အတ်-တောင်ဘ · 8/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
كَيْفَ وَإِن يَظْهَرُوا عَلَيْكُمْ لَا يَرْقُبُوا فِيكُمْ إِلًّا وَلَا ذِمَّةً ۚ يُرْضُونَكُم بِأَفْوَاهِهِمْ وَتَأْبَىٰ قُلُوبُهُمْ وَأَكْثَرُهُمْ فَاسِقُونَ ۝٨
Kaifa wa iny-yazharoo `alaikum laa yarquboo feekum illanw wa laa zimmah; yurdoo nakum biafwaahihim wa taabaa quloobuhum wa aksaruhum faasiqoon
📖 မြန်မာဘာသာ
(ယင်းကဲ့သို့ ကတိဖောက်ဖျက်သူတို့၏ ကတိဝန်ခံချက်ကို)အသို့လျှင် ထောက်ထားနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် အသင်တို့အပေါ်၌ကြီးစိုးကြပါလျှင်၊ ထိုသူတို့သည် အသင်တို့နှင့်ပတ်သက်၍ ဆွေမျိုးတော်စပ်သည်ကိုလည်းကောင်း၊ ပဋိညာဉ်ဖွဲ့ထားသည်ကိုလည်းကောင်း၊ ထောက်ထားကြမည်မဟုတ်ပေ။ ၎င်းတို့သည်အသင်တို့အား မိမိတို့၏နှုတ်များ ဖြင့်သာလျှင် နှစ်သိမ့်စေကြကုန်သည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများမှာမူကား(၎င်းတို့၏နှုတ်မှ ပြောဆိုချက်တို့ကို) ငြင်းပယ်လျက်ရှိကြကုန်သတည်း။ စင်စစ် ၎င်းတို့အနက် အများစုတို့မှာကား စည်းကမ်း ဖောက်ဖျက်သူများသာ ဖြစ်ကြကုန်သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
  • ကဲ့ဖ (كَيْفَ) — မည်သို့ဖြစ်နိုင်မည်နည်း၊ မည်သို့ရှိမည်နည်း (အံ့ဩခြင်းနှင့် ငြင်းပယ်ခြင်းကို ဖော်ပြသော စကားလုံး)။
  • ယဇ်ဟရူ (يَظْهَرُوا) — သူတို့သည် အောင်မြင်နိုင်အာဏာရလာလျှင်၊ သူတို့သည် သင်တို့အပေါ် အနိုင်ရလျှင်။
  • လာ ယရ်ကူဗူ (لَا يَرْقُبُوا) — သူတို့သည် မစောင့်ထိန်းကြပါ၊ ဂရုမစိုက်ကြပါ။
  • ဣလ္လန် (إِلًّا) — ဆွေမျိုးတော်စပ်မှု၊ ဆွေမျိုးရင်းချာဆက်ဆံရေး။
  • ဇိမ်မာ (ذِمَّةً) — ကတိသစ္စာ၊ သဘောတူညီချက်၊ အာမခံချက်။
  • ဗိအဖ်ဝါဟိမ် (بِأَفْوَاهِهِمْ) — သူတို့၏ ပါးစပ်များဖြင့် (ဆိုလိုသည်မှာ စကားအားဖြင့်သာ ဖော်ပြခြင်း၊ စိတ်နှလုံးအရာမဟုတ်)။
  • တအ်ဗာ ကူလူဗုဟုမ် (تَأْبَىٰ قُلُوبُهُمْ) — သူတို့၏ စိတ်နှလုံးများသည် ငြင်းပယ်ကြသည်၊ လက်မခံကြပါ။
  • ဖာစိကူန် (فَاسِقُونَ) — အမိန့်တော်ကို ချိုးဖောက်သူများ၊ ကတိဖျက်သူများ၊ နာခံမှုမှ လွတ်ထွက်သွားသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် မုရှ်ရိကူန်များ (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်သူများ) နှင့် ပတ်သက်၍ သတိပေးနှိုးဆော်ထားခြင်း ဖြစ်သည်။ သူတို့သည် မွတ်စ်လင်မ်များနှင့် ကတိသစ္စာပြုထားသော်လည်း ထိုကတိများသည် စစ်မှန်သော ကတိများ မဟုတ်ကြပါ။ အကယ်၍ သူတို့သည် မွတ်စ်လင်မ်များအပေါ် အနိုင်ရရှိလာပါက ဆွေမျိုးတော်စပ်မှုကိုလည်း ဂရုမစိုက်ကြပါ၊ ကတိသစ္စာကိုလည်း မစောင့်ထိန်းကြပါ။ သူတို့သည် မွတ်စ်လင်မ်များကို နှုတ်ဖြင့် ချိုမြိန်သော စကားများဆိုကာ ကျေနပ်အောင် ပြုလုပ်ကြသော်လည်း သူတို့၏ စိတ်နှလုံးများသည် ထိုစကားများကို လက်မခံကြပါ၊ ငြင်းပယ်ကြသည်။ သူတို့အနက် အများစုသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်သူများ၊ ကတိဖျက်သူများ ဖြစ်ကြသည်။

ထို့ကြောင့် ဤအာယသ်တော်သည် မွတ်စ်လင်မ်များအား သတိပေးနေသည် — ရန်သူများ၏ နှုတ်ဖြင့် ပြောသော ချိုမြိန်သော စကားများကို မယုံကြည်ရန်၊ သူတို့၏ စိတ်နှလုံးထဲတွင် ရှိသည့် အမှန်တရားကို ကြည့်ရန်၊ သူတို့၏ ကတိများကို စိတ်ချစွာ မမှီခိုရန် ဖြစ်သည်။ အကြောင်းမှာ သူတို့သည် အခွင့်အရ



📜 အာယာသ် 6-10 — စူရာ အတ်-တောင်ဘ

6وَإِنْ أَحَدٌ مِّنَ الْمُشْرِكِينَ اسْتَجَارَكَ فَأَجِرْهُ حَتَّىٰ يَسْمَعَ كَلَامَ اللَّهِ ثُمَّ أَبْلِغْهُ مَأْمَنَهُ ۚ ذَٰلِكَ بِأَنَّهُمْ قَوْمٌ لَّا يَعْلَمُونَ
တစ်ဖန် အကယ်၍ (ပဋိညာဉ်ကိုချိုးဖောက်သော) မွတ်ရှ်ရစ်က်တို့အနက်မှ တစ်ဦးတစ်ယောက် သောသူသည် အသင့်ထံတွင် အကာအကွယ်ရလိုခဲ့ပါလျှင် အသင်သည်ထိုသူအား ၎င်းသည် အလ္လာဟ် အရှင်မြတ်၏အာယတ်တော်ကိုကြားနာနိုင်အံ့သောငှာ ကာကွယ်ပါလေ၊) ထို့နောက် အသင်သည် ထိုသူ့အား ၎င်း၏ဘေးရန်ကင်းငြိမ်းရာဌာနသို့ ပို့ဆောင်၍ပေးပါလေ။ ဤ(အမိန့်တော်ကိုထုတ်ပြန်တော်မူခြင်း)ကား ၎င်းတို့သည် မသိနားမလည်သောသူများ ဖြစ်ကြသောကြောင့်ပင်တည်း။(ရကူ)
7كَيْفَ يَكُونُ لِلْمُشْرِكِينَ عَهْدٌ عِندَ اللَّهِ وَعِندَ رَسُولِهِ إِلَّا الَّذِينَ عَاهَدتُّمْ عِندَ الْمَسْجِدِ الْحَرَامِ ۖ فَمَا اسْتَقَامُوا لَكُمْ فَاسْتَقِيمُوا لَهُمْ ۚ إِنَّ اللَّهَ يُحِبُّ الْمُتَّقِينَ
မွရှ်ရစ်က်တို့၏ ပဋိညာဉ်ကိုထောက်ထားလိုက်နာရန်တာဝန်သည် အလ္လာဟ်အရှင်မြတ်အပေါ်၌လည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော် အပေါ်၌ လည်းကောင်း၊ အသို့ လျှင်ရှိနိုင်ပါအံ့နည်း။ မတ်စ်ဂျိဒေဟရာမ်ထူးမြတ် သောဗလီ ဝတ်ကျောင်းတော်၏အပါးတွင် အသင်တို့ပဋိညာဉ် ဖွဲ့ခဲ့ကြသောသူတို့မှတစ်ပါး၊ ၎င်းတို့သည် အသင်တို့နှင့် ပတ်သက်၍ ဖြောင့် မတ်စွာ တည်ရှိနေသမျှ ကာလပတ်လုံးအသင်တို့သည်လည်း ၎င်းတို့နှင့်ပတ်သက်၍ ဖြောင့်မတ်စွာတည်ရှိကြလေကုန်။ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်ပြစ်မှုဒုစရိုက်တို့မှ ကြဉ် ရှောင်ကြကုန်သော သူတော်စင်တို့အားချစ်မြတ်နိုးတော်မူပေသတည်း။
8كَيْفَ وَإِن يَظْهَرُوا عَلَيْكُمْ لَا يَرْقُبُوا فِيكُمْ إِلًّا وَلَا ذِمَّةً ۚ يُرْضُونَكُم بِأَفْوَاهِهِمْ وَتَأْبَىٰ قُلُوبُهُمْ وَأَكْثَرُهُمْ فَاسِقُونَ
(ယင်းကဲ့သို့ ကတိဖောက်ဖျက်သူတို့၏ ကတိဝန်ခံချက်ကို)အသို့လျှင် ထောက်ထားနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် အသင်တို့အပေါ်၌ကြီးစိုးကြပါလျှင်၊ ထိုသူတို့သည် အသင်တို့နှင့်ပတ်သက်၍ ဆွေမျိုးတော်စပ်သည်ကိုလည်းကောင်း၊ ပဋိညာဉ်ဖွဲ့ထားသည်ကိုလည်းကောင်း၊ ထောက်ထားကြမည်မဟုတ်ပေ။ ၎င်းတို့သည်အသင်တို့အား မိမိတို့၏နှုတ်များ ဖြင့်သာလျှင် နှစ်သိမ့်စေကြကုန်သည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများမှာမူကား(၎င်းတို့၏နှုတ်မှ ပြောဆိုချက်တို့ကို) ငြင်းပယ်လျက်ရှိကြကုန်သတည်း။ စင်စစ် ၎င်းတို့အနက် အများစုတို့မှာကား စည်းကမ်း ဖောက်ဖျက်သူများသာ ဖြစ်ကြကုန်သည်။
9اشْتَرَوْا بِآيَاتِ اللَّهِ ثَمَنًا قَلِيلًا فَصَدُّوا عَن سَبِيلِهِ ۚ إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ
၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့် အနည်းငယ်မျှသောအဖိုးငွေကို လဲလှယ်ဝယ်ယူခဲ့ကြလေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် ထိုအရှင်မြတ်၏လမ်းတော်မှ ဖောက်ပြန် သွေချော်တိမ်းစောင်းလျက်ရှိခဲ့ကြကုန်၏။ဧကန်စင်စစ် ၎င်းတို့ပြုမူသမျှတို့ကား အလွန်ဆိုးရွားလှပေသတည်း။
10لَا يَرْقُبُونَ فِي مُؤْمِنٍ إِلًّا وَلَا ذِمَّةً ۚ وَأُولَٰئِكَ هُمُ الْمُعْتَدُونَ
၎င်းတို့သည် မည်သည့် မုအ်မင်န် သက်ဝင်ယုံကြည်သူ တစ်ဦးတစ်ယောက်နှင့်မျှ ပတ်သက်၍ ဆွေမျိုးတော်စပ်မှုကိုလည်းကောင်း၊ ပဋိညာဉ်ထားရှိမှုကို လည်းကောင်း၊ထောက်ထားကြသည်မဟုတ်ပေ။ အမှန်သော်ကား၎င်းတို့သည်�င်လျှင် လွန်ကျူးသူများ ဖြစ်ကြကုန်သတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
8အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 8

စူရာ အတ်-တောင်ဘ အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ယင်းကဲ့သို့ ကတိဖောက်ဖျက်သူတို့၏ ကတိဝန်ခံချက်ကို)အသို့လျှင် ထောက်ထားနိုင်ပါအံ့နည်း။ အမှန်စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် အသင်တို့အပေါ်၌ကြီးစိုးကြပါလျှင်၊ ထိုသူတို့သည် အသင်တို့နှင့်ပတ်သက်၍…

စူရာ အာယာသ် 8/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers