အလ်-အာအ်ရာဖ် · 189/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
۞ هُوَ الَّذِي خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّاهَا حَمَلَتْ حَمْلًا خَفِيفًا فَمَرَّتْ بِهِ ۖ فَلَمَّا أَثْقَلَت دَّعَوَا اللَّهَ رَبَّهُمَا لَئِنْ آتَيْتَنَا صَالِحًا لَّنَكُونَنَّ مِنَ الشَّاكِرِينَ ۝١٨٩
Huwal lazee khalaqakum min nafsinw waahidatinw wa ja`ala minhaa zawjahaa liyas kuna ilaihaa falammaa taghash shaahaa hamalat hamlan khafeefan famarrat bihee falammaaa asqalad da`awal laaha Rabbahumaa la`in aayaitanaa saalihal lanakoo nanna minash shaakireen
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူသောအရှင်မြတ်ပင်ဖြစ်သည်။4င်းအပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းမှပင်လျှင်4င်း၏(ကြင်ရာကြင်ဖက်)ကို 4င်း၏ထံ၌တည်ငြိမ်မွေ့လျော်စွာနေထိုင်နိုင်ရန် ပြုလုပ်(ဖန်ဆင်း)တော်မူခဲ့လေသည်။ ထို့နောက်4င်း(ယောက်ျား)သည် ယင်းကြင်ရာအား ဖုံးလွှမ်းသည့် အခါယင်းသည် ပေါ့ပါးသောကိုယ်ဝန်ကိုထမ်း၍ ထိုကိုယ်ဝန်နှင့်တကွ (လွယ်ကူစွာ) သွားလာခြင်းကို ပြုလေသည်။ တစ်ဖန်ထိုကိုယ်ဝန်သည် ရင့်လေး၍လာသောအခါ 4င်းတို့(ဇနီးမောင်နှံ)နှစ်ဦးသည် မိမိတို့အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်တွင် အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကောင်းမွန်သော(သားသမီးကို) ချီးမြှင့်ပေးသနားတော်မူပါလျှင် ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏) ကျေးဇူးတော်ကို မုချသိတတ်ကြ ပါမည်ဟု ပတ္ထနာပြုကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကလိမတ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • نَفْسٍ وَاحِدَةٍ (နဖ်စွင်ဝါဟိဒဟ်) — တစ်ခုတည်းသော နဖ်စ်၊ ဆိုလိုသည်မှာ (အာဒမ်) အလိုင်ဟိစ်စလာမ်။
  • زَوْجَهَا (ဇောင်ဂျဟာ) — သူမ၏ ဇနီး၊ ဆိုလိုသည်မှာ (ဟဝါ) အလိုင်ဟာစ်စလာမ်။
  • لِيَسْكُنَ إِلَيْهَا (လိယပ်စ်ကုန်နာ အလိုင်ဟာ) — သူမထံ စိတ်အေးချမ်းစွာ ခိုလှုံနားခိုရန်။
  • تَغَشَّاهَا (တဂါရှ်ရှာဟာ) — သူမကို ဖုံးလွှမ်းခြင်း၊ ဆိုလိုသည်မှာ ဇနီးမောင်နှံ ဆက်ဆံခြင်း။
  • حَمْلًا خَفِيفًا (ဟမ်လန် ခါဖီဖန်) — ပေါ့ပါးသော ကိုယ်ဝန်၊ အစပိုင်းတွင် မခံစားရသေးသော ကိုယ်ဝန်။
  • فَمَرَّتْ بِهِ (ဖမာရ်ရတ် ဗိဟိ) — ထိုကိုယ်ဝန်နှင့်အတူ ဆက်လက်သွားလာနေထိုင်ခြင်း။
  • أَثْقَلَت (အသ်ကလတ်) — ကိုယ်ဝန်လေးလံလာခြင်း၊ မွေးဖွားချိန် နီးကပ်လာခြင်း။
  • صَالِحًا (ဆွာလိဟန်) — ကောင်းမွန်ပြည့်စုံသော၊ ကိုယ်အင်္ဂါချို့ယွင်းမှုမရှိသော သားသမီး။
  • الشَّاكِرِينَ (ရှာကိရီန) — ကျေးဇူးတင်သောသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို တစ်ခုတည်းသော နဖ်စ်—အာဒမ် (အလိုင်ဟိစ်စလာမ်) မှ ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် အာဒမ်ထံမှပင် သူ၏ဇနီး ဟဝါကို ဖန်ဆင်းတော်မူခဲ့သည်။ ဤသို့ဖန်ဆင်းရခြင်းမှာ အာဒမ်သည် သူမထံတွင် စိတ်အေးချမ်းစွာ ခိုလှုံနားခိုနိုင်ရန်၊ နှစ်သိမ့်မှုရရှိရန်အတွက်ဖြစ်သည်။

ထို့နောက် ဇနီးမောင်နှံနှစ်ဦး ပေါင်းသင်းဆက်ဆံသောအခါ ဇနီးဖြစ်သူသည် ပေါ့ပါးသော ကိုယ်ဝန်ကို ရရှိလေသည်။ ထိုကိုယ်ဝန်သည် အစပိုင်းတွင် အလွန်ပေါ့ပါးသောကြောင့် သူမသည် မိမိ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ သို့သော် ကိုယ်ဝန်သည် တစ်နေ့တခြား ကြီးထွားလာပြီး လေးလံလာသောအခါ၊ မွေးဖွားချိန် နီးကပ်လာသောအခါ ဇနီးမောင်နှံနှစ်ဦးသည် မိမိတို့၏ အရှင်သခင် အလ္လာဟ်အရှင်မြတ်ထံ လက်အောက်ခံဆုတောင်းကြလေသည်။ "ကျွန်ုပ်တို့အား ကိုယ်အင်္ဂါပြည့်စုံကောင်းမွန်သော သားသမီးတစ်ဦးကို ပေးသနားတော်မူပါလျှင် ကျွန်ုပ်တို့သည် အရှင်မြတ်၏ ကျေးဇူးတော်ကို အမှန်ပင် ကျေးဇူးတင်သောသူများထဲတွင် ပါဝင်ပါမည်" ဟု ကတိပြုဆုတောင်းကြလေသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ


📜 အာယာသ် 187-191 — စူရာ အလ်-အာအ်ရာဖ်

187يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ رَبِّي ۖ لَا يُجَلِّيهَا لِوَقْتِهَا إِلَّا هُوَ ۚ ثَقُلَتْ فِي السَّمَاوَاتِ وَالْأَرْضِ ۚ لَا تَأْتِيكُمْ إِلَّا بَغْتَةً ۗ يَسْأَلُونَكَ كَأَنَّكَ حَفِيٌّ عَنْهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ اللَّهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
၎င်းတို့သည် (ပြက်ရယ် ပြောင်လှောင်သောသဘောနှင့်) အသင့်အား ကိယာမတ်ရှင်ပြန်ထမည့်နေ့ နှင့်စပ်လျဉ်း၍ ထိုကိယာမတ် ရှင်ပြန်ထမည့်နေ့သည် မည်သည့်အချိန်အခါ၌ ဆိုက်ရောက်မည်နည်း ဟု မေးမြန်းကြကုန်၏။အသင်သည် ၎င်းတို့အား (ဤသို့)ဖြေကြားပါလေ၊ (အိုအချင်းတို့) ထိုကိယာမတ် ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်းသောအသိကား ငါ၏အရှင်မြတ် ထံတော်၌သာလျှင်ရှိ၏။ ထိုအရှင်မြတ်သည်သာလျှင် ယင်းကိယာမတ်နေ့ကို ထိုကိယာမတ်(ဆိုက်ရောက်မည့်)အချိန်ကာလတွင် ပေါ်လွင်ထင်ရှားစေ တော်မူအံ့။ထိုကိယာမတ်(ဆိုက်ရောက်ခြင်းသည်)မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ အလွန်လေးလံ (ကြီးကျယ်လှသောကိစ္စတရပ်ဖြစ်)၏။ ယင်းကိယာမတ်သည် အသင်တို့ထံ ရုတ်တရက် ရှောင်တခင် အားဖြင့်သာ ဆိုက်ရောက်လာပေမည်။ ၎င်းတို့သည် အသင့်အား ထိုကိယာမတ်နှင့် စပ်လျဉ်း၍အသင်သည် ကောင်းမွန်စွာ လေ့လာစူးစမ်းပြီး ဖြစ်ဘိသကဲ့သို့ပင် မေးမြန်းကြလေသည်။ အသင်သည် (၎င်းတို့အား ဤသို့)ဖြေကြားပါလေ။ (အို-အချင်းတို့) ထိုကိယာမတ်နှင့် စပ်လျဉ်းသော အသိကား။ အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင်ရှိ၏။ သို့ရာတွင် အများဆုံးသောသူတို့မူကား (ဤမျှ လောက်ပင်) မသိနားမလည်ကြပြီတကား။
188قُل لَّا أَمْلِكُ لِنَفْسِي نَفْعًا وَلَا ضَرًّا إِلَّا مَا شَاءَ اللَّهُ ۚ وَلَوْ كُنتُ أَعْلَمُ الْغَيْبَ لَاسْتَكْثَرْتُ مِنَ الْخَيْرِ وَمَا مَسَّنِيَ السُّوءُ ۚ إِنْ أَنَا إِلَّا نَذِيرٌ وَبَشِيرٌ لِّقَوْمٍ يُؤْمِنُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့ထပ်မံ၍) ပြောကြားပါဦးလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အရာမှအပ၊ ငါ့အတွက်ပင် မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေ ခြင်းကိုမျှလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူး ယုတ်စေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည်မဟုတ်ချေ။ အကယ်၍သာငါသည် မျက်ကွယ်၌ ရှိသည်တို့ကိုသိရှိပါမူ အကျိုးကျေးဇူးများစွာကို အမှန်ပင်ရယူခဲ့ပြီးဖြစ်အံ့။ ၎င်းပြင် ငါ၌(မိမိအသက်တမ်းတလျှောက်လုံးတွင်) မည်သည့် ဆင်းရဲဒုက္ခမျှ သက်ရောက်မည်လည်းမဟုတ်ပေ။ ငါသည် သက်ဝင်ယုံကြည်သောသူတို့အဖို့ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူမျှသာ ဖြစ်ချေသတည်း။(ရကူ)
189۞ هُوَ الَّذِي خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّاهَا حَمَلَتْ حَمْلًا خَفِيفًا فَمَرَّتْ بِهِ ۖ فَلَمَّا أَثْقَلَت دَّعَوَا اللَّهَ رَبَّهُمَا لَئِنْ آتَيْتَنَا صَالِحًا لَّنَكُونَنَّ مِنَ الشَّاكِرِينَ
ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူသောအရှင်မြတ်ပင်ဖြစ်သည်။4င်းအပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းမှပင်လျှင်4င်း၏(ကြင်ရာကြင်ဖက်)ကို 4င်း၏ထံ၌တည်ငြိမ်မွေ့လျော်စွာနေထိုင်နိုင်ရန် ပြုလုပ်(ဖန်ဆင်း)တော်မူခဲ့လေသည်။ ထို့နောက်4င်း(ယောက်ျား)သည် ယင်းကြင်ရာအား ဖုံးလွှမ်းသည့် အခါယင်းသည် ပေါ့ပါးသောကိုယ်ဝန်ကိုထမ်း၍ ထိုကိုယ်ဝန်နှင့်တကွ (လွယ်ကူစွာ) သွားလာခြင်းကို ပြုလေသည်။ တစ်ဖန်ထိုကိုယ်ဝန်သည် ရင့်လေး၍လာသောအခါ 4င်းတို့(ဇနီးမောင်နှံ)နှစ်ဦးသည် မိမိတို့အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်တွင် အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကောင်းမွန်သော(သားသမီးကို) ချီးမြှင့်ပေးသနားတော်မူပါလျှင် ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏) ကျေးဇူးတော်ကို မုချသိတတ်ကြ ပါမည်ဟု ပတ္ထနာပြုကြကုန်၏။
190فَلَمَّا آتَاهُمَا صَالِحًا جَعَلَا لَهُ شُرَكَاءَ فِيمَا آتَاهُمَا ۚ فَتَعَالَى اللَّهُ عَمَّا يُشْرِكُونَ
သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ နှစ်ဦးအား(သားသမီးကို) ကောင်းမွန်ပြည့်စုံစွာ ချီးမြှင့်ပေးသနားတော်မူသောအခါ ၎င်းတို့နှစ်ဦးလုံးသည် ထိုအရှင်မြတ်က ၎င်းတို့အားချီးမြှင့်တော် မူသောအရာနှင့်စပ်လျဉ်း၍ (အခြားအရာများ)ကိုထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြကုန်၏။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် အလွန် မင့်မြတ်လှတော်မူပေသတည်း။
191أَيُشْرِكُونَ مَا لَا يَخْلُقُ شَيْئًا وَهُمْ يُخْلَقُونَ
၎င်းတို့သည် အကြင် သို့သောအရာများကို(အလ္လာဟ်အရှင်မြတ်နှင့်)ယှဉ်တွဲကိုးကွယ်ကြသလော။ ထိုအရာများသည် တစ်စုံတစ်ရာကိုမျှ ဖန်ဆင်းနိုင်ကြသည်မရှိသည့်ပြင်မိမိတို့ကိုယ်တိုင်ပင် ဖန်ဆင်းခြင်း ခံကြရပေသည်။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
189အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 189

စူရာ အလ်-အာအ်ရာဖ် အာယာသ် 189 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူသောအရှင်မြတ်ပင်ဖြစ်သည်။4င်းအပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းမှပင်လျှင်4င်း၏(ကြင်ရာကြင်ဖက်)ကို 4င်း၏ထံ၌တည်ငြိမ်မွေ့လျော်စွာနေထိုင်နိုင်ရန် ပြုလုပ်(ဖန်ဆင်း)တော်မူခဲ့လေသည်။ ထို့နောက်4င်း(ယောက်ျား)သည် ယင်းကြင်ရာအား…

စူရာ အာယာသ် 189/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 187–191. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers