يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا عَدُوِّي وَعَدُوَّكُمْ أَوْلِيَاءَ تُلْقُونَ إِلَيْهِم بِالْمَوَدَّةِ وَقَدْ كَفَرُوا بِمَا جَاءَكُم مِّنَ الْحَقِّ يُخْرِجُونَ الرَّسُولَ وَإِيَّاكُمْ ۙ أَن تُؤْمِنُوا بِاللَّهِ رَبِّكُمْ إِن كُنتُمْ خَرَجْتُمْ جِهَادًا فِي سَبِيلِي وَابْتِغَاءَ مَرْضَاتِي ۚ تُسِرُّونَ إِلَيْهِم بِالْمَوَدَّةِ وَأَنَا أَعْلَمُ بِمَا أَخْفَيْتُمْ وَمَا أَعْلَنتُمْ ۚ وَمَن يَفْعَلْهُ مِنكُمْ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ ١
🔤 Transliteration
Yaa ayyuhal lazeena aamanoo laa tattakhizoo `aduwwee wa `aduwaakum awliyaaa`a tulqoona ilaihim bilmawaddati wa qad kafaroo bima jaaa`akum minal haqq, yukhrijoonar Rasoola wa iyyaakum an tu`minoo billaahi rabbikum in kuntum kharajtum jihaadan fee sabeelee wabtighaaa`a mardaatee; tusirroona ilaihim bilma waddati wa ana a`alamu bimaaa akhfaitum wa maaa a`lantum; wa many yaf`alhu minkum faqad dalla sawaaa`as sabeel
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အကယ်၍ အသင်တို့သည် ငါအရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခြင်းငှာ လည်းကောင်း၊ ငါအရှင်မြတ်၏ နှစ်မြို့ကျေနပ်မှုကို ဆည်းပူးအံ့သောငှာလည်းကောင်း၊ ထွက်ခဲ့ကြသည်ဖြစ်မူ၊ အသင်တို့သည် ငါအရှင်မြတ်၏ ရန်သူကိုလည်း ကောင်း၊ မိမိတို့၏ ရန်သူကိုလည်းကောင်း၊ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ အသင်တို့သည် ခင်မင်မှုကြောင့် ၎င်းတို့ထံ (လျှို့ဝှက်သတင်းကို) ပို့ကြကုန်၏။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် အသင်တို့ထံ ရောက်ရှိလာသော အမှန်တရားကို ငြင်းပယ်ခဲ့ကြလေ၏။ ထိုသူတို့သည် ရစူလ်တမန်တော်မြတ်အား နှင်ထုတ်ခဲ့ကြသည်။ ၎င်းပြင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည် ခဲ့ကြသောကြောင့် ၎င်းတို့သည် အသင်တို့ကိုလည်း နှင်ထုတ်ခဲ့ကြလေ၏။ အသင်တို့သည် ခင်မင်မှုကြောင့် ၎င်းတို့ထံ လျှို့ဝှက်(သတင်းကို) ပို့ဆောင်ကြငြားလည်း ငါအရှင်မြတ်မှာမူကား အသင်တို့ လျှို့ဝှက်သမျှတို့ကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေသမျှတို့ကိုလည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို ယင်းလျှို့ဝှက်သတင်း ပို့ဆောင်ခြင်းကို ကျူးလွန်ပါမူ ထိုသူသည် ဧကန်မလွဲ ဖြောင့်မတ်သောလမ်းစဉ်မှ တိမ်းပါး လွဲချော်၍ သွားခဲ့လေပြီ။
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ أَوْلِيَاءَ (အောင်လိယာအ်) — မိတ်ဆွေများ၊ ချစ်ခင်မြတ်နိုးသူများ၊ ယုံကြည်စိတ်ချရသူများ။تُلْقُونَ (တုလ်ကူန) — သင်တို့သည် ပေးပို့ကြသည်၊ ဖော်ထုတ်ကြသည်။بِالْمَوَدَّةِ (ဗိလ်မာဝဒ္ဒဟ်) — ချစ်ခင်မြတ်နိုးမှုဖြင့်။ضَلَّ سَوَاءَ السَّبِيلِ (ဒလ္လာ ဆဝါအာ စ်စဗီလ်) — ဖြောင့်မတ်သောလမ်းမှ လွဲချော်သွားခဲ့သည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အို အီမာန်ယုံကြည်သူအပေါင်းတို့၊ ငါအရှင်မြတ်၏ ရန်သူများနှင့် သင်တို့၏ ရန်သူများကို မိတ်ဆွေများအဖြစ် မသတ်မှတ်ကြနှင့်။ သင်တို့သည် သူတို့ထံသို့ ချစ်ခင်မြတ်နိုးမှုဖြင့် သတင်းအချက်အလက်များ ပေးပို့ကြသည်။ အမှန်စင်စစ် သူတို့သည် သင်တို့ထံ ရောက်ရှိလာသော အမှန်တရားကို ငြင်းပယ်ခဲ့ကြပြီဖြစ်သည်။ သူတို့သည် ရစူလ်တမန်တော်ကိုလည်းကောင်း၊ သင်တို့ကိုလည်းကောင်း နေရပ်မှ နှင်ထုတ်ကြသည်။ အကြောင်းမှာ သင်တို့သည် သင်တို့၏ အရှင်သခင် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် ငါအရှင်မြတ်၏ လမ်းတော်၌ ဂျိဟာဒ်ပြုရန်နှင့် ငါအရှင်မြတ်၏ နှစ်သက်မှုကို ရှာဖွေရန် ထွက်ခွာခဲ့ကြလျှင် သူတို့ထံသို့ ချစ်ခင်မြတ်နိုးမှုဖြင့် လျှို့ဝှက်စွာ သတင်းပို့ခြင်းကို မပြုကြနှင့်။ ငါအရှင်မြတ်သည် သင်တို့ လျှို့ဝှက်ထားသည်များကိုလည်းကောင်း၊ ထင်ရှားစွာ ပြုလုပ်သည်များကိုလည်းကောင်း အသိဆုံးဖြစ်တော်မူသည်။ သင်တို့အနက် မည်သူမဆို ထိုသို့ပြုလုပ်လျှင် ဧကန်စင်စစ် ဖြောင့်မတ်သောလမ်းမှ လွဲချော်သွားခဲ့ပြီဖြစ်သည်။
ဤအာယသ်တော်သည် ဟိဂျရီ ၆ နှစ်၊ ဟူဒိုင်ဗီယာ စစ်ခရီးစဉ်မတိုင်မီ အခါက ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုနှင့် ဆက်စပ်လျက်ရှိသည်။ တမန်တော်မြတ်သည် မက္ကာမြို့သို့ ထွက်ခွာမည့်အကြောင်း သွားရောက်အသိပေးခဲ့ရာ ဆွဟာဗာတစ်ဦးဖြစ်သော ဟာသိဗ်ဗ်နု အဗီ ဗလ်သအာ သည် မက္ကာမြို့ရှိ ကာဖိရ်များထံသို့ စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။ ထိုစာကို ဖမ်းဆီးရမိသောအခါ တမန်တော်မြတ်က ဟာသိဗ်ကို မေးမြန်းရာ သူက "ကျွန်ုပ်သည် မက္ကာရှိ ဆွေမျိုးများကို ကာကွယ်စောင့်ရှောက်စေရန် ရ
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ عَدُوِّي وَعَدُوَّكُمۡ أَوۡلِيَآءَ تُلۡقُونَ إِلَيۡهِم بِٱلۡمَوَدَّةِ وَقَدۡ كَفَرُواْ بِمَا جَآءَكُم مِّنَ ٱلۡحَقِّ يُخۡرِجُونَ ٱلرَّسُولَ وَإِيَّاكُمۡ أَن تُؤۡمِنُواْ بِٱللَّهِ رَبِّكُمۡ إِن كُنتُمۡ خَرَجۡتُمۡ جِهَٰدًا فِي سَبِيلِي وَٱبۡتِغَآءَ مَرۡضَاتِيۚ تُسِرُّونَ إِلَيۡهِم بِٱلۡمَوَدَّةِ وَأَنَا۠ أَعۡلَمُ بِمَآ أَخۡفَيۡتُمۡ وَمَآ أَعۡلَنتُمۡۚ وَمَن يَفۡعَلۡهُ مِنكُمۡ فَقَدۡ ضَلَّ سَوَآءَ ٱلسَّبِيلِ ١
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အကယ်၍ အသင်တို့သည် ငါအရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခြင်းငှာ လည်းကောင်း၊ ငါအရှင်မြတ်၏ နှစ်မြို့ကျေနပ်မှုကို ဆည်းပူးအံ့သောငှာလည်းကောင်း၊ ထွက်ခဲ့ကြသည်ဖြစ်မူ၊ အသင်တို့သည် ငါအရှင်မြတ်၏ ရန်သူကိုလည်း ကောင်း၊ မိမိတို့၏ ရန်သူကိုလည်းကောင်း၊ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ အသင်တို့သည် ခင်မင်မှုကြောင့် ၎င်းတို့ထံ (လျှို့ဝှက်သတင်းကို) ပို့ကြကုန်၏။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် အသင်တို့ထံ ရောက်ရှိလာသော အမှန်တရားကို ငြင်းပယ်ခဲ့ကြလေ၏။ ထိုသူတို့သည် ရစူလ်တမန်တော်မြတ်အား နှင်ထုတ်ခဲ့ကြသည်။ ၎င်းပြင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည် ခဲ့ကြသောကြောင့် ၎င်းတို့သည် အသင်တို့ကိုလည်း နှင်ထုတ်ခဲ့ကြလေ၏။ အသင်တို့သည် ခင်မင်မှုကြောင့် ၎င်းတို့ထံ လျှို့ဝှက်(သတင်းကို) ပို့ဆောင်ကြငြားလည်း ငါအရှင်မြတ်မှာမူကား အသင်တို့ လျှို့ဝှက်သမျှတို့ကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေသမျှတို့ကိုလည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို ယင်းလျှို့ဝှက်သတင်း ပို့ဆောင်ခြင်းကို ကျူးလွန်ပါမူ ထိုသူသည် ဧကန်မလွဲ ဖြောင့်မတ်သောလမ်းစဉ်မှ တိမ်းပါး လွဲချော်၍ သွားခဲ့လေပြီ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 1-3 — စူရာ အလ်-မမ်တဟီနာ
1 يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا عَدُوِّي وَعَدُوَّكُمْ أَوْلِيَاءَ تُلْقُونَ إِلَيْهِم بِالْمَوَدَّةِ وَقَدْ كَفَرُوا بِمَا جَاءَكُم مِّنَ الْحَقِّ يُخْرِجُونَ الرَّسُولَ وَإِيَّاكُمْ ۙ أَن تُؤْمِنُوا بِاللَّهِ رَبِّكُمْ إِن كُنتُمْ خَرَجْتُمْ جِهَادًا فِي سَبِيلِي وَابْتِغَاءَ مَرْضَاتِي ۚ تُسِرُّونَ إِلَيْهِم بِالْمَوَدَّةِ وَأَنَا أَعْلَمُ بِمَا أَخْفَيْتُمْ وَمَا أَعْلَنتُمْ ۚ وَمَن يَفْعَلْهُ مِنكُمْ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အကယ်၍ အသင်တို့သည် ငါအရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခြင်းငှာ လည်းကောင်း၊ ငါအရှင်မြတ်၏ နှစ်မြို့ကျေနပ်မှုကို ဆည်းပူးအံ့သောငှာလည်းကောင်း၊ ထွက်ခဲ့ကြသည်ဖြစ်မူ၊ အသင်တို့သည် ငါအရှင်မြတ်၏ ရန်သူကိုလည်း ကောင်း၊ မိမိတို့၏ ရန်သူကိုလည်းကောင်း၊ အဆွေခင်ပွန်းများ မပြုကြကုန်လင့်။ အသင်တို့သည် ခင်မင်မှုကြောင့် ၎င်းတို့ထံ (လျှို့ဝှက်သတင်းကို) ပို့ကြကုန်၏။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် အသင်တို့ထံ ရောက်ရှိလာသော အမှန်တရားကို ငြင်းပယ်ခဲ့ကြလေ၏။ ထိုသူတို့သည် ရစူလ်တမန်တော်မြတ်အား နှင်ထုတ်ခဲ့ကြသည်။ ၎င်းပြင် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည် ခဲ့ကြသောကြောင့် ၎င်းတို့သည် အသင်တို့ကိုလည်း နှင်ထုတ်ခဲ့ကြလေ၏။ အသင်တို့သည် ခင်မင်မှုကြောင့် ၎င်းတို့ထံ လျှို့ဝှက်(သတင်းကို) ပို့ဆောင်ကြငြားလည်း ငါအရှင်မြတ်မှာမူကား အသင်တို့ လျှို့ဝှက်သမျှတို့ကိုလည်းကောင်း၊ အသင်တို့ ထင်ရှားစေသမျှတို့ကိုလည်းကောင်း၊ အသိတော်မူဆုံးပင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား အသင်တို့အနက် မည်သူမဆို ယင်းလျှို့ဝှက်သတင်း ပို့ဆောင်ခြင်းကို ကျူးလွန်ပါမူ ထိုသူသည် ဧကန်မလွဲ ဖြောင့်မတ်သောလမ်းစဉ်မှ တိမ်းပါး လွဲချော်၍ သွားခဲ့လေပြီ။
2 إِن يَثْقَفُوكُمْ يَكُونُوا لَكُمْ أَعْدَاءً وَيَبْسُطُوا إِلَيْكُمْ أَيْدِيَهُمْ وَأَلْسِنَتَهُم بِالسُّوءِ وَوَدُّوا لَوْ تَكْفُرُونَ
အကယ်၍ ၎င်းတို့သည် အသင်တို့အပေါ်၌ အရေးသာခဲ့ကြလျှင် အသင်တို့၏ ရန်သူဖြစ်ကြောင်းကိုသာ ပေါ်လွင်စေကြသည့်ပြင် မိမိတို့လက်များဖြင့် လည်းကောင်း၊ မိမိတို့ နှုတ်များဖြင့်လည်းကောင်း၊ အသင်တို့အား ဒုက္ခပေးကြမည်သာ။ ထို့ပြင် ၎င်းတို့သည် အသင်တို့ "ကာဖိရ်"သွေဖည်ငြင်းပယ်သူများ ဖြစ်ကြရန်လည်း လိုလားတောင့်တကြပေသည်။
3 لَن تَنفَعَكُمْ أَرْحَامُكُمْ وَلَا أَوْلَادُكُمْ ۚ يَوْمَ الْقِيَامَةِ يَفْصِلُ بَيْنَكُمْ ۚ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
အသင်တို့၏ ဆွေမျိုးနီးစပ်မှုတို့သည် လည်းကောင်း၊ အသင်တို့၏ သားသမီးတို့သည် လည်းကောင်း၊’ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် အသင်တို့အား အလျှင်း အကျိုးပေးကြမည်မဟုတ်ပေ။ ထိုအရှင်မြတ်သည် အသင်တို့၏အကြား၌ စီရင်ဆုံးဖြတ်တော်မူမည်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — အလ်-မမ်တဟီနာ 1 စူရာ အလ်-မမ်တဟီနာ အာယာသ် 1 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အကယ်၍ အသင်တို့သည် ငါအရှင်မြတ်၏လမ်းတော်၌ သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခြင်းငှာ လည်းကောင်း၊ ငါအရှင်မြတ်၏…
စူရာ အာယာသ် 1/13 — စူရာ အလ်-မမ်တဟီနာ الممتحنة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မမ်တဟီနာ နားထောင်, စူရာ အလ်-မမ်တဟီနာ ဘာသာပြန်, စူရာ အလ်-မမ်တဟီနာ mp3, စူရာ အလ်-မမ်တဟီနာ pdf. အာယာသ် 1–3. မြန်မာဘာသာ: ภาษาไทย.