رَّسُولًا يَتْلُو عَلَيْكُمْ آيَاتِ اللَّهِ مُبَيِّنَاتٍ لِّيُخْرِجَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنَ الظُّلُمَاتِ إِلَى النُّورِ ۚ وَمَن يُؤْمِن بِاللَّهِ وَيَعْمَلْ صَالِحًا يُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ قَدْ أَحْسَنَ اللَّهُ لَهُ رِزْقًا ١١
🔤 Transliteration
Rasoolany yatloo `alaikum aayaatil laahi mubaiyinaatil liyukhrijal lazeena aamanoo wa `amilus saalihaati minaz zulumaati ilan noor; wa many yu`mim billaahi wa ya;mal saalihany yudkhilhu jannaatin tajree min tahtihal anhaaru khaalideena feehaa abadan qad ahsanal laahu lahoo rizqqq
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(ထိုမှတစ်ပါး) ရစူလ်တမန်တော်တစ်ပါးကို (စေလွှတ်တော်မူခဲ့ရာ) ထိုရစူလ်တမန်တော်သည် အသင်တို့၏ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းသော အာယတ်တော်များကို ဖတ်ကြားလေ၏။ (ထိုသို့ ပြုလုပ်တော်မူခြင်းမှာ)ထိုအရှင်မြတ်သည် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူ တည်ဆောက်ခဲ့ကြသောသူတို့အား အမှောင်ထုမှ အလင်းသို့ ထွက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ကောင်းမှုကို ကျင့်မူတည်ဆောက်ပါလျှင် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ အမြဲထာဝစဉ် နေနိုင်သူများအဖြစ် ဝင်ရောက်စေတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မွန်မြတ်လှစွာသော စားနပ်ရိက္ခာကို ချီးမြှင့်တော်မူခြင်းပင်။
🌐 Additional reference in ภาษาไทย
၁။ ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက် ရစူလန် (رَسُولًا ) — တမန်တော်တစ်ပါး။ ဤနေရာတွင် တမန်တော်မုဟမ္မဒ် (ဆွ) ကို ရည်ညွှန်းသည်။ယတ်လူ (يَتْلُو ) — ဖတ်ကြားသည်၊ ရွတ်ဖတ်ပြသည်။မုဘိုင်ယိနာသ် (مُبَيِّنَاتٍ ) — ရှင်းလင်းထင်ရှားသော၊ မကွယ်မဝှက်သော။ဇုလုမာသ် (الظُّلُمَاتِ ) — အမှောင်ထုများ။ ဤနေရာတွင် ကုဖ်ရ် (မယုံကြည်မှု) နှင့် မောဟအမှောင်ကို ရည်ညွှန်းသည်။နူရ် (النُّورِ ) — အလင်း။ ဤနေရာတွင် အီမာန် (ယုံကြည်မှု) ကို ရည်ညွှန်းသည်။ရိဇ်ကန် (رِزْقًا ) — ရိဇ်က်၊ စားနပ်ရိက္ခာ၊ ကျေးဇူးတော်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့သည်။ ထိုတမန်တော်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ရှင်းလင်းထင်ရှားစွာ ဖတ်ကြားပြသပေးသည်။ ထိုသို့ဖတ်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အီမာန်ယုံကြည်၍ ကောင်းမှုကုသိုလ်များ ပြုလုပ်သူများကို ကုဖ်ရ်၏ အမှောင်ထုမှ အီမာန်၏ အလင်းသို့ ထုတ်ဆောင်ရန်ဖြစ်သည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိန့်တော်မူသည် — မည်သူမဆို အလ္လာဟ်အရှင်မြတ်ကို ယုံကြည်၍ ကောင်းမှုကုသိုလ်များ ပြုလုပ်အံ့၊ အရှင်မြတ်သည် ထိုသူအား သစ်ပင်များ၊ နန်းတော်များ၏ အောက်မှ မြစ်ချောင်းများ စီးဆင်းနေသော ဂျန္နသ်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူမည်။ ထိုသူတို့သည် ထိုဥယျာဉ်များတွင် ထာဝရကာလအထိ နေထိုင်စံမြန်းရမည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသူအား အလွန်ကောင်းမွန်သော ရိဇ်က်ကို ပေးသနားတော်မူခဲ့ပြီဖြစ်သည် — ထိုရိဇ်က်မှာ မည်သည့်အခါမျှ မကုန်ဆုံးသော ဂျန္နသ်ဥယျာဉ်၏ သုခချမ်းသာပင်ဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ အလ္လာဟ်အရှင်မြတ်သည် လူသားများကို အမှောင်ထုမှ အလင်းသို့ ထုတ်ဆောင်ရန် တမန်တော်များကို စေလွှတ်တော်မူခြင်းသည် အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်ဖြစ်သည်။ အီမာန်ယုံကြည်မှုနှင့် ကောင်းမှုကုသိုလ်သည် ဂျန္နသ်ဥယျာဉ်သို့ ဝင်ရောက်ရန် အဓိကသော့ချက်ဖြစ်သည်။ ဂျန္နသ်၏ သုခချမ်းသာသည် ထာဝရမကုန်ဆုံးနိုင်သော ရိဇ်က်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအား ယုံကြည်သူများအတွက် အကောင်းဆုံးသော ဆုလာဘ်ကို အသင့
رَّسُولًا يَتۡلُواْ عَلَيۡكُمۡ ءَايَٰتِ ٱللَّهِ مُبَيِّنَٰتٍ لِّيُخۡرِجَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ مِنَ ٱلظُّلُمَٰتِ إِلَى ٱلنُّورِۚ وَمَن يُؤۡمِنۢ بِٱللَّهِ وَيَعۡمَلۡ صَٰلِحًا يُدۡخِلۡهُ جَنَّٰتٍ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَآ أَبَدًاۖ قَدۡ أَحۡسَنَ ٱللَّهُ لَهُۥ رِزۡقًا ١١
(ထိုမှတစ်ပါး) ရစူလ်တမန်တော်တစ်ပါးကို (စေလွှတ်တော်မူခဲ့ရာ) ထိုရစူလ်တမန်တော်သည် အသင်တို့၏ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းသော အာယတ်တော်များကို ဖတ်ကြားလေ၏။ (ထိုသို့ ပြုလုပ်တော်မူခြင်းမှာ)ထိုအရှင်မြတ်သည် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူ တည်ဆောက်ခဲ့ကြသောသူတို့အား အမှောင်ထုမှ အလင်းသို့ ထွက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ကောင်းမှုကို ကျင့်မူတည်ဆောက်ပါလျှင် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ အမြဲထာဝစဉ် နေနိုင်သူများအဖြစ် ဝင်ရောက်စေတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မွန်မြတ်လှစွာသော စားနပ်ရိက္ခာကို ချီးမြှင့်တော်မူခြင်းပင်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 9-12 — စူရာ အတ်-တလာ့
9 فَذَاقَتْ وَبَالَ أَمْرِهَا وَكَانَ عَاقِبَةُ أَمْرِهَا خُسْرًا
မည်သို့ပင်ဖြစ်စေ ယင်းမြို့(သူ)ရွာ(သား)တို့မှာ မိမိတို့၏ အမှုကိစ္စများနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ကို မြည်းစမ်းခဲ့ကြရကုန်၏။ စင်စစ် ၎င်းတို့၏ နောက်ဆုံး အကျိုးမှာ ဆုံးရှုံးမှုပင် ဖြစ်ခဲ့လေ၏။
10 أَعَدَّ اللَّهُ لَهُمْ عَذَابًا شَدِيدًا ۖ فَاتَّقُوا اللَّهَ يَا أُولِي الْأَلْبَابِ الَّذِينَ آمَنُوا ۚ قَدْ أَنزَلَ اللَّهُ إِلَيْكُمْ ذِكْرًا
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှင့်ပတ်သက်၍ ပြင်းထန်လှစွာသော ပြစ်ဒဏ်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။ သို့ဖြစ်ပေရာ အို-သက်ဝင် ယုံကြည် ခဲ့ကြလေသောဉာဏ်ရှင်တို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်၊ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထံ "ဆုံးမစာ" (ကုရ်အာန်ကျမ်းတော်မြတ်)ကို ချပေးသနားတော်မူခဲ့၏။
11 رَّسُولًا يَتْلُو عَلَيْكُمْ آيَاتِ اللَّهِ مُبَيِّنَاتٍ لِّيُخْرِجَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنَ الظُّلُمَاتِ إِلَى النُّورِ ۚ وَمَن يُؤْمِن بِاللَّهِ وَيَعْمَلْ صَالِحًا يُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ قَدْ أَحْسَنَ اللَّهُ لَهُ رِزْقًا
(ထိုမှတစ်ပါး) ရစူလ်တမန်တော်တစ်ပါးကို (စေလွှတ်တော်မူခဲ့ရာ) ထိုရစူလ်တမန်တော်သည် အသင်တို့၏ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းသော အာယတ်တော်များကို ဖတ်ကြားလေ၏။ (ထိုသို့ ပြုလုပ်တော်မူခြင်းမှာ)ထိုအရှင်မြတ်သည် သက်ဝင် ယုံကြည်ပြီးနောက် ကောင်းမှုများကို ကျင့်မူ တည်ဆောက်ခဲ့ကြသောသူတို့အား အမှောင်ထုမှ အလင်းသို့ ထွက်စေတော်မူအံ့သောငှာဖြစ်၏။စင်စစ်သော်ကား မည်သူမဆို အလ္လာဟ်အရှင်မြတ်အား ယုံကြည်၍ ကောင်းမှုကို ကျင့်မူတည်ဆောက်ပါလျှင် ထိုအရှင်မြတ်သည် ၎င်းအား အကြင်ဥယျာဉ်များသို့ အမြဲထာဝစဉ် နေနိုင်သူများအဖြစ် ဝင်ရောက်စေတော်မူပေမည်။ ထိုဥယျာဉ်များ၏အောက်မှ ချောင်းများသည် စီးတွေလျက်ရှိပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား မွန်မြတ်လှစွာသော စားနပ်ရိက္ခာကို ချီးမြှင့်တော်မူခြင်းပင်။
12 اللَّهُ الَّذِي خَلَقَ سَبْعَ سَمَاوَاتٍ وَمِنَ الْأَرْضِ مِثْلَهُنَّ يَتَنَزَّلُ الْأَمْرُ بَيْنَهُنَّ لِتَعْلَمُوا أَنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ وَأَنَّ اللَّهَ قَدْ أَحَاطَ بِكُلِّ شَيْءٍ عِلْمًا
အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်သည် မိုးခုနစ်ထပ်ကို ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် မြေကိုလည်း ယင်းကဲ့သို့ပင်(ဖန်ဆင်းတော်မူခဲ့၏)။ ယင်းမိုးနှင့်မြေတို့ အကြားဝယ် အမိန့်တော်များသည် ဆင်းသက်လေ၏။ (ယင်းသို့ဖြစ်ရခြင်းမှာ)ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူကြောင်းကို လည်းကောင်း၊ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အသိပညာဖြင့် အမှန်ပင် ဝန်းခြုံလျက် ရှိတော်မူကြောင်းကိုလည်းကောင်း၊ အသင်တို့ သိရှိကြအံ့သောငှာ ဖြစ်ပေသတည်း။
ဘာသာပြန် — အတ်-တလာ့ 11 စူရာ အတ်-တလာ့ အာယာသ် 11 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုမှတစ်ပါး) ရစူလ်တမန်တော်တစ်ပါးကို (စေလွှတ်တော်မူခဲ့ရာ) ထိုရစူလ်တမန်တော်သည် အသင်တို့၏ရှေ့ဝယ် အလ္လာဟ်အရှင်မြတ်၏ ရှင်းလင်းသော အာယတ်တော်များကို ဖတ်ကြားလေ၏။ (ထိုသို့…
စူရာ အာယာသ် 11/12 — စူရာ အတ်-တလာ့ الطلاق (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တလာ့ နားထောင်, စူရာ အတ်-တလာ့ ဘာသာပြန်, စူရာ အတ်-တလာ့ mp3, စူရာ အတ်-တလာ့ pdf. အာယာသ် 9–12. မြန်မာဘာသာ: ภาษาไทย.