يَا أَيُّهَا الَّذِينَ آمَنُوا اسْتَجِيبُوا لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ ۖ وَاعْلَمُوا أَنَّ اللَّهَ يَحُولُ بَيْنَ الْمَرْءِ وَقَلْبِهِ وَأَنَّهُ إِلَيْهِ تُحْشَرُونَ ٢٤
🔤 Transliteration
Yaaa aiyuhal lazeena aamanus tajeeboo lillaahi wa lir Rasooli izaa da`aakum limaa yuhyeekum wa`lamooo annal laaha yahoolu bainal mar`i wa qalbihee wa anahooo ilaihi tuhsharoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော အကြောင်းများသို့ ဖိတ်ခေါ်သောအခါ လိုက်နာကြလေကုန်။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးအကြားတွင်အကာအဆီး ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထို့ပြင် အသင်တို့သည် ဧကန်မလွဲ ထိုအရှင်မြတ်၏ အထံတော်၌ပင် စုံရုံးကြရမည်ကိုလည်းကောင်း၊ အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ اسْتَجِيبُوا (ဣစ်သဂျီးဗူး) — လိုက်နာဆောင်ရွက်ကြပါ၊ ဖိတ်ခေါ်ချက်ကို လက်ခံတုံ့ပြန်ကြပါ။لِمَا يُحْيِيكُمْ (လိမာ ယုဟ်ယီးကုမ်း) — သင်တို့အား အသက်ရှင်စေသောအရာ၊ ဆိုလိုသည်မှာ အီမာန်နှင့် အသိပညာ၊ ဒီန်၏ လမ်းညွှန်ချက်များ။يَحُولُ بَيْنَ الْمَرْءِ وَقَلْبِهِ (ယဟူးလု ဗိုင်နလ်မာရ်အိ ဝ ကောလ်ဗိဟိ) — လူသားနှင့် သူ၏ နှလုံးသားကြားတွင် ကြားခံထိန်းချုပ်နိုင်တော်မူသည်၊ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်သည် လူ၏နှလုံးသားကို အလိုတော်ရှိသလို လှည့်ပတ်စေနိုင်သည်။تُحْشَرُونَ (တုဟ်ရှရူးန) — သင်တို့သည် စုရုံးခေါ်ယူခြင်းခံရမည်၊ ရှင်ပြန်ထမြောက်ရာနေ့တွင် အလ္လာဟ်အရှင်မြတ်ထံ ပြန်လည်စုရုံးခံရမည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်မြတ်သည် သင်တို့အား ခေါ်ဖိတ်တော်မူသောအခါ — ထိုခေါ်ဖိတ်ချက်သည် သင်တို့၏ လောကီဘဝနှင့် အာခိရသ်ဘဝကို အသက်ရှင်စေမည့် အီမာန်၊ အသိပညာနှင့် ဒီန်တရားတော်ဖြစ်သည် — ထိုခေါ်ဖိတ်ချက်ကို အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်မြတ်အတွက် လိုက်နာဆောင်ရွက်ကြပါ။ အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်း၊ တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်းဖြင့် တုံ့ပြန်ကြပါ။
ထို့ပြင် သင်တို့သည် ဤအချက်ကို သိရှိထားကြပါ — အလ္လာဟ်အရှင်မြတ်သည် လူသားနှင့် သူ၏နှလုံးသားကြားတွင် ကြားခံထိန်းချုပ်နိုင်တော်မူသည်။ ဆိုလိုသည်မှာ အရှင်မြတ်သည် လူ၏နှလုံးသားကို အလိုတော်ရှိသလို လှည့်ပတ်စေနိုင်သည်၊ လူသားသည် မိမိနှလုံးသားကိုပင် မိမိအလိုအလျောက် မထိန်းချုပ်နိုင်ပါ။ ထို့ကြောင့် အမှန်တရားကို လက်ခံရန် အခွင့်အခါ ရရှိချိန်တွင် ချက်ချင်း လက်ခံဆောင်ရွက်ရမည်။ နောက်ဆုတ်နေပါက အရှင်မြတ်သည် ထိုသူ၏နှလုံးသားကို အမှန်တရားမှ လှည့်ပစ်တော်မူနိုင်သည်။
ထို့ပြင် သင်တို့အားလုံးသည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်ထံတော်သို့သာ ပြန်လည်စုရုံးခေါ်ယူခြင်းခံရမည်ဖြစ်ကြောင်းကိုလည်း သိရှိထားကြပါ။ ထိုနေ့တွင် အရှင်မြတ်သည် သင်တို့၏ လောကီဘဝတွင် ပြုလုပ်ခဲ့သော ကောင်းမှုနှင့် မကောင်းမှုတိုင်းအ
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱسۡتَجِيبُواْ لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمۡ لِمَا يُحۡيِيكُمۡۖ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ يَحُولُ بَيۡنَ ٱلۡمَرۡءِ وَقَلۡبِهِۦ وَأَنَّهُۥٓ إِلَيۡهِ تُحۡشَرُونَ ٢٤
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော အကြောင်းများသို့ ဖိတ်ခေါ်သောအခါ လိုက်နာကြလေကုန်။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးအကြားတွင်အကာအဆီး ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထို့ပြင် အသင်တို့သည် ဧကန်မလွဲ ထိုအရှင်မြတ်၏ အထံတော်၌ပင် စုံရုံးကြရမည်ကိုလည်းကောင်း၊ အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 22-26 — စူရာ အလ်-အန်ဖာလ်
22 ۞ إِنَّ شَرَّ الدَّوَابِّ عِندَ اللَّهِ الصُّمُّ الْبُكْمُ الَّذِينَ لَا يَعْقِلُونَ
း22| ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အထံတော်တွင် အဆိုးဆုံးသတ္တဝါသည် အကြင် ဆွံ့အ၊ နားပင်း သောသတ္တဝါများပင် ဖြစ်ကြကုန်၏။ ထိုသတ္တဝါတို့သည်ကား (မည်သည့်တစ်စုံတစ်ရာကိုမျှ) မသိနားမလည် ကြချေ။
23 وَلَوْ عَلِمَ اللَّهُ فِيهِمْ خَيْرًا لَّأَسْمَعَهُمْ ۖ وَلَوْ أَسْمَعَهُمْ لَتَوَلَّوا وَّهُم مُّعْرِضُونَ
အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့တွင် တစ်စုံတစ်ရာ ကောင်းမွန်သော အချက်ကို အကယ်၍သာ သိမြင်တော်မူခဲ့ပါမူ ၎င်းတို့အား မုချ ကြားနာစေတော်မူခဲ့အံ့။ သို့ရာတွင် (ယခုသော်ကား)၎င်းတို့အား အကယ်၍ ကြားနာစေတော်မူသည့်တိုင်အောင် မလွဲဧကန် ၎င်းတို့သည် ဂရုမစိုက်ဘဲ လွှဲဖယ်တိမ်းရှောင်သွားကြမည်သာတည်း။
24 يَا أَيُّهَا الَّذِينَ آمَنُوا اسْتَجِيبُوا لِلَّهِ وَلِلرَّسُولِ إِذَا دَعَاكُمْ لِمَا يُحْيِيكُمْ ۖ وَاعْلَمُوا أَنَّ اللَّهَ يَحُولُ بَيْنَ الْمَرْءِ وَقَلْبِهِ وَأَنَّهُ إِلَيْهِ تُحْشَرُونَ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော အကြောင်းများသို့ ဖိတ်ခေါ်သောအခါ လိုက်နာကြလေကုန်။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် လူနှင့်လူ၏စိတ်နှလုံးအကြားတွင်အကာအဆီး ဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထို့ပြင် အသင်တို့သည် ဧကန်မလွဲ ထိုအရှင်မြတ်၏ အထံတော်၌ပင် စုံရုံးကြရမည်ကိုလည်းကောင်း၊ အသင်တို့သည် ကောင်းစွာ သိထားကြလေကုန်။
25 وَاتَّقُوا فِتْنَةً لَّا تُصِيبَنَّ الَّذِينَ ظَلَمُوا مِنكُمْ خَاصَّةً ۖ وَاعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ
၎င်းပြင် အသင်တို့သည် အကြင် ပြစ်ဒဏ်မှကြဉ်ရှောင်ကြလေကုန်။ ထိုပြစ်ဒဏ်သည် အသင်တို့ အနက်မှမတရားကျူးလွန်သူတို့ အပေါ်၌သာလျှင် သီးသန့်၍ အလျင်းသက်ရောက်လိမ့်မည် မဟုတ်ပေ။ ထိုမှတစ်ပါး ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည် (ပြစ်မှုဒုစရိုက်ကျူးလွန်သူတို့အား) ပြင်းထန်စွာ ပြစ်ဒဏ် စီရင်တော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း (ကောင်းစွာ) သိထားကြလေကုန်။ တဖန် အသင်တို့သည် ပြန်လည်၍ သတိရကြလေကုန်။
26 وَاذْكُرُوا إِذْ أَنتُمْ قَلِيلٌ مُّسْتَضْعَفُونَ فِي الْأَرْضِ تَخَافُونَ أَن يَتَخَطَّفَكُمُ النَّاسُ فَآوَاكُمْ وَأَيَّدَكُم بِنَصْرِهِ وَرَزَقَكُم مِّنَ الطَّيِّبَاتِ لَعَلَّكُمْ تَشْكُرُونَ
း26| တစ်ရံရောအခါဝယ် အသင်တို့သည် (အရေအတွက်အားဖြင့်) အနည်းငယ်မျှသာ ရှိကြကုန် ၏။ တိုင်းပြည်တွင် အင်အားနည်းပါးသူများ(လည်း)ဖြစ်ခဲ့ကြကုန်၏။ (သို့ဖြစ်ပေရာ) အသင်တို့သည် မိမိတို့အား သူတစ်ပါးတို့က ရုတ်တရက်အားဖြင့် (ပြုတ်ပြုန်းအောင်)လု ယက် တိုက်ခိုက် သတ်ဖြတ်ကြမည်ကို စိုးရိမ်လျက်ရှိကြကုန်၏။ ထို့နောက် ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်တို့ ကျေးဇူး တော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အား ခိုကိုးရန်နေရာ ချပေးတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့အား မိမိ၏အကူအညီဖြင့် အင်အား (လည်း)ဖြည့်၍ ပေးတော်မူခဲ့လေသည်။ထိုမှတစ်ပါး အသင်တို့အား သန့်ရှင်း စင်ကြယ်သော ရိက္ခာများကို(လည်း) ချီးမြှင့်ပေးသနားတော်မူခဲ့ လေသတည်း။
ဘာသာပြန် — အလ်-အန်ဖာလ် 24 စူရာ အလ်-အန်ဖာလ် အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်၏ အမိန့်တော်များကို ထိုရစူလ်တမန် တော်သည် အသင်တို့ကိုအသင်တို့ အသက်ရှင်စေနိုင်သော…
စူရာ အာယာသ် 24/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.