَّةَ فِي الْقُرْبَىٰ ۗ وَمَن يَقْتَرِفْ حَسَنَةً نَّزِدْ لَهُ فِيهَا حُسْنًا ۚ إِنَّ اللَّهَ غَفُورٌ شَكُورٌ
ဤသည်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကြင်ကျွန်တို့အား ပြောကြားတော်မူသော ဝမ်းမြောက်ဖွယ်သတင်းဖြစ်ပေသည်။ ထိုကျွန်တို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ငါသည် အသင် တို့ထံ ဤ(တရားဓမ္မပို့ဆောင်မှု)နှင့်စပ်လျဉ်း၍ဆွေမျိုးသားချင်းတော်စပ်မှုကြောင့်ချစ်မြတ်နိုးခြင်းမှတစ်ပါးမည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း၏အဖို့ ယင်းကောင်းမှု၌ကောင်းမြတ်မှုကို တိုးပွားစေတော်မူအံ့။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။
24 أَمْ يَقُولُونَ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۖ فَإِن يَشَإِ اللَّهُ يَخْتِمْ عَلَىٰ قَلْبِكَ ۗ وَيَمْحُ اللَّهُ الْبَاطِلَ وَيُحِقُّ الْحَقَّ بِكَلِمَاتِهِ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
၎င်းတို့က ထို(မုဟမ္မဒ်)သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲခဲ့သည်ဟု ပြောဆိုကြလေသလော။သို့ဖြစ်လျှင် အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်၏စိတ်နှလုံးပေါ်၌ တံဆိပ်ခတ်နှိပ်တော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ၏အာယတ်တော်များဖြင့် အမှားကို ဖျောက်ဖျက်တော်မူ၍အမှန်ကို အခိုင်အမာဖြစ်အောင် ပြုလုပ်တော်မူလေ့ရှိ၏။ဧကန်မလွဲ ထိုအရှင်မြတ်သည် ရင်များ၏အတွင်း၌ ရှိသည်များတို့ကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
25 وَهُوَ الَّذِي يَقْبَلُ التَّوْبَةَ عَنْ عِبَادِهِ وَيَعْفُو عَنِ السَّيِّئَاتِ وَيَعْلَمُ مَا تَفْعَلُونَ
စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိ ကျွန်များ၏ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူ၏။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှတို့ကို သိတော်မူ၏။
ဘာသာပြန် — အက်ရှ်-ရှူရာ 23 စူရာ အက်ရှ်-ရှူရာ အာယာသ် 23 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသည်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကြင်ကျွန်တို့အား ပြောကြားတော်မူသော ဝမ်းမြောက်ဖွယ်သတင်းဖြစ်ပေသည်။ ထိုကျွန်တို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။…
စူရာ အာယာသ် 23/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 21–25. မြန်မာဘာသာ: ภาษาไทย.