قُل لَّا أَمْلِكُ لِنَفْسِي نَفْعًا وَلَا ضَرًّا إِلَّا مَا شَاءَ اللَّهُ ۚ وَلَوْ كُنتُ أَعْلَمُ الْغَيْبَ لَاسْتَكْثَرْتُ مِنَ الْخَيْرِ وَمَا مَسَّنِيَ السُّوءُ ۚ إِنْ أَنَا إِلَّا نَذِيرٌ وَبَشِيرٌ لِّقَوْمٍ يُؤْمِنُونَ ١٨٨
🔤 Transliteration
Qul laaa amliku linafsee naf`anw wa laa darran illaa maa shaaa`al laah; wa law kuntu a`alamul ghaiba lastaksartu minal khairi wa maa massaniyas soo`; in ana illaa nazeerunw wa basheerul liqawminy yu`minoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့ထပ်မံ၍) ပြောကြားပါဦးလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အရာမှအပ၊ ငါ့အတွက်ပင် မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေ ခြင်းကိုမျှလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူး ယုတ်စေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည်မဟုတ်ချေ။ အကယ်၍သာငါသည် မျက်ကွယ်၌ ရှိသည်တို့ကိုသိရှိပါမူ အကျိုးကျေးဇူးများစွာကို အမှန်ပင်ရယူခဲ့ပြီးဖြစ်အံ့။ ၎င်းပြင် ငါ၌(မိမိအသက်တမ်းတလျှောက်လုံးတွင်) မည်သည့် ဆင်းရဲဒုက္ခမျှ သက်ရောက်မည်လည်းမဟုတ်ပေ။ ငါသည် သက်ဝင်ယုံကြည်သောသူတို့အဖို့ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူမျှသာ ဖြစ်ချေသတည်း။(ရကူ)
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်။
أَمْلِكُ (အမ်လိကု) — ငါပိုင်ဆိုင်သည်၊ ငါစွမ်းဆောင်နိုင်သည်။ نَفْعًا (နဖ်အဟ်) — အကျိုးကျေးဇူး။ ضَرًّا (ဒါရ်ရဟ်) — ဘေးအန္တရာယ်၊ ဆိုးကျိုး။ الْغَيْبَ (အလ်ဂိုင်ဗ်) — မမြင်နိုင်သော အရာ၊ လျှို့ဝှက်သော အရာ။ لَاسْتَكْثَرْتُ (လသ်သက်သ်ရ်သု) — ငါအများအပြား ရယူခဲ့မည်။ السُّوءُ (အသ်ဆူအု) — ဆိုးကျိုး၊ ဘေးအန္တရာယ်။ نَذِيرٌ (နဇီးရ်) — သတိပေးသူ။ بَشِيرٌ (ဗရှီးရ်) — သတင်းကောင်း ပေးသူ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။
(အို−တမန်တော်မုဟမ္မဒ်) သင်သည် ဤသို့ပြောကြားပါလေ။ ငါသည် ငါ့ကိုယ်တိုင်အတွက် အကျိုးကျေးဇူးကို ဆောင်ယူနိုင်ခြင်း၊ ဘေးအန္တရာယ်ကို ဖယ်ရှားနိုင်ခြင်း မရှိပါ။ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော အရာမှအပ ငါသည် မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ပါ။ အကယ်၍ ငါသည် မမြင်နိုင်သော အရာများကို သိရှိခဲ့ပါလျှင် ငါသည် ကောင်းမှုများကို အများအပြား ရယူခဲ့မည်ဖြစ်ပြီး မည်သည့်ဆိုးကျိုးမျှ ငါ့ထံ မရောက်ရှိခဲ့ပါ။ ငါသည် ယုံကြည်သူများဖြစ်သော လူမျိုးတို့အတွက် သတိပေးသူနှင့် သတင်းကောင်းပေးသူ တစ်ဦးသာလျှင် ဖြစ်ပါသည်။
ရှင်းလင်းချက်− အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်ကို ဤသို့ မိန့်ကြားတော်မူသည်။ သင်သည် လူသားတို့အား ဤသို့ပြောကြားပါလေ။ ငါသည် ငါ့ကိုယ်တိုင်အတွက် အကျိုးကျေးဇူးကို ဆောင်ယူနိုင်ခြင်း၊ ဘေးအန္တရာယ်ကို ဖယ်ရှားနိုင်ခြင်း မရှိပါ။ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော အရာမှအပ ငါသည် မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်ပါ။ အကယ်၍ ငါသည် မမြင်နိုင်သော အရာများကို သိရှိခဲ့ပါလျှင် ငါသည် ကောင်းမှုများကို အများအပြား ရယူခဲ့မည်ဖြစ်ပြီး မည်သည့်ဆိုးကျိုးမျှ ငါ့ထံ မရောက်ရှိခဲ့ပါ။ ငါသည် ယုံကြည်သူများဖြစ်သော လူမျိုးတို့အတွက် သတိပေးသူနှင့် သတင်းကောင်းပေးသူ တစ်ဦးသာလျှင် ဖြစ်ပါသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ။
အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်ပြီး မည်သည့်အရာကိုမျှ ဖန်ဆင်းခံသတ္တဝါသည် မိမိအလိုအလျောက် အကျိုးကျေးဇူးကို ဆောင်ယူနိုင်ခြင်း၊ ဘေးအန္တရာယ်ကို ဖယ်ရှားနိုင်ခြင်း
قُل لَّآ أَمۡلِكُ لِنَفۡسِي نَفۡعًا وَلَا ضَرًّا إِلَّا مَا شَآءَ ٱللَّهُۚ وَلَوۡ كُنتُ أَعۡلَمُ ٱلۡغَيۡبَ لَٱسۡتَكۡثَرۡتُ مِنَ ٱلۡخَيۡرِ وَمَا مَسَّنِيَ ٱلسُّوٓءُۚ إِنۡ أَنَا۠ إِلَّا نَذِيرٌ وَبَشِيرٌ لِّقَوۡمٍ يُؤۡمِنُونَ ١٨٨
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့ထပ်မံ၍) ပြောကြားပါဦးလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အရာမှအပ၊ ငါ့အတွက်ပင် မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေ ခြင်းကိုမျှလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူး ယုတ်စေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည်မဟုတ်ချေ။ အကယ်၍သာငါသည် မျက်ကွယ်၌ ရှိသည်တို့ကိုသိရှိပါမူ အကျိုးကျေးဇူးများစွာကို အမှန်ပင်ရယူခဲ့ပြီးဖြစ်အံ့။ ၎င်းပြင် ငါ၌(မိမိအသက်တမ်းတလျှောက်လုံးတွင်) မည်သည့် ဆင်းရဲဒုက္ခမျှ သက်ရောက်မည်လည်းမဟုတ်ပေ။ ငါသည် သက်ဝင်ယုံကြည်သောသူတို့အဖို့ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူမျှသာ ဖြစ်ချေသတည်း။(ရကူ)
🖼️ Save Image
🎬 Save Video
📜 အာယာသ် 186-190 — စူရာ အလ်-အာအ်ရာဖ်
186 مَن يُضْلِلِ اللَّهُ فَلَا هَادِيَ لَهُ ۚ وَيَذَرُهُمْ فِي طُغْيَانِهِمْ يَعْمَهُونَ
အကြင်သူအား အလ္လာဟ်အရှင်မြတ်သည် လမ်းမှားစေတော်မူအံ့။ ထိုသူ၌ တရားလမ်းမှန်ကို ညွှန်ကြားပြသမည့်သူဟူ၍ အလျင်းရှိတော့မည် မဟုတ်ပေ။ ၎င်းပြင် ထိုအရှင်မြတ်သည် ၎င်းတို့အား ၎င်းတို့၏ခေါင်းမာမှု၌ပင် တဝေ့လည်လည် ဖြစ်စေလျက် စွန့်ပစ်၍ထားတော်မူအံ့သတည်း။
187 يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ رَبِّي ۖ لَا يُجَلِّيهَا لِوَقْتِهَا إِلَّا هُوَ ۚ ثَقُلَتْ فِي السَّمَاوَاتِ وَالْأَرْضِ ۚ لَا تَأْتِيكُمْ إِلَّا بَغْتَةً ۗ يَسْأَلُونَكَ كَأَنَّكَ حَفِيٌّ عَنْهَا ۖ قُلْ إِنَّمَا عِلْمُهَا عِندَ اللَّهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
၎င်းတို့သည် (ပြက်ရယ် ပြောင်လှောင်သောသဘောနှင့်) အသင့်အား ကိယာမတ်ရှင်ပြန်ထမည့်နေ့ နှင့်စပ်လျဉ်း၍ ထိုကိယာမတ် ရှင်ပြန်ထမည့်နေ့သည် မည်သည့်အချိန်အခါ၌ ဆိုက်ရောက်မည်နည်း ဟု မေးမြန်းကြကုန်၏။အသင်သည် ၎င်းတို့အား (ဤသို့)ဖြေကြားပါလေ၊ (အိုအချင်းတို့) ထိုကိယာမတ် ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်းသောအသိကား ငါ၏အရှင်မြတ် ထံတော်၌သာလျှင်ရှိ၏။ ထိုအရှင်မြတ်သည်သာလျှင် ယင်းကိယာမတ်နေ့ကို ထိုကိယာမတ်(ဆိုက်ရောက်မည့်)အချိန်ကာလတွင် ပေါ်လွင်ထင်ရှားစေ တော်မူအံ့။ထိုကိယာမတ်(ဆိုက်ရောက်ခြင်းသည်)မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ အလွန်လေးလံ (ကြီးကျယ်လှသောကိစ္စတရပ်ဖြစ်)၏။ ယင်းကိယာမတ်သည် အသင်တို့ထံ ရုတ်တရက် ရှောင်တခင် အားဖြင့်သာ ဆိုက်ရောက်လာပေမည်။ ၎င်းတို့သည် အသင့်အား ထိုကိယာမတ်နှင့် စပ်လျဉ်း၍အသင်သည် ကောင်းမွန်စွာ လေ့လာစူးစမ်းပြီး ဖြစ်ဘိသကဲ့သို့ပင် မေးမြန်းကြလေသည်။ အသင်သည် (၎င်းတို့အား ဤသို့)ဖြေကြားပါလေ။ (အို-အချင်းတို့) ထိုကိယာမတ်နှင့် စပ်လျဉ်းသော အသိကား။ အလ္လာဟ်အရှင်မြတ်ထံတော်၌သာလျှင်ရှိ၏။ သို့ရာတွင် အများဆုံးသောသူတို့မူကား (ဤမျှ လောက်ပင်) မသိနားမလည်ကြပြီတကား။
188 قُل لَّا أَمْلِكُ لِنَفْسِي نَفْعًا وَلَا ضَرًّا إِلَّا مَا شَاءَ اللَّهُ ۚ وَلَوْ كُنتُ أَعْلَمُ الْغَيْبَ لَاسْتَكْثَرْتُ مِنَ الْخَيْرِ وَمَا مَسَّنِيَ السُّوءُ ۚ إِنْ أَنَا إِلَّا نَذِيرٌ وَبَشِيرٌ لِّقَوْمٍ يُؤْمِنُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့ထပ်မံ၍) ပြောကြားပါဦးလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အရာမှအပ၊ ငါ့အတွက်ပင် မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေ ခြင်းကိုမျှလည်းကောင်း၊ မည်သည့်အကျိုးကျေးဇူး ယုတ်စေခြင်းကိုမျှလည်းကောင်း၊ ပိုင်ဆိုင်သည်မဟုတ်ချေ။ အကယ်၍သာငါသည် မျက်ကွယ်၌ ရှိသည်တို့ကိုသိရှိပါမူ အကျိုးကျေးဇူးများစွာကို အမှန်ပင်ရယူခဲ့ပြီးဖြစ်အံ့။ ၎င်းပြင် ငါ၌(မိမိအသက်တမ်းတလျှောက်လုံးတွင်) မည်သည့် ဆင်းရဲဒုက္ခမျှ သက်ရောက်မည်လည်းမဟုတ်ပေ။ ငါသည် သက်ဝင်ယုံကြည်သောသူတို့အဖို့ သတိပေးနှိုးဆော်သူနှင့် ဝမ်းမြောက်ဖွယ်ရာ သတင်းပြောကြားသူမျှသာ ဖြစ်ချေသတည်း။(ရကူ)
189 ۞ هُوَ الَّذِي خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ وَجَعَلَ مِنْهَا زَوْجَهَا لِيَسْكُنَ إِلَيْهَا ۖ فَلَمَّا تَغَشَّاهَا حَمَلَتْ حَمْلًا خَفِيفًا فَمَرَّتْ بِهِ ۖ فَلَمَّا أَثْقَلَت دَّعَوَا اللَّهَ رَبَّهُمَا لَئِنْ آتَيْتَنَا صَالِحًا لَّنَكُونَنَّ مِنَ الشَّاكِرِينَ
ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူသောအရှင်မြတ်ပင်ဖြစ်သည်။4င်းအပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းမှပင်လျှင်4င်း၏(ကြင်ရာကြင်ဖက်)ကို 4င်း၏ထံ၌တည်ငြိမ်မွေ့လျော်စွာနေထိုင်နိုင်ရန် ပြုလုပ်(ဖန်ဆင်း)တော်မူခဲ့လေသည်။ ထို့နောက်4င်း(ယောက်ျား)သည် ယင်းကြင်ရာအား ဖုံးလွှမ်းသည့် အခါယင်းသည် ပေါ့ပါးသောကိုယ်ဝန်ကိုထမ်း၍ ထိုကိုယ်ဝန်နှင့်တကွ (လွယ်ကူစွာ) သွားလာခြင်းကို ပြုလေသည်။ တစ်ဖန်ထိုကိုယ်ဝန်သည် ရင့်လေး၍လာသောအခါ 4င်းတို့(ဇနီးမောင်နှံ)နှစ်ဦးသည် မိမိတို့အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်တွင် အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ကောင်းမွန်သော(သားသမီးကို) ချီးမြှင့်ပေးသနားတော်မူပါလျှင် ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏) ကျေးဇူးတော်ကို မုချသိတတ်ကြ ပါမည်ဟု ပတ္ထနာပြုကြကုန်၏။
190 فَلَمَّا آتَاهُمَا صَالِحًا جَعَلَا لَهُ شُرَكَاءَ فِيمَا آتَاهُمَا ۚ فَتَعَالَى اللَّهُ عَمَّا يُشْرِكُونَ
သို့ရာတွင် ထိုအရှင်မြတ်သည် ၎င်းတို့ နှစ်ဦးအား(သားသမီးကို) ကောင်းမွန်ပြည့်စုံစွာ ချီးမြှင့်ပေးသနားတော်မူသောအခါ ၎င်းတို့နှစ်ဦးလုံးသည် ထိုအရှင်မြတ်က ၎င်းတို့အားချီးမြှင့်တော် မူသောအရာနှင့်စပ်လျဉ်း၍ (အခြားအရာများ)ကိုထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်ကြကုန်၏။ စင်စစ်တမူကားအလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် အလွန် မင့်မြတ်လှတော်မူပေသတည်း။
ဘာသာပြန် — အလ်-အာအ်ရာဖ် 188 စူရာ အလ်-အာအ်ရာဖ် အာယာသ် 188 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့ထပ်မံ၍) ပြောကြားပါဦးလေ။ ငါသည် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသည့်အရာမှအပ၊ ငါ့အတွက်ပင် မည်သည့်အကျိုးကျေးဇူး ဖြစ်ထွန်းစေ…
စူရာ အာယာသ် 188/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 186–190. မြန်မာဘာသာ: ภาษาไทย.