بَرَاءَةٌ مِّنَ اللَّهِ وَرَسُولِهِ إِلَى الَّذِينَ عَاهَدتُّم مِّنَ الْمُشْرِكِينَ ١
🔤 Transliteration
Baraaa`atum minal laahi wa Rasooliheee ilal lazeena `anhattum minal mushrikeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ဤသည် အလ္လာဟ်အရှင်မြတ် အထံတော်မှလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်အထံတော်မှလည်းကောင်း၊ အသင်တို့ (ကာလအပိုင်းအခြားမရှိ)ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ကြ သော’မုရှ်ရစ်က်’ တို့အား (၎င်းတို့၏ ပဋိညာဉ်စာချုပ်နှင့်စပ်လျဉ်း၍) လုံးဝတာဝန်ကင်းကြောင်း(ကြေငြာခြင်းပင်) ဖြစ်ပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
ဗရာအဟ် (بَرَاءَةٌ ) — ကင်းလွတ်ကြောင်း ကြေညာချက်၊ စွန့်လွှတ်ကြောင်း အသိပေးချက်၊ ပဋိညာဉ်မှ လွတ်မြောက်ကြောင်း ကြေညာခြင်း။ အိလာ (إِلَى ) — သို့၊ ဆီသို့။ အာဟဒ်တုမ် (عَاهَدتُّم ) — သင်တို့ ပဋိညာဉ်ပြုခဲ့ကြသည်။ မုရှ်ရိကီန် (الْمُشْرِكِينَ ) — အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်သူများ။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဤသည်ကား အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်ထံမှ ကြေညာချက်တစ်ရပ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သည် မုရှ်ရိက်ခေါ် တွဲဖက်ကိုးကွယ်သူများနှင့် မွတ်စ်လင်မ်တို့ ချုပ်ဆိုခဲ့ကြသော ပဋိညာဉ်စာချုပ်များမှ ကင်းလွတ်ကြောင်း၊ ထိုပဋိညာဉ်များ အဆုံးသတ်သွားပြီဖြစ်ကြောင်း ကြေညာခြင်းဖြစ်သည်။ ဤကြေညာချက်သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်ဘက်မှ ထုတ်ပြန်သော ကြေညာချက်ဖြစ်ပြီး၊ မွတ်စ်လင်မ်တို့အား ထိုပဋိညာဉ်များနှင့် ပတ်သက်၍ မည်သည့်တာဝန်ဝတ္တရားမျှ မကျန်ရှိတော့ကြောင်း အသိပေးခြင်းလည်းဖြစ်သည်။ အထူးသဖြင့် အာရဗီကျွန်းဆွယ်အတွင်းရှိ မုရှ်ရိက်တို့နှင့် ချုပ်ဆိုထားသော ပဋိညာဉ်များနှင့် စပ်လျဉ်း၍ ဤကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
အလ္လာဟ်အရှင်မြတ်သည် မိမိ၏အမိန့်တော်များကို ရှင်းလင်းပြတ်သားစွာ ထုတ်ပြန်ပေးတော်မူသည်။ အရှင်မြတ်သည် မိမိအား ယုံကြည်ကိုးကွယ်သူများအား မည်သည့်အခြေအနေတွင်မဆို ရှင်းလင်းစွာ အသိပေးတော်မူသည်။ အစ္စလာမ်သည် ကတိသစ္စာနှင့် ပဋိညာဉ်ကို အလွန်အလေးထားသော သာသနာဖြစ်သည်။ ပဋိညာဉ်ဖျက်သိမ်းရာတွင်လည်း တရားဝင်နည်းလမ်းဖြင့် ရှင်းလင်းစွာ ကြေညာခြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်ကို ယုံကြည်လိုက်နာခြင်းသည် စစ်မှန်သော လမ်းညွှန်မှုဖြစ်သည်။ အရှင်မြတ်သည် မိမိအား ယုံကြည်သူများကို ဘေးအန္တရာယ်မှ ကာကွယ်ပေးတော်မူသည်။ ဤအာယသ်တော်သည် မွတ်စ်လင်မ်တို့အား မိမိတို့၏ သာသနာကို ဂုဏ်ယူဝံ့ကြွားစွာ ခံယူရန်၊ အလ္လာဟ်အရှင်မြတ်၏ အမိန့
بَرَآءَةٌ مِّنَ ٱللَّهِ وَرَسُولِهِۦٓ إِلَى ٱلَّذِينَ عَٰهَدتُّم مِّنَ ٱلۡمُشۡرِكِينَ ١
ဤသည် အလ္လာဟ်အရှင်မြတ် အထံတော်မှလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်အထံတော်မှလည်းကောင်း၊ အသင်တို့ (ကာလအပိုင်းအခြားမရှိ)ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ကြ သော’မုရှ်ရစ်က်’ တို့အား (၎င်းတို့၏ ပဋိညာဉ်စာချုပ်နှင့်စပ်လျဉ်း၍) လုံးဝတာဝန်ကင်းကြောင်း(ကြေငြာခြင်းပင်) ဖြစ်ပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 1-3 — စူရာ အတ်-တောင်ဘ
1 بَرَاءَةٌ مِّنَ اللَّهِ وَرَسُولِهِ إِلَى الَّذِينَ عَاهَدتُّم مِّنَ الْمُشْرِكِينَ
ဤသည် အလ္လာဟ်အရှင်မြတ် အထံတော်မှလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်အထံတော်မှလည်းကောင်း၊ အသင်တို့ (ကာလအပိုင်းအခြားမရှိ)ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ကြ သော’မုရှ်ရစ်က်’ တို့အား (၎င်းတို့၏ ပဋိညာဉ်စာချုပ်နှင့်စပ်လျဉ်း၍) လုံးဝတာဝန်ကင်းကြောင်း(ကြေငြာခြင်းပင်) ဖြစ်ပေသတည်း။
2 فَسِيحُوا فِي الْأَرْضِ أَرْبَعَةَ أَشْهُرٍ وَاعْلَمُوا أَنَّكُمْ غَيْرُ مُعْجِزِي اللَّهِ ۙ وَأَنَّ اللَّهَ مُخْزِي الْكَافِرِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊ အသင်သည်မုရှ်ရစ်ကတ်တို့အားဤသို့ပြောကြားပါလေ)။ အချင်းတို့ အသင်တို့သည်(ဤ)တိုင်းပြည်ဝယ် လေးလတိုင်အောင် (လွတ်လပ်စွာ)လှည့်လည်(သွားလာ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်နှင့်လွတ်ကင်းအောင်ထွက်ပြေးနိုင်ကြသူများ မဟုတ်ကြောင်းကိုလည်းကောင်း၊အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သော သူတို့အား၊ အရှက်တကွဲ ဖြစ်စေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ (ကောင်းစွာ) မှတ်ယူကြလေကုန်။ (တစ်နည်း)[ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်သူများ မဟုတ်ကြောင်းကိုလည်းကောင်း၊ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကာဖိရ်တို့အား အရှက်တကွဲ ဖြစ်စေတော်မူမည့်အရှင်ဖြစ်တော်မူသည်ကို လည်းကောင်း၊ သိထားကြလေကုန်။]
3 وَأَذَانٌ مِّنَ اللَّهِ وَرَسُولِهِ إِلَى النَّاسِ يَوْمَ الْحَجِّ الْأَكْبَرِ أَنَّ اللَّهَ بَرِيءٌ مِّنَ الْمُشْرِكِينَ ۙ وَرَسُولُهُ ۚ فَإِن تُبْتُمْ فَهُوَ خَيْرٌ لَّكُمْ ۖ وَإِن تَوَلَّيْتُمْ فَاعْلَمُوا أَنَّكُمْ غَيْرُ مُعْجِزِي اللَّهِ ۗ وَبَشِّرِ الَّذِينَ كَفَرُوا بِعَذَابٍ أَلِيمٍ
ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အထံတော်မှ ဟဂျ်ဂျေအတ်က်ဗရ် နေ့တွင် လူခပ်သိမ်းတို့ရှေ့ဝယ်၊ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ပဋိညာဉ်ကို မိမိတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ကြသော) မုရှ်ရစ်က် တို့နှင့်ပတ်သက်၍ (အချိန်ကာလတစ်စုံတစ်ရာသတ်မှတ်ခြင်းပြုတော်မမူဘဲယခုပင်)တာဝန်ကင်းတော်မူကြောင်း ကြေငြာခြင်းပင်ဖြစ်ချေသတည်း။ သို့ဖြစ်သော်ငြားလည်း (အို-မုရှ်ရစ်က်အပေါင်းတို့) အကယ်၍ အသင်တို့သည်(မိမိတို့၏အယူဝါဒများကို စွန့်လွှတ်၍)ဝန်ချတောင်းပန်ကြပါမူထိုဝန်ချတောင်းပန်ခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ချေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည်(ဝန်ချတောင်းပန်ခြင်းမပြုဘဲ) မျက်နှာလွှဲခဲ့ကြပါလျှင် စင်စစ် အသင်တို့သည် ‘အလ္လာဟ်’ အရှင်မြတ်နှင့် လွတ်ကင်းအောင် ထွက်ပြေးနိုင်ကြမည်မဟုတ်ကြောင်း ကောင်းစွာမှတ်ယူကြလေကုန်။ ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့အား (၎င်းတို့ခံစားခြင်းငှာ) ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် (အဆင်သင့်)ရှိကြောင်းသတင်းကောင်း ပြောကြားပါလေ။
ဘာသာပြန် — အတ်-တောင်ဘ 1 စူရာ အတ်-တောင်ဘ အာယာသ် 1 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသည် အလ္လာဟ်အရှင်မြတ် အထံတော်မှလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်အထံတော်မှလည်းကောင်း၊ အသင်တို့ (ကာလအပိုင်းအခြားမရှိ)ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ကြ သော’မုရှ်ရစ်က်’…
စူရာ အာယာသ် 1/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 1–3. မြန်မာဘာသာ: ภาษาไทย.