အလ်-အာအ်ရာဖ် · 156/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
۞ وَاكْتُبْ لَنَا فِي هَٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ إِنَّا هُدْنَا إِلَيْكَ ۚ قَالَ عَذَابِي أُصِيبُ بِهِ مَنْ أَشَاءُ ۖ وَرَحْمَتِي وَسِعَتْ كُلَّ شَيْءٍ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ الزَّكَاةَ وَالَّذِينَ هُم بِآيَاتِنَا يُؤْمِنُونَ ۝١٥٦
Waktub lanaa fee haazi hid dunyaa hasanatanw wa fil Aakhirati innnaa hudnaaa ilaik; qaala `azaabee useebu bihee man ashaaa`u wa rahmatee wasi`at kulla shai`; fasa aktubuhaa lillazeena yattaqoona wa yu`toonaz Zakaata wallazeena hum bi Aayaatinaa yu`minoon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ဤလောက၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ကောင်းကျိုးချမ်းသာကို သတ်မှတ် ပြဌာန်း၍ပေးတော်မူပါ။ ကျွန်တော်မျိုးသည် ဧကန်စင်စစ် အရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်၍လှည့်ခဲ့ကြလေပြီ။ (ထိုအခါ)အရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် မိမိအပြစ်ဒဏ်ကို မိမိအလိုရှိတော်မူသောသူ၏��ပေါ်၌သာလျှင် သက်ရောက်စေတော်မူ၏။ သို့ရာတွင် ငါအရှင်မြတ်၏ ကရုဏာတော်သည်ကား အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက်ရှိချေပြီ။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုကရုဏာတော်ကို ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြသည့်ပြင် ဇကာတ်ခေါ် တရားဝင်ဒါနကြေးကို ပေးဆောင်သော သူတို့အဖို့လည်းကောင်း၊ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့ကို ယုံကြည်သော သူတို့အဖို့လည်းကောင်း၊ မုချ သတ်မှတ်ပြဌါန်းတော်မူပေအံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဝါစာ ရှင်းလင်းချက်
  • وَاكْتُبْ لَنَا (ဝါသ်ကွသ်ဗ် လနာ) — ကျွန်ုပ်တို့အတွက် ရေးမှတ်ပေးပါ၊ သတ်မှတ်ပေးပါ။
  • حَسَنَةً (ဟာစနသန်) — ကောင်းမှု၊ ကောင်းကျိုး၊ ကျန်းမာရေး၊ လုံခြုံရေး။
  • هُدْنَا (ဟုဒ်နာ) — ကျွန်ုပ်တို့ ပြန်လှည့်လာပါပြီ၊ အပြစ်မှ ဝန်ခံ၍ ပြန်လာပါပြီ။
  • وَسِعَتْ (ဝါစီအတ်) — ကျယ်ဝန်းလွှမ်းခြုံပါသည်။
  • فَسَأَكْتُبُهَا (ဖစာအက်သွဗ်ဗုဟာ) — ထို့နောက် ငါအရှင်မြတ်သည် ထိုရဟ်မသ်ကို ရေးမှတ်သတ်မှတ်ပေးမည်။
  1. အာယသ်၏ အဓိပ္ပာယ် ရှင်းလင်းချက်

ဤအာယသ်တွင် တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) သည် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပြီး “ဤလောကီဘဝတွင်လည်း ကောင်းကျိုးကို ကျွန်ုပ်တို့အတွက် ရေးမှတ်ပေးပါ၊ နောင်တမလွန်ဘဝတွင်လည်း ကောင်းကျိုးကို ရေးမှတ်ပေးပါ။ အမှန်စင်စစ် ကျွန်ုပ်တို့သည် အရှင်မြတ်ထံ ပြန်လှည့်လာပါပြီ၊ အပြစ်များကို ဝန်ခံ၍ နောင်တရပါပြီ” ဟု လျှောက်ထားသည်။

ထိုအခါ အလ္လာဟ်အရှင်မြတ်သည် မိန့်တော်မူသည် — “ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို ငါအလိုရှိသူအား ပေးအပ်သည်။ ငါအရှင်မြတ်၏ ရဟ်မသ် (ကရုဏာတော်) သည် အရာခပ်သိမ်းကို လွှမ်းခြုံထားသည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုရဟ်မသ်ကို အရှင်မြတ်အား ကြောက်ရွံ့သော၊ ဇကာသ် (ဆွဒကာ) ကို ပေးဆောင်သော၊ အရှင်မြတ်၏ အာယသ်တော်များကို ယုံကြည်သော သူများအတွက် ရေးမှတ်သတ်မှတ်ပေးမည်” ဟု မိန့်တော်မူသည်။

ရှင်းလင်းချက် — ဤလောကီဘဝတွင် ကောင်းကျိုးဆိုသည်မှာ ကျန်းမာရေး၊ လုံခြုံရေး၊ ရိက္ခာ ပြည့်စုံမှု၊ ကောင်းသော လုပ်ရပ်များ လုပ်ဆောင်နိုင်မှုတို့ ဖြစ်သည်။ နောင်တမလွန်ဘဝတွင် ကောင်းကျိုးဆိုသည်မှာ ဂျန္နသ် (သုခဘုံ) ဖြစ်သည်။ “ကျွန်ုပ်တို့ ပြန်လှည့်လာပါပြီ” ဆိုသည်မှာ မိမိတို့၏ အားနည်းချက်၊ အပြစ်များကို ဝန်ခံပြီး အရှင်မြတ်ထံ နောင်တရ ပြန်လှည့်လာခြင်း ဖြစ်သည်။

အလ္လာဟ်အရှင်မြတ်၏ ရဟ်မသ်သည် ဤလောကီဘဝတွင် မွတ်စ်လင်မ်၊ မွတ်ရှ်ရစ်က်၊ ကာဖိရ် အားလုံးကို လွှမ်းခြုံထားသည်။ မည်သည့် ဖန်ဆင်းခံမျှ ရဟ်မသ်တော်မှ ကင်းကွာသည်မဟုတ်။ သို့သော် နောင်တမလွန်ဘဝတွင် ရဟ်မသ်တော်ကို အထူးသတ်မှတ်ပေးမည့်သူများမှာ (၁) အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့၍ တဟ်ကွါ (



📜 အာယာသ် 154-158 — စူရာ အလ်-အာအ်ရာဖ်

154وَلَمَّا سَكَتَ عَن مُّوسَى الْغَضَبُ أَخَذَ الْأَلْوَاحَ ۖ وَفِي نُسْخَتِهَا هُدًى وَرَحْمَةٌ لِّلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ
ထု့ိနောက်(နဗီတမန်တော်)မူစာ၏ဒေါသပြေငြိမ်းသွားလေသောအခါ ထိုတမန်တော်(မူစာ)သည် သင်ပုန်းကြီးကို ကောက်ယူလေသည်။ အမှန်သော်ကား[ထိုရေးသား၍ထားသောသင်ပုန်းများတွင်] မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြကုန်သောသူတို့အဖို့တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတရားသည်လည်းကောင်း၊ ပါရှိခဲ့လေသတည်း။
155وَاخْتَارَ مُوسَىٰ قَوْمَهُ سَبْعِينَ رَجُلًا لِّمِيقَاتِنَا ۖ فَلَمَّا أَخَذَتْهُمُ الرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُم مِّن قَبْلُ وَإِيَّايَ ۖ أَتُهْلِكُنَا بِمَا فَعَلَ السُّفَهَاءُ مِنَّا ۖ إِنْ هِيَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَن تَشَاءُ وَتَهْدِي مَن تَشَاءُ ۖ أَنتَ وَلِيُّنَا فَاغْفِرْ لَنَا وَارْحَمْنَا ۖ وَأَنتَ خَيْرُ الْغَافِرِينَ
္မ ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အနက်မှ ယောက်ျားခုနစ်ဆယ်ကို ငါအရှင်မြတ်ချိန်းချက်သတ်မှတ်တော်မူသောအချိန်(တွင် မိမိနှင့်အတူ ခေါ်ဆောင်ခဲ့ရန်) အလို့ငှာ ရွေးချယ်ခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် မြေငလျင်ဘေးသင့်၍ပျက်စီးသွားသောအခါ (ထိုနဗီတမန်တော်) မူစာက (ဤသို့) လျှောက်ထားခဲ့လေသည်။ အိုကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် (ဤအတိုင်းသာ)အလိုရှိတော်မူခဲ့ပါမူ ထိုသူတို့အားလည်းကောင်း၊ ကျွန်တော်မျိုးအားလည်းကောင်း၊ ယခင်မူလကပင် ပျက်စီးစေတော်မူပြီးဖြစ်အံ့။ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့အနက်မှ အသိတရားကင်းမဲ့သောအချို့လူ့ဗာလတို့၏ ပြုမူချက်ကြောင့် သေကြေပျက်စီးစေတော်မူပါမည်လော။ ဤသည်ကား အရှင်မြတ်၏စမ်းသပ်မှုတစ်ရပ်သာလျှင် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုဖြင့် အရှင်မြတ်သည် မိမိအလိုရှိသူအား လမ်းမှားစေတော်မူ၏။ ထိုနည်းတူစွာအရှင်မြတ်သည် (ထိုစမ်းသပ်မှုဖြင့်) မိမိအလိုရှိသူအား လမ်းမှန်သို့ ရောက်စေတော်မူ၏။ အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးတို့၏ကိစ္စ(အဝဝတို့)ကို (ပြီးစီးအောင်) ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားသနားညှာတာတော်မူပါ။ အမှန်စင်စစ်သော်ကားအရှင်မြတ်သည် အကောင်းဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်မြတ်ပင်တည်း။
156۞ وَاكْتُبْ لَنَا فِي هَٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ إِنَّا هُدْنَا إِلَيْكَ ۚ قَالَ عَذَابِي أُصِيبُ بِهِ مَنْ أَشَاءُ ۖ وَرَحْمَتِي وَسِعَتْ كُلَّ شَيْءٍ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ الزَّكَاةَ وَالَّذِينَ هُم بِآيَاتِنَا يُؤْمِنُونَ
ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ဤလောက၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ကောင်းကျိုးချမ်းသာကို သတ်မှတ် ပြဌာန်း၍ပေးတော်မူပါ။ ကျွန်တော်မျိုးသည် ဧကန်စင်စစ် အရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်၍လှည့်ခဲ့ကြလေပြီ။ (ထိုအခါ)အရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် မိမိအပြစ်ဒဏ်ကို မိမိအလိုရှိတော်မူသောသူ၏��ပေါ်၌သာလျှင် သက်ရောက်စေတော်မူ၏။ သို့ရာတွင် ငါအရှင်မြတ်၏ ကရုဏာတော်သည်ကား အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက်ရှိချေပြီ။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုကရုဏာတော်ကို ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြသည့်ပြင် ဇကာတ်ခေါ် တရားဝင်ဒါနကြေးကို ပေးဆောင်သော သူတို့အဖို့လည်းကောင်း၊ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့ကို ယုံကြည်သော သူတို့အဖို့လည်းကောင်း၊ မုချ သတ်မှတ်ပြဌါန်းတော်မူပေအံ့။
157الَّذِينَ يَتَّبِعُونَ الرَّسُولَ النَّبِيَّ الْأُمِّيَّ الَّذِي يَجِدُونَهُ مَكْتُوبًا عِندَهُمْ فِي التَّوْرَاةِ وَالْإِنجِيلِ يَأْمُرُهُم بِالْمَعْرُوفِ وَيَنْهَاهُمْ عَنِ الْمُنكَرِ وَيُحِلُّ لَهُمُ الطَّيِّبَاتِ وَيُحَرِّمُ عَلَيْهِمُ الْخَبَائِثَ وَيَضَعُ عَنْهُمْ إِصْرَهُمْ وَالْأَغْلَالَ الَّتِي كَانَتْ عَلَيْهِمْ ۚ فَالَّذِينَ آمَنُوا بِهِ وَعَزَّرُوهُ وَنَصَرُوهُ وَاتَّبَعُوا النُّورَ الَّذِي أُنزِلَ مَعَهُ ۙ أُولَٰئِكَ هُمُ الْمُفْلِحُونَ
အကြင်သူတို့သည် အကြင်စာပေမတတ်သောရစူလ်၊ နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကို လိုက်နာကြကုန်၏။ ထိုသူတို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကို မိမိတို့ထံရှိ တောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ရေးသားပြီး ဖြစ်သည်ကို တွေ့ရှိကြလေသည်။ ယင်းရစူလ်၊နဗီတမန်တော်မြတ်သည် ထိုသူတို့အားကောင်းမှု သုစရိုက်များကို(ပြုလုပ်ကြရန်) ညွှန်ကြားသည့်အပြင် မကောင်းမှု ဒုစရိုက်များမှ ကြဉ်ရှောင်ကြရန် မြစ်တားလေသည်။ ၎င်းပြင် ထိုသူတို့အဖို့ စင်ကြယ်သောအရာများကို (စားသုံး)ခွင့်ပြုကာ မသန့်စင်သောအရာများကို ၎င်းတို့အပေါ်၌ (စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ ထိုမှတစ်ပါး ထိုသူတို့အပေါ်၌(ယခုတိုင်အောင်) တည်ရှိနေသော ဝန်နှင့်လည်ကွင်းများ (အတုပ်အနှောင်များ)ကိုလည်း ၎င်းတို့အပေါ်မှ ချ၍ပေးလေသည်။သို့ဖြစ်ပေရာ အကြင်သူတို့သည် ထိုရစူလ် နဗီတမန်တော်မြတ်အား ယုံကြည်ခဲ့ကြလေသည်။ ၎င်းပြင် ထိုရစူလ်နဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ထိုရစူလ်နဗီတမန်တော်မြတ်အား ကူညီရိုင်းပင်းခဲ့ကြလေသည်။ ထို့ပြင် ထိုရစူလ် နဗီတမန်တော်မြတ်နှင့်အတူကျရောက်လာသော(ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော)လင်းရောင်ခြည်ကိုလည်း လိုက်နာခဲ့ကြလေသည်။ ထိုသူတို့ သည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြကုန်သတည်း။(ရကူ)
158قُلْ يَا أَيُّهَا النَّاسُ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ لَا إِلَٰهَ إِلَّا هُوَ يُحْيِي وَيُمِيتُ ۖ فَآمِنُوا بِاللَّهِ وَرَسُولِهِ النَّبِيِّ الْأُمِّيِّ الَّذِي يُؤْمِنُ بِاللَّهِ وَكَلِمَاتِهِ وَاتَّبِعُوهُ لَعَلَّكُمْ تَهْتَدُونَ
(အို-နဗီတမန်တော်) အသင်သည် (လူခပ်သိမ်းတို့အားဤသို့)ပြောကြားပါလေ။ အို-လူသား အပေါင်းတို့၊ ငါသည် ဧကန်စင်စစ် အသင်တို့အားလုံးထံ အကြင်အလ္လာဟ်အရှင်မြတ်အထံတော်မှ စေလွှတ်ခြင်းခံရသော ရစူလ်တမန်တော်ပင်ဖြစ်ပေသည်။ မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ရှိချေသည်။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အသျှင်ဟူ၍ အလျင်းမရှိပြီ။ထိုအရှင်မြတ်သည် ပင်လျှင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်သာလျှင် အသက်သေစေတော် မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ အကြင်စာပေမသင်ကြားဖူးသောရစူလ်နဗီတမန်တော်အားလည်းကောင်း၊ ယုံကြည်ကြလေကုန်။ထိုရစူလ်နဗီ တမန်တော်မြတ်သည်( မိမိကိုယ်တိုင်လည်း)အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကိုလည်းကောင်း၊ ယုံကြည်လေသည်။ ၎င်းပြင် အသင်တို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏အမိန့်တော်များ)ကိုလိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိတန်ကြရာသည်။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
156အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 156

စူရာ အလ်-အာအ်ရာဖ် အာယာသ် 156 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ဤလောက၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ကောင်းကျိုးချမ်းသာကို သတ်မှတ် ပြဌာန်း၍ပေးတော်မူပါ။ ကျွန်တော်မျိုးသည် ဧကန်စင်စစ်…

စူရာ အာယာသ် 156/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 154–158. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers