အလ်-အာအ်ရာဖ် · 155/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَاخْتَارَ مُوسَىٰ قَوْمَهُ سَبْعِينَ رَجُلًا لِّمِيقَاتِنَا ۖ فَلَمَّا أَخَذَتْهُمُ الرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُم مِّن قَبْلُ وَإِيَّايَ ۖ أَتُهْلِكُنَا بِمَا فَعَلَ السُّفَهَاءُ مِنَّا ۖ إِنْ هِيَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَن تَشَاءُ وَتَهْدِي مَن تَشَاءُ ۖ أَنتَ وَلِيُّنَا فَاغْفِرْ لَنَا وَارْحَمْنَا ۖ وَأَنتَ خَيْرُ الْغَافِرِينَ ۝١٥٥
Wakhtaara Moosaa qawmahoo sab`eena rajjulal limeeqaatinaa falammaa akhazat humur rajfatu qaala Rabbi law shi`ta ahlaktahum min qablu wa iyyaaya atuhlikunna bimaa fa`alas sufahaaa`u minnaa in hiya illaa fitnatuka tudillu bihaa man tashaaa`u wa tahdee man tashaaa`u Anta waliyyunaa faghfir lanaa warhammnnaa wa Anta khairul ghaafireen
📖 မြန်မာဘာသာ
္မ ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အနက်မှ ယောက်ျားခုနစ်ဆယ်ကို ငါအရှင်မြတ်ချိန်းချက်သတ်မှတ်တော်မူသောအချိန်(တွင် မိမိနှင့်အတူ ခေါ်ဆောင်ခဲ့ရန်) အလို့ငှာ ရွေးချယ်ခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် မြေငလျင်ဘေးသင့်၍ပျက်စီးသွားသောအခါ (ထိုနဗီတမန်တော်) မူစာက (ဤသို့) လျှောက်ထားခဲ့လေသည်။ အိုကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် (ဤအတိုင်းသာ)အလိုရှိတော်မူခဲ့ပါမူ ထိုသူတို့အားလည်းကောင်း၊ ကျွန်တော်မျိုးအားလည်းကောင်း၊ ယခင်မူလကပင် ပျက်စီးစေတော်မူပြီးဖြစ်အံ့။ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့အနက်မှ အသိတရားကင်းမဲ့သောအချို့လူ့ဗာလတို့၏ ပြုမူချက်ကြောင့် သေကြေပျက်စီးစေတော်မူပါမည်လော။ ဤသည်ကား အရှင်မြတ်၏စမ်းသပ်မှုတစ်ရပ်သာလျှင် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုဖြင့် အရှင်မြတ်သည် မိမိအလိုရှိသူအား လမ်းမှားစေတော်မူ၏။ ထိုနည်းတူစွာအရှင်မြတ်သည် (ထိုစမ်းသပ်မှုဖြင့်) မိမိအလိုရှိသူအား လမ်းမှန်သို့ ရောက်စေတော်မူ၏။ အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးတို့၏ကိစ္စ(အဝဝတို့)ကို (ပြီးစီးအောင်) ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားသနားညှာတာတော်မူပါ။ အမှန်စင်စစ်သော်ကားအရှင်မြတ်သည် အကောင်းဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်မြတ်ပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • မီကာသ် (مِيقَات) — ချိန်းဆိုထားသော အချိန်အခါ၊ သတ်မှတ်ထားသော ရက်ချိန်း။
  • ရဂျ်ဖာ (رَّجْفَة) — ပြင်းထန်သော ငလျင်လှုပ်ခြင်း၊ တုန်လှုပ်စေသော ဘေးအန္တရာယ်။
  • ဆုဖဟာ (السُّفَهَاء) — ဉာဏ်ပညာချို့တဲ့သူများ၊ အသိဉာဏ်မရှိဘဲ မိုက်မဲစွာ ပြုမူသူများ။
  • ဖိတ်နာ (فِتْنَة) — စမ်းသပ်ခြင်း၊ စမ်းသပ်မှု၊ အကဲဖြတ်ခြင်း။
  • ဝလီ (وَلِيّ) — စောင့်ရှောက်သူ၊ အုပ်ထိန်းသူ၊ ကူညီစောင်မသူ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

မူစာ (အလိုင်ဟိစ်စလာမ်) သည် မိမိလူမျိုးထဲမှ ရွေးချယ်ထားသော အကျင့်သီလကောင်းမွန်သူ ခုနစ်ဆယ်ဦးကို အလ္လာဟ်အရှင်မြတ်နှင့် ချိန်းဆိုထားသည့် အချိန်အခါအတွက် ခေါ်ဆောင်သွားခဲ့သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်ထံ တောင်းပန်အသနားခံရန်နှင့် နွားရုပ်ကို ကိုးကွယ်ခဲ့သော မိမိတို့လူမျိုး၏ အမှားအတွက် အလ္လာဟ်အရှင်မြတ်ထံ ဝန်ခံတောင်းပန်ရန် ရောက်ရှိလာခဲ့ကြသည်။ သို့သော် သူတို့သည် အလ္လာဟ်အရှင်မြတ်ကို မျက်မှောက်တွေ့မြင်လိုသည်ဟု ရဲရဲတင်းတင်း တောင်းဆိုခဲ့ကြသည်။ ထိုအခါ ပြင်းထန်သော ငလျင်တုန်လှုပ်မှုကြီး ဖြစ်ပေါ်လာပြီး သူတို့အားလုံး သေဆုံးသွားခဲ့ကြသည်။

ထိုအခါ မူစာ (အလိုင်ဟိစ်စလာမ်) သည် အလ္လာဟ်အရှင်မြတ်ထံ ဝမ်းနည်းစွာ အသနားခံတောင်းပန်လျက် ဤသို့ လျှောက်ထားခဲ့သည် — “အို ကျွန်တော်မျိုး၏ အရှင်မြတ်၊ အကယ်၍ အရှင်မြတ် အလိုရှိတော်မူခဲ့လျှင် ဤသူတို့ကိုလည်းကောင်း၊ ကျွန်တော်မျိုးကိုလည်းကောင်း ဤအချိန်မတိုင်မီကပင် ဖျက်ဆီးတော်မူနိုင်ခဲ့ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့ထဲမှ မိုက်မဲသူများ ပြုလုပ်ခဲ့သော အမှားအတွက်ကြောင့် ဖျက်ဆီးတော်မူမည်လော။ ဤအရာသည် အရှင်မြတ်၏ စမ်းသပ်မှုမှတစ်ပါး အခြားမဟုတ်ပါ။ အရှင်မြတ်သည် ထိုစမ်းသပ်မှုဖြင့် အလိုရှိသူကို လမ်းလွဲစေတော်မူပြီး အလိုရှိသူကို လမ်းမှန်ညွှန်ပြတော်မူပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့၏ စောင့်ရှောက်အုပ်ထိန်းသူ ဖြစ်တော်မူပါသည်။ ထို့ကြောင့် ကျွန်တော်မျိုးတို့၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုးတို့အပေါ် ကရုဏာထားတော်မူပါ။ အရှင်မြတ်သည် ခွင့်လွှ



📜 အာယာသ် 153-157 — စူရာ အလ်-အာအ်ရာဖ်

153وَالَّذِينَ عَمِلُوا السَّيِّئَاتِ ثُمَّ تَابُوا مِن بَعْدِهَا وَآمَنُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ
သို့ရာတွင် အကြင်သူတို့သည် မကောင်းမှုဒုစရိုက်များကို ပြုလုပ်မိခဲ့ကြကုန်၏။ ၎င်းနောက် ထိုသူတို့သည်ထိုသို့မကောင်းမှုများ (ပြုလုပ်ပြီး) နောက် ဝန်ချတောင်းပန်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် အီမာန်ယုံကြည်ခြင်း သဒ္ဓါတရားလည်း ထားရှိကြကုန်၏။ (သို့ဖြစ်လျှင်) ဧကန်စင်စစ်အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သို့ဝန်ချတောင်းပန်၍ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိကြပြီး)နောက် (၎င်းတို့အား) မုချ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည့်အရှင်၊ သနားကြင်နာ ညှာတာတော်မူသည့်အရှင်ဖြစ်တော်မူပေသတည်း။
154وَلَمَّا سَكَتَ عَن مُّوسَى الْغَضَبُ أَخَذَ الْأَلْوَاحَ ۖ وَفِي نُسْخَتِهَا هُدًى وَرَحْمَةٌ لِّلَّذِينَ هُمْ لِرَبِّهِمْ يَرْهَبُونَ
ထု့ိနောက်(နဗီတမန်တော်)မူစာ၏ဒေါသပြေငြိမ်းသွားလေသောအခါ ထိုတမန်တော်(မူစာ)သည် သင်ပုန်းကြီးကို ကောက်ယူလေသည်။ အမှန်သော်ကား[ထိုရေးသား၍ထားသောသင်ပုန်းများတွင်] မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ကြကုန်သောသူတို့အဖို့တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတရားသည်လည်းကောင်း၊ ပါရှိခဲ့လေသတည်း။
155وَاخْتَارَ مُوسَىٰ قَوْمَهُ سَبْعِينَ رَجُلًا لِّمِيقَاتِنَا ۖ فَلَمَّا أَخَذَتْهُمُ الرَّجْفَةُ قَالَ رَبِّ لَوْ شِئْتَ أَهْلَكْتَهُم مِّن قَبْلُ وَإِيَّايَ ۖ أَتُهْلِكُنَا بِمَا فَعَلَ السُّفَهَاءُ مِنَّا ۖ إِنْ هِيَ إِلَّا فِتْنَتُكَ تُضِلُّ بِهَا مَن تَشَاءُ وَتَهْدِي مَن تَشَاءُ ۖ أَنتَ وَلِيُّنَا فَاغْفِرْ لَنَا وَارْحَمْنَا ۖ وَأَنتَ خَيْرُ الْغَافِرِينَ
္မ ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အနက်မှ ယောက်ျားခုနစ်ဆယ်ကို ငါအရှင်မြတ်ချိန်းချက်သတ်မှတ်တော်မူသောအချိန်(တွင် မိမိနှင့်အတူ ခေါ်ဆောင်ခဲ့ရန်) အလို့ငှာ ရွေးချယ်ခဲ့လေသည်။ ထို့နောက် ၎င်းတို့သည် မြေငလျင်ဘေးသင့်၍ပျက်စီးသွားသောအခါ (ထိုနဗီတမန်တော်) မူစာက (ဤသို့) လျှောက်ထားခဲ့လေသည်။ အိုကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် (ဤအတိုင်းသာ)အလိုရှိတော်မူခဲ့ပါမူ ထိုသူတို့အားလည်းကောင်း၊ ကျွန်တော်မျိုးအားလည်းကောင်း၊ ယခင်မူလကပင် ပျက်စီးစေတော်မူပြီးဖြစ်အံ့။ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား ကျွန်တော်မျိုးတို့အနက်မှ အသိတရားကင်းမဲ့သောအချို့လူ့ဗာလတို့၏ ပြုမူချက်ကြောင့် သေကြေပျက်စီးစေတော်မူပါမည်လော။ ဤသည်ကား အရှင်မြတ်၏စမ်းသပ်မှုတစ်ရပ်သာလျှင် ဖြစ်ပါသည်။ ထိုစမ်းသပ်မှုဖြင့် အရှင်မြတ်သည် မိမိအလိုရှိသူအား လမ်းမှားစေတော်မူ၏။ ထိုနည်းတူစွာအရှင်မြတ်သည် (ထိုစမ်းသပ်မှုဖြင့်) မိမိအလိုရှိသူအား လမ်းမှန်သို့ ရောက်စေတော်မူ၏။ အရှင်မြတ်သည်ပင်လျှင် ကျွန်တော်မျိုးတို့၏ကိစ္စ(အဝဝတို့)ကို (ပြီးစီးအောင်) ဆောင်ရွက်ပေးတော်မူသောအရှင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပါ၍ အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တော်မူပါ။ ၎င်းပြင် အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားသနားညှာတာတော်မူပါ။ အမှန်စင်စစ်သော်ကားအရှင်မြတ်သည် အကောင်းဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်မြတ်ပင်တည်း။
156۞ وَاكْتُبْ لَنَا فِي هَٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ إِنَّا هُدْنَا إِلَيْكَ ۚ قَالَ عَذَابِي أُصِيبُ بِهِ مَنْ أَشَاءُ ۖ وَرَحْمَتِي وَسِعَتْ كُلَّ شَيْءٍ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ الزَّكَاةَ وَالَّذِينَ هُم بِآيَاتِنَا يُؤْمِنُونَ
ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ဤလောက၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ကောင်းကျိုးချမ်းသာကို သတ်မှတ် ပြဌာန်း၍ပေးတော်မူပါ။ ကျွန်တော်မျိုးသည် ဧကန်စင်စစ် အရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်၍လှည့်ခဲ့ကြလေပြီ။ (ထိုအခါ)အရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် မိမိအပြစ်ဒဏ်ကို မိမိအလိုရှိတော်မူသောသူ၏��ပေါ်၌သာလျှင် သက်ရောက်စေတော်မူ၏။ သို့ရာတွင် ငါအရှင်မြတ်၏ ကရုဏာတော်သည်ကား အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက်ရှိချေပြီ။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုကရုဏာတော်ကို ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြသည့်ပြင် ဇကာတ်ခေါ် တရားဝင်ဒါနကြေးကို ပေးဆောင်သော သူတို့အဖို့လည်းကောင်း၊ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့ကို ယုံကြည်သော သူတို့အဖို့လည်းကောင်း၊ မုချ သတ်မှတ်ပြဌါန်းတော်မူပေအံ့။
157الَّذِينَ يَتَّبِعُونَ الرَّسُولَ النَّبِيَّ الْأُمِّيَّ الَّذِي يَجِدُونَهُ مَكْتُوبًا عِندَهُمْ فِي التَّوْرَاةِ وَالْإِنجِيلِ يَأْمُرُهُم بِالْمَعْرُوفِ وَيَنْهَاهُمْ عَنِ الْمُنكَرِ وَيُحِلُّ لَهُمُ الطَّيِّبَاتِ وَيُحَرِّمُ عَلَيْهِمُ الْخَبَائِثَ وَيَضَعُ عَنْهُمْ إِصْرَهُمْ وَالْأَغْلَالَ الَّتِي كَانَتْ عَلَيْهِمْ ۚ فَالَّذِينَ آمَنُوا بِهِ وَعَزَّرُوهُ وَنَصَرُوهُ وَاتَّبَعُوا النُّورَ الَّذِي أُنزِلَ مَعَهُ ۙ أُولَٰئِكَ هُمُ الْمُفْلِحُونَ
အကြင်သူတို့သည် အကြင်စာပေမတတ်သောရစူလ်၊ နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကို လိုက်နာကြကုန်၏။ ထိုသူတို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကို မိမိတို့ထံရှိ တောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ရေးသားပြီး ဖြစ်သည်ကို တွေ့ရှိကြလေသည်။ ယင်းရစူလ်၊နဗီတမန်တော်မြတ်သည် ထိုသူတို့အားကောင်းမှု သုစရိုက်များကို(ပြုလုပ်ကြရန်) ညွှန်ကြားသည့်အပြင် မကောင်းမှု ဒုစရိုက်များမှ ကြဉ်ရှောင်ကြရန် မြစ်တားလေသည်။ ၎င်းပြင် ထိုသူတို့အဖို့ စင်ကြယ်သောအရာများကို (စားသုံး)ခွင့်ပြုကာ မသန့်စင်သောအရာများကို ၎င်းတို့အပေါ်၌ (စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ ထိုမှတစ်ပါး ထိုသူတို့အပေါ်၌(ယခုတိုင်အောင်) တည်ရှိနေသော ဝန်နှင့်လည်ကွင်းများ (အတုပ်အနှောင်များ)ကိုလည်း ၎င်းတို့အပေါ်မှ ချ၍ပေးလေသည်။သို့ဖြစ်ပေရာ အကြင်သူတို့သည် ထိုရစူလ် နဗီတမန်တော်မြတ်အား ယုံကြည်ခဲ့ကြလေသည်။ ၎င်းပြင် ထိုရစူလ်နဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ထိုရစူလ်နဗီတမန်တော်မြတ်အား ကူညီရိုင်းပင်းခဲ့ကြလေသည်။ ထို့ပြင် ထိုရစူလ် နဗီတမန်တော်မြတ်နှင့်အတူကျရောက်လာသော(ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော)လင်းရောင်ခြည်ကိုလည်း လိုက်နာခဲ့ကြလေသည်။ ထိုသူတို့ သည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြကုန်သတည်း။(ရကူ)
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
155အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 155

စူရာ အလ်-အာအ်ရာဖ် အာယာသ် 155 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ္မ ထို့နောက် (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အနက်မှ ယောက်ျားခုနစ်ဆယ်ကို ငါအရှင်မြတ်ချိန်းချက်သတ်မှတ်တော်မူသောအချိန်(တွင် မိမိနှင့်အတူ ခေါ်ဆောင်ခဲ့ရန်) အလို့ငှာ…

စူရာ အာယာသ် 155/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 153–157. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers