ယူနူစ် · 24/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
إِنَّمَا مَثَلُ الْحَيَاةِ الدُّنْيَا كَمَاءٍ أَنزَلْنَاهُ مِنَ السَّمَاءِ فَاخْتَلَطَ بِهِ نَبَاتُ الْأَرْضِ مِمَّا يَأْكُلُ النَّاسُ وَالْأَنْعَامُ حَتَّىٰ إِذَا أَخَذَتِ الْأَرْضُ زُخْرُفَهَا وَازَّيَّنَتْ وَظَنَّ أَهْلُهَا أَنَّهُمْ قَادِرُونَ عَلَيْهَا أَتَاهَا أَمْرُنَا لَيْلًا أَوْ نَهَارًا فَجَعَلْنَاهَا حَصِيدًا كَأَن لَّمْ تَغْنَ بِالْأَمْسِ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَتَفَكَّرُونَ ۝٢٤
Innamaa masalul hayaatid dunyaa kammaaa`in anzalnaahu minas sammaaa`i fakhtalata bihee nabaatul ardi mimmaa yaakulun naasu wal an`aam; hattaaa izaaa akhazatil ardu zukhrufahaa wazziyanat wa zanna ahluhaaa annahum qaadiroona `alaihaaa ataahaaa amrunaa lailan aw nahaaran faja`alnaahaa haseedan ka allam taghna bil-ams; kazaalika nufassilul aayaati liqawminy yatafakkaroon
📖 မြန်မာဘာသာ
(ဤမျက်မှောက်) လောကီဘဝ၏ ဥပမာသည်ကား ဤသို့ဖြစ်၏။ ငါအရှင်မြတ်သည် ထိုရေကို မိုးကောင်းကင်မှ ချပေး(ရွာသွန်းစေ)တော်မူခဲ့လေသည်။ တစ်ဖန် ထိုရေကြောင့် ပထဝီမြေမှ လူတို့သည်လည်းကောင်း၊ ခြေလေးချောင်းသတ္တဝါတို့သည် လည်းကောင်း စားသုံးကြကုန်သော အပင်ငယ်များသည် ရောယှက်၍ ထွက်လာလေသည်။ နောက်ဆုံးတွင်ပထဝီမြေသည် မိမိဝတ်စားတန်ဆာကိုယူ၍(လှပတင့်တယ်စွာ)တန်ဆာဆင်ယင်ပြီး၊ ထိုမြေကိုပိုင်ဆိုင်သူတို့က ၎င်း တို့သည်ထို(ပေါက်ရောက်သမျှတို့)ကို (မိမိတို့စိတ်ထင်တိုင်း) သုံးစွဲနိုင်ကြပြီဟု ထင်မြင်ယူဆလာကြသည်။ ထိုအခါ (ရုတ်တရက်) ငါအရှင်မြတ်၏ အမိန့်တော်သည် ထိုလယ်ယာဥယျာဉ်များသို့ည၌ ဖြစ်စေ၊ နေ့၌ဖြစ်စေ၊ ရောက်ရှိလာလေတော့၏၊ ပြီးနောက်ငါအရှင်မြတ်သည် ယင်းလယ်ယာဥယျာဉ် များကိုရုပ်သိမ်းပြီးပမာ ဖြစ်စေတော်မူလေသော၊် ထိုလယ်ယာဥယျာဉ်များသည်ယမန်နေ့က လုံးဝမရှိသကဲ့သို့ပင် ဖြစ်သွားချေသည်။ ငါအရှင်မြတ်သည် ထိုကဲ့သို့ပင် သက်သေလက္ခဏာတော်များကို စဉ်းစားဆင်ခြင် ချင့်ချိန်သူတို့အကျိုးငှာ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္ဘာ့ဘဝ၏ဥပမာ

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် လောကီဘဝ၏ သဘောသဘာဝကို ဥပမာတစ်ခုဖြင့် ရှင်းလင်းဖော်ပြထားပါသည်။

  • مَثَلُ الْحَيَاةِ الدُّنْيَا — လောကီဘဝ၏ ဥပမာ၊ ပမာ။
  • زُخْرُفَهَا — သူမ၏ အလှဆင်မှု၊ တောက်ပမှု။
  • حَصِيدًا — ရိတ်သိမ်းပြီးသော၊ ခုတ်ထွင်ရှင်းလင်းပြီးသော။
  • تَغْنَ — တည်ရှိခဲ့သည်၊ စည်ပင်ခဲ့သည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤလောကီဘဝသည် လျင်မြန်စွာ ကွယ်ပျောက်သွားမည့် သဘောရှိသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် လောကီဘဝကို မိုးကောင်းကင်မှ ရွာသွန်းသော မိုးရေနှင့် နှိုင်းယှဉ်ဖော်ပြထားပါသည်။ ထိုမိုးရေကြောင့် မြေကြီးပေါ်တွင် လူသားတို့ စားသုံးသော သီးနှံများ၊ သစ်သီးဝလံများနှင့် တိရစ္ဆာန်တို့ စားသုံးသော မြက်ပင်များ အစရှိသည့် အပင်အမျိုးမျိုး ပေါက်ရောက်ဖြစ်ထွန်းလာသည်။ ထိုအပင်များသည် တစ်ခုနှင့်တစ်ခု ရောယှက်ဖွဲ့စည်းလျက် မြေကြီးကို စိမ်းလန်းစိုပြေစေပါသည်။

ထို့နောက် မြေကြီးသည် မိမိ၏ အလှအပများကို ဆင်ယင်ကာ တောက်ပနေချိန်တွင် မြေပိုင်ရှင်များသည် ထိုသီးနှံများကို ရိတ်သိမ်းနိုင်မည်၊ အကျိုးခံစားနိုင်မည်ဟု ထင်မှတ်ကြပါသည်။ သို့သော် ရုတ်တရက် နေ့ဖြစ်စေ ညဖြစ်စေ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ဆိုက်ရောက်လာပြီး ထိုအပင်များကို ရိတ်သိမ်းပြီးသော လယ်ကွက်ကဲ့သို့ ဖြစ်သွားစေပါသည်။ မနေ့က ဤနေရာတွင် မည်သည့်အရာမျှ မရှိခဲ့သကဲ့သို့ ဖြစ်သွားစေပါသည်။

ထိုနည်းတူစွာ လောကီဘဝ၏ စည်းစိမ်ဥစ္စာ၊ ဂုဏ်ပကာသနီ၊ ဇိမ်ခံပစ္စည်းများသည်လည်း ရုတ်တရက် ကွယ်ပျောက်သွားနိုင်ပါသည်။ လူသားသည် မည်မျှပင် ကြိုးစားစုဆောင်းပါစေ၊ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ဆိုက်ရောက်လာသောအခါ အားလုံးပင် ကွယ်ပျောက်သွားရပါသည်။

ဤသို့လျှင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ အာယသ်တော်များကို စဉ်းစားဆင်ခြင်သော လူမျိုးအတွက် အသေးစိတ် ရှင်းလင်းဖော်ပြတော်မူပါသည်။

၃။ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • လောကီဘဝသည် လျင်မြန်စွာ ကွယ်ပျောက်သွားမည့် သဘောရှိကြောင်း သိရှိစေပြီး နောင်တမလွန်ဘဝအတွက် ပြင်ဆင်ရန် တိုက်တွန်းနှိုးဆော်ပါသည်။
  • လောကီဘဝ၏ အလှအပနှင့် စည်းစိမ


📜 အာယာသ် 22-26 — စူရာ ယူနူစ်

22هُوَ الَّذِي يُسَيِّرُكُمْ فِي الْبَرِّ وَالْبَحْرِ ۖ حَتَّىٰ إِذَا كُنتُمْ فِي الْفُلْكِ وَجَرَيْنَ بِهِم بِرِيحٍ طَيِّبَةٍ وَفَرِحُوا بِهَا جَاءَتْهَا رِيحٌ عَاصِفٌ وَجَاءَهُمُ الْمَوْجُ مِن كُلِّ مَكَانٍ وَظَنُّوا أَنَّهُمْ أُحِيطَ بِهِمْ ۙ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ لَئِنْ أَنجَيْتَنَا مِنْ هَٰذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ
ထိုအရှင်မြတ်သည် ထိုအရှင်မြတ်ပင်။ထိုအရှင်မြတ်သည်သာလျှင် အသင်တို့အား ကုန်းကြောင်း၌လည်းကောင်း၊ သမုဒ္ဒရာပင်လယ်ရေကြောင်း၌လည်းကောင်း၊ခရီးသွားလာစေတော်မူ၏။ သို့ဖြစ်သောကြောင့် အသင်တို့သည် သင်္ဘောများ တွင်ရှိနေကြသောအခါ သင်္ဘောများသည်လေညင်းလေ ပြည် ဖြင့် ၎င်း တို့အား သယ်ဆောင်သွားလေ၏။၎င်း တို့သည်လည်း ထိုလေပြည်ကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်လျက်ရှိကြ၏။ ထိုအခါ(ရုတ်တရက်) ထိုသင်္ဘောများကိုလေပြင်းမုန်တိုင်းသည် ရိုက်ခတ်လာ၍ လှိုင်းတံပိုးများသည်၎င်း တို့အပေါ်၌ အဖက် ဖက်မှ လွှမ်းမိုးလာသဖြင့် ၎င်း တို့သည်ဧကန်မလွဲ မိမိတို့မှာ ဝိုင်းဝန်းခြင်းကို ခံကြရလေပြီဟု ထင်မှတ်ခဲ့ကြလေသည်။ (ထိုအခါ) ၎င်း တို့သည် အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်၌သာလျှင်(အာရုံစူးစိုက်)သဒ္ဓါကြည်ဖြူလျှက် (အို-အရှင်) အကယ်၍ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ဤ(ဘေး အန္တရာယ်)မှ လွတ်မြောက်စေတော် မူပါလျင်ဧကန်မလွဲ ကျွန် တော်မျိုးတို့သည် ကျေးဇူး တော်ကို သိတတ်ကြသောသူတို့တွင် အပါအဝင် ဖြစ်ကြပါမည်ဟု ဟစ်ခေါ်ဆုတောင်းကြ၏။
23فَلَمَّا أَنجَاهُمْ إِذَا هُمْ يَبْغُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ ۗ يَا أَيُّهَا النَّاسُ إِنَّمَا بَغْيُكُمْ عَلَىٰ أَنفُسِكُم ۖ مَّتَاعَ الْحَيَاةِ الدُّنْيَا ۖ ثُمَّ إِلَيْنَا مَرْجِعُكُمْ فَنُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
တစ်ဖန် ထိုအရှင်မြတ်သည် ၎င်း တို့အား လွတ်မြောက်စေတော်မူသောအခါ ရုတ်တရက်ချက်ချင်းပင် ၎င်း တို့သည် ကမ္ဘာမြေပြင်ဝယ် မတရားသ�ြင့် စည်းကမ်းကျူးလွန်ကြကုန်၏။ အို-လူအပေါင်းတို့ အသင်တို့၏ စည်းကမ်း ကျူးလွန်မှုသည် အသင်တို့အပေါ်၌သာ (ပြန်လည် ကျရောက်မည်)ဖြစ်သည်။ (အသင်တို့သည်)လောကီဘဝ၏(အနည်းငယ်မျှသော)အကျိုးကျေးဇူးကို (ခံစားလျက်ရှိကြကုန် လော့)။ ထို့နောက်အသင်တို့သည် ငါအရှင်မြတ်၏အထံတော် သို့သာလျှင်ပြန်ကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့အားအသင်တို့ ပြုလုပ်လျက်ရှိခဲ့ကြသည်များကို ပြသ တော်မူမည်ဖြစ်သတည်း။
24إِنَّمَا مَثَلُ الْحَيَاةِ الدُّنْيَا كَمَاءٍ أَنزَلْنَاهُ مِنَ السَّمَاءِ فَاخْتَلَطَ بِهِ نَبَاتُ الْأَرْضِ مِمَّا يَأْكُلُ النَّاسُ وَالْأَنْعَامُ حَتَّىٰ إِذَا أَخَذَتِ الْأَرْضُ زُخْرُفَهَا وَازَّيَّنَتْ وَظَنَّ أَهْلُهَا أَنَّهُمْ قَادِرُونَ عَلَيْهَا أَتَاهَا أَمْرُنَا لَيْلًا أَوْ نَهَارًا فَجَعَلْنَاهَا حَصِيدًا كَأَن لَّمْ تَغْنَ بِالْأَمْسِ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَتَفَكَّرُونَ
(ဤမျက်မှောက်) လောကီဘဝ၏ ဥပမာသည်ကား ဤသို့ဖြစ်၏။ ငါအရှင်မြတ်သည် ထိုရေကို မိုးကောင်းကင်မှ ချပေး(ရွာသွန်းစေ)တော်မူခဲ့လေသည်။ တစ်ဖန် ထိုရေကြောင့် ပထဝီမြေမှ လူတို့သည်လည်းကောင်း၊ ခြေလေးချောင်းသတ္တဝါတို့သည် လည်းကောင်း စားသုံးကြကုန်သော အပင်ငယ်များသည် ရောယှက်၍ ထွက်လာလေသည်။ နောက်ဆုံးတွင်ပထဝီမြေသည် မိမိဝတ်စားတန်ဆာကိုယူ၍(လှပတင့်တယ်စွာ)တန်ဆာဆင်ယင်ပြီး၊ ထိုမြေကိုပိုင်ဆိုင်သူတို့က ၎င်း တို့သည်ထို(ပေါက်ရောက်သမျှတို့)ကို (မိမိတို့စိတ်ထင်တိုင်း) သုံးစွဲနိုင်ကြပြီဟု ထင်မြင်ယူဆလာကြသည်။ ထိုအခါ (ရုတ်တရက်) ငါအရှင်မြတ်၏ အမိန့်တော်သည် ထိုလယ်ယာဥယျာဉ်များသို့ည၌ ဖြစ်စေ၊ နေ့၌ဖြစ်စေ၊ ရောက်ရှိလာလေတော့၏၊ ပြီးနောက်ငါအရှင်မြတ်သည် ယင်းလယ်ယာဥယျာဉ် များကိုရုပ်သိမ်းပြီးပမာ ဖြစ်စေတော်မူလေသော၊် ထိုလယ်ယာဥယျာဉ်များသည်ယမန်နေ့က လုံးဝမရှိသကဲ့သို့ပင် ဖြစ်သွားချေသည်။ ငါအရှင်မြတ်သည် ထိုကဲ့သို့ပင် သက်သေလက္ခဏာတော်များကို စဉ်းစားဆင်ခြင် ချင့်ချိန်သူတို့အကျိုးငှာ အသေးစိတ် ရှင်းလင်းဖော်ပြတော်မူလေသတည်း။
25وَاللَّهُ يَدْعُو إِلَىٰ دَارِ السَّلَامِ وَيَهْدِي مَن يَشَاءُ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (လူခပ်သိမ်းတို့အား) ငြိမ်းချမ်းရေး ဘုံဗိမာန်သို့ ဖိတ်ခေါ်တော်မူလေသည်။ ၎င်း ပြင် ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သို့ ပို့ဆောင်တော်မူ၏။
26۞ لِّلَّذِينَ أَحْسَنُوا الْحُسْنَىٰ وَزِيَادَةٌ ۖ وَلَا يَرْهَقُ وُجُوهَهُمْ قَتَرٌ وَلَا ذِلَّةٌ ۚ أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
ကောင်းမှုကို ပြုခဲ့ကြသောသူတို့အဖို့ ကောင်းမြတ်သောအကျိုး(ဝါ)ဂျန္နတ်သုခဘုံရှိသည့်ပြင် အပို(ဆုလာဘ်များ)လည်း ရှိချေသည်။ ထိုမှတစ်ပါး ၎င်း တို့၏မျက်နှာများကိုမြူ၊ဖုန်များ ဖုံးလွှမ်းမည်မဟုတ်။ ကျိုးယုတ်ရှက်ရ ဂုဏ်သိက္ခာကျခြင်းသည် လည်း ဖုံးလွှမ်းမည်မဟုတ်ပေ။ ထိုသူတို့သည်ပင်ဂျန္နတ်သုခဘုံသားများ ဖြစ်ကြကုန်၏။ ၎င်း တို့သည် ယင်းဂျန္နတ်သုခဘုံတွင် ထာဝစဉ်နေထိုင်စံမြန်း ကြမည့်သူများ ဖြစ်ကြကုန်သတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
24အာယာသ်

ဘာသာပြန် — ယူနူစ် 24

စူရာ ယူနူစ် အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဤမျက်မှောက်) လောကီဘဝ၏ ဥပမာသည်ကား ဤသို့ဖြစ်၏။ ငါအရှင်မြတ်သည် ထိုရေကို မိုးကောင်းကင်မှ ချပေး(ရွာသွန်းစေ)တော်မူခဲ့လေသည်။ တစ်ဖန် ထိုရေကြောင့်…

စူရာ အာယာသ် 24/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers