فَسِيحُوا فِي الْأَرْضِ أَرْبَعَةَ أَشْهُرٍ وَاعْلَمُوا أَنَّكُمْ غَيْرُ مُعْجِزِي اللَّهِ ۙ وَأَنَّ اللَّهَ مُخْزِي الْكَافِرِينَ ٢
🔤 Transliteration
Faseehoo fil ardi arba`ata ashhurinw wa`lamoooannakum ghairu mu`jizil laahi wa annal laaha mukhzil kaafireen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊ အသင်သည်မုရှ်ရစ်ကတ်တို့အားဤသို့ပြောကြားပါလေ)။ အချင်းတို့ အသင်တို့သည်(ဤ)တိုင်းပြည်ဝယ် လေးလတိုင်အောင် (လွတ်လပ်စွာ)လှည့်လည်(သွားလာ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်နှင့်လွတ်ကင်းအောင်ထွက်ပြေးနိုင်ကြသူများ မဟုတ်ကြောင်းကိုလည်းကောင်း၊အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သော သူတို့အား၊ အရှက်တကွဲ ဖြစ်စေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ (ကောင်းစွာ) မှတ်ယူကြလေကုန်။ (တစ်နည်း)[ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်သူများ မဟုတ်ကြောင်းကိုလည်းကောင်း၊ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကာဖိရ်တို့အား အရှက်တကွဲ ဖြစ်စေတော်မူမည့်အရှင်ဖြစ်တော်မူသည်ကို လည်းကောင်း၊ သိထားကြလေကုန်။]
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက် فَسِيحُوا (ဖစီဟူ) — သင်တို့သည် လှည့်လည်သွားလာကြပါ။ ဤနေရာတွင် အလ္လာဟ်အရှင်မြတ်က မုရှ်ရိကီန်များ (အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်သူများ) အား မိန့်ဆိုတော်မူခြင်းဖြစ်သည်။فِي الْأَرْضِ (ဖိလ်အရ်ဒ်) — မြေပြင်ပေါ်တွင်။أَرْبَعَةَ أَشْهُرٍ (အာရ်ဗာအတ အရှ်ဟုရ်) — လေးလတာ ကာလ။غَيْرُ مُعْجِزِي اللَّهِ (ဂိုင်ရု မုအ်ဂျိဇီလ္လာဟ်) — အလ္လာဟ်အရှင်မြတ်ကို လွတ်မြောက်အောင် လုပ်နိုင်သူများ မဟုတ်ကြပါ။ ဆိုလိုသည်မှာ အရှင်မြတ်၏ အပြစ်ဒဏ်မှ လွတ်မြောက်နိုင်သူများ မဟုတ်ကြပါ။مُخْزِي (မုခ်ဇီ) — အရှက်ရစေသူ၊ ဂုဏ်သိက္ခာကျဆင်းစေသူ။الْكَافِرِينَ (အလ်ကာဖိရီန) — ကာဖိရ်များ၊ မယုံကြည်သူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်က မုရှ်ရိကီန်များအား မိန့်ဆိုတော်မူသည့် အာယသ်ဖြစ်သည်။ အဓိပ္ပာယ်မှာ အောက်ပါအတိုင်းဖြစ်သည် —
အို မုရှ်ရိကီန်များ၊ သင်တို့သည် မြေပြင်ပေါ်တွင် လေးလတာကာလပတ်လုံး လွတ်လပ်စွာ လှည့်လည်သွားလာကြပါ။ ဤကာလအတွင်း သင်တို့သည် မုအ်မင်န်များ၏ ဘေးရန်မှ ကင်းလွတ်စွာ လိုရာသို့ သွားလာနိုင်ကြသည်။ သို့သော် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ အပြစ်ဒဏ်မှ လွတ်မြောက်နိုင်ကြမည် မဟုတ်ကြောင်း ကောင်းစွာ သိထားကြပါ။ အကယ်၍ သင်တို့သည် ကုဖ်ရ် (မယုံကြည်မှု) အပေါ် ဆက်လက်ရပ်တည်နေကြမည်ဆိုလျှင် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်များအား ဤဘဝတွင် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းဖြင့်လည်းကောင်း၊ နောင်တမလွန်ဘဝတွင် ငရဲမီးထဲသို့ ဝင်ရောက်စေခြင်းဖြင့်လည်းကောင်း အရှက်ရစေမည်၊ ဂုဏ်သိက္ခာကျဆင်းစေမည် ဖြစ်ကြောင်း သိထားကြပါ။
ဤအမိန့်တော်သည် ကတိသစ္စာချုပ်ကို ချိုးဖောက်ခဲ့သူများ၊ အချိန်အကန့်အသတ်မရှိဘဲ ကတိသစ္စာချုပ်ထားရှိသူများအတွက် ဖြစ်သည်။ သို့သော် အချိန်အကန့်အသတ်ဖြင့် ကတိသစ္စာချုပ်ထားရှိသူများအတွက်မူ — ထိုကာလသည် လေးလထက် ပိုရှည်သည်ဖြစ်စေ၊ ထိုသတ်မှတ်ထားသည့် ကာလအထိ ဖြည့်ဆည်းပေးရမည် ဖြစ်သည်။ လေးလထက် လျော့နည်းသူများအတွက်မူ လေးလအထိ တိုးမြှင့်ပေးရမည်။ ဤကာလသည် ဟဂျ်ကြီး (ဟ
فَسِيحُواْ فِي ٱلۡأَرۡضِ أَرۡبَعَةَ أَشۡهُرٍ وَٱعۡلَمُوٓاْ أَنَّكُمۡ غَيۡرُ مُعۡجِزِي ٱللَّهِ وَأَنَّ ٱللَّهَ مُخۡزِي ٱلۡكَٰفِرِينَ ٢
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊ အသင်သည်မုရှ်ရစ်ကတ်တို့အားဤသို့ပြောကြားပါလေ)။ အချင်းတို့ အသင်တို့သည်(ဤ)တိုင်းပြည်ဝယ် လေးလတိုင်အောင် (လွတ်လပ်စွာ)လှည့်လည်(သွားလာ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်နှင့်လွတ်ကင်းအောင်ထွက်ပြေးနိုင်ကြသူများ မဟုတ်ကြောင်းကိုလည်းကောင်း၊အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သော သူတို့အား၊ အရှက်တကွဲ ဖြစ်စေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ (ကောင်းစွာ) မှတ်ယူကြလေကုန်။ (တစ်နည်း)[ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်သူများ မဟုတ်ကြောင်းကိုလည်းကောင်း၊ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကာဖိရ်တို့အား အရှက်တကွဲ ဖြစ်စေတော်မူမည့်အရှင်ဖြစ်တော်မူသည်ကို လည်းကောင်း၊ သိထားကြလေကုန်။]
🖼️ Save Image
🎬 Save Video
📜 အာယာသ် 1-4 — စူရာ အတ်-တောင်ဘ
1 بَرَاءَةٌ مِّنَ اللَّهِ وَرَسُولِهِ إِلَى الَّذِينَ عَاهَدتُّم مِّنَ الْمُشْرِكِينَ
ဤသည် အလ္လာဟ်အရှင်မြတ် အထံတော်မှလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် မြတ်အထံတော်မှလည်းကောင်း၊ အသင်တို့ (ကာလအပိုင်းအခြားမရှိ)ပဋိညာဉ်စာချုပ် ချုပ်ဆိုခဲ့ကြ သော’မုရှ်ရစ်က်’ တို့အား (၎င်းတို့၏ ပဋိညာဉ်စာချုပ်နှင့်စပ်လျဉ်း၍) လုံးဝတာဝန်ကင်းကြောင်း(ကြေငြာခြင်းပင်) ဖြစ်ပေသတည်း။
2 فَسِيحُوا فِي الْأَرْضِ أَرْبَعَةَ أَشْهُرٍ وَاعْلَمُوا أَنَّكُمْ غَيْرُ مُعْجِزِي اللَّهِ ۙ وَأَنَّ اللَّهَ مُخْزِي الْكَافِرِينَ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊ အသင်သည်မုရှ်ရစ်ကတ်တို့အားဤသို့ပြောကြားပါလေ)။ အချင်းတို့ အသင်တို့သည်(ဤ)တိုင်းပြည်ဝယ် လေးလတိုင်အောင် (လွတ်လပ်စွာ)လှည့်လည်(သွားလာ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်နှင့်လွတ်ကင်းအောင်ထွက်ပြေးနိုင်ကြသူများ မဟုတ်ကြောင်းကိုလည်းကောင်း၊အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်သော သူတို့အား၊ အရှက်တကွဲ ဖြစ်စေတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ (ကောင်းစွာ) မှတ်ယူကြလေကုန်။ (တစ်နည်း)[ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား မစွမ်းဆောင်နိုင်အောင် ပြုလုပ်နိုင်သူများ မဟုတ်ကြောင်းကိုလည်းကောင်း၊ မုချဧကန် အလ္လာဟ် အရှင်မြတ်သည် ကာဖိရ်တို့အား အရှက်တကွဲ ဖြစ်စေတော်မူမည့်အရှင်ဖြစ်တော်မူသည်ကို လည်းကောင်း၊ သိထားကြလေကုန်။]
3 وَأَذَانٌ مِّنَ اللَّهِ وَرَسُولِهِ إِلَى النَّاسِ يَوْمَ الْحَجِّ الْأَكْبَرِ أَنَّ اللَّهَ بَرِيءٌ مِّنَ الْمُشْرِكِينَ ۙ وَرَسُولُهُ ۚ فَإِن تُبْتُمْ فَهُوَ خَيْرٌ لَّكُمْ ۖ وَإِن تَوَلَّيْتُمْ فَاعْلَمُوا أَنَّكُمْ غَيْرُ مُعْجِزِي اللَّهِ ۗ وَبَشِّرِ الَّذِينَ كَفَرُوا بِعَذَابٍ أَلِيمٍ
ထို့ပြင် အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အထံတော်မှ ဟဂျ်ဂျေအတ်က်ဗရ် နေ့တွင် လူခပ်သိမ်းတို့ရှေ့ဝယ်၊ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်သည်လည်းကောင်း၊ (ပဋိညာဉ်ကို မိမိတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ကြသော) မုရှ်ရစ်က် တို့နှင့်ပတ်သက်၍ (အချိန်ကာလတစ်စုံတစ်ရာသတ်မှတ်ခြင်းပြုတော်မမူဘဲယခုပင်)တာဝန်ကင်းတော်မူကြောင်း ကြေငြာခြင်းပင်ဖြစ်ချေသတည်း။ သို့ဖြစ်သော်ငြားလည်း (အို-မုရှ်ရစ်က်အပေါင်းတို့) အကယ်၍ အသင်တို့သည်(မိမိတို့၏အယူဝါဒများကို စွန့်လွှတ်၍)ဝန်ချတောင်းပန်ကြပါမူထိုဝန်ချတောင်းပန်ခြင်းသည် အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်ချေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည်(ဝန်ချတောင်းပန်ခြင်းမပြုဘဲ) မျက်နှာလွှဲခဲ့ကြပါလျှင် စင်စစ် အသင်တို့သည် ‘အလ္လာဟ်’ အရှင်မြတ်နှင့် လွတ်ကင်းအောင် ထွက်ပြေးနိုင်ကြမည်မဟုတ်ကြောင်း ကောင်းစွာမှတ်ယူကြလေကုန်။ ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ကာဖိရ် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့အား (၎င်းတို့ခံစားခြင်းငှာ) ပြင်းပြနာကျင်စေသော အပြစ်ဒဏ်သည် (အဆင်သင့်)ရှိကြောင်းသတင်းကောင်း ပြောကြားပါလေ။
4 إِلَّا الَّذِينَ عَاهَدتُّم مِّنَ الْمُشْرِكِينَ ثُمَّ لَمْ يَنقُصُوكُمْ شَيْئًا وَلَمْ يُظَاهِرُوا عَلَيْكُمْ أَحَدًا فَأَتِمُّوا إِلَيْهِمْ عَهْدَهُمْ إِلَىٰ مُدَّتِهِمْ ۚ إِنَّ اللَّهَ يُحِبُّ الْمُتَّقِينَ
အကြင် ‘မုရှ်ရစ်က်’ တို့မှတစ်ပါး အသင်တို့သည်ထိုသူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် အသင်တို့နှင့်ပတ်သက်၍ တစ်စုံတစ်ရာကိုမျှ ဝတ္တရားပျက်ကွက်ခဲ့ကြသည်လည်းမရှိပေ။ ယုတ်လျောစေခဲ့ကြသည်လည်းမရှိပေ။ ၎င်းပြင် ထိုသူတို့သည် အသင်တို့နှင့်ဆန့်ကျင်၍မည်သူ တစ်ဦးတယောက်ကိုမျှ ကူညီခဲ့ကြသည်လည်းမရှိချေ။သို့ဖြစ်လျှင် အသင်တို့သည် ထိုသူတို့နှင့်ထားရှိ သောကတိကိုထိုသူတို့ (သတ်မှတ်ခဲ့သော) အချိန် ကာလအပိုင်းအခြားအထိပြီးမြောက်အောင်ဆောင်ရွက်ကြလေကုန်။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့မှ ကြည်ရှောင်ကြကုန်သောသူတော်စင်တို့အား ချစ်ကြည်မြတ်နိုးတော်မူချေသတည်း။
ဘာသာပြန် — အတ်-တောင်ဘ 2 စူရာ အတ်-တောင်ဘ အာယာသ် 2 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊ အသင်သည်မုရှ်ရစ်ကတ်တို့အားဤသို့ပြောကြားပါလေ)။ အချင်းတို့ အသင်တို့သည်(ဤ)တိုင်းပြည်ဝယ် လေးလတိုင်အောင် (လွတ်လပ်စွာ)လှည့်လည်(သွားလာ)ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် ဧကန်မလွဲ…
စူရာ အာယာသ် 2/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 1–4. မြန်မာဘာသာ: ภาษาไทย.