အလ်-အန်ဖာလ် · 24/75
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်ဖာလ်
يَا أَيُّهَا الَّذِينَ آمَنُوا اسْتَجِيبُوا لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ ۖ وَاعْلَمُوا أَنَّ اللَّهَ يَحُولُ بَيْنَ الْمَرْءِ وَقَلْبِهِ وَأَنَّهُ إِلَيْهِ تُحْشَرُونَ ۝٢٤
Yaaa aiyuhal lazeena aamanus tajeeboo lillaahi wa lir Rasooli izaa da`aakum limaa yuhyeekum wa`lamooo annal laaha yahoolu bainal mar`i wa qalbihee wa anahooo ilaihi tuhsharoon
📖 မြန်မာဘာသာ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော အကြောင်းများသို့ ဖိတ်ခေါ်သောအခါ လိုက်နာကြလေကုန်။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးအကြားတွင်အကာအဆီး ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထို့ပြင် အသင်တို့သည် ဧကန်မလွဲ ထိုအရှင်မြတ်၏ အထံတော်၌ပင် စုံရုံးကြရမည်ကိုလည်းကောင်း၊ အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။

🎧 နားထောင်


📜 အာယာသ် 22-26 — အလ်-အန်ဖာလ်

22۞ إِنَّ شَرَّ الدَّوَابِّ عِندَ اللَّهِ الصُّمُّ الْبُكْمُ الَّذِينَ لَا يَعْقِلُونَ
း22| ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အထံတော်တွင် အဆိုးဆုံးသတ္တဝါသည် အကြင် ဆွံ့အ၊ နားပင်း သောသတ္တဝါများပင် ဖြစ်ကြကုန်၏။ ထိုသတ္တဝါတို့သည်ကား (မည်သည့်တစ်စုံတစ်ရာကိုမျှ) မသိနားမလည် ကြချေ။
23وَلَوْ عَلِمَ اللَّهُ فِيهِمْ خَيْرًا لَّأَسْمَعَهُمْ ۖ وَلَوْ أَسْمَعَهُمْ لَتَوَلَّوا وَّهُم مُّعْرِضُونَ
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွင် တစ်စုံတစ်ရာ ကောင်းမွန်သော အချက်ကို အကယ်၍သာ သိမြင်တော်မူခဲ့ပါမူ ၎င်းတို့အား မုချ ကြားနာစေတော်မူခဲ့အံ့။ သို့ရာတွင် (ယခုသော်ကား)၎င်းတို့အား အကယ်၍ ကြားနာစေတော်မူသည့်တိုင်အောင် မလွဲဧကန် ၎င်းတို့သည် ဂရုမစိုက်ဘဲ လွှဲဖယ်တိမ်းရှောင်သွားကြမည်သာတည်း။
24يَا أَيُّهَا الَّذِينَ آمَنُوا اسْتَجِيبُوا لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ ۖ وَاعْلَمُوا أَنَّ اللَّهَ يَحُولُ بَيْنَ الْمَرْءِ وَقَلْبِهِ وَأَنَّهُ إِلَيْهِ تُحْشَرُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော အကြောင်းများသို့ ဖိတ်ခေါ်သောအခါ လိုက်နာကြလေကုန်။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးအကြားတွင်အကာအဆီး ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထို့ပြင် အသင်တို့သည် ဧကန်မလွဲ ထိုအရှင်မြတ်၏ အထံတော်၌ပင် စုံရုံးကြရမည်ကိုလည်းကောင်း၊ အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။
25وَاتَّقُوا فِتْنَةً لَّا تُصِيبَنَّ الَّذِينَ ظَلَمُوا مِنكُمْ خَاصَّةً ۖ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
၎င်းပြင် အသင်တို့သည် အကြင် ပြစ်ဒဏ်မှကြဉ်ရှောင်ကြလေကုန်။ ထိုပြစ်ဒဏ်သည် အသင်တို့ အနက်မှမတရားကျူးလွန်သူတို့ အပေါ်၌သာလျှင် သီးသန့်၍ အလျင်းသက်ရောက်လိမ့်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့အား) ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း (ကောင်းစွာ) သိထားကြလေကုန်။ တဖန် အသင်တို့သည် ပြန်လည်၍ သတိရကြလေကုန်။
26وَاذْكُرُوا إِذْ أَنتُمْ قَلِيلٌ مُّسْتَضْعَفُونَ فِي الْأَرْضِ تَخَافُونَ أَن يَتَخَطَّفَكُمُ النَّاسُ فَآوَاكُمْ وَأَيَّدَكُم بِنَصْرِهِ وَرَزَقَكُم مِّنَ الطَّيِّبَاتِ لَعَلَّكُمْ تَشْكُرُونَ
း26| တစ်ရံရောအခါဝယ် အသင်တို့သည် (အရေအတွက်အားဖြင့်) အနည်းငယ်မျှသာ ရှိကြကုန် ၏။ တိုင်းပြည်တွင် အင်အားနည်းပါးသူများ(လည်း)ဖြစ်ခဲ့ကြကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် မိမိတို့အား သူတစ်ပါးတို့က ရုတ်တရက်အားဖြင့် (ပြုတ်ပြုန်းအောင်)လု ယက် တိုက်ခိုက် သတ်ဖြတ်ကြမည်ကို စိုးရိမ်လျက်ရှိကြကုန်၏။ ထို့နောက် ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့ ကျေးဇူး တော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အား ခိုကိုးရန်နေရာ ချပေးတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အကူအညီဖြင့် အင်အား (လည်း)ဖြည့်၍ ပေးတော်မူခဲ့လေသည်။ထိုမှတစ်ပါး အသင်တို့အား သန့်ရှင်း စင်ကြယ်သော ရိက္ခာများကို(လည်း) ချီးမြှင့်ပေးသနားတော်မူခဲ့ လေသတည်း။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
24အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 24

စူရာ အလ်-အန်ဖာလ် အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော…

စူရာ အာယာသ် 24/75 — အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်ဖာလ် နားထောင်, အလ်-အန်ဖာလ် ဘာသာပြန်, အလ်-အန်ဖာလ် mp3, အလ်-အန်ဖာလ် pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers